Monday 1 June 2009

အမှား

သင်ပြုလုပ်ခဲ့သည့် အမှားများကို
သေသေချာချာ မှတ်တမ်းတင်ပါ ၊၊ စီစစ်ပါ ၊၊

အမှားဆိုတာ လူတစ်ယောက်ရဲ့ မှတ်တိုင်များဖြစ်ပေသည် ၊၊ မိမိမကြုံဘူးသေးသော ၊ အသစ်ဖြစ်သော နေရာဒေသနှင့် အတွေ.အကြုံများကို ဆောင်ရွက်ရာတွင် အထောက်အကူရစေသည် ၊၊ လမ်းညွှန်မှူလည်း ဖြစ်သည် ၊၊ အမှားဆိုသည်မှာ သင်ကြားလေ့လာရသော ပစည်းဖြစ်သည် ၊၊ သင်ခန်းစာ ဖြစ်၏ ၊၊


စိတ်မတိုပါနှင့်


မည်သည့် အချိန်အခါမျိုး အခြေအနေမျိုးမှာမဆို စိတ်ရှည်သည်းခံမှူရှိသောသူသည် အောင်မြင်မှူကို ရရှိမည်မှာမလွဲပေ ၊၊ ( သောမတ်ဂျက်ဖာဆန် )


လူတိုင်းနှစ်သက်သော အကြောင်းအရာ ၁၀ ခု


၁၊၊ ကျေးဇူးပြုပြီ
၂၊၊ ကျေးဇူးတင်ပါတယ်
၃၊၊ရိုးသားစွာ နှူတ်ဆက်ခြင်း
၎၊၊ရိုးသားစွာ ချီးကျူးခြင်း ( ခင်ဗျားလုပ်တဲ့ အလုပ်က ပထမတန်းစားပဲဗျာ )
၅၊၊ရိုးသားစွာ အသိအမှတ်ပြုခြင်း ( လုံလ ၀ီရိယကို ချီးကျုးပါတယ် ဗျာ )
၆၊၊ကောင်းမွန်သော စကားပြောကြားခြင်း (ခင်ဗျားနဲ့ပတ်သပ်ပြီ မင်္ဂလာသတင်းပဲ ကြားရတယ်ဗျာ )
၇၊၊နှစ်လိုစွာ ပြောဆိုခြင်း ( ခင်ဗျားနဲ. အလုပ်တွဲလုပ်ရတယ် ကျေနပ်ပါတယ် )
၈၊၊ချိုသာစွာ တောင်းဆိုခြင်း( ခင်ဗျားအကူအညီလိုတယ် )
၉၊၊ရင်တွင်းစကားဆိုခြင်း (ခင်ဗျားကြိုးစားမှူကို တကယ်ကို ခံစားလိုက်ရပါတယ် )
၁၀၊၊ဝေမျှခံစားခြင်း (၀မ်းမြောက်ဂုဏ်ယူပါတယ် )


How To Become CEO
Aung Min Htike


အခုလောလောဆယ် ဖတ်နေသော စာအုပ်မှ စာပိုဒ်လေးအား နှစ်သက်မိပါသဖြင့် တင်မိပါသည် ၊၊ ကျွန်တော်တို. မှာ မှတ်တိုင်တွေ ဘယ်လောက်များနေပြီလဲ????????

မရေမတွက်နိုင် စိတ်တွေ တိုနေဆဲပါလာ ?????????

လူတိုင်းနှစ်သက်တဲ့ ၁၀ ချက်ကို စိတ်လိုလက်ရ စိတ်ပါလက်ပါ ဘယ်နှစ်ကြိမ်လုပ်ခဲ့လဲ ?????????

4 comments:

Htoo Aung Lwin said...

ကျွန်တော်မှားတိုင်း စိတ်မတိုဘူး။
စိတ်အရမ်း ညစ်တာ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ကိုခရောင်းရေ
စိတ်မညစ်ပါနဲ.
အဲဒီအမှားကို ပြန်သုံးသပ်
သူများကြောင့်ဖြစ်တာဆိုရင် နောက်တစ်ကြီမ် မဖြစ်အောင်ဆင်ခြင်ပါ
အဲ ကိုယ်ကြောင့်ဖြစ်လာတဲ့ အမှားမျိုးဆိုရင်တော့ ဘယ်လို ပြုပြင်ပြောင်းလဲမလဲ အဖြေရှာ
မှားပြီးသွားတဲ့ အရာအတွက် ထပ်ပြီး မရှုံးစေနဲ.တော့
နှစ်ခါမရှုံးပါစေနဲ. ၊ မဟုတ်ရင်မတန်ဘူး
ဘ၀မှာ မမှားဘူးတဲ့သူမရှိပါဘူး
ဖြေရှင်းတဲ့ နေရာမှာသာ ကွာသွားတာ.........

Mogok Thar said...

ခက်တော့ မခက်ပါဘူး။ ဒါပေမဲ့ သိမ်မွေ့တယ်။
ဗြမ္မစိုရ်တရား လေးပါးထဲရယ်။
အမှားတွေ မကင်းနိုင်ကြပေမဲ့ အဲ့ဒီတရားလေးပါးက ဘ၀မှာ နေထိုင်ခြင်းကို အကျိုးပြုတယ်။
ခက်တော့ မခက်ပါဘူး။ ဒါပေမဲ့ သိမ်မွေ့တယ်။
(ဆိုင်လားတော့မသိဘူး။)
ခင်တဲ့

Anonymous said...

လူတိုင်းနှစ်လိုတဲ့ အချက်တွေ တော်တော်များများ လုပ်ဖြစ်အောင် ကျွန်တော် ကြိုးစားနေပါတယ် ... အားလုံးတော့ မပြည့်စုံနိုင်သေးဘူးပေါ့ဗျာ ...
တစ်နေ့တော့ အားလုံး ပြည့်စုံနိုင်မှာပါ ...
နေဒေးသစ်။