Saturday 1 August 2009

4 Days Working for One Week


တစ်ပတ်မှာ ၄ ရက်ပဲ အလုပ်လုပ်ကြရတော့မယ်

ပြီးခဲ့တဲ့ ဂျုလိုင်လ တစ်ရက်နေ့ကစပြီး အမေရိကန်နိုင်ငံရဲ့ တချို့ဒေသတွေမှာ အလုပ်ချိန် ပြောင်းလဲ သတ်မှတ်မှုတွေ ပြုလုပ်ခဲ့ပါတယ် ၊၊ ဟိုးအရင်က တစ်ပတ်ကို ၅ ရက် တရားဝင် အလုပ်လုပ် ရာကနေ အခုတော့ တစ်ပတ်ကို ၄ ရက် ပဲ လုပ်ကြရတော့မှာပါ ၊၊ အဲဒါဆိုရင်တော့ အလုပ် ချိန်တွေ လျော့နည်းသွားတော့မှာပေါ့ လို့ ထင်ရပါတယ် ၊၊ ဒါပေမယ့် ဒီလိုတော့လည်း မဟုတ်သေးပါဘူး ၊၊ လုပ်ရမယ့် ရက် လျှော့လိုက်ပေမယ့် အလုပ်ချိန်ကတော့ လျော့သွားမှာ မဟုတ်ပါဘူး ၊၊ မူလ တစ်ပတ်ကို ၅ ရက် မှာ အလုပ်ချိန် တစ်နေ့အတွက် ၈ နာရီ လုပ်နေရာကနေ အခုတော့ တစ်ပတ်ကို ၄ ရက်မှာ အလုပ်ချိန် တစ်နေ့အတွက် ၁၀ နာရီ ဖြစ်တဲ့ အတွက် အလုပ် ချိန် စုစုပေါင်း နာရီ ၄၀ ကတော့ အတူတူပါပဲ ၊၊

အဲဒီလို အလုပ်ရက်လျော့ပေါ့ သတ်မှတ်လိုက်ခြင်းအတွက် ကောင်းခြင်း ဆိုးခြင်းဆိုတဲ့ အကြောင်း ရင်းတရားတွေတော့ ပေါ်ထွက်လာပါတယ် ၊၊ အခုလို ပြောင်းလဲသတ်မှတ် ရခြင်းရဲ့ ရည်ရွယ်ချက်ကတော့ လောင်စာဆီ ဈေးနှုန်းတွေ အဆမတန် မြင့်တက်လာတဲ့ အတွက် ဖြစ်ပါတယ် ၊၊ အခုဆိုရင် အမေရိကန်နိုင်ငံမှ လောင်စာဆီ တစ်ဂါလံကို ၅ ဒေါ်လာ ရှိနေပြီ ဖြစ်ပါတယ် ၊၊ ဒါ့ကြောင့် အဲဒီလို အလုပ်ချိန် မပြောင်းလဲပဲ အလုပ်ရက်ကို လျှော့ချ လိုက်တဲ့အတွက် တစ်ရက်စာ လောင်စာဆီ ကုန်ကျစရိတ်ကို ချွေတာရာ ရောက်မှာ ဖြစ်ပါတယ် ၊၊ နဂိုမူလ တစ်ပတ်ကို ၅ ရက်သွားလာရမယ့်အစား အခုဆိုရင် ၄ ရက်ပဲ သွားရ တော့မှာဖြစ်ပါတယ် ၊၊ အလုပ်သွားဖို့ ပြင်ဆင်ရတဲ့ အချိန်တွေကိုလည်း ကာမိ လာမှာ ဖြစ်ပါတယ် ၊၊

နောက်တစ်ခုကတော့ မိဘတွေ အနေနဲ့ မိသားစုနဲ့အတူ အိမ်မှာ နေထိုင် ချိန်ပိုများ လာတဲ့ အတွက်လည်း သားသမီးတွေကို သွန်သင်ဆုံးမချိန် ပိုမိုရရှိလာမှာလည်း ဖြစ်ပါတယ် ၊၊ မိသားစု အတူနေထိုင်ချိန်တွေ ပိုများလာမှာဖြစ်ပါတယ် ၊၊ ဒါကြောင့် ရာဇ၀တ်မှု တွေ ကိုတောင် လျှော့ချ နိုင်မယ်လို့ ပြည်နယ် အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုပါတယ် ၊၊ နောက် အလုပ် လုပ်ကိုင် နေသူတွေ ကလည်း အခုလို အလုပ်ရက် လျှော့ပေါ့လိုက်တဲ့ အတွက် အလုပ်ချိန် ပိုလုပ်ရပေမယ့်လည်း ပင်ပန်းတယ် လို့ မထင်ပါကြောင်း ၊ နောက်ထပ်တစ်ရက် ပိုနားရမှာ ဖြစ်တဲ့အတွက် လုပ်အားပိုရှိပါကြောင်း ပြောပြပါတယ် ၊၊ ပိုပြီးတော့တောင်မှ အလုပ်တွေ တွင်လာပါတယ် လို့ ဆိုသူတွေလည်း ၇ှိပါတယ် ၊၊

အဲဒါပေမယ့် ပြသနာတစ်ခုလည်း ရှိပါတယ် ၊၊ ဒါကတော့ အစိုး၇ရုံးတွေ နဲ့ ပါတ်သပ် လုပ်ကိုင် ရတဲ့ အလုပ်တွေပါပဲ ၊၊ ဒါအတွက်လည်း ခုချိန်မှာတော့ အဆင်ပြေ ဆုံး အချိန်တစ်ခုကို သတ်မှတ် လုပ်ကိုင်ကြဖို့ အစိုးရက ခွင့်ပြုထားပါတယ် ၊၊ တချို့က တနင်္လာ နေ့မှာ ခွင့်ယူမယ် ၊ အချို့ က သောကြာနေ့မှာ ခွင့်ယူမယ် ဆိုတာမျိုးတွေ ရှိတဲ့အတွက် အဲဒီအတွက်တော့ ထပ်မံ ညှိုနိုင်းကြမယ် ထင်ပါတယ် ၊၊ ဘာ့ကြောင့်လည်းဆိုတော့ အစိုးရ ပုံမှန် ရုံးဖွင့်ရက်ကတော့ တနလာင်္ကနေ သောကြာနေ့ဖြစ်လို့ပါပဲ ၊၊ ဒါ့ကြောင့် ရုံးလုပ်ငန်း တွေ ဆောင်ရွက်ဖို့အတွက်တော့ အနည်းငယ် ကသီလင်တ ဖြစ်ဖွယ် ရှိပါတယ် ၊၊ ဒါကတော့ ဆိုးကျိုးလို့ ဆိုရပါမယ် ၊၊

ဘာ့ကြောင့်ဒီလို အစီအစဉ်လေး ဖြစ်ပေါ်လာလည်း ဆိုတော့ အခုအခါမှာ မြင့်တက်လာတဲ့ လူနေမှုစရိတ်တွေကို ကာမိဖို့ အစိုးရက ပုံမှန် ထောက်ပံ့ကြေး ပေးရာမှ နေပြီး ဒီနှစ်မှာတော့ ထောက်ပံ့ကြေးအစား ဒီလို အလုပ်ရက်လျော့ပေါ့ပေးလိုက်တယ်လို့ ဆိုပါတယ် ၊၊ အခုဆိုရင် သူတို့အဆိုအရတော့ အားလုံးပျော်ရွှင်နေကြတယ် လို့ဆိုပါတယ် ၊၊ အခုလို ရက်လျှော့ သတ်မှတ်လိုက်တဲ့ အထဲမှာ ဆောက်လုပ်ရေး လုပ်ငန်းတွေလည်း ပါဝင် တယ်လို့ သိရပါတယ် ၊၊ နောက်တစ်ခုကတော့ မီးသတ်နဲ့ ရဲဌာန ကတော့ အခုလည်း ၂၄ နာရီ တာဝန်ထမ်းဆောင်နေ၇တာမို့ ထူးခြားတဲ့ပြောင်းလဲမှု မရှိဘူးလို့ဆိုပါတယ် ၊၊

နောက်ပိုင်းမှာတော့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်ဆိုတာတော့ မသိနိုင်သေး ပါဘူး ၊၊
အိမ်မှာ နေချိန်တွေ ပိုများလာတဲ့အတွက် အိမ်က မီတာခတွေ များပိုပြီးကြီးမြင့်လာမလား ၊၊
အိမ်မှာ နားရက်တွေ ပိုလာတဲ့အတွက် အကျိုးမဲ့ လူမှုရေးပြသနာတွေ ပိုလာမလား ၊၊
အလုပ်လုပ်သူတွေ သာမက ကျောင်းသူကျောင်းသားတွေ အတွက်ရော ဘယ်လို ဖြစ်လာမလဲ ၊၊ ဆိုတာလေးတွေကတော့ ကျွန်တော့် ဖြည့်စွက်အတွေးလေးပါ ၊၊ (စာရေးသူ)

အမေရိကန်မှာက အလုပ်လုပ်သူ ၁၀ ရောက်မှာ အလုပ်ကို ကိုယ်ပိုင်ကားနဲ့သွားတဲ့သူက ၉ ယောက်ရှိပါတယ်တဲ့ ၊၊ ဒါ့ကြောင့် ယာဉ်ကြောပတ်ဆို့မှုတွေ များသလို ၊ လောင်စာဆီ တွေ လည်း မတရားကုန်ကျတာပေါ့ ၊၊ သူတို့အတွက် ဒီနည်းစနစ်လေးဟာ တော်တော်ကို အသုံး ၀င်မယ်လို့ထင်ရပါတယ်၊၊ အဲဒီစနစ်ကို အားလုံးက ကြိုဆိုထောက်ခံကြသလို ၊ နော်က်ထပ် ကျင့်သုံးမယ့် ပြည်နယ်တွေလည်း ရှိပါတယ် ၊၊ အခုဒီလ ၁ ရက်နေ့ 1st of August (ဒီနေ့ပေါ့ဗျာ)ကစပြီး ဒီစနစ်ကို ကျင့်သုံးမယ့် ပြည်နယ်တွေ လည်း ရှိနေ ပါတယ် ၊၊ ပျော်ရွှင်စရာသတင်းစကား ကောင်း လေး တစ်ခုလို့ ထင်ပါတယ် ၊၊ဒါဟာ အမေရိကန် ပြည်ထောင်စု အတွက်ပါ ၊၊

အလုပ်လုပ်သူ ၁၀ ယောက်မှာ ၁၀ ယောက်လုံး ဘတ်စ်ကား ကို ကျပ်ကျပ် တည်းတည်း စီးရတဲ့ တိုင်းပြည် မှာတော့ အင်း နောက် နှစ်ပေါင်း မည်မျှကြာရင် ဒီစနစ်ကို ပြောင်းလဲမယ် မသိ ၊၊ စိတ်ကူးမယဉ်မိကြစေဖို့ သတိခပ်ကျပ်ကျပ်လေး ပေးပါ၏ ၊၊

မနေ့ညက နားထောင်ဖြစ်တဲ့ သုတစုံလင် အမေရိကန်တစ်ခွင်ဆိုတဲ့ ဗီအိုအေ အစီအစဉ်လေးကို ဖြည့်စွက်ခံစား ရေးဖွဲ့တင်ပြလိုက်ပါသည် ၊၊ ပိုပြီး ဘလော့ကင်းနိုင်ကြပြီပေါ့ဗျာ၊၊

ကြည်နူးပျော်ရွှင်နိုင်ကြစေဖို့
မင်းအိမ်ဖြူ
ဓါတ်ပုံလေးတွေကိုတော့ ကိုမြတ်သူရ ဘလော့က ယူထားပါတယ်ဗျာ ၊၊

13 comments:

နဒီမိုးညို said...

အဲ..ကားကို..တွယ်စီးနေကြပါလား..
ပြုတ်များကျလိုက်လို့ တော့..မတွေးဝံ့စရာပဲ.နော်

လင်းဒီပ said...

ဟွမ်း...ဟွမ်း...
တွေးစရာလေးတွေ ရသွားပါတယ်......။
ဘာမှတော့ မရေးတော့ဘူး...
ဆက်စဉ်းစားလိုက်ဦးမယ်...။

မေဇင် said...

နောက်ပိုင်းမှာတော့ ဘယ်လို အကျိုးသက်ရောက်မှုတွေ ရှိမယ်ဆိုတာတော့ မသိနိုင်သေး ပါဘူး ၊၊
အိမ်မှာ နေချိန်တွေ ပိုများလာတဲ့အတွက် အိမ်က မီတာခတွေ များပိုပြီးကြီးမြင့်လာမလား ၊၊
အိမ်မှာ နားရက်တွေ ပိုလာတဲ့အတွက် အကျိုးမဲ့ လူမှုရေးပြသနာတွေ ပိုလာမလား ၊၊
အလုပ်လုပ်သူတွေ သာမက ကျောင်းသူကျောင်းသားတွေ အတွက်ရော ဘယ်လို ဖြစ်လာမလဲ ၊၊ ဆိုတာလေးတွေကတော့ ကျွန်တော့် ဖြည့်စွက်အတွေးလေးပါ ....

ဟိဟိ အဲ့ဒီ စာရေးသူ အတွေးလေးကို ကြိုက်ပါတယ်... ဒါပေမယ့် စာထဲမှာ အဲ့ဒီအတွေးက တော်တော်မှိန်လို့ မနဲ ကြည့်ရတယ်...။ နောင့် ဆိုရင်တော့ ကြိုက်တယ်... အလုပ်ချိန်ပိုလာတာက သိပ်ပြသာနာမရှိဘူး တစ်နေ့ မှ ၂ နာရီ.... နားရတာက ၁ ရက်လုံး...း)

မယ်ကိုး said...

အိမ်မှာ နားရက်တွေ ပိုလာတဲ့အတွက် အကျိုးမဲ့ လူမှုရေးပြသနာတွေ ပိုလာမလား ၊၊...

အခု IT ခေတ်မှာ အိမ်မှာအလုပ်လုပ်တဲ့သူတွေက အကျိုးမဲ့ လူမှုရေးပြသနာတွေ ပိုနေသလား။

ကျွန်မကတော့ အိမ်မှာအလုပ်မလုပ်နိုင်သေးတော့ ၄ ရက် အလုပ်လုပ်တာကို သဘောကျတယ်။

Lucifer said...

မမီးကတော့ အိမ်က အိပ်ရုံပဲဖြစ်နေတယ်.. SAT နဲ့ SUN ကWEEK DAY ဖြစ်ပြီး MON ကနေ FRI က WEEK END ဖြစ်ချင်တာပဲ.....

mae said...

ကြိုက်တယ်၊ ဒါပေမယ့် အစိုးရက လုပ်ပေးတာလဲ လုပ်ပေးတာပါပဲ၊ ပိုလာတဲ့အချိန်တွေကို အသုံးချတတ်ဖို့ကတော့ လူတွေပေါ်လဲ မူတည်သေးမယ်ထင်တယ်၊

နောက်.. တရားဝင်က တရားဝင်လေ၊ တရားမဝင်တဲ့ အလုပ်ချိန်တွေ အများကြီးရှိသေးတယ်၊ ကျမ တစ်နှစ်ကို ခွင့် ၆ ပါတ်ရတယ်၊ ဘယ်လိုမှ အကုန်မသုံးနိုင်ပါဘူး၊ သုံးပါတ် ရတဲ့ အလုပ်မှာတုန်းကလဲ မကုန်ခဲ့ဘူး၊

ဘုတောတာ မဟုတ်ရပါဘူး (ကိုမင်းအိမ်ရေးသမျကို အမြဲဘုတော သလို ဖြစ်နေလို့လေ)၊ မနက်ဖြန် အလုပ်ပြန်သွားရမှာမို့... နောက်တစ်ပါတ် နေ့ချင်းပြန်ခရီးတခုကို ဖျက်ပြီး အလုပ်ပြန်လာရမယ့် အခြေအနေမျိုး ဖြစ်နေလို့.. စိတ်ထဲ ပေါ်လာတာတွေ ချရေးတာ..အဟတ်

Unknown said...

အခုလိုလာဖတ်ဆွေးနွေးပေးကြတာ ကျေးဇူးပါ ၊၊
ကျွန်တော် ဒီပိုစ့်လေး တင်ဖြစ်တာကတော့ သတင်း ထူးလေးမို့ သိစေချင်တာရယ် ၊ နောက်တစ်ခုက ဘာပဲ ဖြစ်ဖြစ် ဖြစ်တက်တဲ့ အပြောင်းအလဲ အသစ်မှာ ကြုံတွေ့ ရမယ့် အရာတွေကို ဘာပဲဖြစ်ဖြစ် ပြင်ဆင် စဉ်းစား ဖြစ်အောင် ရယ် စဉ်းစားပြီးတင်လိုက်တာပါ ...

ကျွန်တော်လည်း သဘောကျပါတယ် ၊၊ အလုပ်ချိန်က တူတူပဲလေ ၊၊ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် ကိုယ်တွေ ဘက် ကတော့ သက်သာပါတယ် ၊၊ အနည်းဆုံး အလုပ်သွား ရတဲ့ဒုက တစ်ခုတော့ သက်သာပါတယ် ၊၊ ကြိုဆိုပါတယ်
ကျွန်တော်လည်း နှစ်သက်ပါတယ်

ဒါဟာ ကျွန်တော်တို့ အတွက်တော့ မဖြစ်လာနိုင်ပါဘူး ၊၊ အလုပ်ချိန်နဲ့ ပါတ်သပ်လို့တော့ အနောက်နိုင်ငံတွေမှာပဲ ဖြစ်ကြမယ်ထင်ပါတယ် ၊၊ အခုတော့ ဒီမှာလည်း မနက် ၈ နာရီကနေ ညနေ ၆ နာရီ ရ နာရီဆိုတာ ပုံမှန်အလုပ် ချိန်လိုပါပဲ ၊၊ ဘာအချိန်ပိုမှ မရှိပါဘူး ၊၊ တချို့ဆို ၉ နာရီလောက်မှ ပြန်ကြရတာပါ ၊၊

မြန်မာပြည်မှာတုန်းကလည်း ဒီလိုပါပဲ ၊၊ မနက် ၇ နာရီဆို ရောက်နေပြီ ၊၊ ညနေဆို ၆ နာရီ ရ နာရီမှ ပြန် ရတာပါပဲ ၊၊ တခါတလေ ညဆိုင်းရှိရင် ထမင်းစားပြီး ဆိုက်ပြန်သွား ည ၁၁ နာရီထိ တဆိုင်းဝင် ၊၊ အဲဒီလိုဆို တော့ အလုပ်ချိန်ဆိုတာ ဘယ်လိုပြောမလဲ ယဉ်ပါး နေတယ်ပဲ ဆိုရမှာပေါ့ ၊၊

မယ်ကိုးမေးတာနဲ့ပါတ်သပ်လို့တော့ ကျွန်တော် အဆိုးမြင်သလို ရေးမိသွားရင်တော့ ခွင့်လွတ်ပါ၊၊ ကျွန်တော်ဆိုလိုတာက လူအများစုဟာ အချိန်ပို ရင် ကောင်းတာထက် မကောင်းတာ ဘက်ကို ဦးတည်တက် ကြတာမို့ ဒီလိုလေး တွေးပြီးထည့်လိုက်မိတာပါ ၊၊

မမီးေ၇ လူမှန်ရင်တော့ အလုပ်လုပ်ရမှာပဲလေ၊၊

မမေရယ် ဘုတောတယ် ထင်ပါဘူးဗျာ ၊၊ ဘာပဲ ဖြစ်ဖြစ် လွတ်လပ်စွာဆွေးနွေးတာ ကြိုက်တယ် ၊၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့က အချင်းချင်း အသိလေး တွေ ဖလှယ်ဖို့ပဲလေ ဗျာ ၊၊ မဟုတ်ဘူးလား ၊၊ ကောင်းပါတယ် ဗျာ၊၊

မယ့်ကိုး said...

ကိုမင်းအိမ်ရေ...

အဆိုးမြင်တယ်လို့  မထင်ပါဘူး။ ဒီလိုတွေးမိတာလည်း မမှားပါဘူး။ အရာရာတိုင်းမှာ အကောင်းနဲ့  အဆိုးအမြဲဒွန်တွဲနေတာမို့ ပါ။

အဲဒါကြောင့် ရိုးရိုးသားသားမေးကြည့်မိတာပါ။

ခင်မင်လေးစားစွာဖြင့်...

ကိုလူထွေး said...

သုံးရက်ကြီးများတောင် နားရမယ်ဆိုတော့ မဆိုးဘူး ပြောရမှာပေါ့...

နေ့တိုင်း ၁၀ နာရီပြောင်းလုပ်ရမယ်ဆိုရင်တော့ လူတွေရဲ့ အလုပ်လုပ်နိုင်စွမ်းက ခါတိုင်းလောက် အစွမ်းရှိပါဦးမလား စဉ်းစားမိတယ်...

ဆီဖိုးတော့ ချွေတာမိပါရဲ့... ကုန်ထုတ်စွမ်းအားက လျှော့ကျသွားတယ် ဆိုပြန်ရင်လဲ မကာမိဘူးလေ...

ထင်တာဝင်ပြောကြည့်တာပါ..

မင်းအိမ်ဖြူ said...

မှန်တယ်ဗျ ကိုလူတွေး ရဲ့ အတွေးကိုလည်း ကျွန်တော်တို့ ထည့်စဉ်းစားသင့်တယ် ၊၊

ကုန်ထုတ်စွမ်းအားများ ကျသွားမလား ?????

သီဟသစ် said...

ကိုမင်းအိမ်ရေ..

သူတို့က သူတို့ ကိုယ်တွေက ကိုယ်တွေ
ရွှေနိုင်ငံက ရွှေနိုင်ငံ လို့ပဲ သဘောထားမှတ်ယူသွားပါတယ်ဗျာ

ခင်မင်စွာဖြင့်
သီဟသစ်

လသာည said...

ဘယ်လိုပဲဖြစ်ဖြစ် အဲဒီသတ်မှတ်ချက်အတည်သာဆိုရင် ဒီအိမ်ပိုင်ရှင်က ပိုစ်တွေပိုရေးဖို့ အချိန်တွေရလာပြီး သူ့စာတွေ ပိုဖတ်ရမယ်ထင်တာပဲ။ :P ။ ဒါပေမဲ့ ပြောလို့လည်း မရသေးဘူး။ ဆန်ကျင်ဖက်ဖြစ်ချင်လည်း ဖြစ်သွားနိုင်တယ်။ အဲဒီသတ်မှတ်ချက်ဖြစ်တော့မှ ကိုယ့်ခန့်မန်းချက် မှန်မမှန် အတည်ပြုရမှာပဲ။

မိုးခါး said...

ကောင်းလိုက်တာ
ဒီမှာလည်း တပတ် ၄ရက်လောက်ပဲ အလုပ်တက်ရရင်ကောင်းမယ် :D