Thursday 4 June 2009

ပျော်ရွှင်စရာမွေးနေ.လေးဖြစ်ပါစေ

..................... .......................
စေတီတော်၏ညချမ်းကြည်ညိုဖွယ်.................ဒီအရုပ်လေးရင်းနှီးခဲ့တာကြာပေါ့.........................ပန်းလှူဖြစ်ခဲ့ပါ၏

ကျောင်းတွေ ဖွင့်တဲ့ လ ……..
မိုးတွေရွာတဲ့လ ……
ဝါဆိုတော့မယ့်လ………..
သြော် ဇွန်လ ရောက်ပြန်ပြီ…………….

ရာသီစက်ဝန်းတွေ အလီလီပြောင်းခဲ့သလို
နှစ်တွေလည်း အခါခါ ဟောင်းခဲ့ပြီ ………..
ပြန်မရနိုင်တော့တဲ့ ပျိုမြစ်နုနယ်ခြင်းတွေ လည်း ကုန်ဆုံးခဲ့ပြီ…..
အစားထိုးဝင်ရောက်လာတဲ့ တည်ငြီမ်ရင့်ကျက်ခြင်းတွေကို ကြိုဆိုရင်း …………

အမှတ်ယစရာလေးတွေ
ဒီလိုနေ. ဇွန်လ ၄ ရက်ရောက်တိုင်း ကောင်းမှုကုသိုလ်လေးတစ်ခုခုတော့ ပြုဖြစ်မြဲ
ဒီနေ.လည်းပြုဖြစ်ပါအုံးမည်၊၊

၂၀၀၄ခုနှစ် တုန်းက စစ်ကိုင်တိုင်း အနောက်မြောက်ပိုင်းက ကလေးဝမြို.မှာ ၊ ဘုရား ဘွဲ.တော် က ရွှေစည်းခုံ စေတီတော် ဘွဲ.အမည်ရတဲ့ တစ်ဆူလုံးရွှေအပြည့်နဲ.ဟိုး တောင်ပေါ်ထိပ်က စေတီမှာ
၂၀၀၅ခုနှစ် တုန်းက ရန်ကုန်မှာ
၂၀၀၆ခုနှစ် တုန်းက လည်းရန်ကုန်မှာပဲ ရှိနေခဲ့
၂၀၀၇ခုနှစ် တုန်းက ဒီနေ.ဒီရက်မှာ မုံရွာမှာ ရှိနေခဲ့တယ်
အဲဒီတော့ မုံရွာ ရွှေစည်းခုံ ဘုရားမှာ မွေးနေ.ကို ရည်စူးပြီး ငွေလှုခဲ့သည် ၊၊
၂၀၀၈ခုနှစ် မနှစ်ကတော့ နာဂစ် ဖြစ်ပြီးကာစ ကာလဆိုတော့ ကျောင်းကသူတွေ အားကြိုး မာန်တက် ကောက်ခံဒါနပြုနေတာတွေနဲ.လည်းကြုံဖြစ်တော့ အဲဒီအတွက် ရည်စူးပြီး ငွေလှူ ဖြစ်ခဲ့တယ် ….
၂၀၀၉ခုနှစ် ဒီနှစ်လည်း ဒီနေ.မှာ ဒါနတစ်ခုခု ပြုဖြစ်အုံးမှာပါ ၊၊ ဒီညနေ ဘုရားသွားမယ် ၊၊ ပန်း ၊ ရေချမ်း လည်းကပ်မယ် ၊၊မွေးနေ.ကို ရည်မှန်းလို. ဒါနပြု အမျှပေးဝေပါအုံးမယ် ၊၊
၂၀၁၀ခုနှစ် ................


နောင်လာမည့် နှစ်တွေတိုင်းမှာလည်း ပြုခွင့်ရသမျှ အခွင့်ရသမျှ အမှတ်တယ ဒါနလေးတွေ ဒီနေ.ဒီရက်မှာ ပြုဖြစ်ပါအုံးမည်၊၊

ဒီမွေးနေ.မှသည် နိဗာန် မရောက်မီဆက်ကြား ဘ၀ဆက်တိုင်း ပျော်ရွှင်ချမ်းသာ စွာဖြင့် ကောင်းမွန်စွာ အသက်မွေးနိုင်ပါစေ ၊၊
ဘ၀များစွာ သံသရာစက်ဝန်းအတွင်း ကျင်လည်နေရအုံးမည် ဆိုလျှင်လည်း သစာမဲ့သူ သူတစ်ထူးနဲ. မတွေ.မဆုံ ၊ မကြုံမသိ ပါစေနဲ. ၊၊
သာယာပျော်ရွှင် ချမ်းမြေ့သော ဘ၀တစ်ခု ၊ ပြည့်စုံချမ်းသာသော မိသားစုဘ၀တစ်ခုကို ပိုင်ဆိုင်ပါစေလို. ဆုမွန်တောင်းပါ၏ ၊၊

မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

9 comments:

Mogok Thar said...

မွေးနေ့ရှင် ဘ၀ ပျော်ရွှင်အေးချမ်းပါစေကြော်ငး ညီမင်းအိမ် နှင့်ထပ်တူ ဆုတောင်း ပေးလျှက်

Taungoo said...

H B D ပါ ကိုမင်းအိမ်ဖြူ

မယ့်ကိုး said...

သစာမဲ့သူ သူတစ်ထူးနဲ. မတွေ.မဆုံ ၊ မကြုံမသိ ပါစေနဲ. တဲ့လား... :P

မွေးနေ့ ရှင်က ဘယ်သူလဲလို့  တော့ သိသလိုလို...

နွေးနေခြည် said...

ပျော်ရွှင်ဖွယ်မွေးနေ့လေး ဖြစ်ပါစေ ကိုမင်းအိမ်
အမျိုး ဘာသာ သာသနာကို အစဉ်မပျက်စောင့်ရှောက် ထိန်သိမ်းနိုင်သူဖြစ်ပါစေ (ဒီဆုလေးနဲ့ အဆင်ပြေမယ်ထင်လိုး) )

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျွန်တော်နဲ.ထပ်တူ ဆုတောင်းပေးတဲ့ ကိုမိုးကုတ်သား ရေ ကျေးဇူးတင်ပါတယ်နော်

ကိုတောင်ငူရေ ကျေးဇူး (လက်ဆောင်လှမ်းပို.နဲ့နော် P:)

မယ်ကိုး ...... နော် ....

ထပ်ပြီးကျေးဇူးတင်ပါ၏ နေခြည်ရေ .......

မင်းအိမ်ဖြူ Minn Eain Phyu said...

ဓါတ်ပုံလေး ပေးသုံးတဲ့ ကိုတောင်ငူရေ ကျေးဇူးတင်ပါတယ်နော် ၊၊ ပိုစ့်ထဲ့မှာ ထည့်မရေးထားမိလို. ကော့မန်.မှာပါ ရေးထားလိုက်ပါတယ် ၊၊ ရုံးချိန်လေ သိတယ်ဟုတ်.....

မိုးခါး said...

မွေးနေ့ရှင်အတွက် ထပ်တူဆုတောင်ပေးပါတယ် .. စိတ်ချမ်းသာပျော်ရွှင်ပါစေ ..း)

လင်းဒီပ said...

မွေးနေ့ရှင်လေးကော မွေးနေ့ရှင်လေးကို အမှတ်ရနေသူကြီးကော
ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာချမ်းသာ သစ္စာမဲ့သူ သူတထူးနှင့် မတွေ့မဆုံ ကြပါစေနဲ့လို့.....။
(အလှူခံမဏ္ဍာပ်က အသံဖြင့်အော်သွားပါတယ်..ဘုရားလူကြီး လင်းဒီပ)

ဒါနဲ့ တန်စောင်းကြီး ပြန်တည့်ချင်လို့ အလှူငွေလေး ထည့်သွားပါဦး...:P:P:P

မင်းအိမ်ဖြူ Minn Eain Phyu said...

မိုးခါးလည်း ထပ်တူပျော်ရွှင်ပါစေနော်

ဟုတ်ကဲ့ ကိုဒီပ ဘောင်ချာလေးတော့ ပေးရမယ်နော် တော်ပါသေးရဲ့ တန်စောင်းကြီးမို.

ပိုစ့်အပေါ်ဆုံးက ၃ ပုံက ည၁၁ နာရီလောက် ဘုရားက ပြန်မှ ထပ်တင်ဖြစ်တာပါ ၊ ညနေ အလုပြီးမှ သွားတာ ဆိုတော့ အိမ်ပြန်ရောက်တော့ ၁၀ နာရီ ခွဲနေပါပြီ


အားလုံးပျော်ရွှင်ကြပါစေဗျာ .......