Saturday 20 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၅

ဒီတစ်ခါ လည်း ကျွန်တော် ပြောချင်တာလေး ဆက်ပြောခွင့်ပြုပါအုန်းနော်၊၊

ကျွန်တော့်ရဲ့ တစ်သီးပုဂ္ဂုလအမြင်လည်း ဖြစ်နိုင်ပါတယ် ၊၊ ကျွန်တော်ရှေ.ပိုစ့်မှာ ဆိုခဲ့ပါတယ် ၊၊ တွန်းအား ပေးသော ပတ်ဝန်းကျင် ၊ နောက် အခြေအနေတစ်ရပ် ၊ နောက် ၀ှက်ဖဲတစ်ချပ် ၊၊ ကျွန်တော် ဘာ့ကြောင့် ဒီလို သုံးသလဲဆိုတော့ ကျွန်တော်ဟာ လူသားအားလုံးရဲ့ ၊ လူသားအများစုရဲ့ ကိုယ်ပိုင်အရည်အချင်းကို ယုံကြည် လို.ပါ ပဲ ၊၊ ကျွန်တော်ဒီလိုပြောတော့ အားလုံးဟာ အရည်အသွေးတူတူလား ဆိုတော့ ဒီလိုလည်း မဟုတ်ပါဘူး ၊၊

ကျွန်တော်လက်ခံပါတယ် ၊၊ တချို.သူတွေ ဟာ တချို.သူတွေထက် ခေါင်းတစ်လုံးပိုသာပါတယ် ၊၊ အရည်အချင်းပို ရှိပါတယ် ၊၊ ဒါပေမယ့် အရည်အချင်းရှိတာချင်းတူပေမယ့် ကြိုးစားခွင့်ရှိတဲ့ ပတ်ဝန်းကျင်မှာ ရှင်သန်ကြီးပြင်းခွင့်ရသူက အခွင့်အရေးပိုရပါတယ်လို. ကျွန်တော်ကဆိုရင် ကန်.ကွက်လိုသူတွေ များမလား ၊၊
ပြုံးပြီးထောက်ခံပေးမလား ၊၊ လူတိုင်း လို.ကျွန်တော် မဆိုလိုပါဘူးနော် ၊၊ အခွင့်အရေးတွေ လက်တစ်ကမ်း မှာ ရှိပါလျက် ၊ အရမယူတက်သူတွေ လည်း ဒုနဲ.ဒေးပါပဲ ၊၊ ကျွန်တော် လက်ခံပါတယ် ၊၊

လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလတုန်းက သူငယ်ချင်းတွေဆီကို ပြန်သွားခွင့်ပြုပါ ၊၊ ကိုယုယက ၀င်ဆွေးနွေး ပေးပါ တယ် ၊၊ ကျွန်တော်က တစ်ယောက်မှ ပါမလာခဲ့ပါဘူးလို. ဆိုတဲ့ စာလေးသုံးတဲ့အခါ ဘယ်ကိုပါမလာတာလဲတဲ့ ၊၊
ကျွန်တော်တို. ဖြတ်သန်းခဲ့တဲ့ ဘ၀ကို အနိမ့်အမြင့် ၊ အတက်အကျ တွေနဲ. မတိုင်းတာပါဘူး ၊၊ ကျွန်တော်တို. ပြင်ညီ ခရီးတစ်ခုအနေနဲ. အနီးအဝေးနဲ. တိုင်းတာပြီးပြောကြရအောင် ၊၊ (သိသိကြီးနဲ.မေးပေးတာကိုပဲ ကျေးဇူး တင်ပါတယ်နော် ကိုယုယရေ )

ကျွန်တော် တို.အတူတူ နေကြတဲ့ အချိန်မှာ ဘာမှ မစဉ်းစားတက်ပေမယ့် အဲဒီအချိန်မှာ ကျွန်တော်မှာ နည်းနည်း လေးပိုသာတာက သူတို.ထက် စာတွေကို ပိုဖတ်ဖြစ်နေတယ် ဆိုတာကိုပဲ ၊၊အဲဒီစာတွေ ကို ဖတ်နိုင်ဖို. ကျွန်တော့်မှာ အခွင့်အရေးတစ်ခု ရခဲ့တယ်၊၊ အဲဒီအချိန်မှာ ကျွန်တော့် ခေါင်းထဲမှာ ရှိနေတာက စာတော်မှ ဒီဘ၀ ကလွတ်ထွက်နိုင်မယ်ဆိုတဲ့ ကလေးအတွေးလေးပဲ ၊၊ ကျွန်တော် ထင်ပါတယ် ကလေးသဘာဝ ၁၀ တန်းစာမေးပွဲအောင်ရမယ် ဆိုတဲ့ အတွေးမျိုး ကျွန်တော့် သူငယ်ချင်းတွေ အားလုံးမှာရှိကြမှာပါ၊၊ဒါပေမယ့် သူတို.မသိတာက ဘယ်လို ထူးချွန်စွာ အောင်မြင်အောင် လုပ်ရမလဲဆိုတာကိုပဲ ၊၊ အဲဒါဟာ သိတဲ့သူအတွက် ၀ှက်ဖဲတစ်ချပ် မဟုတ်ပေဘူးလား ၊၊

ဟုတ်ကဲ့ သိရုံနဲ.လည်း ကျွန်တော်တို.အတွက် နည်းလမ်းမှန်တစ်ခုတော့ မဟုတ်သေးပါဘူး ၊၊ အဲဒီအသိကို လက် တွေ. အကောင်အထည် ဖေါ်မှ ရမှာ ပါ ၊၊ အကောင်အထည်ဖေါ်ဖို. ဆိုတဲ့ နေရာမှာ ကိုယ်တစ်ယောက်တည်း နဲ. မဖြစ်နိုင်တော့တဲ့ အကြောင်းအရာတွေ အများကြီး ပါလာပါပြီ ၊၊ မသိတဲ့သူ ၊ ဘာကိုမှ မသိတဲ့သူထက် သိတဲ့ သူမှာ နည်းလမ်းကောင်းရှိတယ် ၊၊ အဲဒီ နည်းလမ်းကို အကောင်အထည် ဖေါ်ဖို. အတွက် ပဲ သူ.အတွက် လိုပါ တော့တယ် ၊၊ ဒါပေမယ့် ဘယ်လို ဖြတ်ကျော်ရမယ် ဆိုတာ သိပေမယ့် အကောင်အထည် မဖေါ်နိုင်တဲ့ အခါမှာတော့ အဲဒီလူတစ်ယောက်ဟာ ဘာမှ မသိတဲ့သူတစ်ယောက်ထက်ပိုပြီး ခံစားရတက်ပါတယ် ၊၊ အဲဒီ အခါ ခုနလို သိတဲ့သူတစ်ယောက် ကဆုတောင်းတက်တယ် " ဘာမှ မသိတဲ့သူ တစ်ယောက် ဖြစ်ရပါလို၏ " တဲ့လေ၊၊

အသိချင်းတူပေမယ့် အဲဒီ အသိကို အကောင်အထည် ဖေါ်နိုင်စွမ်းရှိသူက အဲဒီပွဲမှာ နိုင်တာပါပဲ
.
(အားလုံးဟာ စိတ်ညစ်မခံနိုင်ဘူးဆိုတာသိပါတယ်လေ၊ ကျွန်တော်လည်း အတိတ်ကို ပြန်စောင်းကြည့် လိုက်တာ တော်တော် လေးလာပါပြီ ၊ ကြာရင်ဘယ်သူမှ ခေါင်းလေးခံပြီး ကျွန်တော့်ဆီကို အလည်လာမယ် မထင်တော့ ပါဘူး ၊၊ ခဏတော့နားပြီး နောက်မှ တစ်ပိုင်း ပြန်ဆက်ရင်ကောင်းမလားလို.ပဲ ၊၊ အင်း အတိတ် ၁၅ နှစ်ကျော် ကာလ ကနေ ကြုံခဲ့ရတဲ့ ဘ၀တွေ သူငယ်ချင်းတွေ ကို ပြန်ကြည့်နေတာနဲ. သူငယ်ချင်း ဘလော့ဂါ အသစ်တွေ စိတ်ညစ်သွားမှာ စိုးပါတယ် )
(ကျွန်တော် ပြောပြနေရတဲ့ ကြောင်းရင်းကတော့ ကျွန်တော်တို. မရခဲ့တဲ့ အခွင့်အလမ်းတွေ ၊ အခြေအနေတွေ ကို နောက်ကျွန်တော်တို.ရဲ့ မျိုးဆက်တွေအတွက် ဖြည့်ဆည်းပေးဖို.ပါ ၊၊ တခါတလေမှာ လူဆိုတာက နေပူတုန်းက တွေးမိပေမယ့် နေရိပ်ကို ရောက်တဲ့အခါမှာ မေ့သွားတက်ပါတယ် ၊၊ တချို.လူတွေကြတော့ ငါ့တုန်း ကလည်းဒီလိုပဲ လုပ်ခဲ့ရတာ မင်းလည်းဒီ လိုပဲ လုပ်ပေါ့ကွ ဆိုတာမျိုး ရှိတက်လို.မေ့မှာစိုးလို. သတိပေးတာ ပါ ဗျာ ၊၊ )

5 comments:

မယ့်ကိုး said...

ကျွန်မအတွက်တော့ ဆောင်းပါးလေးတွေက ပိုပြီး ကောင်းလာပါတယ်။
ပိုပြီး စိတ်ဝင်တစားဖတ်ချင်နေမိပါတယ်...

အားပေးလျက်

Yu Ya said...

ကိုမင်းအိမ်ဖြုရဲ့ အတိတ်ကို အနှစ်ချုပ်ပေးရမယ်ဆိုရင်.
အတိတ်ခရီး ၁ - Friends & Missing
အတိတ်ခရီး ၂ - New Generation
အတိတ်ခရီး ၃ - Fortune & opportunity
အတိတ်ခရီး ၄ - Influence of Society
အတိတ်ခရီး ၅ - Knowledge & Implement
အစရှိတဲ့ ဗဟုသုတများနဲ့ ရသအမျိုးမျိုးကို စုံလင်စွာ တင်ပြထားပေးတဲ့အတွက် ဖတ်ရှုရသည်မှာ များစွာ အားရနှစ်ထောင်း ဖြစ်မိပါတယ်။

ဝက်ဝံလေး said...

ရေးပါ ကိုမင်းအိမ်ဖြူရယ် ဘာမှမဖြစ်ပါဘူး ဖတ်ပါတယ် အခုတောင် အေးဆေး အစ အဆုံးဖတ်သွားသေးတယ် နောက်ထပ် အပိုင်း ၆ ရှိသေးရင်လဲ ဆက်ဦးလေ

အယ် ဒါနဲ့ နေဦး နားမလည်တာ ရှိတယ် ချက်မှပဲ ပြောတာပေါ့ ဟုတ်ပြီလားးးးးး ဘိုင်

Mogok Thar said...

ညီမင်းအိမ်
အတိတ်ခရီးက ဖတ်လို့ ကောင်တဲ့ အကြောင်းတွေပါ။ အရေးရော အတွေးရော၊ အားလုံး စဉ်းစားစရာ လေးတွေမို့ နှစ်သက်တယ်။
“ကျွန်တော်လည်း အတိတ်ကို ပြန်စောင်းကြည့် လိုက်တာ တော်တော် လေးလာပါပြီ ၊ ကြာရင်ဘယ်သူမှ ခေါင်းလေးခံပြီး ကျွန်တော့်ဆီကို အလည်လာမယ် မထင်တော့ ပါဘူး၊၊”
အဲတာလေး ဖတ်မိတော့ အတိတ်ခွန်အား ပေးသနားပါ ဆိုတဲ့ သီချင်းလေး ဘာရယ် မဟုတ် သတိရသွားတယ်။
အတိတ်လမ်းတွေဆိုတာ ပြန်လျှောက်ဖို့ ကောင်းတဲ့ လမ်းလေးတွေပါ။ အနာဂါတ်မှ မဟုတ်.. အတိတ်ဆိုတာ မရှိရင်လဲ ဘ၀ရဲ့ ရသ က သေနေမယ်ထင်ပါတယ်။
ညီ.. အတိတ်လမ်းတွေလဲ ဆက်ရေးပါဗျာ။

ခင်မင်လျက်

မင်းအိမ်ဖြူ Minn Eain Phyu said...

အခုလို ကော့မန်.လေးတွေ တွေ.ရတာ ကျေးဇူးတင်မိ သလို အားလည်းတကယ်ရှိပါတယ် ၊၊

ဘာပဲဖြစ်ဖြစ် ကောင်းကောင်း ဆိုးဆိုး ကိုယ်ရေးတာ ကို ဘယ်လို တုံးပြန်လဲဆိုတာလေးတော့ သိချင်မိတယ် ၊၊

အမှန်တော့ဆက်ရေးချင်ပါသေးတယ် ၊၊ ဆက်လည်း ရေး အုံးမှာပါ ၊၊ ဘာ့ကြောင့်လည်းဆိုတော့ ဒါလေး ရောက်အောင်တောင် နံပါတ် ၁ မှာ ပေါ့ပေါ့ပါးပါး လွမ်း ပေးထားတာ ၊၊ တဖြည်းဖြည်း မျှင်းလာလိုက်တာ ၊ တဖြည်းဖြည်းလည်း လာမဖတ်ချင်ကြဘူးထင်လို. ခဏ ရပ်ထားလိုက်ပါတယ် ၊၊ ပြန်ဆက်မှာပါ ၊၊

နားတော့လည်ပါတယ် ၊ ဘာပဲဖြစ်ဖြစ် တချို.ကိစတွေက ဆွေးနွေးဖို့ ခက်ပါတယ် ၊၊ အယူအဆတွေ ဆိုတော့ ၊၊

ကျွန်တော်ကတော့ မယ်ကိုးဆိုသကဲ့သို့ ကိုယ့်အမြင်ကို ရဲရဲ ၀ံ့ဝံ့ တင်ပြတယ် ဆိုသလို ပဲ ၊ ကိုယ်ရဲ့ ဘ၀မှာ ကိုယ်ထင်မြင် တာလေးတွေ ကို ကိုယ်ကြုံခဲ့ဘူးတာ လေးတွေ ကို နောက် လူငယ်လေးတွေ အတွက် (သိပ်များ စကားလုံးတွေ ကြီးကျယ်သွားမလား)ပေးသိတာလေးပါပဲ ၊၊ မှားနိုင်ပါတယ် ၊၊ အမြင်ကွဲနိုင်ပါတယ်၊၊ ဘာပဲဖြစ်ဖြစ် လာဖတ်ပေးကြတာကိုပဲ ကျေးဇူး တင်လှပါပြီ ၊၊

မယ်ကိုး ၊ ယုယ ၊ ငှက်ကလေး နဲ့ ကိုကြီးမိုးကုတ်ရေ တကယ် အားတက်ရပါတယ် ၊၊ ကျေးဇူးလည်းတင်ပါ တယ်လို့ထပ်ဆိုပါရစေ ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ