Saturday 5 September 2009

SMRT ခိုးစီးရအောင်

စင်ကာပူကိုရောက်လာတော့ ကျွန်တော့်အတွက်တော့ မမြင်ဘူးတာလည်း မြင်ရသလို မကြားဘူးတာလည်း ကြားရပါတယ် ၊၊ မတွေ့ဘူးတာတွေလည်းတွေ့ရပါတယ် ၊၊( ဒီနေ့ရတဲ့ Forward မေးထဲကလိုတော့ ဓါတ်ပုံတွေ ခိုးမရိုက်ပါဘူး ) ၊၊ မြင်မြင်သမျှ အထူးအဆန်းတွေ ချည်းပါပဲ ၊၊ တကယ်ပါ ၊၊ အိမ်ကလူတွေကို ခေါ်ပြချင်စိတ်တွေ တဖွားဖွားပေါ်မိပါတယ် ၊၊ အမျိုးတွေကိုလည်း ပြချင်မိပါတယ် ၊၊ ဒါအထင်ကြီးတာမဟုတ်ဘူးနော် ၊၊ ကိုယ့်ဆီမှာ မရှိတာတွေကို သိစေချင် ၊ ပြချင်မိတာသပ်သပ်ရယ်ပါ ၊၊

တောသား ပထမဆုံး အံအားသင့်ရတာက ကဒ်လေးကပ်လိုက်ရင် တီ ဆိုပြီး တံခါးလေးပွင့်သွားတဲ့ MRT ပါပဲ ၊၊ တကယ်ကို အထူးအဆန်းပေါ့ ၊၊ အဲ ဆရာလုပ်သူက ကျွန်တော့်အရှေ့ ၂ ပတ်လောက်စောရောက်နေတဲ့ အစ်မ ပေါ့ ၊၊ သူကခပ်တည်တည်ပဲ ၀င်သွား ၊ ကိုယ်ကနောက်က၀င်သွားပေါ့ ၊၊ ဟုတ်နေတာပဲ ၊၊ နောက်ရောက်တဲ့ဘူ တာကျတော့ ဆင်းပြီး ကဒ်လေး တီ ဆိုပြီး ထွက်သွား ဟန်ကိုကျလို့ဗျ ၊၊ ပထမဆုံး စပြီးစဉ်းစားမိတာက ဘယ်လို ငွေကိုဖြတ်သွားလဲပေါ့ ၊၊ အဲဒီမှာတောသား အုံးစားပြီ ၊၊ တကယ် ၊၊ သူကဘယ်လိုလုပ်သိလဲပေါ့ ၊၊ ငါ့ကို ဘယ် လောက် ကောက်ပြီး သူများတွေကို ဘယ်လောက်ကောက်လည်းပေါ့ ၊၊ တောသား စဉ်းစားပြီ ၊၊ ခုထိလည်း သေချာတော့ မရေရာသေးပေမယ့် ၊၊ သိသင့်သလောက်တော့ သိသွားပါပြီ ၊၊

မှတ်မှတ်ယယ MRT ထဲမှာ နေတာကြာသွားလို့ Over Stay ဆိုပြိး တခါလည်း ၂ ကျပ်ဖြတ်ခံထိဘူးပါတယ် ၊၊ ခရီးကလည်း သိပ်မရှည်ပါဘူး၊၊ Tempanies ကနေပြီး City Hall အဲဒီမှာ ရထားပြောင်းပြီး အနီလိုင်းစီး ပြီးတော့မှ Jurong East ကိုသွား ပြီးတော့ တခါပြောင်းပြီး Lake Side ထိရောက်အောင်ထပ်စီး ပြီးတော့မှာ ပြန်လာ Yishun မှာ ဂိတ်ဆုံးတာပါ ၊၊ ထွက်လည်းထွက်ရော ပေးမထွက်တော့ဘူးဗျ ၊၊ မီးနီပြပြီး တတီတီ လုပ်နေ ပါရောလား ၊၊ ဒါနဲ့ပဲ ၂ ကျပ်ထွက်သွားရော ၊၊ ပြောလိုက်သေးတယ် နောက်ကို ဒီလောက်ကြာ အောင် မစီးပါနဲ့တဲ့ ၊၊ ကိုယ်မှ မသိတာကို စီးမိတာပေါ့ဗျာ ၊၊ ထားလိုက်ပါတော့ ကြုံခဲ့ဘူးတာလေးပြောတာပါ ၊၊ အဓိက ပြောချင်တာက ငွေကုန်သက်သာအောင် ခိုးစီနည်းပါ ၊၊

MRT ကတော့ မလွယ်ဘူးဗျ ၊၊ အဲ ဘတ်စ်ကားတွေကတော့ လွယ်ပါတယ် ၊၊ ကိုယ်စတက်ပြိး ကဒ်လေးကို ကပ်လိုက်ပါ ၊၊ တီဆိုပြီး ၀င်သွားလိုက် ၊၊ ပြီးရင်ယောင်လည်လည်နဲ့ မတ်တပ်လေးရပ်နေပါ ၊၊ နောက်တစ် မှတ်တိုင်လည်းရောက်ရော ထပ်ကပ်လိုက်ပါ ၊၊ တီဆိုပြီး ကိုယ်ဆီက ငွေဖြတ်သွားပြီး ၊၊ ပြီးပြီဆိုတော့မှ နောက်က ခုံအလွတ်မှာ သွားထိုင်စီး ၊၊ ဘာပိုက်ဆံမှ မပေးရပါဘူး ၊၊ တွက်ခြေကိုက်ပါတယ် ၊၊ ကျွန်တော်တော့ တကယ်ကို တခါမှ မလုပ်ဘူးပါဘူး ၊၊ တကယ်ပါဗျာ ၊၊ ( ကျန်တာတော့လုပ်ပါတယ် )

အဲဒီအကြံပေးသွားတာကတော့ အသက် ၂၂ ၀န်းကျင် ဒီမှာ လာအလုပ်ရှာတဲ့ကောင်လေးတစ်ယောက်ပါ ၊၊ ကျွန်တော် တော်တော်လည်း လန့်သွားသလို တော်တော်လည်း အံအားသင့်မိပါတယ် ၊၊ တကယ်ပါ ၊၊ သူပြော မှ ဒီလိုလုပ်လို့ရတယ်ဆိုတာ သိတာပါ ၊၊ ကျွန်တော်ဘာပြန်ပြောရမှန်းကိုမသိတော့ပါဘူး ၊၊ ကျွန်တော် တကယ်လူ ကောင်းမဟုတ်ပါ ၊၊ မဟုတ်တာလည်းလုပ်ချင်ရင် လုပ်မိပါတယ် ၊၊ ဒါပေမယ့် ဒီလိုမျိုးတော့ မလုပ်လည်း မလုပ်ရဲသလို မလုပ် အပ်ဘူးလို့လည်း ထင်မိပါတယ် ၊၊ ကျွန်တော် အဲဒီညီငယ်လေးကို ပြောလိုက်ပါတယ် ၊၊ " အစ်ကိုတို့ကို အစ်ကိုတို့ အစိုးရက ဂရုမစိုက်လို့ သူများနိုင်ငံမှာ လာအလုပ်လုပ်နေရပါတယ် ၊ သူတို့ကောင်း တယ်မကောင်းဘူး အစ်ကို ဘာမှ မပြောချင်ဘူး ၊ ဒါပေမယ့် ညီတို့ကို ပေးထားတဲ့လခနဲ့ ကိုယ်တစ်ကိုယ်ရေ သုံးစာတော့ ကောင်းကောင်းလောက်ငှပါတယ် ၊ ကိုယ့်အပေါ် မကောင်းဘူး ဆိုရင်တောင် သူတို့ လည်း သူတို့ အလုပ်သူတို့လုပ်နေတာ အစ်ကိုတို့က လာတဲ့ခဏမှာ ကိုယ့်အလုပ်ကိုယ် လုပ်တာ တာဝန်ကျေတာ မကောင်းဘူးလား ၊ သတိတော့ထားပါ ၊ တခါတလေ လာစစ်တဲ့သူတွေ ကားပေါ်မှာ ရှိတက်တယ် " လို့တော့ သတိပေးလိုက်ပါတယ် ၊၊ အဲဒါတကယ်ပါ ၊၊ ဘယ်လိုပြောရမလဲ ၊၊ ဟုတ်ကဲ့ဘယ်လိုပြောရမှန်းကို မသိတာပါ ၊၊
လေးစားစွာဖြင့်
မင်းအိမ်ဖြူ
(ဒီပိုစ့်လေးကို ရေးချင်နေတာကြာပါပြီ ၊၊ ဒီနေ့တော့ ရလာတဲ့ အီးမေးထဲက ဓါတ်ပုံတွေ လိုက်ရိုက်လို့ အဖမ်းခံ လိုက်ရတယ် ဆိုတဲ့စာလေးကြောင့် ဒီပို့စ်လေးကို တင်လိုက်မိတာပါ ၊၊ ဘယ်သူ့ကိုမှ ထိခိုက်စေလို ခြင်း မရှိပါ ၊၊ အမှားပါရင် ဆောရီးဗျာ )

10 comments:

ရွှန်းမီ said...

သူ့စည်းကိုယ့်စည်းလေးနဲ့နေတာ ကောင်းပါတယ်..
စစ်တဲ့သူတွေ ကားပေါ်တက်လာတတ်ပါတယ်.. တက်ချင်တဲ့မှတ်တိုင်ကနေ တက်စစ်ပါတယ်.. အဆင်း card tap လုပ်ပြီး ဆက်စီးနေသူတွေ၊ တက်ကတည်းက မယောင်မလည်နဲ့ tap မလုပ်သွားသူတွေ အပြင် ကျောင်းသားမဟုတ်ဘဲ သူများကျောင်းသားကဒ်သုံးစီးနေတဲ့သူတွေပါ ရှိမရှိ စစ်ပါတယ်..
ကိုယ့်ကျောင်းသားကဒ်နဲ့ကိုယ် စီးတာတောင် ဓာတ်ပုံမထင်ရှားရင် ရစ်ချင်ကြပါသေးတယ်..

ကိုလူထွေး said...

သြ...အကျင့်တွေ မဖျောက်နိုင်ကြပဲကိုး...း)

လုပ်ဖူးတယ်ရှိအောင် တခါတလေလုပ်ကြည့်တာတော့ ကောင်းပါတယ်...

ကိုယ်လဲအမြဲအဲလိုကျင့်...သူလဲဒီလိုကြံဆိုရင် နောက်ဆုံးတော့ MRT လဲ အရှုံးပေါ်ပြီး ဆွဲမပေးနိုင်တော့ဘူး ဖြစ်လိမ့်မယ်...

အဲဒီအခါကျမှ ခြေကျင်ဒိုးနေရရင်လဲ သိပ်မနိပ်ပါဘူးလေ...

းဝ)

ဝက်ဝံလေး said...

MRT ဆိုတာ ဘာလဲဆိုတာ ညီမက ဘလော့ဂ်လိုက်ဖတ်မှ သိတယ်လေ ဟိဟိ ကောင်းပါ့

ကိုမင်းအိမ်ဖြူရေ အဲလို စိတ်မကောင်းဖြစ်အောင် မပြောပါနဲ့ ညီမ တဂ်ထားပါ့တယ်နော် ဟွင်းးးး များဂါကို ဟွန်းးးးး

ကိုရင်နော်ခင်လေးငယ် said...

သွားလိုရာကို တန်ရာတန်ကြေးပေးပြီး သက်သောင့်သက်သာ သွားလိုက်တာ သိက္ခာရှိပါတယ်.. ဘာမဟုတ်တဲ့ ငွေလေး ငါးမူး တစ်ကျပ်အတွက်နဲ့တော့ ရိုးသားမှုကို မလဲသင့်ပါဘူး...

ခိုးစီးတာမိသွားရင်.. မြန်မာလူမျိုး တစ်ယောက် ခိုးစီးတယ် ဆိုပြီး ဖြစ်သွားမှာပါ..

ဓါတ်ပုံကိစ္စလည်း ဒီလိုပဲ ဖြစ်သွားတာပါ..
စိတ်ပျက်စရာပါပဲ..

ကိုယ့်တိုင်းပြည်နိမ့်နေပေမယ့် စိတ်ဓါတ်လေးတွေ မြင့်ထားကြရင်ကောင်းမယ်..

ခင်မင်လေးစားချစ်ခြင်းအားဖြင့်..

မယ့်ကိုး said...

ခိုးစီးတဲ့သူငယ်ချင်းတစ်ယောက်ရှိဖူးတယ်။ သူကတော့ ဒဏ်ဆောင်လိုက်ရတယ်...
လမ်းဖြတ်ကူးသူတွေကော
လူမျိုးတိုင်းမှာ ဒီလိုတစ်ချို့က ရှိနေမှာပါ။ အားလုံးက ကိုယ့်အသိနဲ့ကိုယ်ဆိုတော့ သွားပြင်လို့ကလည်း ဆရာလုပ်တယ် အထင်ခံရမှာလည်း ကြောက်ပါတယ်။

မင်းနေဝေး said...

ကောင်းပါတယ် မကောင်းပါဘူး .. :D
ကိုမင်းအိမ်ရေ ခုမှပဲ ရောက်တော့တယ်ဗျ ...
ရှာမတွေ့တာလားပဲနော့ ... :D ပျော်ရွှင်ပါစေဗျာ ...

Lucifer said...

ကို မင်းအိမ်ရေ.. မမီးလည်း လုပ်ရင် ရမှန်းတော့ သိတယ်..
ဒါပေမယ့် မလုပ်ဖြစ်ဘူး..ကိုယ့်ကိုကိုယ်ရှက်လို့ ..အများဆုံးလုပ်နေတာတွေ့တာက တော့ သူတို့နိုင်ငံသားတွေ လုပ်လေ့ရှိတယ်..

mae said...

လာဖတ်ပြီး ပြုံးသွားတယ်

ကျမတွေ့ဖူးတာလေ၊ အဖိုးကြီးတစ်ယောက်၊ တရုတ်တန်းကနေ တက်တယ်၊ ဘယ်ဆင်းလဲတော့ မမှတ်မိတော့ဘူး၊ တပြားမှ မပေးတာ၊ driver က ဘယ်လောက်အော်အော် ငေါက်ငေါက် မရဘူး၊ နေ့တိုင်းပဲ၊ မရှိလို့လဲ ဖြစ်မှာပေါ့

ကိုမင်းအိမ် ဟိုကလေးကို ပြောပြတာ ကောင်းပါတယ်၊ မိသွားရင် လူမျိုးတစ်မျိုးလုံးနဲ့ ကိုင်ပေါက်ပြီး အပြောခံရမှာ..

Mogok Thar said...

ညီမင်းအိမ် ရေ...

အကိုတောါ သွားကိုက် စက်ပျက် နေတာနဲ့ ဘယ်မှ သိပ်မရောက်ဖြစ်တော့ဘူးကွာ။

ဒီနေ့တော့ ရုံးချိန်ထဲ အလုပ်တစ်ဖက်နဲ့ လည်နေတာ။

အင်း၊ ကို့်လူမျိုးတွေ ဂုဏ် မြင့်ဖို့၊ နိမ့်ဖို့က ကိုယ်တို့ နိုင်ငံသား ကိုယ်စီတိုင်းမှာ တာဝန် ရှိကြတာပဲလေ.. နော။

ခုလို ပို့စ်လေး ရေးတင်ပြီး ပြောပြပေးတာ ကျေးဇူးပါဗျာ။

chocothazin said...

ဘတ်စ်ကားပေါ်မှာ အဲလိုလေး အထွက်ပေါက်မှာ တီဆိုမြည်အောင်ခိုးစီး။ နောက်တော့ ခုံလွတ်မှာထိုင်လိုက်သွား။ အဲ နောက် တစ်မှတ်တိုင်လည်း ရောက်ရော လက်မှတ်စစ်(mrt card စစ်တဲ့လူ)လည်းလာရော ကွိကနဲ ခိုးစီးတာမိရောပေါ့။ အဲလိုမလုပ်ပါနဲ့ ။ မြန်မာတွေ ခိုးစီးတယ်ဆိုတာကြီးဖြစ်ပါဦးမယ်။