Saturday 4 April 2009

စိတ်စင်ရာ

စိတ်စင်ရာ (လွင်.မျောတက်သော ၊ လွင်.စင်တက်သော စိတ် ၏ ခေါ်ရာသို. )

ဤ်ဇာတ်လမ်းသည် အမျိုးမျိုး ဖောက်ပြန်ပြောင်းလဲတက်သော စိတ်၏ ဆန်းကျယ်မူအား စိတ်ကူးအတွေးတစ်ခု ဖြင်.ရေးဖွဲ.ထားခြင်းသာဖြစ်ပါသည် ၊၊ မည်သည်. ရည်ရွယ်ချက်တစုံတရာမျှ မပါရှိပါကြောင်း ကြိုတင် အသိပေး ပါရစေ ၊၊


အခန်း (၁)

မှတ်မှတ်ယယ အဲဒီနေ.က မမျှော်လင်.ပဲ မိုးက သည်းကြီးမည်းကြီး ရွာနေခဲ.သည် ၊၊ တိမ်တွေမည်းပြီး နေမင်းကြီးကို အုပ်မိုးထားပေမယ်. တလောကလုံး မှောင်အတိကျနေတာ တော.မဟုတ်ပြန် ၊၊ မထင်မှတ်ဘဲ စွေ လာတဲ.မိုးက မတိတ်ဘဲ ရွာနေတာ ၂ နာရီကျော်ခဲပြီ ၊၊ တဖြည်းဖြည်းနဲ. မိုးကပိုသည်းလာသလို မိုးရေထဲ ဖြတ်ပြန် ပြေးရမှာလည်း အဝေးသား ၊၊ ဝေ ကိုယ်၌က နန္ဒနဲ. အတူရှိနေချင်သေးတာလည်း ပါသည် ၊၊ ဒီလို မိုးတွေ မည်းပြီး တလောကလုံး မှောင်နေပါစေ ကိုယ် ချစ်တဲ. သူနဲ.အတူ ရှိနေတဲ. ခဏတာ လေးကို ကုန်ဆုံးသွားမှာ စိုးရွံ.နေခဲ.သည် ၊၊

ဆိုဖာဆက်တီပေါ်မှာ အပေါ်အင်္ကျီချွတ်ပြီး လှဲနေတဲ. နန္ဒ က မျက်စိမှိတ်လို. အိပ်များ ပျော်နေပြီ လားမသိ ၊၊ ဖန်ချောင်းဖွင်.မထားဘဲ နံရံကပ် မီလေးသာထွန်းထား တဲ. ၀ါလဲ.လဲ. အခန်းမီးးရောင် က နန္ဒ ရဲ. ဗလာတည်း ခန္တာကိုယ် ကို ပိုပြီး လင်းလက်နေစေခဲ.သည် ၊၊ မောင်ဗမာ တစ်ယောက်လို ကြွက်သားတွေ အမြောင်းမြောင်း ထမနေပေမယ်. ၊ ကျစ်ကျစ် လစ်လစ် ရှိတဲ. နန္ဒရဲ. ခန္တာကိုယ်က ဝေ ရဲ. စိတ်တွေကို ဖောက်ပြန်စေခဲ.တာတော.အမှန် ၊၊
အခန်း (၂)
မျက်နှာချင်းဆိုင် ဆိုဖာခုံပေါ်မှာ ဒူးလေးနှစ်ဖက် ကိုထောင်ပြီး လက်နှစ်ဖက်နဲ. သိုင်းပိုက်ထားတဲ. ဝေရဲ. အကြည်.တွေက နန္ဒ ရဲ. ဘာသာမဲ.တဲ. ဆွဲဆောင်မူ အောက်မှာ အလူးလူး အလိမ်.လိမ်. ၊၊ အာခေါင်တွေ ပင်ခြောက် လို. ၊၊ ရေငတ်သလို ရေဆာသလို မွတ်မွတ်သိပ်သိပ် ပြင်းပြင်းပျပျ ၊၊ အားမလို အားမရ တင်းတင်း ကျပ် ကျပ် ဖတ်ထားမိတဲ. ဒူးခေါင်း နှစ်ဖက်က ဝေ ရဲ. ရင်နှစ်လွှာနဲ. ပူးပူးကပ်ကပ် ၊၊ အေးချမ်းစွာ အိပ်မော ကျ နေတဲ. နန္ဒကတော. တစ်ချက်တစ်ချက် အသက်ရှုသံ ပြင်းပြင်းလေးများ ပင်ထွက်လို. ၊၊

အသားကဖြူဝင်းမနေ ပေမယ်. ရွှေရောင် တောက်နေတဲ. နန္ဒ ရဲ. အသားအရောင်က ယောင်္ကျားတစ်ယောက် အတွက် ပိုပြီးဆွဲဆောင် စေခဲ.သည် ၊၊ ငယ်စဉ်ကတည်းက အားကစားလိုက်စား ပြီး ဖျတ်လတ်တက်ကြွ တဲ. လူ ငယ် တစ်ယောက် ၊ အရပ်မြင်. မြင်. ၊၊ Jean Pant အကျပ်တွေ အမြဲ ၀တ်တဲ. နန္ဒ ကို ဝေ ရင်ခုန်နေခဲ.တာ ကြာပြီ၊၊ ငယ်စဉ်ကလေးဘ၀ ကတည်းက အတူတွဲလာတဲ. သူငယ်ချင်း အဖြစ်ထက် မပိုတဲ. နန္ဒ ရဲ.တည်ငြီမ် မူကို အား မလိုအားမရ ဖြစ်မိသည် ၊၊ ယောင်္ကျားတန်မဲ. နီစွေး နေတဲ. နန္ဒရဲ. နှုတ်ခမ်း အစုံကို ရင်ခုန်နေခဲ.တဲ. ညပေါင်း မနည်းတော. ၊၊ စကားပြော လိုက်တိုင်း နိမ်.လိုက်မြင်.လိုက် လှုပ်ရှားနေတဲ. နန္ဒရဲ. လည်တိုင်က အရိုးဖုလေးကို တို.ထိကစားချင် နေခဲ.တာ ကြာလှပြီ ၊၊ သက်ပြင်းမောတွေ အခါခါ ချနေရတာ မြတ်နိုးမေ ဘာသာ အသိ ၊၊ (မြတ်နိုးဝေ ဟု ပြင်ဆင်ဖတ် ရှုပေးပါရန် )

အခန်း (၃)
ဖျတ်ကနဲ ၀င်လာတဲ. လေအဝှေ.က အိပ်မောကျနေတဲ.ပြေလျော.နေတဲ.နန္ဒ ရဲ. ပုဆိုးကို လျှောကနဲ ပြေလျော. စေခဲ.သည် ၊၊ ရုတ်တရတ်မို. "ဟယ် " ကနဲ အသံလေးထွက်ပြီး မျက်စိမှိတ်လိုက် ရတဲ. ဝေ ရဲ.ရင်ထဲ မှာ MRT အစီးတစ်ရာ လောက် အပြိုင်မောင်းနေခဲ.သည် ၊၊ တစ်အိမ်လုံးမှာ နှစ်ယောက်တည်း ဆိုတဲ. အသိက ၊၊ အဲဒီ နေ. က ဒေါ်လေးတိုး အိမ် သွားဖို. နန္ဒ ကို အဖေါ်ခေါ်ခဲ. မိသည် ၊၊ လူမနေတဲ.အိမ်မို. တစ်ပတ်တခါ သန်.ရှင်းရေး လာလုပ်ပေးရသည် ၊၊ မနက်ခင်းတုန်းက ကိုရွှေမိုးက ရွာဖို.နေနေသာသာ နေများပင်သာလို. ၊၊

အိမ်သန်.ရှင်းရေးကို နန္ဒက ၀ိုင်းကူလုပ်သည် ၊၊ နေ.လည် ထမင်းအတူစားပြီးတော. တရေးတမော အိပ်အုံး မယ် ဆိုပြီး အိပ်တော.သည် ၊၊ အပေါ်အိင်္ကင်္ျီချွတ်ပြီး ၊ ပုဆိုးတိုတိုနှင်. ဧညိ.ခန်းကဆိုဖာပေါ်မှာ အိပ်တော. သည်၊၊ ဆိုဖာ လက်တန်းပေါ်မှာ ခေါ်င်းတင် ပြီး လက်တစ်ဖက်က နဖူးပေါ်တင် ၊ လက်တစ်ဖက် က ဗိုက်ပေါ်တင်ပြီး ပက် လက်လှန် အိပ်နေတဲ. နန္ဒ ကို မနှောက်ယှက် ချင်တာနဲ. မျက်နှာချင်းဆိုင် ဆိုဖာပေါ်မှာ ကျုံကျုံ လေးထိုင်ပြီး နန္ဒ ကိုငေး နေမိသည် ၊၊ မကြာမတင် အိပ်မောကျပြီး ထွက်လာတဲ. အသက်ရှူသံ ပြင်းပြင်း က ဝေ ရဲ.အတွေးတွေကို ဖောက်ပြန်စေခဲ.သည် ၊၊ ရုတ်တရတ် ဒူးတစ်ဖက်ကို ထောင်ပြိး ခန္တာကိုယ် ကို ပုံစံပြင် လိုက်တဲ. နန္ဒ ရဲ. ခါးအလွန်.မှာ ၀တ်ထားတဲ. ခါးဝတ်ပုဆိုးက ပြေလျော.သွားခဲ.သည် ၊၊

အခန်း (၄)
မိုးကလည်း သည်းသည်းမည်းမည်း ၊၊ နန္ဒ ကို လူပ်နှိုးပြီး ပြန်ဖို.ပြော မလား ၊၊ ပြန်ရမှာလည်း ဒီလိုအချိန်လေး ကို နှမြောတသ ၊ အချိန်တွေကို မကုန်ချင် ၊၊ ရင်တွေခုန်နေတာလည်း အသည်းများပင် ပြုတ်ကျလုမတက် ၊၊ ရေတွေ လည်းငတ်လှပြီ ၊၊ နှုတ်ခမ်းများက မီးတောက် သလို ပူလောင်ပြင်းရှ၊၊ ဒီလိုမွတ်သိပ် တဲ.ဆာလောင် မှူမျိုး တကြီမ် တခါဖူးမျှ မခံစားဖူးခဲ. ၊၊ လက်နဲ. တင်းတင်းဖက်ထားတဲ. ဒူးနှစ်ဖက်က တဆတ်ဆတ် တုန်နေသည် ၊၊ ခြေဖျား လေး တွေက တဖျတ်ဖျတ် ခုန်နေသည် ၊၊ စိတ်ထင်တိုင်း ပေါက်ကွဲ ချင်စိတ်ကို အံကြိတ်တင်းထား ရတဲ.သွားများ ပင် ပြုတ်ထွက်လုမတက် ၊၊

ဝေအကြိမ်ကြိမ် ထိန်းချုပ်ခဲ.ရတဲ. စောင်.စည်းခဲ.ရတဲ. ရေကာတာကြီး ကျိုးပေါက်ဖို. အား အကောင်းဆုံး အချိန် ၊၊ အရာအားလုံးက ဝေ ရဲ. တိတ်တခိုး လိုအပ်ချက်တွေကို အားဖြည်.ကူညီပေးနေ လေရဲ. ၊၊ လူသူကင်းမဲ.နေတဲ. ခြံကျယ်ကြီးထဲက အိမ်ခန်းလေးထဲမှာ ၊၊ မိုးများ က သည်းသည်းထန်လို. ၊၊ တားဆီးနှောင်.ယှက်မ ယ်.သူ တစ်စုံ တစ်ဦးမှ မရှိ ၊၊ အ၀တ်အစား ကင်းမဲ.နေတဲ. ၊ သန်မာဖွံ. ထွားတဲ. နန္ဒ ရဲ. ယောင်္ကျားပီသတဲ. ခန္တာ ကိုယ်က ဝေရဲ. ဆန္ဒ ဆိုးတွေကို မီးလောင်ရာ လေပင်. နေစေခဲ.သည် ၊၊

အခန်း (၅)
ဆိုဖာဆက်တီပေါ်မှ အသာထရ်ျ ဖွင်.ထားသော ပြတင်းပေါက်များကို ပိတ်လိုက်သည် ၊၊ မိုးတွေက သည်းသည်း မည်းမည်း ရွာတုန်း ၊၊ ခန္တာ ကိုယ် ပြေလျော.လျော. လေးနှင်. ပက်လက်လှန်ပြီး အိပ်မော ကျနေတဲ. နန္ဒ ရဲ. အ၀တ်အစားမဲ.နေတဲ. ခန္တာ ကိုယ်က ဝေ ရဲ. စိတ်ရိုင်း စိတ်မိုက်တွေကို အားကောင်းတဲ. သံလိုက်နဲ. ဆွဲငင်သလို အသိ ၊ သိက္ခာ ၊ အရှက် ၊ အကြောက် အားလုံးကို ချေမွှ ဖျတ်ဆီး ပစ်လိုက်သည် ၊၊ ကျိုက်ကျိုက်ဆူ နေ တဲ. ဝေ ရဲ. ရင်အစုံက နိမ်.ချည် မြင်.ချည် ၊၊ တင်းကျပ် လာတဲ. ခံစားမူကြောင်. ၊ အ၀တ်အစားတွေ အားလုံးကို ဆွဲချွတ် လိုက်ချင်သည် ၊၊ ဝေရဲ. လက် အစုံက

...............................................
အခန်း (၆)
" နန္ဒ ရေ ၊ နင်နိုး ရင် ပြန်လာခဲတော. နော် ၊ ငါပြန်သွားနှင်.ပြီ "

ဆိုတဲ. စာရွက်လေး က ဆိုဖာဆက်တီ စားပွဲ ပေါ်မှာ weight တုံးလေးနှင် ဖိလို. ၊၊

.......................................................
ဇာတ်သိမ်း

မိုးရေထဲမှာ တစ်လှမ်းချင်း လျှောက်ပြန်လာတဲ. ဝေ ကို မိုးစက်လေးတွေက ကောင်းချီး ပေးကြသည် ၊၊ လျှပ်စီး တွေ တဖျတ်ဖျတ် လက်လို. ဂုဏ်ပြုကြသည် ၊၊ ဘယ်လိုလူ တစ်ဦး တစ်ယောက် မှ လွယ်ကူစွာ ကျော်နိုင် ဖို. ရန် ခဲယဉ်းတဲ. ရာဂ တောင်တန်းကြီးကို ကျော်လှန်းနိုင်ခဲ.သည်. ဝေ ၊၊ မောပန်းနွမ်းနယ်တဲ. ခြေလှမ်းများနှင်. ၊၊ ခက်ခဲ ပင်ပန်းကြီးစွာ ဖြတ်ကျော် ခဲ.ရသော ခရီးကြမ်းကြီးအတွက် လေးလံခြင်းများစွာနှင်. ၊၊ ဒါပေသည်. ဝေ အနိုင် ရခဲ.ပါသည် ၊၊ ဂုဏ်ယူပါ တယ် ဝေရယ် ၊၊ ဒီတောင်ကို ကျော်ဖို. အားထုတ်ခဲ.ရတဲ. ဝေ ရဲ. ပင်ပန်း ဆင်းရဲ မူကို ဖြတ်သန်း ခံစားဖူးသူ များသာ ကိုယ်ချင်းစာ နားလည်ပေးနိုင်ပါ လိမ်.မည် ၊၊

ဝေ ရဲ. မျက်ဝန်းအစုံက မိုးရေနဲ.အတူကျခဲ.ရတဲ.အပြာရောင်မျက်ရည်များက ပိုရ်ျ
အေးမြပါသည် ၊၊






7 comments:

မယ့်ကိုး said...

စိတ်ကူးလေးက ဆန်းတာတော့ အမှန်ပါ။
ထူးခြားတဲ့  ဝေမို့  ဒါ မိန်းကလေးအတွေး လား ဆိုကာ ဖတ်ရင်းနဲ ယုံကြည်ဖို့ ခက်အံ့သြနေမိတာ။
ဒီလို ပြောလို့  စိတ်မရှိစေချင်ပါဘူး။ကျွန်မလည်း “ကြယ်လွဲမိုး”ရေးပြီးတော့ ယောက်ျားလေး သုံးယောက်ကို စာမူဖတ်ခိုင်းပြီး အတည်ပြုချက်ယူခဲ့ရပါတယ်။
ဒါနဲ “့သက်ပြင်းမောတွေ အခါခါ ချနေရတာ မြတ်နိုးမေ ဘာသာ အသိ ၊” မြတ်နိုးမေ?

ခင်မင်တဲ့ 

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူး မယ်ကိုးရေ ၊၊ အမှန်က မြတ်နိုးမေပါ ၊၊ ဝေ ဆိုတဲ. နာမည်ကို သုံးလိုက်တာ ၊၊ အဲဒီနေရာက လစ်ပြီး ကျန်ခဲ.တယ် ဗျာ ၊၊ သေချာဖတ်ပေးတာကျေးဇူးပါ ၊၊

Unknown said...

The whole story is very intersting.Want to know what will happen... But she control herself. I really appreciate this. I am not sure I can do like what she did.

မင်းအိမ်ဖြူ Minn Eain Phyu said...

အဲဒီလိုလေး ဆွေးနွေးပေးတာ ကျေးဇူးပါဗျာ ၊၊

Welcome said...

စာအရေးအသားကောင်းကောင်း၊
အတွေးသံစဉ်မြင့်မြင့်နဲ့ ဆိုတော့
ဖတ်လို့ ကောင်းတယ်။ အားပေးနေပါမယ်။

လေးစားလျက်

Welcome said...
This comment has been removed by the author.
ဗီလိန် said...

ခံစားချက်တွေ သိပ်ပြင်းထန်နေရော့သလားဗျာ။