Monday, 14 June 2010

သင်သေသွားသော်

သြော် လူ့ပြည်လောက၊လူ့ဘဝကား
အိုရနာရ၊သေရဦးမည်
မှန်ပေသည်တည့်။

သို့ တပြီးသား၊ သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

သင်၏မျိုးသား၊ စာစကားလည်း
ကြီးပွားတတ်မြင့်၊ ကျန်ကောင်းသင့်၏

သင်ဦးချ၍၊ အမျှဝေရာ
စေတီသာနှင့် သစ္စာအရောင်
ဥာဏ်တန်ဆောင်လည်း
ပြောင်လျက် ဝင်းလျက်
ကျန်စေသတည်း။

5 comments:

နတ်ဆိုးလေး said...

ဆရာဇော်ဂျီရဲ့ အဖိုးတန်ကဗျာလေးကို တခုတ်တရ ပြန်ဖတ်သွားပါတယ်....။

နတ်ဆိုးလေး said...

ဆရာဇော်ဂျီရဲ့ အဖိုးတန်ကဗျာလေးကို တခုတ်တရ ပြန်ဖတ်သွားပါတယ်....။

သိင်္ဂါကျော် said...

သင်သေသွားသော်
သင် ဖွားသောမြေ၊ သင်တို့မြေသည်
အခြေတိုးမြင့်၊ ကျန်ကောင်းသင့်၏။

အဲဒီစာသားလေးကို အမြဲရနေတယ်..။

သူကြီးမင်း (တုံးဖလား) said...

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်အခြေတွေဟာ ဘယ်တော့မှ မမေ့ကောင်းတဲ့ အရာတွေပေါ့ဗျာ။ လူတိုင်း ကိုယ့်မြေအတွက် တစ်ခုခု ကောင်းနိုးရာရာလေးတွေ လုပ်ပေးထားခဲ့သင့်ပါတယ်။

မင်းနေဝေး said...

ဘာမှလုပ်ပေးနိုင်မယ်မထင်ပါဘူးဗျာ ....
စားရေးသောက်ရေးတောင် အနိုင်နိုင် .......
သေသွားရင်တော့ အကုသိုလ်တွေတော့ ပါလာမှာ ကျိန်သေတယ် :)