Friday 7 August 2009

Behind the Achievement


အောင်မြင်ခြင်းတွေရဲ့ နောက်ကွယ် က ကြိုးစားခဲ့ရခြင်းတွေကို လူတွေ မသိတာဟာ သဘာဝ တရားပါပဲ ၊၊ တကယ်ကို အောင်မြင်လာတဲ့ တစ်နေ့ရောက်မှ ကိုယ်နောက်ကွယ်မှာ ကျိုးစားခဲ့ ရတာ ဒီလောက်ပင်ပန်းဆင်းရဲ့ခဲ့ပါလားရယ်လို့ နောက်ခရီးကို ပြန်ကြည့်ရင် ခပ်ဝါးဝါးမြင်ရတက်တာက ကြမ်းတမ်းတဲ့ ခရောင်းလမ်းပေါ့ ၊၊ အဲဒီတော့မှ လူတကာကစုတ်သပ် အင်း… သူ့ခဗျာ ပင်ပန်းခဲ့ရှာတာ ရယ်လို့ ၀ိုင်ဝန်းနှစ်သိမ့်လို့ပေါ့ ၊၊ သူကလည်း အပြုံးနု ယဲ့ယဲ့လေးနဲ့ နှစ်သိမ့်မှုတွေကို ခံယူရင်း….. စဉ်းစားဖြစ်တာက ငါတကယ်တော်ပါလား လို့………….

အင်း မအောင်မြင်ပဲ ကျဆုံးခဲ့ရတဲ့ လူတစ်ယောက်ရော ၊ အဲဒီလူ ဖြတ်သန်းခဲ့ရတဲ့ ဘ၀လမ်းကရော မကြမ်းတမ်းတော့ဘူးတဲ့လား ၊၊ အောင်မြင်မှုတွေနဲ့ လူကို ၀ိုင်းဝန်းနှစ်သိမ့်နေကြသလို ကြိုးစား ခဲ့ပေမယ့် မအောင်မြင်ခဲ့တဲ့လူတွေကိုရော မနှစ်သိမ့်ပေးတော့ဘူးတဲ့လား ၊၊ သူတို့ေ၇ာ ခရောင်းလမ်းကို ဖြတ်သန်းခဲ့ရတာပါပဲ ၊၊ ခရောင်းလမ်းဆိုတာ အောင်မြင်သူတွေ အတွက်သာ လူတကာမြင်ပေမယ့် မအောင်မြင်တဲ့သူတွေအတွက်တော့ ခရောင်းလမ်းလေးတောင် ဟောင်းနွမ်း နေပါရောလား …..

4 comments:

လင်းဒီပ said...

“မအောင်မြင်တဲ့သူတွေအတွက်တော့ ခရောင်းလမ်းလေးတောင်
ဟောင်းနွမ်း နေပါရောလား …..”
ပြောထားတာလေးကောင်းတယ် မအောင်မြင်ခဲ့တဲ့လူတွေရဲ့ ကြမ်းတမ်းခရီးတွေအတွက်တော့ အားပေးထူမရမှာပေါ့...နောက်ထပ် ကြိုးစားချင်စိတ်ရှိလာအောင်..။

နဒီမိုးညို said...

ဘဝ..ကြမ်းတာကို..နဒီ..တော့ကြိုက်တယ်
ဘာလို့ လဲ..ဆိုတော့..မအောင်မြင်လေ..
ဦးနှောက်ကို..ပိုအလုပ်ပေးရလို့ ပါ..
ဒါမှ..ဓားများလို.ထက်နေမှာပေါ့
ရိုးရိုးကြီး..ဖြတ်သန်းရတာ..ပျင်းစရာကောင်းတယ်.
အားမငယ်နဲ့ အစ်ကိုရေ..
ဦးနှောက်ကို..သွေးနေတယ်..လို့သာသဘောထား..နော်

Mogok Thar said...

နဒီ ပြောသွားတာ ကိုယ် သဘောကျတယ်။
ကိုယ် ခံယူထားတာနဲ့တူလို့။
တစ်ခု အောင်မြင်ဖို့အတွက် ပေးဆပ်ခဲ့ရတဲ့ ဆုံးရှုံးမှုတွေကလဲ အများကြီးပါ။
ကိုယ်က ဘ၀ကို တိုက်ပွဲတစ်ခုလိုလဲ မယူဆဘူး။
အောင်မြင်မှုနောက် လိုက်ရတာ ပင်ပန်းတယ်။
အရှုံးတွေကိုလဲ ပွေ့ပိုက် မထားချင်ဘူး။
ဒီတော့ ကိုယ် လုပ်နိုငတာ၊ လုပ်သင့်တာ မှန်သမျှ အကောင်းဆုံး လုပ်မယ်။ လုပ်ချင်တာလေးတွေ လုပ်ခွင့်ရရင် ကံကောင်းလိုက်တာ လိုံ ကိုယ့်ကိုကိုယ် ပြန်ပြောမယ်။

ဒီလောက်ပါပဲ။

မေတ္တာဖြင့်

မယ့်ကိုး said...

ကျွန်မလည်း ကိုမင်းအိမ်ရေးသလိုမျိုး ခံစားချက်ရှိတယ်။

ဒါပေမယ့် အောင်မြင်တယ် မအောင်မြင်ခဲ့ဘူးဆိုတာ သေဆုံးသွားမှပဲ ဆုံးဖြတ်ရမယ့် အရာလို့ ထင်တယ်။

အဲဒါကြောင့် မြန်မြန်သေရင်ကောင်းမယ်လို့  စဉ်းစားနေမိတယ်။ :P