Thursday 3 September 2009

ပုထိုးတော်ကြီး





ရန်ကုန်မှာ ရှိနေတုန်းကရောက်ဖြစ်ခဲ့တဲ့ ဘုရားတစ်ဆူပါ ၊၊ မြောက်ဥက္ကလာ ဘက်မှာ တည်ရှိပြီး ၊ သဗ္ဗေညုပုထိုးတော်ကြီးလို့ ဘွဲ့တော်ရပြီး ဆရာလေးတစ်ပါးမှ ဦးဆောင်တည် ထားတယ်လို့ သိရပါတယ် ၊၊ လမ်းမသင့်တာကြောင့် တော်ရုံရောက်ဖို့တော့ ခဲယဉ်းပါ လိမ့်မယ် ၊၊ မယ်လမုဘုရားအရှေ့ဖက် မှ လမ်းသွယ် အတိုင်း ၀င်သွားရပြီး အတော်အတန် ကို လှမ်းပါတယ် ၊၊ နောက် အိမ်ကြို အိမ်ကြား ကသွားရတဲ့အတွက် လမ်းကြောင်း မဖြောင့်တာလည်း အမှန်ပါပဲ ၊၊ ကျွန်တော်တောင်မှ ကိုယ့်စိတ်ကူးလေးနဲ့ကို ရောက်ဖြစ်သွား ခဲ့တာပါ ၊၊

အများအားဖြင့် ရန်ကုန်မှာ ဘုရားဖူးသွားမယ်ဆိုရင် ရောက်ဖြစ်တာက ရွှေတိဂုံပါပဲ ၊၊ ကျန်တဲ့ စေတီတော်တွေကိုတော့ ၁၀ ကွေ့တစ်ကွေ့ ကိုးကွေးတစ်ခါ ဆိုသလို သိပ်မရောက် ဖြစ်ခဲ့ပါဘူး ၊၊ အဲဒီမှာ ကျွန်တော် စိတ်ထဲမှာ စိတ်ကူးလေးတစ်ခုပေါ်လာ တာကတော့ ရန်ကုန်မှာရှိနေတဲ့ ကာလလေးမှာ ရန်ကုန်တစ်မြို့လုံးမှာ ရှိနေတဲ့ ဘုရားတွေကို ဖူးဖြစ်အောင်ဖူးမယ် ဆိုတဲ့ စိတ်ကူးလေးပါပဲ ၊၊ ဒါနဲ့ပဲေ၇ာက်ဖြစ် ခဲ့ တာပါ ၊၊

လမ်းကြောင်းသင့်တဲ့ ဘုရားတွေကို ၂ ဆူ ၃ ဆူ ခွဲပြီးလမ်းကြောင်းလေးတွေ ဆွဲပါတယ် ၊၊ နောက် နံပါတ်လေးတွေ ခွဲပြီး မဲလိပ်လေးတွေ လိပ်ပါတယ် ၊၊ နောက် ဗူးလေးတစ်ခုထဲကို ထည့်ပြီး ဘုရားစင်ပေါ်တင်ထားလိုက်ပါတယ် ၊၊ သွားမယ့်မနက်မှာ ဘုရားကန်တော့ပြိး မဲတစ်လိပ်ကို နှိုက် ပြီး မဲကျတဲ့လမ်းကြောင်းကို သွားတာပါ ၊၊ ရုံးအားတဲ့ တနင်္ဂနွေတိုင်း သွားဖြစ်ခဲ့ပါတယ် ၊၊ လမ်ကြောင်း အနီးအဝေးကို လိုက်ပြီး တခါတလေ ၂ ဆူ တခါတလေ ၃ ဆူ သွားလို့ရပါတယ် ၊၊ ဒီလိုနဲ့ အနီးတစ်ဝိုက် ဘုရားစုံကို ရောက်ဖြစ်ခဲ့ပါတယ် ၊၊ ဟိုးဖက် စော်ဘွားကြီးကုန်းဘက်က အာလိန်ငါးဆင့် ဘက်ထိတောင်ရောက်ဖြစ်ခဲ့ပါတယ် ၊၊ တော်ရုံဆို မရောက်ဖြစ်တဲ့ဘုရားတွေပေါ့ ၊၊ ထူးထူးဆန်းဆန်းဖြစ်နေမလား လို့တွေး မိပေမယ့် ကောင်းသောအချိန်ကုန်ခြင်းနဲ့ တော်ရုံ မရောက်ဖြစ်တဲ့ ဘုရားတွေကို ဖူးဖြစ်ခဲ့တာ အမြတ်ပါပဲ ၊၊ နောက်တစ်ခု တိုက်တိုက်ဆိုင်ဆိုင် သတိထားဖြစ်ခဲ့တာက ပထမဆုံး မဲကျတဲ့ လမ်းကြောင်းက ဘယ်လမ်းကြောင်းများဖြစ်မယ် ထင်ပါသလဲ ၊၊ နံပါတ်တစ် ဖြစ်တဲ့ ရွှေတိဂုံ စေတီတော်ကြီးပါတဲ့ လမ်းကြောင်းပါပဲ ၊၊ ဒါကြောင့်အဲဒီ အစီအစဉ်မှာ ရွှေတိဂုံကို စတင်ဦးတိုက်ခွင့်ရခဲ့ပြီး နောက်ဆုံးရန်ကုန်က ခွဲခွာခါနီးမှာ လည်း ရွှေတိဂုံကို ပဲ ဦးတိုက်လို့ အဆုံးသတ်ဖြစ်ခဲ့ပါတယ် ၊၊
( စိတ်ကူးကတမျိုးပါလားလို့ မတွေးနဲ့နော် ၊ ကျွန်တော်က အဲဒီလိုပဲ လူတွေ အားမပေးတဲ့ ဘက်ကပဲ ကူပါချင်တာလေ ၊ စိတ်ကူးကလည်း ခပ်ကြောင်ကြောင်ပဲ ဟာဟ )
ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

10 comments:

chocothazin said...

ဘုရားဖူးသွားတဲ့လမ်းကြောင်းလေးတွေပါမျှဝေပါလား။ ရန်ကုန်ပြန်ရင် သွားချင်လို့ ပါ။

မေဇင် said...

အင်း....ဒီ တစ်ခေါက် ရန်ကုန် ပြန်ရင် သွားနိုင်ဖို့ ကြိုးစားဦးမယ်..။း) ပုံကြည့်တာတော့ စိတ်ဝင်စားစရာ ကောင်းတယ်နော်...။

လင်းဒီပ said...

သာဓုပါဗျာ ဘုရားဒကာကြီး..ကျွန်တော်လည်း ဒီဘုရားကို မြင်နေရက်က သွားမဖူးဖြစ်ဘူး..။

Anonymous said...

ဘုရားတွေ လိုက်ဖူးတာ ဘယ်လိုပဲဖြစ်ဖြစ် မြတ်တဲ့လုပ်ရပ်ပါ.. အားကျလိုက်တာ..

မယ့်ကိုး said...

စာပြန်ရေးဖြစ်တာ ဝမ်းသာလိုက်တား)
ဘုရားဖူးဖို့လည်း မှတ်သွားတယ်နော် ...

Mogok Thar said...

ဟားးး
ရန်ကုန်ပြန်ရင် ဘုရားဖူးဖို့ မြေပုံ လမ်းညွှန် မိတ္တူ တောင်းသွားမှပဲ
အင်မတန် ကောင်းတဲ့ စိတ်ကူးလေး...

ပျော်ရွှင် ချမ်းမြေ့ပါစေ

chocothazin said...

ဟေ့လူ တောင်းဆိုတဲ့လူတွေများနေပြီ။
ဘုရားဖူးမြေပုံကို ပို့ စ်တစ်ပုဒ်တင်ပေတော့။

chocothazin said...
This comment has been removed by the author.
နွေးနေခြည် said...

ဟုတ်တယ်ဗျို့ မြေပုံလေးတင်ပေးပါ။
မြောက်ဥက္ကလာပုထိုးတော်ကြီးတော့ ကျောင်းသွားရင် ကျောင်းကားပေါ်ကနေ လှမ်းမြင်နေရတယ်။ သေချာတော့မရောက်ဖူးဘူး။

မင်းအိမ်ဖြူ said...

ကျွန်တော်မြေပုံတင်ချင်ပါတယ်
ကျွန်တော်လည်း မသိတော့ဘူး P:
တကယ်ပြောတာပါ ၊၊ ဘယ်လိုသွားလဲသိလား ၊ မယ်လမုဘုရားကိုသွားဖူး ပြီူတော့မှ ဘုရားကြီးကို လှမ်းမြင်နေရတယ်လေ ၊ အဲဒါ လမ်းကြိုလမ်းကြား အိမ်ကြိုအိမ်ကြားကနေသွားခဲ့တာ P : တကယ် မယုံမရှိနဲ့
ကားနဲ့သွားချင်တယ်ဆိုရင်တော့ အခုဂုံးကျော် တံတားအသစ် ရှိတယ်လေ အဲဒီအောက်လမ်းကဆို ဒါရိုက်ကားဝင်လို့ရပါတယ် ဗျာ.....
မြန်မာပြည်ပဲဗျာ မခက်ပါဘူး ပါးစပ်ပါ ရွာရောက်ပါတယ်
ဟဲဟဲ......
လေယာဉ်ပေါ်ကတောင် ပြန်ရင်မြင်ရပါတယ်ဗျာ ၊၊ ဘုရားကြီးက အကြီးကြိးရယ် ...
ဟဲဟဲ ကပ်ကျော်ဘုရားလေ....

ပျော်ရွှင်ကြပါစေဗျာ