Sunday 21 June 2009

နွေးထွေးသော နေရာလေးတစ်ခုဆီသို.

အင်း...... ကျွန်တော့်ရဲ့ မိတ်ဆွေ သူငယ်ချင်းတွေ ကို အတိတ်ခရီးကနေ ပြန်လာပြီးတဲ့နောက်မှာတော့ သာယာ ပြီး နွေးထွေး တဲ့နေရာ လေး ၊ "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို. " ခေါ်သွားပါရစေနော် ၊၊

ကျွန်တော်သည်လည်း ဟိုးလွန်ခဲ့တဲ့ ၃ လကျော်လောက်က "ပြတင်းပေါက်ကလေး "ရဲ့ ပိုင်ရှင် ကိုဒီပ ရဲ့ စပွန်ဆာ နဲ. ဒီခရီးလေးကို စတင်လျှောက်လှမ်းဖြစ်ခဲ့ပါတယ် ၊၊ ဘာ့ကြောင့် ဒီလိုပြောလည်း ဆိုတော့ သူကိုယ်တိုင်ပဲ သင်ပြပေးပြီး သူ ကိုယ် တိုင် ပဲ အခုလို မိတ်ဆွေ သူငယ်ချင်းတွေ နဲ. တွေဆုံမိတ်ဆက်ခွင့်ပေးခဲ့တယ်လေ ၊၊

ကျွန်တော့်ရဲ့ ပထမဆုံး အဖေ ဆိုတဲ့ ပိုစ့်လေးကို မွေးနေ.အမှီတင် လိုတာ ကြောင့် အတော်ကို ကသောင်း ကနင်း ဖြစ်ခဲ့ရပါတယ် ၊၊ မွေးနေ.အတွက် ဘုန်းကြီးဆွမ်းကပ်ပွဲလေးကိုလည်း အိမ်မှာပဲ သူငယ်ချင်းတွေကိုယ်တိုင် ချက်ပြုတ် ခဲ့တာဆိုတော့ တော်တော်ကို ကသီခဲ့ပါတယ် ၊၊

မြန်မာစာ အရိုက်ကလည်းမသွက် ၊၊ မြန်မာစာလက်ကွက် က အဲဒီတော့မှ စရိုက်တာဆိုတော့ စာတစ်လုံးရိုက်ဖို. အရေး လိုက် လိုက်စမ်း နေရပါတယ် (ကီးဘုတ်ကိုပြောတာနော် ) ၊ သူငယ်ချင်း ကိုရွာသားလေး၊ ၀ိုင်တီယူ ရဲ့ အမှတ်တယ အကူ အညီပေါ့လေ ၊၊ ကျွန်တော့်ရဲ့ပထမဆုံး ပိုစ့်လေးဖြစ်တဲ့ အဖေ ဆိုတဲ့ ပိုစ့်လေးက အဲဒီသူငယ်ချင်း ကိုရွာသားပဲ ရိုက်ပြီး Gtalk ကနေပို.ပေးခဲ့တာပါ ၊၊ မှတ်မှတ်ယယပါပဲ ဗျာ၊၊

နောက်ပိုင်းလိုအပ်တဲ့ Adjustment တွေ ၊ မြန်မာဖောင့်ရိုက်နည်းတွေ ကိုတော့ ကိုဗီလိန် ကနေ လှမ်းလှမ်းပြီး သင်ပြ အကြံပေးခဲ့ပါတယ် ၊၊ ခုချိန်ထိပါပဲ ၊၊ မမေကတောင် မြန်မာစာ သတ်ပုံသတိထားဖို. အကြံပေးရဲ့ ကျေးဇူးတင်ပါတယ် ၊၊ ငှက်ကလေးလည်းပါတယ်၊၊ နောက်ပိုင်း အပုဒ်တိုင်းကို ကောင်းကောင်းမကောင်းကောင်း အားပေးတာကတော့ ကျွန်တော့်ညီမငယ် မယ်ကိုး ပေါ့ ၊၊ နောက်ပိုင်း လာရောက်လည်ပတ် အားပေးကြတဲ့ သူငယ် ချင်းဘလော့ဂါ တွေ ၊ မန်.ပြီး ၀င်ရောက်ဆွေးနွေးပေးတဲ့သူတွေ ရဲ့ အကူအညီနဲ. ကျွန်တော့်အိမ်လေး ကို ကျားကန်နေရတာပါဗျာ ၊၊

အခုလည်း ကျွန်တော်ကဲ့သို.ပဲ ၊ ကျွန်တော့်သူငယ်ချင်း ကလည်း ယုယနွေးထွေးမှူတွေ ပေးလိုပါတယ်ဆိုတော့ အဲဒီ နွေးထွေးတဲ့နေရာလေး တစ်ခုဆီကို လမ်းညွှန်ပါရစေဗျာ ၊၊ နည်းပညာဆိုင်ရာလေးတွေ ၊ ခံစားမှုလေးတွေ ၊ ဘာသာပြန် စာပေလေးတွေ နဲ. တကယ်ကို နွေးထွေးသော ဘ၀အတွက် ခေတ္တခဏ ဖြစ်ဖြစ် သွားရောက်လည် ပတ်စရာ နေရာလေး တစ်ခုအဖြစ် ၊ သွားရောက်ဖြစ်အောင် သွားရောက် လည်ပတ် ပြီး အပန်းဖြေပါအုံး လို. ပဲ အခမဲ့ "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို. " အရောက်ပို.ပါရစေဗျာ ၊၊

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

10 comments:

Yu Ya said...

ဟော်ဗျာ... ကိုမင်းအိမ်ဖြူကတော့ လုပ်ချလိုက်ပြီ.. ကျွန်တော် “နွေးထွေးတဲ့ဘ၀လေးတစ်ခု” က မပြည့်စုံသေးဘူးဗျ.. အခုလို ကျွန်တော်ကို အရောက်ပို့ပေးတဲ့ အတွက် ကျေးဇူးကမ္ဘာပါ။ ဒါပေသည့် မပြည့်စုံသေးတဲ့ ကျွန်တော် ဘ၀လေးထဲကို အလည်လာတဲ့သူတွေက တစ်ခုခု အလိုမကျတာများရှိခဲ့ရင် ကိုမင်းအိမ်ဖြူကပါ ၀ိုင်းဝန်း တောင်းပန်ပေးဖို့တော့ မေတ္တာရပ်ခံပါရစေနော်...

Anonymous said...

ကိုမင်းအိမ်ရေ ... မြန်မာဖောင့်ရိုက်နည်းနဲ့ ပတ်သတ်လို့ကတော့ ကိုယ်တွေလည်း စမ်းတဝါးဝါးဘဝက အစပျိုးခဲ့ရတာမို့လို့ အခက်အခဲကို နားလည်ပါတယ် ... အခုလို မြန်မာဖောင့် ရိုက်စအချိန်မှာ ကျွန်တော့်အနေနဲ့ အကြံလေး တစ်ခု ပြုခဲ့ချင်ပါတယ် .. ဒါကလည်း သိလွန်းတတ်လွန်းလို့ ပြောတာမျိုးတော့ မဟုတ်ပါဘူး ... ဘာလို့ ကျွန်တော် ပြောချင်တာလဲဆိုတော့ မြန်မာဖောင့်ရိုက်စ ကာလမှာ ကီးဘုတ်ပေါ်လက်အတင်အနေအထား စာလုံးအမှားယူလိုက်မိတာနဲ့ အသားကျသွားခဲ့ရင် နောက်ပိုင်း typing စာလုံးအမှန်ကို သိတဲ့အခါ ပြင်ဆင်ဖို့ အတွက် အချိန်အရမ်းကြာမြင့်သွားမှာ စိုးလို့ အကြံပြုခဲ့ခြင်းသာ ဖြစ်ပါတယ် ...

တစ်ခြားတော့ မဟုတ်ပါဘူး ကိုမင်းအိမ်ရေ ... အောက်ကမြင်ရိုက်တဲ့ အကြောင်းလေးပါ ...
ကိုမင်းအိမ်ရဲ့ ပို့တော်တော်များများမှာ အောက်ကမြင် (့  ) ရိုက်တာလေးတွေ လွဲနေတာတွေ့ရပါတယ် ... ဥပမာ ...
အရောက်ပို. နဲ့ အရောက်ပို့ မှာ
ပို့ဆိုတဲ့ စာလုံးကို သေသေချာချာလေးကြည့်ပေးပါ ... ကိုမင်းအိမ်ရိုက်တဲ့ ပို့က အခုလို " ပို. " ဖြစ်နေပါတယ် ... မြန်မာစာလုံးပေါင်းမှားတာ မဟုတ်ပေမယ့် လက်ကွက်မှားတာပါ ... ကိုမင်းအိမ်ရိုက်တဲ့ အောက်ကမြင်လက်ကွက်က ( dot " . " ) ကို ရိုက်သလို ဖြစ်နေပါတယ် ... အမှန်က အောက်ကမြင် လက်ကွက်က Shift+U ဖြစ်ပါတယ် .. အဲလို ရိုက်တော့မှ ခုနက dot ( . ) နဲ့ရိုက်တဲ့ နေရာမှာ ခုလိုမျိုး " ပို့ " ဆိုတာ ဖြစ်မှာပါ ...

ဘာထူးခြားမှု ရှိသလဲ .. ဒါကမေးစရာ ရှိလာပါတယ် ... မြန်မာစာ မြန်မာစကားမှာ အောက်ကမြင်က သာမာန်စာလုံးနဲ့ ရေပြင်ညီ တစ်တန်းတည်းမှာ မရှိပါဘူး ... အောက်ကို နဲနဲလေး ကျပါတယ် ... အဲ့ကြောင့်မို့လို့ လက်ကွက်လေးကို ခုတည်းက ပြင်စေချင်လို့ မနေနိုင်မထိုင်နိုင် ဝင်ရောက်ကောမန့်ပေးခဲ့ပါတယ် .. :D

သိလို့တတ်လို့ ပြောတာမျိုး မဟုတ်ပါဘူး ... ကိုယ်သိတာလေး တစ်ခုကို ဝေမျှတဲ့ သဘောပါ ... ကိုမင်းအိမ် အဆင်ပြေပျော်ရွှင်ပါစေ ..
နေဒေးသစ်။

Mogok Thar said...

ညီမင်းအိမ် "ယုယ နွေးထွေးသော ဘ၀လေး တစ်ခုဆီသို့" နဲ့ မိတ်ဆက်ပေးတာ ကျေးဇူးပါဗျာ။

မယ့်ကိုး said...

အပုဒ်တိုင်းကို ကောင်းကောင် မကောင်းကောင်းအားပေးတယ်လို့ မပြောပါနဲ့ လေ။
သက်ရောက်မှုတစ်ခု အမြဲရှိတဲ့ စာတွေကို စာမရွေးဘဲဖတ်တယ်ပြောပါ...

အားပေးလျက်...

DeeDeeLwyn said...

blog ကောင်းလေးတခုပါ
but, color ကြောင့် ဖတ်ရတာ မျက်လုံးငြောင်း သလိုပဲနော်

မင်းအိမ်ဖြူ said...

ကိုယုယရေ မပူပါနဲ့ ကျွန်တော်ရှိပါတယ် ၊၊ ရိုက်ပေါက်ဆိုရင်တော့ ပြေးပြီ P:

ကိုနေဒေးသစ်ရေ Thousands Thanks !

ကိုကြီးမိုးကုတ်သား သွားဖြစ်အောင်သွားနော် P;

မယ်ကိုးရယ် သိတာပေါ့ D:

DeeDeeLwyn ရေ ကျွန်တော်လည်း ပြောင်းဖို.စဉ်းစားနေပါတယ် ....

အားလုံးကိုကျေးဇူးတင်ပါတယ်နော်..

ဗီလိန် said...

စာလုံးပေါင်းမှားရင် ဒဏ်ငွေဆောင်ရမယ်နော်။ :)

ဝက်ဝံလေး said...

အယ် ကိုမင်းအိမ်ဖြူကြီးရေ လာတယ်နော် သိလား ညီမကို ဘိတ် ဆုပေးနော် အဟီးးး အမြဲနောက်ကျလို့ ဟဟဟဟ မအားဘူးရယ် သိလား အခုလဲရှုတင်ရှိသေးတယ်နော် လော ၃ လောနဲ့ ဖတ်သွားတယ် မအားနိုင်ဘူး အမြဲရယ် စိတ်ကိုပိန်ရောပဲ ဘယ်လိုများ အားအောင် လုပ်ရပါ့မလဲ မသိ အင်းးးးးးးး



ဟဟဟ စာလုံးပေါင်းမှားတာ ထောက်ပြတာပါ နော် ခိခိ နောက်လဲ ပြောဦးမယ် သိလားးးး

ဘိုင်

Anonymous said...

လာဖတ်သွားတယ်နော် ..... လည်စရာတစ်အိမ်တိုးတာပေါ့ ... သွားလည်ပါ့မယ်ဗျာ ...


မင်းနေ ...
(အဟီး ...နံမည်လေးပါချင်လို့လေ ... ဒီလိုရေးမှ ရမှာမို့ပါ ... ဘမ်းကျော်နေရလို့လေ :P)

မင်းအိမ်ဖြူ Minn Eain Phyu said...

Bank account ပေးပါ ကိုဗီလိန် ငွေတွေပိုနေလို. အဟ

ငှက်ကလေးရေ နောက်တခါ ကားရိုက်မအားရင် စာတွေ လာပြမယ်လေ နော် ..... အရမ်းတော့မလောနဲ့

ကိုမင်းနေ ကျေးဇူးတင်ပါတယ်ဗျာ

အားလုံးအဆင်ပြေကြပါစေ
လေးစားစွာဖြင့်
မင်းအိမ်ဖြူ