Saturday 13 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ


ငယ်ငယ်တည်းက အရမ်းကို နှစ်သက်သဘောကျမိတဲ့ မြန်မာသံစဉ် သီချင်းလေးတစ်ပုဒ် ရှိခဲ့ဖူးပါတယ် ၊၊ အဲဒီ သီချင်းလေးကို ကြားရလေတိုင်း မျက်ရည်ဝဲရတယ် ၊၊ အခုလည်းဒီစာလေးကို ရေးနေရင်း အဲဒီ သီချင်းလေးကို နားထောင်ခံစားနေမိပါတယ် ၊၊ မြန်မာသံစဉ်တွေနဲ. အလှမ်းဝေးသူတွေ အနေနဲ. နားယဉ်ဖို. ခဲ့ယဉ်း ပေမယ့် တကယ်ကို အနှစ်သာရ ရှိတဲ့ သီချင်းလေးပါ ၊၊ ဘယ်အချိန်ပဲ ဖြစ်ဖြစ်ကျွန်တော့် ရင်ကိုတော့ ခံစားရစေပါတယ် ၊၊ ကျောင်းဖွင့်ခါနီးတိုင်း မြန်မာ့ရုပ်မြင်သံကြားကနေ ဟိုးအရင်တုန်းကတော့ ပုံမှန်လွှင့်ထုတ်နေကြပါ ၊၊ အဲဒီသီချင်းသံလေးကြားရလေတိုင်း လွမ်းလွမ်းဆွေးဆွေး ခံစားနေရမြဲ ၊၊ နောက် အာစရိယ ပူဇော်ပွဲ တိုင်းမှာ အဲဒီ သီချင်းသံလေးများကြား ရတဲ့ အခါ အားလုံး ရဲ့ အတွေးတွေဟာ ဟိုး အတိတ်ဆီ ပြန်ရောက်သွား ရမြဲပါလေ ၊၊


ဘယ်သီချင်းလေးများ ဖြစ်မလဲနော် ၊၊ မြန်မာသံစဉ် သီချင်းတွေ နဲ. မဝေးတဲ့ သူတွေ ကတော့ အတက် သိမယ် လို. ထင်ပါတယ် ၊၊ တေးသံရှင် တွံတေးသိန်းတန် ရဲ့ အသီးတရာ အညှာတစ်ခု ဆိုတဲ့ သီချင်းလေးပါပဲ ၊၊ ဟိုးငယ် စဉ် ကလေးဘ၀ကနေ ၊ လူကြီးတွေ ဖြစ်လို. အလုပ်အကိုင်တွေ ကိုယ်စီနဲ. ကိုယ့်ဘ၀ကိုယ့်လမ်း လျှောက်လှမ်း နေကြတဲ့အခါ မှာတော့ ကျွန်တော်တို. သူငယ်ချင်းတွေ တွေ.ဖို.ဘယ်လိုမှ မဖြစ်နိုင်တော့ပါဘူး ၊၊ တကယ်ကို တမြေစီ ၊ ခုခေတ်မှာတော့ ပိုလို.တောင် ဆိုးပါသေးတယ်လေ ၊၊ နိုင်ငံတွေခြားလို. ဘယ်လိုမှ မတွေကြရတော့ ၊၊ အရင်လို တစ်နိုင်ငံတည်းဆို ရင်တောင် မတွေ.ဖြစ်ပေမယ့် တွေ.နိုင်မယ်လို. ထင်မှတ်ရပေမယ့် ၊ ခုများတော့ သူနဲ.ကိုယ်နဲ. ဘယ်လိုမှ မတွေ.ဖြစ်ကြတော့ ၊၊ သူ.အလုပ်ကိုယ့်အလုပ် ၊ သူ.ခွင့်ရက် ကိုယ့်ခွင့်ရက် ဘယ်လိုမှာ ညှီုနိုင်းလို. မရတော့ ၊၊


ဟိုတစ်နေ. က နေပြည်တော် သူငယ်ချင်းတစ်ယောက် Email ပို.လာသည် ၊၊ သူရေးထားတာဖတ်လိုက်ရတော့ ကျောင်းတက်ခဲ့ရတဲ့ ဘ၀ကိုလည်း ပြန်လွမ်းမိရဲ့ ၊၊ နောက်သူဆိုလိုက်တဲ့ စကားလေးတခွန်းလည်း မှတ်မှတ်သား သား ဖြစ်မိပါရဲ့လေ ၊၊

ကိုယ့်အနားမှာအနီးကပ်ရှိတဲ့သူတွေက ကိုယ့်ဘ၀ကိုအများဆုံးလွှမ်းမိုးကြတယ် ထင်ပါရဲ့

သြော် သူပြောသလို ကျွန်တော်တို. အားလုံးဟာ ကျွန်တော်တို. ရဲ့ နေစဉ်ဘ၀တွေ သာယာဖို.ကိုပဲ ဦးစားပေးနေ ရတယ် လေ ၊၊ သူပြောတဲ့ စကားလေးကို ကျွန်တော် တကယ်ကို မှတ်မှတ်သားသား ဖြစ်မိပါရဲ့ ၊၊ နောက် သူစာထဲမှာ ဆက်ပြီး ရေးထားတာလေးကတော့

ကျောင်းတက်ခဲ့တဲ့အချိန်တွေကိုပြန်သတိရပြီးဝမ်းနဲတာရယ် ခရီးမဆက်ဖြစ်တော့ တဲ့ ငါတို့ရဲ့ ကျောင်းသားဘ၀အတွက်ရယ်ပေါ့ တဲ့လေ ၊၊

အင်း ပေါ့လေ.... ဘယ်အချိန်တွေ ထိများ ငါတို. ဘ၀တွေ ကိုယ်ယုံကြည်ရာကို ဆက်လွှင့်နေရအုံး မလဲနော် ၊၊ ဘ၀ဆိုတာ စိတ်ကူးထဲကအတိုင်း ဖြစ်မလာဘူးဆိုတာကိုတော့ သိခဲ့တာကြာပါပြီ ၊၊ အရမ်းကို ဖြူ စင်လွန်းတဲ့ ငယ်ငယ်က ဘ၀လေးကိုတော့ အလွမ်းသား ၊၊ ဒါပေမယ့် လည်းကိုယ်ရဲ့ ခရီးက တစ်ဝက်တောင် ကျိုးနေပြီမို. နောက်ပြန်ခံစားစား ယုံမှ အပ ၊ လွမ်းယုံမှ အပ ၊ တခါတလေ ဖုန်းလေးပြောရုံမှအပ ၊ တခါတလေ အချိန်ရရင် အီးမေး ပို.ရုံမှ အပ ၊ တိုက်ဆိုင်တဲ့ အခါတိုင်း လွမ်းဆွတ် သတိယစွာ သူ.အကြောင်း စဉ်းစားရုံမှ အပ ၊ သူငယ်ချင်း မိတ်ဆွေ အသစ်တွေကို ဟိုးတုန်းက သူငယ်ချင်းတွေ အကြောင်း အလွမ်းပြေ ပြောပြရုံမှ အပ ၊ ဘာမှ တိုးပြီး မကြိုး စားနိုင်တော့ပါလားလို.ပဲ ဘာသာ တွေးမိပါတော့တယ် ၊၊


ခပ်ဝေးဝေး မှသာ လွမ်းဆွတ်နိုင်တော့တဲ့ ဘ၀တွေ ကို နားလည်းခံစားပေးနိုင်ကြပါစေလေ.......


သူငယ်ချင်းများကို လွမ်းဆွတ်ခြင်းများစွာဖြင့်
မင်းအိမ်ဖြူ



http://www.youtube.com/watch?v=P9M9-wjv0kc


http://www.youtube.com/watch?v=h7ALvja4Jg0

8 comments:

မဆုမွန် said...

သီချင်းလေးကို နားထောင်ပြီး ငိုင်သွားတယ်...

မယ့်ကိုး said...

ဒီစာလေးဖတ်မိတော့ လွမ်းသွားတယ်...

လွမ်းလွမ်းနဲ့  Vitamin C ရဲ့  Graduation [Friends Forever] သီချင်းလေးလည်း ထပ်နားထောင်ဖြစ်ပါတယ်။

တွံတေးသိန်းတန် သီချင်းလည်း နားထောင်သွားပါတယ်နော်။ :)

ဝက်ဝံလေး said...

သူများတွေ ပြောတာနဲ့တင် လွမ်းရမှာ ကြောက်တယ် နားမထောင်တော့ဘူးနော် သိလား စိတ်မဆိုးနဲ့ ညီမက လွမ်းရမှာ ကြောက်တယ် အဟီး ရွှတ် ငိုပြီ ဟီးဟီး ဟားဟားးး ဟိုးးးဟိုးးး

သူများကို ဒါဆိုရင် ပုတယ် လို့ပြောချင်တာလား ချီဘောက်မှာ လာအော်သွားတယ်လေ ဟွန်းးးနော် ဒါပဲ ခလုတ်တိုက်နေကြ

အလကား စ တာနော် စိတ်ဆိုးနဲ့ ဘိုင်

ခမ်းကီး said...

တစ်ဝမ်းတစ်ခါးအတွက်မို့ ... တစ်လမ်းစီသွားခဲ့ရပေ...

အခုလို ကျောင်းဖွင့်ချိန်ဆိုတော့ ပိုပြီး လွမ်းမိပါတယ်။

Mogok Thar said...

ကျောင်းကို လွမ်းနေတာ.... ပိုလွမ်းပါပေါ့

မင်းအိမ်ဖြူ Minn Eain Phyu said...

မဆုမွန်ရေ မျှဝေခံစားရတာပ .. ကော့မန်.ပေးသွားတာ ကျေးဇူးပါ

မယ်ကိုးရေ လွမ်း လွမ်း လွမ်း

ငှက်ကလေး နားမထောင်ရင် ခေါ်တော့ဘူး

မှန်တာပေါ့ ကိုခမ်းကီးရေ

ကိုကြီးမိုးကုတ်ရေ မပျက်မကွက်အားပေးတာ ကျေးဇူးပါ

လင်းဒီပ said...

လွမ်းတယ်ဗျာ ဘာမှ လာမပြောနဲ့ လွမ်းတာပဲသိတယ်...:P

Anonymous said...

ယေဘူယျအနေနဲ့ ခြုံကြည့်ရင်... ဟုတ်ပါတယ်။... ဒါပေမဲ့ .. Mutation (ထွန်းခြင်း) ဆိုတဲ့ စကား..ကိုရော.. ... ဘယ်လိုလုပ်ကြမလဲ။

လူတိုင်းဟာ ထွန်းနိုင်ကြပါတယ်။... ကံတရားကသာ အခွင့်အရေးပေးရင်.... လူတစ်ယောက်ဟာ ဘယ်လောက် ညဏ်ကောင်းကောင်း.. အခြေအနေပေးပေး၊... သူဟာ ကံမပါလာရင် ဘာမှ မဟုတ်တဲ့ အရာဟာ သူ့ကို တားဆီးပစ်လိုက်မယ်...။ ... ကံသာပါလာရင်... တနည်းနည်းနဲ့ ချော်ချွတ်ပြီး ပေါက်သွားတယ်။.. အဲဒါတွေလဲ ရှိတတ်ပါတယ်။... ဒါပေမဲ့.. ကံရထားက ဆိုက်လာချိန်မှာ ကိုယ့်မှာ လက်မှတ်ဝယ်ပြီးသား အဆင်သင့်ဖြစ်နေရမယ်... ဆိုလိုတာက ပြင်ဆင်ထားဖို့ကိုပါ။

တစ်သက်တစ်ခါ ကောင်းကြမ္မာ တံခါးလာခေါက်မြဲ တည်းတဲ့။ အဲ.. တံခါးလာခေါက်တဲ့ အချိန်မှာ ကိုယ်က အိပ်ပျော်မနေပဲနဲ့ တံခါးဖွင့်ပေးလိုက်ဖို့တော့လဲ လိုတယ်လို့ မထင်ဘူးလား။ ကိုမင်းအိမ်ဖြူရဲ့၊...
အီးမေးလ် တစ်စောင် ပို့ထားလိုက်ပါတယ်။... ပုံပြင် တစ်ပုဒ် ပါလာလို့ပါ။