Thursday 23 July 2009

ံReally ! My Ideal


ကျွန်တော့်ဘ၀ရဲ့ ပထမဆုံးဆုံခဲ့ဘူးသော
ကျွန်တော်အင်မတန်မှ လေးစားအားကျရပါသော အင်ဂျင်နီယာကြီး
အင်ဂျင်နီယာချုပ် ဖြစ်သွားပြီကြားတော့ ၀မ်းမြောက်ဝမ်းသာဂုဏ်ယူမိပါ၏ ၊၊
ကျွန်တော်ပျော်တဲ့မြေ ၊ ကျွန်တော်ဂုဏ်ယူတဲ့ အင်ဂျင်နီယာဘ၀ ၊ ကျွန်တော်မြတ်နိုးတဲ့လုပ်ငန်းခွင်

Site Visit လာတိုင်း အားကျခဲ့ရတဲ့ အင်ဂျင်နီယာကြီး ၊ ငါတစ်နေ့ ဒီလိုဖြစ်ရမယ်လို့ စိတ်ကူးနဲ့ ရူးခဲ့ဖူးပေမယ့် ခုများတော့လည်း

မင်းလည်းတောသား ငါလည်းတောသား ငါ့ရာထူးတိုးဖို့အတွက်တော့ ငါ့မိဘကို နွားမရောင်းခိုင်းဘူး မင်းကိုငါတာဝန်ယူတယ် ၊ အေး ငွေပေးဖို့ဆိုရင်တော့ ငါမလိုက်ဘူး မင်းဘာသာမင်းသွား

ငါဂျာမဏီမှာ ကျောင်းတက်လာတာပါကွ ၊ ဒီမှာ မင်းဒီစာကို ယူသွား ပြီးတော့ ဂျာမန်ဘာသာ ပြန်ခိုင်းကွာ ပြီးမှ ငါလက်မှတ်ထိုးမယ် သွားသွားမြန်မြန်သွား

မြန်မာပြည်နဲ့ နိုင်ငံခြားဆိုတာ ညောင်ခါးရှည်နဲ့ ရန်ကုန်လိုကွာမှာပေါ့ကွာ ၊ မင်းကောင်မလေးက ပြန်မလာတော့ ဘူးဆို ၊ ငါ့သဘောကတော့ မင်းကို ဒီမှာပဲ လုပ်စေချင်တာပဲ ၊ ငါလည်းမင်းလိုဘ၀မျိုးကစခဲ့ရတာပဲ

ခွင့်မတောင်းပဲ တိတ်တိတ်လေး ထွက်လာမိတာ ၊ ခုချိန်ထိ တခါဖူးမျှ မဆက်သွယ်မိတာ ၊ ဂရုဏာဒေါသောနဲ့ စိတ်ဆိုးနေမယ်ဆိုရင်လည်း

ပျော်ရာမှာ နေခွင့်မရတဲ့ အညတရတစ်ကောင်ကို နားလည်ခွင့်လွတ်ပေးပါ ၊၊ ဘ၀တူချင်းပေးမယ့် ဖြတ်သန်းရတဲ့ ခေတ်မတူတဲ့အတွက် အသင် လျှောက်ခဲ့တဲ့လမ်း အကျွန် မလှမ်းနိုင်တာလေးတစ်ခုတော့ ခွင့်လွတ်ပါဗျာ




6 comments:

မယ့်ကိုး said...

စာလာဖတ်သွားပါတယ်။ ခုတလော အရမ်းပေါက်ကွဲနေသလိုပဲနော်။

ပျော်ရွှင်ချမ်းမြေ့ ပါစေ...

mae said...

ဆက်သွယ်ဖို့ တကယ်မစဉ်းစားဘူးလား? ကိုယ့်လမ်းကိုယ်ရွေးတာပဲ၊ နားလည်မှာပါ

မင်းအိမ်ဖြူ Minn Eain Phyu said...

တကယ်ကို တခါတခါတော့ ကိုယ့်ဘ၀ကို မကျေနပ်တာ တော့အမှန်ပဲ မယ်ကိုးရေ ငါဘာလို့အသက်ရှင်နေလဲ လို့ မေးမိတာ ကိုယ့်ဘာသာပေါ့လေ ၊ ပေါက်ကွဲတယ်တော့ မဟုတ်ပါဘူးဗျာ


ကျွန်တော်ဆက်သွယ်ပါမယ် ဟုတ်တယ်နော်ဆက်သွယ်သင့်တယ်ဆိုတာ သိပေမယ့် တခါတလေလည်း ဘာလုပ်ရမှန်းကို မသိတော့ပါဘူးဗျာ

amk said...

ဦးဆန်းဝင်း လား မဟုတ်ပါဘူး တံတားအင်ချုပ်?

မင်းအိမ်ဖြူ Minn Eain Phyu said...

ဦးဆန်းဝင်း မဟုတ်ပါဘူးဗျာ

အင်ချုပ်ဆိုတာက DE ကိုပြောတာမဟုတ်ပါဘူး

ှSupertending Engineer အင်ဂျင်နီယာမှူးကြီး ပါ ၊၊ ဒါပေမယ့် အင်မှူးပြီးရင် အင်ချုပ်လို့ပဲ ကျွန်တော်တို့ ခေါ်တယ်ဟုတ်...

ဟိုတစ်နေ့က သူငယ်ချင်းလာပြောပြလို့ပါ
ကျွန်တော်သိပါတယ် သူပြောတာ မြန်မာလို ဆိုတော့ အင်ချုပ်လို့ပြောသွားတာ အမှန်က SE လို့ပြောရမှာလေ....

သူငယ်ချင်းကလည်း ဆောက်လုပ်ရေးကို သံယောဇဉ် မပြတ်သေးဘူးထင်ပ

ကျွန်တော်လည်း အခွင့်ရှိရင်တော့ ပြန်လုပ်ချင်သေးမိရဲ့

amk said...

ဦးမြင့်လွင် များလား.ကျွန်တော်ဦးလေးဦးတင်ဝင်းအောင်ရဲ့ ဆရာ မမြင်ဘူးလို့  လွန်ခဲ့တဲ့ ၁၀ နှစ် လောက် က တံတား က လူတ်ေတော်များ သိပါတယ်ဦးဆန်းဝင်း ဦးခင်မောင်ဝင်း ဦးမျိုးချစ် ဦးခင်မောင်ဆယ် အဖေရဲ့ သူငယ်ချင်း တွေမို့  လိုပါ

DE အင်ချုပ်
DDE ဒု-အင်ချုပ်
DSE (လွန်ခဲ့ တဲ့ ၁၂ လောက် ကစတာ)
ACE
AE
SAE
JE

အစ်ကို ရဲ့စာတွေ ဖတ်ပြီးဆောက်လုပ်ရေး သတိတရ မန့် လိုက်တာပါ comment ပြန်တာကျေးဇူးပါ

take care