Wednesday 23 September 2009

လွမ်းတစ်ကျော့ပြန်

အလွမ်းရှည်ရှည် ကျောင်းရက်တွေကို သတိရစေပြန်သလားကွယ် ၊၊ ဟိုးတစ်နေ့က သူငယ်ချင်းတစ်ယောက် ဖုံးဆက်လာတယ် ၊၊ ကျောင်းတုန်းက သူငယ်ချင်းတွေ ပြန်လည် ဆုံတွေ့ကြရအောင်တဲ့ ၊၊ သူတို့ စီစဉ်နေပါတယ် တဲ့ ၊၊ အော် အင်း တွေ့လေဆိုတော့ စာရင်းမှတ်လိုက်ပြီနော်တဲ့ ၊၊ တယ်လီဖုန်းပေါ်မှာတင်ဆိုတော့ ဘာမှလဲ မပြောအားပဲ အင်းအင်း လို့ပဲ ခပ်လွယ်လွယ် သေချာလိုက်မိတယ်၊၊ တွေ့လည်းတွေ့ချင်မိပါတယ် ၊၊ သူငယ်ချင်း တွေ အားလုံးကိုပေါ့ ၊၊ မတွေ့လည်း မတွေ့ချင်ပါဘူး ၊၊ ကိုယ့်အကြောင်းနဲ့ကိုယ်ပေါ့ ၊၊
အော် ဘာလိုလိုနဲ့ ပြန်တွေးမိတော့ နှစ်တွေတောင် အတော်ကြာပါပေါ့လား ၊၊ ကျောင်းမြေကနေ နောက်ဆုံး ထွက်ခွာ လာခဲ့တာ ၊၊ မှတ်မှတ်ယယ အခုလို အောက်တိုဘာ ၊ နိုဝင်ဘာပေါ့ ၊၊ စာမေးပွဲတွေ ပြီးတော့ နိုဝင်ဘာ မှာ ထင်ပါရဲ့ ၊၊ ကျောင်းဆောင်ကြီးတွေကို လွမ်းလိုက်တာ ၊၊ လက်ခုပ်ပင်ထီးထီးကြီးကို လွမ်းလိုက်တာ ၊၊ ပြီးတော့ စွယ်တော်ပင်လေးတွေကို လွမ်းလိုက်တာ ၊၊ ကျောင်းကင်တင်းလေးကို လွမ်းလိုက်တာ ၊၊ အရာအားလုံး ဟာ လွမ်းစရာတွေ ပါလား ၊၊ အင်း နောက် လွမ်းနေတာလေးလည်း ရှိပါသေးရဲ့ ၊၊ ခုချိန်ထိလွမ်းလို့ကောင်းနေ ဆဲ ကိုယ်မှာ လွမ်းစရာ ဒါလေးပဲ ရှိတာကိုး P: ၊၊
ဘယ်သူတွေ ၀လာပြီလဲ၊၊ ဘယ်သူတွေ ဘာတွေ များဖြစ်နေကြပြီလဲ ၊၊ ဘယ်လိုတွေများဘ၀ကို ကျော်ဖြတ်နေ ကြပြီလဲ ၊၊ ကျောင်းတုန်းက ခပ်ပိန်ပိန်ကောင်မလေးလည်း လူသေးသေးလေးနဲ့ ဖြစ်နေပြီလား ၊၊ အင်း ဘာတွေ များပြောင်းလဲနေကြပြီလဲ ၊၊ သိချင်မိပါရဲ့ ၊၊ ဒါပေမယ့် လူတွေကြည့်မယ့် အပြစ်မကင်းတဲ့ အကြည့်တွေကိုလည်း ရင်မဆိုင်လိုသေး ၊၊ ရင်မဆိုင်ချင်သေး ၊၊ တက်နိုင်ဘူးရယ် ၊၊ လာမယ်လို့ပြောပြီးမှတော့ သွားရတော့မှပဲ ၊၊ အနည်း ဆုံး လူတွေ မမြင်ထဲ ရင်ထဲက အနာကို ပလစတာလေးအုပ်ပြီး ပြုံးပြုံးလေး လုပ်နေရအုံးမှာပေါ့လေ ၊၊ ကြာလှ ၄ နာရီပေါ့ ၊၊ အင်းဒီတစ်ခါတော့ ဆြုံဖစ်ကြပြီပေါ့ ၊၊
ဘယ်သူတွေ အိမ်ထောင်တွေ ကျနေပြီလဲ ၊၊ ဘယ်သူတွေ တစ်ယောက်တည်း ဘ၀ကို ဖြတ်သန်းနေလဲ ၊၊ အင်း ဟိုးငယ်ငယ်တုန်းက ထင်ခဲ့ဘူးတဲ့ အသက်ခပ်ကြီးကြီး လူပျိုကြီး တွေ ဆိုတာ ကိုယ်တိုင်ဖြစ်နေပါရောလား ၊၊ ဘု ရားဘုရား ၊၊ မထင်မှတ်ထားတာတွေ ဖြစ်နေပါရောလား ၊၊ အဲဒီနေ့ဆုံဖြစ်ကြရင် မထိခလုတ် ထိခလုတ်ပြော တာတွေကို ကြားရအုံးမယ် ၊၊ သနားစရာသတ္တ၀ါတစ်ကောင်လို ၀ိုင်းကြည့်တာကို ခံရအုံးမယ်၊၊ အင်းကိုယ်ထင် တာလဲဖြစ်မှာပါလေ ၊၊ သူတို့က သာမာန်ကြည့်တာနေမှာပါ ၊၊ အင်းဟိုတစ်နေ့က သူငယ်ချင်းတချို့နဲ့ ပြန်ဆုံဖြစ် တော့ ၊၊ နည်းနည်းပိန်သွားတာကလွဲရင် မင်းက ဒီအတိုင်းပဲနော် ၊၊ ဘာမှ မပြောင်းလဲဘူးတဲ့ ၊၊ ပြောတဲ့သူတွေက တကယ်လို လူကြီးတွေ ဖြစ်လို့ပါလား ၊၊ ဗိုက်ကြီးတွေ ထွက်လို့ လူကြီးကြီးတွေ ဖြစ်နေပါရော့လား ၊၊ အင်း သူတို့ သူငယ်ချင်းကျွန်တော်ကတော့ အရင်အတိုင်းပါပဲ ၊၊ ဘာမှ မပြောင်းလဲသေးပါဘူး ၊၊ ဟိုးတုန်းကလို အထိးကျန် တစ်ယောက်တည်းဘ၀ ကို ဖြတ်သန်းနေဆဲ ပါပဲလေ ၊၊ ဘ၀က တစ်ယောက် တည်း အထိးကျန် နေဖို့ ၊ ဖြတ်သန်း ဖို့များ ပြဌာန်းခဲ့လေသလားကွယ် ................

12 comments:

နေဒေးသစ် said...

အမြဲတမ်း အဲလိုကြီးလည်း မဖြစ်နိုင်လောက်ပါဘူးလေ ..
ခပ်ပိန်ပိန်ကောင်မလေးက လူသေးသေးလေးနဲ့ ဖြစ်နေနိုင်သလို ..
အသက်ကြီးကြီး ကိုလူပျိုကြီးလည်း ကလေးတစ်သိုက်နဲ့ ဖြစ်နေနိုင်ပါသေးတယ် .. ဟဲဟဲ ..
တူတွေ တူမတွေလည်း ဖြစ်ကောင်း ဖြစ်မှာပေါ့လေ ။။
ဟဟ

နေဒေးသစ်။

Anonymous said...

တကယ်ဆုံဖြစ်ကြတဲ့အခါ ဘာတွေများ ပြောဖြစ် ကြမလဲ ???

mae said...

ပြောချင်နေတာတွေ နေဒေးဦးသွားတယ်.... x(

တစ်ယောက်တည်းဖြစ်တိုင်းလဲ အထီးမကျန်ပါဘူး.. အကောင်းဘက်က လှည့်တွေးပါ၊ မိန်းမက ပွစိပွစိလုပ်တာ မခံရဘူးပေါ့၊ အဟတ်..

Yu Ya said...

Superlative Degree တွေ သိပ်များနေပါရော့လား သူငယ်ချင်းရယ်..

ဟေ့ Anonymous ရေ.. တကယ်ဆုံဖြစ်ကြတဲ့အခါ ဘာတွေပြောမလဲ သိပ်သိချင်နေလား...

“Hello! Darling... Long Time No See!! You'd been terribly better-looking as usual. It's heartily glad to see you again.!

:P Anonymous ရေ.တော်ပြီ ဒီလောက်ဆိုရင်.. တစ်ခြားသူငယ်ချင်းတွေလည်း နှုတ်ဆက်ရအုံးမယ်လေဗျာ။ စကားမစပ် ခင်ဗျား အရမ်းစပ်စုတာပဲ..အဟီး။

yu ya

မယ်ကိုး said...

ကြေငြာတာလား ။ ကြော်ငြာတာလား။
စတာနော် :P

ဝက်ဝံလေး said...

အော် ကိုမင်းအိမ်ဖြူကလဲ သွားတွေ့ရမှာများ ကြောက်နေသေးတယ် ဟာသတွေ ပြောပေါ့ လို့ ဘာဖြစ်လဲ တယောက်တည်း ရှိနေရင် စိတ်ရှုပ်ရတယ် အခုတော့ တယောက်တည်း လွပ်လွပ်လပ်လပ် ဟုတ်ဘူး တကယ်လို့ ရှိနေရင် မိန်းမကို မိန်းမရေ ကိုယ် gathering သွားမလို့ ဆိုပြီး ခွင့်တောင်းရဦးမယ် အခုတော့ တွေ့လား အင်းဆိုပြီး ခေါင်းညိမ့်လိုက်တယ်မလား ဘယ်သူမှ တိုင်ပင်စရာမလိုပဲနဲ့ ကဲ မကောင်းဘူးလား ဟွင်းးးးး အကောင်းဘက်က လှည့်တွေးပါ ဟဟဟဟ ဘိုင် တာ့တာ လျှာရှည်သလိုဖြစ်ရင် ခွင့်လွှတ် ဟိဟိ

Mogok Thar said...

ငါလေ တစ်ယောက်ထဲ အထီးကျန်...
အော် ငါလေ တယောက်ထဲ အထီးကျန်

(အင်း၊းဒီမှာတော့ လမ်းဘေး ထိုင်စရာ ကဖေးလဲ မရှိပါလားနော်)

ညီမင်းအိမ်ရဲ့ စာကလေး ဖတ်ပြီး ထူးအိမ်သင်ရဲ့ သီချင်းလေး ဆိုသွားပါသည်။

ပျော်ရွှင်ပါစေ ညီလေးရေ။

ခင်မင်လေးစားစွာဖြင့်

Lucifer said...

အော်....အသက်ကလေးကရလာပြီဆိုတော့ဒီလိုနေမှာပေါ့

သူကြီးမင်း (တုံးဖလား) said...

ဟုတ်ပါ့။ ဖတ်ရင်းနဲ့ လွမ်းချင်သလိုလိုဖြစ်နေမိတယ်။ သို့သော် ဘာကို လွမ်းရမှန်းမသိ။

မင်းနေဝေး said...

ဟုတ်တယ် .. တွေ့လည်းတွေ့ချင်တယ်
တွေ့လည်း မတွေ့ချင်ဘူး ..
ဝေးဝေးကနေ သတိရနေတာပဲကောင်းမလား ?

မငုံ said...

သူငယ်ချင်းဟောင်းတွေ ပြန်ဆုံတော့ ကောင်းတာပေါ့။ ပျော်စရာကြီး

မင်းနေဝေး said...

blog မပိတ်သေးပါဘူးဗျ ....
အကြွေးတောင်းမှာစိုးလို့ပါ .... :P
cbox မှာအော်မရလို့ မန့်လိုက်ပြီဗျာ ....