Friday 29 May 2009

ဝမ်းမြောက်ပါတယ် စင်ကာပူ

ကျွန်တော့်တို.နိုင်ငံမှာ အရှူပ်အထွေးတွေနဲ. ပူဆွေးနေတဲ့ အချိန်မှာ စင်ကာပူကတော့ သူတို.ရဲ့ Circle MRT လိုင်းသစ်ကို ဒီနေ့မှာပဲ အောင်မြင်စွာ စတင် ဖွင့်လှစ်ပြေးဆွဲပါတယ် ၊၊
တို.နိုင်ငံနဲ. သိပ်မဝေးပဲ ဘာတွေများ ကွာခြားနေ ပါသလဲ ကွယ် .............တကယ်ကို ခံစားရပါတယ်

ရထားစီးရင်း ခံစားခဲ့ရတယ် ၊ မှတ်မှတ်ယယ ဒီနေ့မှ အလုပ်ထဲက Singaporean တစ်ယောက်က နေ.လည် Coffee သောက်ရင်း ပြောဖြစ်ကြတယ် ၊၊ မင်းတို.မြန်မာတွေ သိပ် Smart ဖြစ်တယ် ဒါပေမယ့် ဘာ့ကြောင့် မင်းတို. နိုင်ငံက အဆင်မပြေတာလဲတဲ့ ၊၊ ဘာပြန်ပြောရမလဲ ၊၊ သူတို.နဲ. ယှဉ်ပြီးစကားတွေ ပြောဖြစ်ခဲ့တယ် ၊၊ မြန်မာပြည်ကိုပိုလွမ်းတယ်........................

အမှတ်တယ Bishan Interchange ပထမဆုံးနေ.

8 comments:

မိုးခါး said...

ဟင်း ....
ပြောစရာစကားမရှိ ..
ဘာလို့လဲ ဘာလို့လဲ .. တွေးတဲ့လူသာ အိုသွားမယ် .. ထူးခြားပါ့မလား ..
မြန်မာပြည်ဆိုတာ ဝေးဝေးကပဲ လွမ်းနေသင့်တဲ့ နေရာတခုလား ..

မင်းအိမ်ဖြူ Minn Eain Phyu said...

ဟုတ်တယ် မိုးခါးရေ
အခုတော့ တကယ်ဒီလိုဖြစ်နေပြီလား
အမှန်တကယ်မနေ. ညကအဲဒီရထားစီပြီး စိတ်ထဲမှာ မကောင်းဘူး ၊ ရေးချင်တာတွေ ရင်နဲ့ အပြည့် ဒါပေမယ့်
ဒါပေမယ့်....

နွေးနေခြည် said...

ရင်နာတယ်...
တ၀က်လောက်ပဲကောင်းပါ ပျော်ပျော်ကြီးပြန်တယ်။ တို့လူမျိုးတွေလောဘမကြီးပါဘူး ရောင့်ရဲနိုင်ပါတယ်... ဒါပေမယ့်ရောင့်ရဲနိုင်လောက် တဲ့ အခွင့်အရေးလေးတောင် မရှိလို့ ရှင်ကွဲကွဲနေကြရတာ...

မင်းအိမ်ဖြူ Minn Eain Phyu said...

မှန်တယ် နွေးနေခြည်
မနေ.ညက VOA နားထောင်တော့ လည်း ပို ပြီး စိတ်မကောင်းဖြစ်ရတယ်
စဉ်းစားကြည့်လေ ကျွန်တော်တို. သူများဆီမှာ
သူတို. ဆောင်းပါးရှင်တွေ ဆိုသလို
အောက်ခြေသိမ်း အလုပ်တွေ လုပ်နေရတာမှ မဟုတ်တာနော်
မနေ.ကဆို အဲဒီသူငယ်ချင်း Singaporean ပြောတော့ ပို ပြီးရင်နာတယ်

Mogok Thar said...

ညီမင်းအိမ်ရေ.. ကိုကတော့ ဒီနိုင်ငံ စရောကတည်းက ဘာ သယံဇာတမှ မထွက်ပဲ ကြီးပွားနေတဲ့သူတွေ၊ ကိုယ့် ဗမာတွေလောက်မှ မတော်မတတ်တဲ့သူတွေတောင် အဆင့်မြင့်မြင့် နေနိုင်တာတွေ ကြည့်ပြီး ရင်ထဲ တော်တော် နာခဲ့တာ။
ဗိုက်ပူနံကားတွေကို ပို အသည်းနာတယ်။
ကိုတွေ အမိမြေမှာ အဖိုးတန် ရတနာတွေ၊ နောက်ပြီး ရတနာလို အဖိုးတန် လူတွေ ဆုံးရှုံးနေရတာ........

မင်းအိမ်ဖြူ Minn Eain Phyu said...

မှန်တာပေါ့ ကိုမိုးကုတ်သားရေ

mae said...

circle line လဲ ဖွင့်သွားပြီနော်၊ ကျမကတော့ စင်္ကာပူမှာ ကြီးခဲ့ရတဲ့ ဗမာမလေးမို့ ကိုမင်းအိမ်ဖြူရဲ့အတွေးတွေကို ထပ်တူခံစားရသလို စင်္ကာပူကိုလဲ လွမ်းမိပါတယ်

မင်းအိမ်ဖြူ said...

မမေ ရေ
ကျေးဇူးတင်တယ်နော် ...
Circle လိုင်းက တစ်ပိုင်းဖွင့်တာပါ ၊၊ Bishan နဲ.
Seerangoon ၅ ဘူတာ တပိုင်းပေါ့
ကျန်တာတွေတော့ လုပ်နေဆဲပါ ၊၊
အဲဒီညက တွေ.ရတဲ့ စလုံး အဘိုးကြီး အဘွားကြီးတွေ ရဲ့ မျက် ၀န်းမှာ အပြုံးတွေ နဲ. ကိုယ်ဆီက လူကြီးတွေ ကိုလည်း အဲဒီလို ပြုံးစေချင်တာ အမှန်ပါ ဗျာ