Tuesday 16 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၂


ကျွန်တော်တို. ရဲ့ ဖြတ်သန်းလာခဲ့ရတဲ့ ဘ၀ အတိတ်ခရီးကို ပြန်စောင်းငဲ့ ကြည့်ရင် အင်မတန်မှ လွမ်းမောစရာ ကောင်းတာတော့ အမှန်ပါ ၊၊ အတိတ်ကို လွမ်းဆွေးနေဖို. ထက် မှားခဲ့ ဘူးတဲ့ လုပ်ဆောင်ချက်တွေ အတွက် နောင် အနာဂတ်မှာ မမှားရလေအောင် ပြုပြင် ထိန်းချုပ်ဖို. ရာကျွန်တော်တို. အတွက် အတိတ်က ပေးတဲ့ သင်ခန်းစာ၊ ဒါဟာအခွင့်အရေးပါပဲ ၊၊

ရပ်တည်ဖြတ်သန်းခဲ့ရတဲ့ ဘ၀တစ်လျှောက်မှာ ကိုယ်နဲ.ပတ်သပ် ဆက်နွယ် ခဲ့ဘူးသူတွေ ၊ လမ်းချင်းတူလို. အတူ လျှောက်လှမ်းခဲ့ဘူးသူတွေ ရဲ့ ဘ၀တွေကို ပြန်လို. နှိုင်းယှဉ် ခံစားကြည့်ခြင်းမှလည်း ကျွန်တော်တို. ရဲ့ လမ်းကြောင်း အမှားအမှန် အဆိုးအကောင်း အကျိုးအကြောင်းတွေ ကို ပြင်ဆင်ဝေဖန်လို. ရပေမပေါ့လေ ၊၊

ဒီနေ. စိန်ဗေဒါ နဲ. မနေ.က စိန်ဗေဒါ ၊ ကိုယ့်ကိုကိုယ်ပဲ အမြဲနိုင်းယှဉ် ပါတယ် ဆိုတဲ့ စကားလေးဟာ အင်မတန်မှ အဖိုးတန်ပြီး မှတ်သားစရာ အပြည့်ပါ ၊၊ သို.သော် တခါတလေမှာတော့ ကိုယ့်ကိုကိုယ် ယှဉ်ဖို.လိုအပ်သလို မိမိ ပတ်ဝန်းကျင်ကိုလည်း မျက်ခြေမပျက်ဖို. လိုအပ်သည်ဟုထင်မြင်မိကြောင်း တင်ပြလိုပါသည် ၊၊

သင်တော်မှန်ကန်သော ကြိုးစားအားထုတ်မှု ၊ ရွေးချယ်မှန်ကန်သော လမ်းကြောင်းမှသာ ကိုယ့်ဘ၀တက်လှမ်း လျှောက်လှမ်းနိုင်မှာ မဟုတ်ပေလားဗျာ ၊၊ ကျောက်တုံးကို အားထုတ်ပြီး ညှစ်လို. ဆီထုတ်လို. မရသလို ၊ အင်ဂျင်နီယာ တစ်ယောက် ဆေးပညာစာအုပ်တွေ လေ့လာလိုက်စားနေခြင်းကလည်း ဆရာဝန် တစ်ယောက် ဖြစ်မလာ နိုင် တော့ ( ပညာရပ်တစ်ခုကို စိတ်ဝင်စားစွာ လေ့လာခြင်းအား အားပေးပါ၏ ) ၊၊

ငယ်စဉ်တုန်းက ၀င်္ကဘာလမ်းလျှောက်လှမ်းကြသလို လမ်းသိထားသူ ၊ နောက် ကြိုတင်မြင်နိုင်စွမ်း ရှိသူတွေ အတွက် အချိန်တိုအတွင်း ပန်းတိုင် ကိုရောက်ရှိနိုင်ပေမယ့် ၊ တခါတလေ တချို.သူတွေအတွက် လမ်းလျှောက် ရင်း လမ်းပျောက်နေရသူတွေ မနည်းပေ ၊၊ ပန်းတိုင်ရောက်ရှိသူခြင်း တူပေသည့် သက်သက်သာသာ ချောချော မွေ.မွေ. ရောက်ရှိုသူတွေ ရှိသလို ၊ ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း လျှောက်လှမ်းရသူလည်း မနည်းပေ ၊၊

အင်းဒီလိုလေးတွေးမိတဲ့ အခါ မှာတော့ ဟိုးငယ်စဉ် ကတည်းက အတူသွား အတူစား ၊ အတူကစားခဲ့ကြတဲ့ သူငယ် ချင်းတွေ ကို သတိယမိတဲ့ အခါ သူတို.တွေ ဘယ်တွေ ရောက်လို. ဘာတွေများ လုပ်နေကြပါလိမ့်လို. အတွေးရောက်ခဲ့ ပြန်ေ၇ာပေါ့ ၊၊ ဒီလိုနဲ. အတိတ် ခရီးမှာ လွန်ခဲ့တဲ့ ၁၅ နှစ်ကျော်ကာလမှာ တူတူ ပျော်ရွှင်ခဲ့ဘူး တဲ့ သူငယ်ချင်းတွေ ကို တစ်ပိုင်း သတိယမိပြန်ပေါ့ .....
(မိမိ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး အတွေအကြုံ အမှားအမှန် အကောင်းအဆိုးတွေ က နောင်လာမယ့် မျိုးဆက် အတွက် အချိန်ကုန်သက်သာပြီး အဖိုးနှုန်းချိုသာတဲ့ ဘ၀လမ်းပြမြေပုံ တစ်ခုလို. ယုံကြည်ပါတယ်လေ)

9 comments:

ဝက်ဝံလေး said...

i m the first

ဝက်ဝံလေး said...

လမ်းလျှောက်၇င်းလမ်းပျောက်နေတယ်ဆိုတာ ညီမကိုစောင်းပြောနေတာကျနေတာပဲ ဟွန်းးးးး
သူငယ်ချင်းတွေတော့ သူတယောက်တည်း တတိ၇တာ ဟုတ်ပါဘူးနော် များလဲ တတိ၇ပါတယ် အွန်းးးးး
ဟိဟိ ပြောမယ်နော် စိတ်မဆိုးနဲ့ေ၇းထားတာ စာစီစာကုံးကျနေတာပဲ အဟက်
အခုကျောင်းမှာ ဗျ ကျောင်းက မြန်မာဖောင့်မ၇ဘူးလေ ဒါနဲ့အသစ်တင်ထားတာ တွေ့လို့ အ၇င်လာတာ ဘယ်သူမှ မမန့်၇သေးလို့ ပထမလို့အော်သွားတယ်နော်
အခုလဲ www.burglish.com ၇ဲ့ အကူအညီနဲ့ ဒီလိုေ၇းနိုင်တာပေါ့ ကျေးဇူးးကြီးပါ့နော် ဟဟဟ သနားစ၇ာ ငှက်မလေးပါလား ဟ၇ိုးးးးး

Anonymous said...

ကိုမင်းအိမ်ဖြူပြောတာ မှန်ပါတယ် ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီးမှာ အမှားအမှန် အခက်အခဲ ကိုယ်ကြုံတွေ့ခဲ့ရတဲ့ အတွေ့အကြုံက နောင်လာမယ့် မျိုးဆက်သစ်အတွက် လမ်းပြမြေပုံတစ်ခုပါပဲ .... ကျွန်တော်တို့တွေ မျှဝေပေးဖို့ပဲ လိုပါတယ် ....
နေဒေးသစ်။

မယ့်ကိုး said...

အတိတ်လမ်းကို ပြန်လျှောက်တဲ့ ဆရာမ ပတ္တမြားခင်လို ကိုယ်တွေ့ လေးတွေ ထည့်မရေးဘူးလား ...:P
စောင်းငဲ့ပဲ ကြည့်နေတော့မှာပေါ့ ...

Yu Ya said...

မျိုးဆက်သစ်ဆိုကတည်းက သူတို့လမ်းသူတို့ ဖောက်ချင်ကြတာပါဆိုတဲ့ အတွေးကို ကျွန်တော်တို့ မေ့ထားလို့ မသင့်တဲ့ ကိစ္စတစ်ခုနော်...

နွေးနေခြည် said...

ကိုယ်တိုင်လည်း လမ်းလျှောက်ရင်း လမ်းပျောက်နေတုန်းပဲ ထင်တယ်။ ကြိုးစားဦးမယ်

ခမ်းကီး said...

ကောင်းတယ်ဗျာ။

မင်းအိမ်ဖြူ Minn Eain Phyu said...

ပုတုကွေးရေ ပုတုကွေးက လမ်းမလိုဘူးလေ လျှောက်ဖို.လည်းမလိုဘူး ... ပျံဖို.ပဲလိုတာကို.. P:

မှန်၏ ကိုဒေးရေ ၊၊ အခုလိုဆွေးနွေးပေးတာကျေးဇူးပါ၊၊

မယ်ကိုးရေ ကိုယ်တွေ.တွေ မြင်ချင်တယ်ပေါ့ ၊၊ အင်းအားလုံးက ဗီလိန်မဖြစ်ချင်ကြတော့ ကိုယ့်အကြောင်း ကိုယ် တင်ပြဖို.ခက်သားလား kwi kwi

ကိုယုယရေ မှန်ပါတယ် ၊၊ ကျွန်တော်တို.က လမ်းပြ ပြော ပြရုံပါ ၊၊ လျှောက်တာမလျှောက်တာ သူ.တို. သဘောပါ ၊၊

နေခြည်ရေ မပျောက်ပါဘူးဗျာ ၊၊

ကိုကီးရေ ကျေးဇူးတင်တယ်နော် ...

လင်းဒီပ said...

“မိမိ ဖြတ်သန်းခဲ့ရတဲ့ လမ်းခရီး အတွေအကြုံ အမှားအမှန် အကောင်းအဆိုးတွေ က နောင်လာမယ့် မျိုးဆက် အတွက် အချိန်ကုန်သက်သာပြီး အဖိုးနှုန်းချိုသာတဲ့ ဘ၀လမ်းပြမြေပုံ တစ်ခုလို. ယုံကြည်ပါတယ်လေ”

လမ်းပြမြေပုံလေး ဖတ်ဦးမှ ..ကိုယ်က ငယ်သေးတော့ ရှေ့ကလူတွေ ဘယ်လိုလုပ်တယ်ဆိုတာဘဲ ကြည့်လေ့လာရမှာ :P