Thursday, 18 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၃

ဒီိလိုနဲ. ဒီလိုနဲ.ပေါ့ဗျာ ၊၊

ကျွန်တော်တို.ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘ၀ခရီး ဟာ အနာဂတ်အတွက် လမ်းပြမီး တန်ဆောင်ဖြစ်လာမယ်ဆိုတာ အဲဒီ အချိန် ကလေးဘ၀တုန်းက မသိခဲ့တာအမှန်ပေါ့ ၊၊ အဲဒီလို အတိတ်အဖြစ်ကျန်နေရစ်မယ့် ခရီးပိုင်းလေး က အနာဂတ် ဘ၀တွေကို အဆမတန် ကွာခြားသွားစေတယ်ဆိုတာကိုလည်း မသိခဲ့ရိုးအမှန် ၊၊

တခါတခါ ဘာမှမဟုတ်တာလေးက အမှိုက်ကစလို. ပြသာဒ်မီးလောင်ဆိုသလိုပဲ ၊ ကွာခြားပြောင်းလဲခြင်းတွေ ဖြစ်ပွားစေတာ အမှန်ပါပဲ ၊၊ ဒါပေမယ့် ဂရုပြုသတိထားမိတဲ့ အချိန်မှာတော့ အားလုံးဟာ ပြီးဆုံးခြင်းဘူတာကို လွန်မြောက်ခဲ့ပေါ့ ၊၊ အဲဒီအခါမှာတော့ ကံတရားကို ယိုးမယ်ဖွဲတယ်လို.တော့ မသုံးချင်ပေမယ့် စိတ်အနာပြေစေ ဖို.တော့ ဒီစကားလုံးလေးလည်း လိုသားလား ၊၊

ကလေးသာသာ ၊ လူကြီးမက ရိုးသားခြင်း အရှိန်တွေ မကုန်လွန်သေးတဲ့ ကျောင်းသားဘ၀လေးကို ပြန် မြင်ယောင် လေတိုင်း အဖြူအစိမ်းလေးဝတ်ပြီး လွယ်အိပ်ကလေး စလွယ်သိုင်းလို. ပြေးလွှားခဲ့ရတဲ့ အချိန်တွေ ကို သတိယမိတယ် ၊၊ ဘ၀ကို ဘယ်လိုပုံဖော်မယ် ဆိုတဲ့ အတွေးတွေ ထက် ဒီနေ.ကို ဘယ်လို ကုန်လွန်မယ် ဆိုတာကိုသာ တွေးတက်ခဲ့တဲ့ ရိုးသားခြင်း မကုန်တဲ့ ဘ၀ကို လွမ်းရုံတော့ လွမ်းသားကလား ၊၊

အဲဒီအချိန်တုန်းက ၀ှက်ဖဲဆိုတဲ့ စကားကို နားမလည်ပေမယ့် ၊ အခွင့်အရေးဆိုတဲ့ စကားလေးကိုတော့ ကြားဖူး နား ၀ ရှိနေခဲ့ပြီ ၊၊ အတူသွား အတူစား ၊ အတူကစား ပြီး အတူတူပျော်ခဲ့ဘူးသူတွေ အတူတူ ဘယ်သူတွေကများ ပိုသာလို. အခုအချိန်မှာ ဘ၀တွေ ခြားနေရတာလဲ ၊၊ အမြဲတမ်းစဉ်းစားဖြစ်တဲ့ မေးခွန်းလေးတစ်ခု ၊၊

ဘောလုံးကန်ခြင်းအတက်ပညာလည်း အတူတူ ၊ ဘောလီဘောပုတ်တော့လည်း မခြားနား ၊ သရေကွင်း ပစ်တော့ သူမသာကိုယ်မနာ ၊ ဒိုးလိန်.အုံးမလား ၊ လေးခွပြိုင်ပစ်မလား ၊၊ လူပျိုပေါက်ဖြစ်တော့ ဂစ်တာတီးတော့ လည်းတူတူ ၊ ထန်းရည်သွားသောက်တော့ ပြိုင်တောင်ပြိုင်ဖြစ်ကြသေး ၊ ဆေးလိပ်ခိုးသောက်တော့ လည်း တကျိတ်တည်း တဥာဏ်တည်း ၊၊ လယ်ကွင်းဘေးက ဆည်မြောင်းထဲမှာ ရေသွားကူးတော့ တဖွဲလုံး ၊၊ ဒါပေမယ့် အခုတော့ ဘ၀တွေက အလွန်ကိုဝေးကွာလို. ၊၊ ဘာတွေကများ ကျွန်တော်တို. ဘ၀တွေကို ကွဲပြားသွားစေပါ သလဲ ၊၊

သူသာတယ် ကိုယ်သာတယ် ဆိုတာတွေထက် ငယ်စဉ်ကလေးဘ၀တုန်းကတော့ အားလုံးဟာအတူတူပါပဲ ၊၊ တကယ်ကို တူတူပါပဲ ၊၊ စာမေးပွဲဆိုတာမှာလည်း သူမသာကိုယ်မသာ ၊ တခါတလေ ကိုယ်ကတောင် နာသေး ၏၊၊ အလယ်တန်းကျောင်းသားဘ၀မှာ ဆုံတွေ.ခဲ့ရတဲ့သူငယ်ချင်းတွေ ကျွန်တော့်ဘ၀ရဲ့ ခရီးမှာ တစ်ယောက် လောက် တောင် အတူပါမလာတာတော့ တကယ် ၀မ်းနည်းမိသည် ၊၊ ဘယ်ဆီရောက်လို. ဘာတွေများလုပ်နေ ကြပါလိမ့် ၊၊ တကယ်ကို တစ်ယောက်မှ အတူတူ မပါလာခဲ့တော့ ၊၊ အားလုံးက ကျွန်တော်တို. အတူတူ ပျော်ခဲ့ဘူးတဲ့ အလယ်တန်းကျောင်းလေးရဲ့ မနီးမဝေး အစွန်အဖျားလေးမှာပဲ ရှိနေကြဆဲ၊၊ ယခုတိုင်ရှိနေကြဆဲ၊၊


အနည်းဆုံး ရှေ.မှာ ဘာဖြစ် နိုင်တယ် ဆိုတဲ့ သတင်း လေးကို ကြိုသိတဲ့သူက ကြိုးစားဖို. အခွင့် သာတာ တော့ အမှန်ပဲ
.

7 comments:

ခမ်းကီး said...

နောက်ဆုံး စာကြောင်းလေးကို အထူးလက်ခံပါတယ်။

မယ်ကိုး said...

အတွေးလေးကောင်းလေးတွေကို ဆက်စောင့်နေပါတယ်။
အားပေးလျက်...

naychi said...

ကြိုသိအောင် ဘယ်လိုလုပ်ရမလဲဟင်

နွေးနေခြည်

ငှက်ကလေး said...

ဟဟဟ အမှား၇ှာတွေ့တယ် သတိ၇တာ နော် သတိယ တာဟုတ်ဘူး ဟိဟိ ပျော်၇ွှင်စွာနဲ့ အမှားထောက်ပြသွားတယ်နော် ခိခိ အဲဒါ သေချာဖတ်သွားလို့ သိတာနော် ဟဟဟဟ တာ့တာ ဘိုင်

Yu Ya said...

“တကယ်ကို တစ်ယောက်မှ အတူတူ မပါလာခဲ့တော့”
......
အလယ်တန်းကသူတွေမပါရင် အထက်တန်းက သူတွေ ပါအောင်ခေါ်ပေါ့ဗျာ...
အထက်တန်းက သူတွေမပါရင် တက္ကသိုလ်က သူတွေ ပါအောင်ခေါ်ပေါ့ဗျာ...
တက္ကသိုလ်က သူတွေမှ မပါသေးရင် အခုအနားမှာ ရှိနေတဲ့ သူတွေကို မပါ ပါအောင်ခေါ်ပေါ့ဗျာ...

ဒါနဲ့ နေပါအုံးဗျ..ဘယ်ကိုခေါ်ချင်တာလဲဟင်...

မင်းအိမ်ဖြူ said...

ကျေးဇူးတင်ပါတယ် ကိုခမ်းရေ မျှဝေခံစားပေးလို.

မယ်ကိုးရေ မြင်တာလေးတွေ ပြောအုံးလေ(ရစ်တာ)

နေခြည်ရယ် "ဗေဒင်ဆရာသာ ပိုသိနိုင်မလား " ဗဒင်သိချင်းလေ

ပုတုကွေးရေ အမှားထောက်ပြတာကျေးဇူးတင်တယ်နော်

ကိုယုယရေ လာပါမယ် တစ်ဆင့်ပြီးတစ်ဆင့်ပေါ့ဗျာ ....
ဘယ်ကိုခေါ်ချင်တာလဲဆိုတာ မကြာမီလာမည်မျှော်ပေါ့ ဗျာ
ခေတ်မှီဖွံ.ဖြိုးတိုးတက်သော ရွှေနိုင်ငံသစ်ဆီသို.
လေဆိပ်က ဆိုင်းပုဒ်ကိုပြောတာနော် ဟာဟ

လင်းဒီပ said...

အဖြူအစိမ်းဘဝမှာ သိပ်မကွဲသေးဘူး...ဆယ်တန်းနောက်ပိုင်းမှာ တဖြေးဖြေး ဝေးသွားကြတယ်...။

အထက်တန်းကျောင်းတုန်းက
ပဲများတတ်စ ကျောင်းသူဖြူဖြူစိမ်းစိမ်းလေးတွေ တောင်ပြန်လွမ်းသွားတယ်..
အော်
မင်းတို့လည်း
ကလေး ဘယ်နှစ်ယောက်လောက်ရနေကြပြီလဲ...:P