Tuesday 30 June 2009

ကျေးလက်ဆန်ဆန် မင်္ဂလာပွဲလေး

တခုသော တနင်္ဂနွေရဲ့ ညနေခင်းလေးမှာ ကျင်းပခဲ့တဲ့ မင်္ဂလာဆောင် အခမ်းအနားလေး ၊၊ ရိုးစင်းတယ် ၊၊ ရှင်းလင်းတယ် ၊၊ ဂုဏ်တွေ ပကာသနတွေ မဖက်ဘူး ၊၊ မိဘတွေရဲ့ အဝေးမှာမို့ နှစ်ဖက်သော မိဘတွေ တောင်မှ မပါဝင်ခဲ့ဘူး ၊၊ ဒါပေမယ့် သူငယ်ချင်း အပေါင်းအသင်း ရောင်းရင်းများ ရဲ့ မေတ္တာဖြင့် ကူညီဖေးမ မှူနဲ့ မင်္ဂလာပွဲ လေး ကထင်ထားတာထက်ကို ပိုပြီးပျော်ရွှင်စရာကောင်း နေခဲ့ပါတယ် ၊၊ ထုံးစံ အရ နှစ်ဖက်မိဘကို ရှိစေချင် ပေမယ့် အခုတော့ ပိုပြီးလွတ်လပ်ပျော်ရွှင်စရာ တောင် ကောင်းနေသေးရဲ့ လို့ အတွေးရောက် ခဲ့ပါတယ် ၊၊ လူကြီး တွေ မပါတဲ့ ပွဲမို့ လူငယ်တွေ ပိုပြီး ပေါ့ပေါ့ပါးပါး ပျော်ဖြစ်ခဲ့ကြရဲ့ (တကယ်တော့ လူငယ်လေးတွေတော့ ဟုတ်တော့ပါဘူး ၊ လူလတ်ပိုင်းအရွယ်ကို ရောက်နေကြပါပြီ ) ၊၊ မင်္ဂလာမောင်နှံလျှောက်လှမ်းလာတဲ့ လမ်းတစ် လျှောက်မှာတော့ ခင်းထားတဲ့ ပန်းပွင့် လေး တွေ က ပန်းတံတား ကို ဆက်လျှောက်တော့ မယ့် မောင်နှံ အတွက် နိမိတ်ပုံအလား ၊၊ ရိုးရိုးစင်းစင်း ဘယ်သူမှ မပါဘဲ ပွဲထွက်လာတဲ မောင်နှံကို လက်ခုပ်သံတွေနဲ့ ကြိုဆိုလို့ ၊ ပန်းဖွားတွေ ပစ်ဖောက်လို့ ပေါ့ ၊၊

ဟိုးရှေးကျတဲ့ ရုပ်ရှင်တွေမှာ တွေ့ရတဲ့ တကယ့်ကျေးလက် မင်္ဂလာပွဲလေး အတိုင်းပါပဲ၊၊ အ နောက်တိုင်း ဟန် ရယ်၊ တရုတ် ရိုးရာ ရယ် ၊ မြန်မာ မှုရယ် ပေါင်းစပ် ထားတဲ့ ပွဲလေး က ပိုပြီး ရိုး စင်း လို့ချစ်စရာ ကောင်းနေခဲ့တယ် ၊၊ (ပွဲစီစဉ်သူရဲ့စေတ နာ တွေ လည်း ပါမယ် ထင်ပါတယ် နော် ) ဟိုတယ် လိုနေရာမျိုးမှာ ကျင်းပတယ် ဆိုပေမယ့် ခမ်းခမ်းနားနား ကြီးကြီးကျယ်ကျယ် နဲ့ အနေကျပ်တဲ့ ပွဲမျိုး မဟုတ်ဘဲ ၊ သူငယ်ချင်း မိတ်ဆွေတွေ နဲ့ တကယ့်ကို လွတ်လပ် ပျော်ရွှင် စရာကောင်းတဲ့ အခမ်းအနားသေးသေးလေးလို့ ဆိုချင်တယ် ၊၊ ဆိုလိုတာက တော့ မိသားစုဆန်တဲ့ တကယ့် ဧည့်ခံပွဲလေးပါ ၊၊ လူ ၁၂၀ ကျော်တက်ရောက်ခဲ့တဲ့ ပွဲလေးပေမယ့် သိုသိုသိပ်သိပ် ၊ စည်စည်ကားကား နဲ့ ပကာသနလုံးဝမဖက်တဲ့ ချစ်စရာ တနင်္ဂနွေညနေရဲ့ စောင်းကြိုးညှိုသံလေး ၊၊


အခမ်းအနား ပွဲလေး မစတင်ခင် ကတည်းကရောက်လာတဲ့ သူ ငယ်ချင်း တွေ ပြန်လည် ဆုံတွေ့ကြ ၊ စကားတွေ ပြောကြ ၊ တစ်ယောက်နဲ့ တစ်ယောက် စကြနောက်ကြ ၊
ပျော်ရွှင်ကြည်နူးကြနဲ့ ပွဲစဖို့ အခမ်းအနားမှူးလုပ်သူက ခေါ်ပါမှ နေရာယူဖြစ်ကြလေရဲ့ (အထူးသဖြင့် ရည်းစားမရှိသေးတဲ့ အပျိုကြီး လူပျိုကြီးတွေ အတွက်တော့ အရုပ်ပေါ့ အားလုံးက စကြ နောက်ကြ နဲ့ နောက်ပွဲတွေ ဆိုရင် တော့ မဖြစ်ဖြစ်အောင် နှစ်ယောက်သွားမှ လို့ အတွေးဝင်မိကြ မယ် ထင်ပ ) ၊၊
အဖြူရောင် နဲ့ မရမ်းရောင် ကို လှပ အချိုးညီစွာ သုံးထားပြီး မြက်ခင်းစိမ်းစိမ်းပေါ်မှာ ဆိုတော့ အင်မတန်မှ
ပဏာရနေခဲ့တယ် ၊၊ ဒီဟော်တယ်လေးက ဟိုး အမြင့် တောင်းကုန်း ထိပ်လေး ပေါ်မှာ တည်ရှိနေတာလေးက
မင်္ဂလာပွဲကို ပိုပြီး ကဗျာဆန်စေ ခဲ့ပါတယ် ၊၊ မြန်မာပြည်မှာ ဆိုရင် စိမ်းလန်းစိုပြေနဲ့ ဆင်ဆင်တူပေမယ့် ဒီနေရာ
ခပ်မြင့်မြင့် တောင်ကုန်းလေးပေါ်မှာမို့ ပိုပြီး လှတယ်လို့ ဆိုချင်ပါတယ် ၊၊


ပြင်ဦးလွင် က ဘိုတဲဆန်ဆန် ၊ မီးလင်းဖို ခေါင်းတိုင်ကြီးပါတဲ အုတ် တိုက်နီနီ လေးက နှစ်ထပ်ဆိုပေမယ့် ပုပု ကပ်ကပ်လေး ဆိုတော့ တစ်ထပ် သာသာ ထင်ရ ၊၊ အဲဒီအဆောက်အဦးရှေ့က မြက်ခင်းပြင် စိမ်းစိမ်းထဲမှာ အဖြူရောင် ဖွေးဖွေး ဖဲစတွေနဲ့ ၊ မရမ်းရောင် ဖဲ စတွေ ကို လှပစွာတန်ဆာ ဆင်ထားတဲ့ စားပွဲဝိုင်းတွေ ၊၊ နောက် အလှဆုံးက တော့ မရန်းရင့်ရောင် နှင်းဆီပွင့် အရောင် စိုစိုကြီးတွေ ပဲ ၊၊ အရမ်းကို လှပပြီး မင်္ဂလာပွဲလေး ကပို လို့ အရောင် တောက်ခဲ့တာ အဲဒီ နှင်းဆီပန်းအိုး ကြီးတွေ ကြောင့်လို့တောင် ဆိုချင်ပါရဲ့ ၊၊


















နောက်တော့ အနောက်တိုင်းထုံးစံ ၊ အတိုင်း ဆက်လက်ကျင်းပလို့ ၊ကိက်မုန့်လှီး ခြင်း ၊ ၀ိုင်သောက် ရ်ျ ဂုဏ်ပြုကြခြင်း စသည်စသည် ဖြင့် အစီအစဉ်အတိုင်း ၊၊ နှစ်ဖက်ကုမ္နဏီမှ လူကြီးတွေက လည်း သူတို့ထုံးစံ (စင်ကာပူ ထုံးစံထင်တာပဲ )အသံ ရှည် ဆွဲပြီး အော်လို့ ကောင်း ခြင်းမင်္ဂလာတွေ ဆောင်ကျဉ်းပေးခဲ့ကြတယ် ၊၊ ပွဲလေးကတော်တော် နဲ့ မသိမ်းနိုင်ပဲ ၊ တစ်ယောက်တလှည့် ဂုဏ်ပြုကြရင်း နောက်ဆုံး သတို့သားနဲ့ သတို့သမီး ဥသြဆွဲမှ ပဲ သူတို့ကို မင်္ဂလာခန်းအပ်လို့ ပြန်ခဲ့ကြတယ် ၊၊ ဆူဆူညံညံတွေမို့ ဘေးခန်းတွေ အိပ်နေပေမယ့် အားမနာတမ်း ရွှေကြိုးတားပြီး ခဲဖိုးတောင်းတဲ့ ကျွန်တော်တို့ အစဉ်အလာလေးလည်း မပျက် ဆင်နွဲခဲ့သေးရဲ့ ၊၊









ဟော်တယ်လေးကို ကြော်ငြာ ၀င်လိုက်ပါအုံးမယ် ၊၊ တကယ့်လို့များ ဒီလို မင်္ဂလာပွဲလေး မျိုး ရိုးရိုးစင်းစင်း ပျော်ရွှင်လွတ်လပ်စွာ ဆင်နွှဲလိုတယ် ဆိုရင်ဖြင့် အဲဒီနေရာလေးကို ဆက်သွယ် နိုင်ပါတယ် ၊၊ ဒီပွဲကိုစီစဉ်ပေးသူ ကလည်း အတော်ကို သဘောကောင်းပါတယ် ၊၊ အပြောကောင်းရင် အကြွေးပါ ရနိုင်မယ် ထင်ပါတယ် ( နောက်တာပါ ) ဈေးလည်း လျှော့ယူမယ် ပြောလို့ အဲဒီနေ့က ပွဲမှာ ရှိတဲ့ လူပျိုကြီးများ အထူး မျက်စေ့ ကျခဲကြ ပါတယ် ၊၊ ဒါပေမယ့် တစ်ခု ဆိုးတာက သူတို့မှာ ရည်းစားကို လက်ဆုပ်လက်ကိုင် မရှိကြသေးတာပါပဲ ၊၊ နေရာကတော့ Rider Lodge Hotel , Turf Club Road ပေါ်မှာ ဖြစ်ပါတယ် ခင်ဗျာ ၊၊


သူငယ်ချင်းတွေ အားလုံးလည်း တော်တော် မှန်နေပြီမို့ ပျော်ရွှင်စရာ ကျေးလက်ဆန်ဆန် ရိုးစင်းတဲ့ မင်္ဂလာပွဲ လေးကို နှူတ်ဆက်ရင်း ပြန်ခဲ့ကြပါတော့တယ် ၊၊




ဒီလင်ဒီမယား အိုအောင် မင်းအောင် ပေါင်းသင်း ပျော်ရွှင် နိုင်ကြပါစေ လို့ ဆုမွန်ချွေရင်း ဖြင့်
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ
(ဓါတ်ပုံလေးတွေ ကိုတော့ ဖိုးစင်က ရိုက်ကူးခဲ့တာဖြစ်ပြီး မေတ္တာ ပြုပါတယ် ၊ (သူ့ခဗျာ သူများပွဲတွေပဲ ကူနေရရှာတယ် သနားစရာပါ သူ့အလှည့်ကို မျှော်လင့်နေရှာ ထင်ပ ) ကျွန်တော်ရိုက်ခဲ့တဲ့ ပုံတွေတော့ မဟုတ် ပါဘူး ကျွန်တော် ကတော့ ဗီဒီယိုလေးနဲ့ပဲ မှတ်တမ်းတင်ခြင်း တာဝန် ယူ ဖြစ်ခဲ့ပါတယ် ၊ နောက်များမှ Edit လုပ်ပြီး သူငယ်ချင်း လူပျို လူလွတ်တွေ အတွက် နမူနာယူဖို့ Youtube တင်ထားပါအုံးမယ် ) ( ပြန်လာတဲ့ညက တော့ နည်းနည်းများသွားလို့ အာမဟုတ်ပါဘူး မနက်ရုံးတက်ရမှာမို့ စာမရေးဖြစ်ဘူး ၊ နောက်ဒီနေ့တစ်နေ့လုံးလည်း video Editing လုပ်ဖို့ အလုပ်ရှုပ်နေတာနဲ့ပဲ အခုမှပဲ တင်ဖြစ်ပါတော့တယ် )

18 comments:

မင်းအိမ်ဖြူ said...

စာဖတ်ရတာ ထောင့်တောင့်တောင့် နဲ့ အဆင်မပြေရင် ခွင်လွတ်ပါဗျာ ၊၊ အိပ်ချင်မူးတူးနဲ့ ကိုယ့်ဘာသာလည်း သိပ်စိတ်တိုင်းမကျဘူး ဒီပိုစ့်လေးကို (ကိုယ့်ပွဲမဟုတ် တာလည်းပါမှာပေါ့လေ အဟ ) အဆင်ပြေရင် နောက်မှ ပြန်ပြင် ပါမယ့် နော် ၊၊ အခု စိတ်ထဲမှာ Video Edit မလုပ် ရသေးတာ စွဲနေတယ် ၊၊ ဘာ သီချင်း တွေ ထည့် ပေးရင် ကောင်းလဲ စဉ်းစားနေတုန်းမို့ အခု တော့ ဘာမှ စိတ်မပါဘူးဖြစ်နေတယ် ၊၊ ခွင့်လွှတ်ကြပါဗျာ နော...
ကိုယ့်ပွဲကြမှ ကောင်းကောင်းရေးမယ် အဟ ...

မငုံ said...

အဟတ်..ကိုမင်းအိမ်ဖြူ.အခုလေးတင် ကိုနေဒေးအိမ်မှာ အားကျတဲ့ လေသံနဲ့ ပြောလာတယ်။ ဒီရောက်တော့ ကိုယ့်ပွဲကျကောင်းကောင်းရေးမယ်ဆိုပါလား။ ပြောဦးနော့။ လာခဲ့ဦးမယ်။ :))

ကောင်းတယ် ပကာသနမဖက်တဲ့ ရိုးရိုးလေး မင်္ဂလာဆောင်တော့ စိတ်ပေါ့ပါးတာပါ။ လေ့လာသွားတယ်:))

မယ့်ကိုး said...

အိမ်ပြောင်းလိုက်ရလို့  ပင်ပန်းပြီး မသွားလိုက်ရဘူး။ ကိုမင်းအိမ်ပွဲကိုတော့ ဘာဖြစ်ဖြစ်လာဦးမှာ။ :)

Mae said...

ဓာတ်ပုံလေးတွေ ကြိုက်လိုက်တား)

ကိုမင်းအိမ်ဗီဒီယိုရိုက်ပြီးလဲ ပြပါဦး၊

ဒီလိုလေးကျတော့လဲ ပေါ့ပေါ့ပါးပါးရှိလိုက်တာ၊ ပျော်စရာကြီး၊

မေဇင် said...

စိတ်ဝင်စားစရာပဲ...ကျေးဇူးတင်ပါတယ်....ဘာပဲဖြစ်ဖြစ်ပေါ့..အဲ့လို မင်္ဂလာပွဲမျိုးကို ကြိုက်တယ်..။ လိုအပ်ရင် ဆက်သွယ်ပါ့မယ်...:P

နွေးနေခြည် said...

သေချာမှတ်သွားတယ် ... အဟီးးးး)
နိုင်ငံခြားမှာပေမယ့် သူငယ်ချင်းတွေအမျာကြီးနဲ့ ပျော်စရာကြီးပဲ

တလောက သူငယ်ချင်းတယောက်ကမင်္ဂဆောင်ကို ၂ခါလုပ်မယ်တဲ့။ ရန်ကုန်က လူကြီးပွဲ စင်ကာပူက လူငယ်ပွဲတဲ့... ဟုတ်ပ... ရန်ကုန်မှာဆိုရင် သူငယ်ချင်းတွေ မရှိသလောက်ကို ဖြစ်နေတာ...

ကိုမင်းအိမ် မင်္ဂလာဆောင်ရင်တော့ ဆက်ဆက်ဖိတ်ပါနော်...း)

Mogok Thar said...

ပျော်စရာကြီးးး။
ညီမင်းအိမ် ပွဲကျ ကိုယ်တျုကိုယ်တို့တွေ နွှဲရတာပေါ့ဗျာ။
ပုလင်းလေးတွေ ကြည့်ကာ သွားရည်ယိုအောင် လုပ်တဲ့ ညီ...
မရ.. ဒီည လိုက်တိုက်ပါ။

Anonymous said...

ဖတ်သွားပါတယ် .. ကိုမင်းအိမ်ရေ ....
တကယ်ကို အားကျလောက်တဲ့ မင်္ဂလာပွဲပါပဲဗျာ ...


မင်းနေ

Pyae Wut Hmone said...

မင်္ဂလာပွဲလေးကို သဘောကျလိုက်တာ... ဓါတ်ပုံတွေကလည်း အရမ်းလှတယ်... သူငယ်ချင်းတွေနဲ့ အေးအေးဆေးဆေး ပျော်လို့ရဲ့တဲ့ နေရာလေးမို့ ကြိုက်တယ်... လိုအပ်လာတဲ့အခါမှ နေရာအတိအကျမေးတော့မယ်နော်...

မျက်မှန်လေး said...

ကိုမင်းအိမ်ဖြူအလှည့်ဘယ်တော့လည်း။

နေဒေးသစ် said...

မင်္ဂလာဆောင်ရင် ဖိတ်ပါ ...
လည်လည်လာပြီး ယာယာ သောက်ချင်တယ် ...
နေဒေးသစ်။

Anonymous said...

ပေားးးးး
လက်တို့လိုက်ကွ
လာမယ်...ယာယာသောက်မယ်...

လင်းဒီပ said...

တိမ်ပြာပြာနေ့တစ်နေ့ ဆန်းဒေးမှာကွယ် မင်္ဂလာဆောင်ပွဲလေး ကျင်းပနေပါတယ်...
ပျော်ရွှင်စရာလေးပေါ့ချစ်တဲ့သူရယ်....

Yu Ya said...

ကိုမင်းအိမ်ဖြူအလှည့်ကတော့ သီတင်းကျွတ်တဲ့...အဟီး

ဘယ်သီတင်းကျွတ်လဲတော့မသိဘူးနော်...
သတိုးသမီး အခုမှ မွေးမလို့...:P

သီဟသစ် said...

ကိုမင်းအိမ်ရေ
ကဗျာဆန်လိုက်တာဗျာ မင်္ဂလာဆောင်လေးက။ ထပ်ဆောင်ချင်စိတ်တောင် ပေါက်လာပြီ။ နှင်းဆီဖြူလေးနဲ့ပြောပါတယ် :P

ကိုမင်းအိမ်အလှည့်ကျရင် လာအားပေးမယ်ဗျာ ဖိတ်လိုက်


ခင်မင်စွာဖြင့်
သီဟသစ်

ဝက်ဝံလေး said...

ဒီမယ် ကိုမင်းအိမ်ဖြူ အပျိုကြီးကို ဘာတွေ လက်ထပ်တာတွေ လျှောက်ပြနေတာလဲ ဟွန်းးးနော် များက စိတ်တိုတိုနဲ့ကောက်ယူလိုက်မှာနော် ဘာမှတ်လဲ ဂျ ဟဟဟဟဟဟ

ဇော် said...

ကျနော်တောင် မင်္ဂလာဆောင်ချင်လာပြီ။
အဟီး။
စိတ်ကူးယဉ်လိုက်ဦးမယ်။ ဒန်တန်တန်။ =P

ZT (TGO) said...

ဪ................... အမြဲတမ်း အားကျနေယုံနဲကျေနပ်လိုက်ပါကိုမင်းအိမ်