Monday 13 April 2009

2009 စင်ကာပူသင်္ကြန်

.
ToPaYoh ဘုန်းတော်ကြီးကျောင်း ဘုရားဆောင်



သီလယူသူများနှင်. ကြည်နှူးစရာ






သီလယူပြီး စတုဒီသာ တိုးဖို. ပြေးကြတာ







မြန်မာတွေပျော်တဲ့ပွဲက သင်္ကြန်ပွဲပါ ၊၊ သင်္ကြန်သံကြားရင် ရင်တုန်သလို ၊ ရင်ခုန်သလို ၊၊ December ကျော်လောက်ကတည်း က သင်္ကြင်္န်သံတွေကြားနေရပြီ ၊၊ မြန်မာပြည်ကို ပိုလွမ်းမိပါသည်ပေါ့ ၊၊ သင်္ကြန်ကို တူတူ ရင်ခုန်ရအောင် ဓါတ်ပုံလေးတွေ ပဲ တင်ပေးလိုက်ပါတယ် ၊၊ အမှတ်တယပေါ့ ၊၊ ကျွန်တော်အတွက် ဓါတ်ပုံတွေ အလကားရိုက်ပေး တဲ. Nicolas ၊ Jerry ၊ Richard နှင်. ကို ဒီပတို.ကို ကျေးဇူးပါ ၊၊ ကိုယ်တိုင်တော့ မရိုက်နိုင်ခဲ့ဘူး (အချိန်မရလို.ပါ ၊ ဟုတ်ပါဘူး Camera မရှိလို.ပါ ) ၊၊ ကိုယ်.ပုံတော. ချစ်တီးနဲ. ကိုဒီပ ရိုက်ပေးလို. ရခဲ့သေးတယ် ၊၊ နောက်ဆို လာ မကြည်.မှာစိုးလို. ကိုယ်.ပုံတော. တင်ပေးတော.ပါ ဘူးဗျာ ၊၊ ( ကြည်.ချင်သူများ Email မှတဆင်. တောင်းယူနိုင်ပါသည် ၊ သင်္ကြန်တွင်း အထူး Discount ပါ .... kwi kwi ..... )



စာတော.ကျွန်တော်.သူငယ်ချင်း ကိုဒီပဆီကပဲ ကြည်.လိုက်ပါတော.၊၊ ကျွန်တော်တောင် ကွင်းနာမည် တွေဘာတွေ သူ.စာ ဖတ်ပြီးမှ သိတာ ၊၊ ဟီဟိ ၊၊ ဘာဖြစ်မှန်းမသိဘူး ဒီတမနက်လုံး ဓါတ် ပုံ တင်တာ ဘယ်လိုမှ အဆင်မပြေဘူး ၊၊ စာလည်းရိုက်ချင်တော.ဘူး ၊၊ အခုပဲ ၂ နာရီထိုးပြီ ၊၊ မနက် ၉ နာရီထဲက စတာ ဘယ်လိုမှ လုပ် ရဘူး ၊၊ တင်လိုက် ပြုတ်လိုက် စာ ရိုက်လို.မရလိုက်နဲ. ၊၊ ပုံစာလေးတွေလည်း ရိုက်ပေးချင်တာ ၊၊ ရှင်ဖုန်း ပုံတွေလည်း ပျောက်ကုန်တယ် တင်ပြီးမှ ၊၊
ToPaYoh ကျောင်း စတုဒီသာ ပျော်ရွှင်စရာ


ရွှေတို.ဆုံ ရာ City Hall က Peninsula Plaza စည်းကမ်းရှိတဲ့ရွှေမြန်မာ ၊ စတိတ်ရှိုးဝင်ဖို. တန်းစီကာ ( စိတ်မကောင်းစရာ ၊ ကိုရွှေရဲကို အဖြူထည်ကြီးပြသနာရှာတဲ့ ညီအစ်ကိုများ လည်း တွေ.ရတာ )
မိဘအတွက် ၊ မိသားစု အတွက် ကြိုးစားကြပါလို.ဆိုရှာတဲ့ ဦးဇော်ဝမ်း ( ကျေးဇူးပါ ) ကိုဥက္ကာ ဘာတွေများ See နေတာတုန်းဗျာ ၊၊ လက်မှတ်တွေ ကံစမ်းမဲ ဖောက်တော. နံပါတ် တစ်သောင်း ကျော်တယ် လို. သူ ငယ်ချင်းတစ်ယောက်က ပြောပါတယ် ၊၊ ပျော်စရာ ပါ ၊၊ အလွမ်းတွေ ပြေပါတယ် ၊၊ ရေအများကြီး မလောင်းရလို. မကျေနပ်တဲ့ သူလည်း ရှိပါတယ် ၊၊ ဒါပေ မယ်. ဘာဖြစ်ဖြစ် ဒီလောက်ဆိုလည်း တော်ပါပြီလေ နော်..............

ဝတ်စုံတွေ အများကြီး လဲတဲ. Presenter မမ ကလည်း တကယ်တော်တာ ၊ မင်းသမီးတောင် ရှုံးတယ်ဗျာ..စတာနော် အစ်မဘယ်သူလဲသိဘူး ဟိဟိ

လာခါနီးမှ မီးမလာလို. CD မခုတ်ခဲ့ရ ပါဆိုတဲ့ ကို မျိုးကျော.မြိုင်တစ်ယောက် အသက် ၂၀ကျော်နဲ. ရည်စား ၃ ယောက်ပါတဲ့ ၊၊ ဒိုင်ရှိုကတော. အများကြီးပေါ့ ... ဒါကို လူတိုင်းသိပါတယ် တဲ့ ဟာဟ တော် လိုက်တဲ့သူ ဘယ်လိုများဒိုင်လျှိုထားပါလိမ်..............


မြင်ကွင်းက ပျော်ရွှင်စရာ ၊ လူတွေများ ထင်မှတ်စရာတောင်မရှိပါ ၊၊ ဘောလုံးတစ်ကွင်းလုံး ပြည်.ရှံကာ ၊၊ သင်္ကြန်အလွမ်းဖြေကြတာ ၊၊

မရှင်ဖုန်းလည်း ပျော်ရွှင်စွာ ၊ တယ်လီဖုန်းကို အပြစ်တင်နေဆဲပါ ( ကျွန်တော်တို.လည်း မကျေနပ်ပါ ဖုန်းခတွေ မတရားကျလို. တစ်လတစ်လ )




ဖြူဖြူက လိမ္မာရင် မြန်မာပြည် ပြန်ခေါ်သွားမယ် ဆိုတော. လိုက်ချင်ဘူး လိုက်ချင်ဘူးတဲ့ အားလုံးက




ရဲလေးကတော. ထခုန်တဲ့ ၊
ကိုစည်သူက လွမ်းရယ်မပြေ တဲ့ကျောင်းကြီကို ပြန်ခေါ်သွားသေးရဲ့ ...........




ရေမှန်မီးမှန်ရင် ပြန်လာခဲ့ပါဆိုတဲ့ ၊ အားလုံးဟာဘ၀သမားတွေပါ လို. ပြောတဲ့ ကို ဆောင်းဦးက မြန်မာဟေ့ မြန်မာတဲ. ပြီးတော.
အားမငယ်ကြပါနဲ.တဲ့............. သူပြောသွားတာ ...

4 comments:

ဗီလိန် said...

ဓာတ်ပုံပို့ပေးပါဗျိုး။ အိမ်မှာ အသုံးတည့်မလားလို့။ :)

Mogok Thar said...

Presenter မမက ဒေါ်မာမာရီ ထင်ပါ့ယ မသွားဖြစ်လိုက်တော့ ပုံလေးတွေနဲ့ပဲ သင်္ကြန် ကျလိုက်တယ်

Mae said...

ညနေက comment ပေးတော့ anonymous မရဘူးနော်၊

ငယ်ငယ်ကတော့ ဘုန်းကြီးကျောင်းက သင်္ကြန်မှာ စတုဒီသာကျွေးတိုင်း ဝိုင်းလုပ်ဖူးတယ်၊ နောက်တော့လဲ အလုပ်တွေရှုပ်ပြီး ဝေးသွားတာ၊ poly တွေက အငြိမ့်တွေပဲ ကြည့်ဖြစ်တယ်၊

ဒီနှစ်တော့ အကြီးအကျယ်လုပ်တာပဲ.. လူအုပ်တွေ ကြောက်တာနဲ့ပဲ သွားဖြစ်မှာလဲ မဟုတ်ပါဘူး

မင်းအိမ်ဖြူ Minn Eain Phyu said...

လိန်လိန် မပါပါ ၊၊

ကိုမိုးကုတ်ရေ ၀မ်းသာ၏ ၊၊ ၀င်က တ၀က်ပေးပါ ၊၊

မမေရေ အလွမ်းတွေ ပြေခဲ့ပါတယ် ၊၊ ဘာပဲဖြစ်ဖြစ် ပေါ့