Thursday 13 August 2009

Just Notice !



အော် အင်း ဒီလိုလား သိခဲ့ဘူးလေ ၊၊ ကိုယ်တော်တော်တုံးပါလား ၊၊ ကျွတ်ကျွတ် ကျွတ်ကျွတ် ... ဒီလောက်တောင်ပဲလား .......... ဘုရား ဘုရား ဘယ်လိုဖြစ်တာပါလိမ့် .............. ဟင့်အင်း သိဘူး ..... သိခဲ့ဘူးလေ ............
သူတစ်ပါး ဆန္ဒ တခါဖူးမျှ မတွေးဖူးခဲ့
ကိုယ်ထင်တာက ဖြူစင်ခြင်းတွေ နဲ့ ပူဇော်ခြင်းသပ်သပ် .......... အေးမြခြင်းတွေ ကို အရောင်တွေ မပါလိုခဲ့
အခုလို ကာလာစုံနဲ့ ဆန်းပြားလိုတာ ကိုယ်မှ မသိခဲ့ပဲ ..............
စိတ်မဆိုးနဲ့ကွယ် ကွယ်ရာမှာလည်း အတင်းမဆိုပါနဲ့ ..............
ဖြူစင်ခြင်းတွေ ကို ကာလအတော်ကြာ ထိန်းသိမ်းခဲ့မိတဲ့ကိုယ်အတွက် စိတ်မကွက်ပါနဲ့
ပျော်ရွှင်ခြင်းတွေ ကို ကာလာစုံ ဒီဇိုင်းဆန်းတွေနဲ့ အဖေါ်တကာစုံ အရမ်းဆန်းမယ်ဆိုရင်တော့ .......
အင်း သူငယ်ချင်းရေ ............... သတိတော့ထားကွယ်...........
ခေတ်ကာလ သားသမီး တွေက တော်တော် ဆိုးမယ် ထင်ပါတယ် ..........

8 comments:

mae said...

ဘုရားပန်းကို ပြောတာ ထင်တယ်နော်

အခေါက်ခေါက်ပြန်ကြည့်လိုက်.. ဖတ်လိုက်နဲ့ တော်တော်ကြာသွားတယ်

ကျမတော့ အိမ်မှာတုန်းက ဘုရားပန်းဝယ်ရင် လတ်တဲ့ ပန်းဝယ်တာပဲ၊ ပြီးတော့ အိမ်မှာ ပွင့်တဲ့ စံပယ်တွေကပ်တယ်၊ ဒီမှာတော့ ဘုရားတောင် မထားမိပါဘူး.. သူများအိမ်မှာ ငှားနေတော့ .. အိပ်ခန်းထဲလဲ မထားချင်ဘူး

အဖြူချည်းပဲ ကပ်လဲ တော်တော် သပ္ပါယ်တာပဲ

kyalkalay said...

copy ကူးခံရတာလား?
အခန်း ဖော် က တမျိုး ပြောင်းတာလား?

တိုက်ဆိုင်မှုတွေလား?

တကယ်မသိလို့နော် အကို

မယ့်ကိုး said...

ဒီထက် post modern ဖြစ်တာတော့ မရှိတော့ဘူးထင်တယ်။ :P
နားမလည်ကြလို့ ...:)

လသာည said...

ဟုတ်တယ် ကိုမင်းအိမ်ရေ။ အစ်မလည်း နားလည်ဘူး :P

မေဇင် said...

အိုး...ကိုမင်းအိမ်ဖြူ ဘုရားဆောင်လေး ကကျက်သရေ ရှိလိုက်တာ. ကြည်ညိုဖူးမြော်သွားပါတယ် ရှင့်...နောင့် စံပါယ်ကို ဘုရားကပ်ချင်နေတာလေ...ဘယ်မှာ ၀ယ်လို့ရတာလဲဟင် မသိလို့ပါ.....။ ကျေးဇူးတင်ပါတယ်ရှင်...။ ခုလဲ အာရုံခံ ဖူးမြော်သွားပါတယ်..။

မေလေး said...

ဘုရားခန်းလေးက ကြည်ညိုစရာကောင်းလိုက်တာနော်။

ဝက်ဝံလေး said...

ကိုမင်းအိမ်ဖြူရေ အိမ်လေး အသစ်လုပ်လိုက်တာ လင့်ခ်ပျောက်သွားလို့ အခုမှ ပြန်လာယူတာ စိတ်ထဲမှာ ပြန်ရှာပြီးသား ထင်နေတာ နောင့်အိမ်မှာ စံပယ်ပန်းတင်ထားတယ် ပြောတာနဲ့ အိမ်မှာလိုက်ရှာ တာမတွေ့ဘူး အဟီးးး ဒါနဲ့ အခုမှရောက်တယ် ကိုမင်းအိမ်ဖြူရေ ရှပ်ပြာမလေးကို ခွင့်လွှတ်ပါ အဟီးးးးးး

ဘိုင်

စံပယ်လေးတွေ ဒီအထိတောင် မွှေးတယ် အဟက် ယုံလားမသိဘူး ဟီးးးး

Mogok Thar said...

ညီမင်းအိမ်ရေ
ဖြူစင်ခြင်းတွေက အေးမြစေတတ်ပေါ့
အရောင်စုံတဲ့ ပန်းငုံတွေလဲ လန်းဆတ်အေးမြ တတ်ကြပါတယ်။
အသွေးစုံ အရောင်စုံတွေကိုမှ
တပ်မက်မောရမယ်ဆို (လိုအပ်သည်ထက်ပေါ့)
အဖြူရောင် တစ်ခုသာ စင်ကြယ်ရမယ်ဆို
ညိုညို၊ ပြာပြာတို့လဲ
ငိုပွဲဆင်ရပေတော့မယ်။
ပျော်ရွှင်ခြင်းတွေမှာ အရောင်တကာ စုံချင် စုံမယ်။
ရောင်စုံ ပျော်ဝင်မှုတွေက ဖြူစင်မှုတွေ မညစ်ပေစေဖို့က
အရေးကြီးလှတယ် မဟုတ်လား။
ဘယ်သူစကားတင်းဆိုဆို၊ ကောင်းကျိုးလိုလားသူနှုတ်ဖျားက
စေတနာစကားသံတွေအမြဲ
ဆည်းလည်းလေးလို မြည်ပါစေဗျာ။

မေတ္တာဖြင့်