Thursday 1 October 2009

သီတင်းကျွတ်ပြန်ပြီ



"ဟေ့လူပျိုကြီး သီတင်းကျွတ်ပြီကွ"
" ဆရာမရေ သီတင်းကျွတ်ပြီနော် "

" သီတာ ရေ သမီးလေး သီတင်းကျွတ်ပြီနော် "

" မောင်ဘိုဘို ရေ သီတင်းကျွတ်ပြီနော် ၊ဘာအစီအစဉ်တွေ ရှိတုန်း "
ငယ်ငယ်တုန်းက သီတင်းကျွတ်တယ် ဆိုရင် ပျော်လိုက်ရတာ ၊၊ မီးအိုးဗျောက်အိုးတွေ ဖောက်ကြ ၊၊ မီးပုံးပျံတွေ လွှတ်ကြ ၊၊ တောဓလေ့ရွာဓလေ့ ဘုရားလှည့်ပွဲတွေ ၊ ဆွမ်းဆန်လောင်းလှူပွဲတွေနဲ့ အင်မတန်မှ ပျော်ရွှင်ခဲ့ဖူး ပါတယ် ၊၊ ငယ်ငယ်တုန်းကပေါ့ ၊၊ တစ်ယောက်နဲ့တစ်ယောက် စကြနောက်ကြ ၊၊ လူကြီးမိဘတွေကို အဒေါ်တွေ ဦးလေးတွေကို လှည့်ပတ် ကန်တော့ရင် မုန့်ဖိုးတွေ တောင်းကြ ပေါ့ ၊၊ အခုတော့လည်း ဒီလိုမလုပ်ရတာ ကြာပေါ့ ၊၊

စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ် ၊၊ အပျိုကြီးလူပျိုကြီးတွေက သီတင်းကျွတ်ပြီနော်လို့ ပြောရင် အလိုလို စိတ် ဆိုးကြတယ်တဲ့ ၊၊ သူတို့စိတ်ထဲမယ်တော့ ငါတို့ကို စော်ကားတယ် ၊ မလေးမစား နောက်ပြောင်တယ်လို့ ထင်တက် ကြတယ်တဲ့ ၊၊ ကိုယ်ကိုတိုင်လည်း စခဲ့နောက်ခဲ့ဖူးပါတယ် ၊၊ ဘာရယ်တော့ဟုတ်ပါဘူး ၊၊ ဟိုလူကြီး သီ တင်းကျွတ်ပြီနော် ၊၊ ဟေ့ သီတင်းကျွတ်ပြီနော် စသည်ဖြင့်ပေါ့ ၊၊ ကိုယ်မှ မခံစားဖူးတာ ၊၊ စတာပေါ့ ၊၊ အင်း သူတို့ ထင်သလိုလဲ စိတ်ဆိုးစရာ မဟုတ်ပါဘူးရယ်လို့ထင်ခဲ့တာကိုး ၊၊ အင်းအခုတော့ စတော့ပါဘူးဗျာ ၊၊ ဘာလို့လည်း ဆိုတော့ အင်း................. ကိုယ်တိုင်လည်း စိတ်ဆိုးချင်သလိုလို ၊ ပြန်ပြောချင်သလိုလို ၊ တော်တော် ခံရခက် တဲ့ ဝေဒနာကိုး ဗျ ...................

ပျော်ရွှင်ပါစေ
မင်းအိမ်ဖြူ

8 comments:

chocothazin said...

ဟားဟား ဟေ့လူကြီးသီတင်းကျွတ်ပြီနော်။
မီးပုံးထွန်းဖို့ မေ့မှာစိုးလို့ ပါ။

လသာည said...

အဟိ.. ဘာရယ်တော့ဟုတ်ပါဘူး ၊၊ ၊ ဟေ့ သီတင်းကျွတ်ပြီနော်။ လူကြီးသူမ ကန်တော့ဖို့လည်း မမေ့နဲ့။ စောင့်နေတယ်သိလား :P လူကြီးသူမ လသာည

ဝက်ဝံလေး said...

အော် ကဲ ကြည့် ဒီသီတင်းကျွတ်တာပဲ လာပြောနေတယ် ဒေါသထွက်တယ်နော် ဟွင်းးးးး တာ့တာ ဘိုင်

လင်းဒီပ said...

ဟေ့လူကြီး သီတင်းကျွတ်ပြီနော်...(အတူတူပဲ အနူနူပဲ..:P)

မယ့်ကိုး said...

ကိုမင်းအိမ်ရေ..သီတင်းကျွတ်ပြီနော် =)
( ကိုလင်းဒီပလိုပဲ တမူးပိုရှူလိုက်တာ :P )

သူကြီးမင်း (တုံးဖလား) said...

သီတင်းကျွတ်ပြန်တော့မှာလား :D

mae said...

အာာာ.. လုပျိုကြီး ခေါ်ရအောင် မကြီးသေးပါဘူး
(အရှေ့မှာ လူတွေရှိတယ်လေ.. )

Mogok Thar said...

သီတင်း တဖန် ကျွတ်ပြန်ပေါ့
အိမ်း
အိမ်းး
ကောင်းလေစွ၊ ကောင်းလေစွ။