Friday 2 October 2009

ဆုံတွေ့ကြ စဉ်ခဏ


ကျောင်းတော်ကြီးမှ သူငယ်ချင်းများနှင့် တွေဆုံပွဲလေး အမှတ်တရ
Date : 27 September 2009 ( Sunday )
Time: 12:00 To 4:00
Place: Peninsula-Excelsior Hotel , Singapore

တကယ်တော့ သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ဖြစ်ဖို့ဆိုတာ မလွယ်ကူတဲ့ ကိစတစ်ခုပါ ၊၊ တခါတလေတော့ လည်း တကယ်အလုပ်တွေ များနေလို့ ၊၊ တခါတလေတော့လည်း အကြောင်းအမျိုးမျိုးကြောင့် ၊၊ မဆုံဖြစ်ကြ ပါဘူး ၊၊ မဆုံတွေ့ဖြစ်တာတွေ ကြာလာတဲ့အခါ ပိုပြီးစိမ်းလို့ ပိုပြီး မတွေ့ဖြစ်ကြတော့ပါဘူး ၊၊ လူချင်းတွေ့ရင် ပြောစရာ စကားမရှိကြသလို နှုတ်တွေ ဆွံအလို့ပေါ့ ၊၊ ဒါပေမယ့် ပြီးခဲ့တဲ့ အပတ် တစ်ရက်သော တနင်္ဂနွေနေ့ လေးတစ်ခုမှာတော့ မမျှော်လင့်ပဲ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ် ၊၊

တချို့တချို့ တွေကလည်း အမှန်တကယ်မအားလို့ ၊ တချို့တချို့တွေကလည်း အင်း.... အမှန်တကယ် မအားလို့ တဲ့ ၊၊ ဘာပဲဖြစ်ဖြစ် ကျောင်းတော်ကြီးကသူငယ်ချင်းတွေ ပြန်တွေ့ရတာတော့ ဟိုးအရင် ကျောင်းသားဘ၀ကို ပြန်ရောက်မသွားရင်တောင် လွတ်လပ်လတ်ဆက်သွားတာတော့ အမှန်ပါပဲ ၊၊ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလေးက ဂုဏ်တွေ ပကာသနတွေ မပါတဲ့ ရိုးရိုးရှင်းရှင်း လေးပါပဲ ၊၊ ပိုပြီးလွတ်လပ်ပျော်ရွှင်စရာကောင်းခဲ့ပါတယ် ၊၊ တကယ် ကို မဆုံဖြစ်ခဲ့ကြတာ ကြာခဲ့ပြီကော ၊၊

လက်ရှိခင်မင်ပေါင်းသင်းနေရတဲ့ သူငယ်ချင်းတွေလည်း ခင်မင်စရာကောင်းပါတယ် ၊၊ သို့သော် ငယ်စဉ်ကာလ ဘာပကာသနမှ မပါတဲ့ အရိုးခံ ချင်းပေါင်းသင်းခဲ့ကြတဲ့ သူငယ်ချင်းတွေ မို့ ဟန်ဆောင်မူပိုဖို့ မလို အကြောင်း သိ ချင်းမို့ ရိုးရှင်းလှတာတော့ အမှန်ပါ ၊၊ မရှိအတူရှိအတူ ၊ ကြုံလာသမျှ ကို တူတူ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ ကျောင်း သားဘ၀လေးကို လွမ်းမောမိတာတော့ တကယ်ပါ ၊၊ မြန်မာပြည်ရဲ့ ထူးထူးခြားခြား ရွာအပြင်က စက်မှုတကသိုလ်ကျောင်းသားဘ၀ ရဲ့ ကြမ်းတမ်း တဲ့ လွင်ထီးခေါင်ပြင်က ကျောင်းတော်ကြီးမှာ ရင်ဆိုင်ဖြေရှင်းခဲ့ရတဲ့ ပြသနာတွေက သောက်ရေသန့်ကအစ ၊ သွားရေးလာရေးအတွက် ကားပါမကျန် ကိုယ်ထူကိုယ်ထ စနစ်နဲ့ ဖြတ်သန်းခဲ့ရတာပါ ၊၊ ( သောက်ရေသန့်ကို ကိုယ်တိုင် ပိုက်ဆံစုပြီး ၀ယ်သောက်ခဲ့ရပါတယ် )

ဒီနေ့ကာလမှာလည်း သူငယ်ချင်းတွေ ပြန်လည်ဆုံတွေ့ကြမယ်ဆိုတော့ အားလုံးသောသူငယ်ချင်းတွေကို ဒီမှာပဲ ရှိနေကြတယ် ၊၊ ၀မ်းသာရမှာလား ၀မ်းနည်းရမှာလား မိသိန်းကြည် ၊၊ ကျွန်တော်တို့ မြို့ပြဘာသာရပ် တစ်ခုတည်း မှာ ကျွန်တော်တို့ နှစ်က လူ ၁၈၀ ဘွဲ့ ယူခဲ့ပါတယ် ၊၊ ကျွန်တော်ထင်ပါတယ် ၆၀ % လောက်က ပြည်ပ တစ်နေရာရာမှာ အခြေကျနေထိုင်နေကြတယ်လို့ ၊၊ ဟိုးလွန်ခဲ့တဲ့ ၂၀၀၃ ခုနှစ်လောက်က ထင်ပါတယ် ရန်ကုန်စက်မှု တကသိုလ် ကျောင်းသားတွေ တွေ့ဆုံပွဲကို ရန်ကုန် မင်းဓမ္မဖက်မှာလုပ်ခဲ့တယ် ၊၊ နောက်နှစ်တော့ စင်ကာပူမှာလုပ်ခဲ့တယ် ထင်တယ် ၊၊ အဲဒီတုန်းက ဆို စိတ်ထဲ မကောင်းဘူးရယ် ၊၊ စဉ်းစား ကြည့် ပါလေ ၊၊ အော် ခုတော့လည်း ဒီလိုလုပ်မှ အဆင်ပြေမှာပါလား ဆိုပြီး တွေးမိသွားပါပြီ ၊၊ ဒီမှာကျင်းပနေတဲ့ ကျောင်းကပွဲတွေမှာ လူတွေ စည်ကားနေတာ တွေ့တော့ ပျော်မိပါတယ် သူငယ်ချင်းတွေ ဆုံရလို့ အင်း ပြိးတော့ ပြိးတော့ ....... ပြီးတော့ ...............

( သဘာဝပတ်ဝန်းကျင် တစ်ခွင်တစ်ပြင်လုံး စိမ်းနေတဲ့ အမိမြန်မာပြည် မို့ စိမ်းစိုနေတာပဲ ၀မ်းမြောက်မိပါတယ်)

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

5 comments:

chocothazin said...

ဘယ်လိုပဲဖြစ်ဖြစ်ပါ။ သူငယ်ချင်းတွေနဲ့ တွေ့ တဲ့အချိန်တော့ ပြန်ငယ်သွားတာပေါ့ ဟုတ်ဘူးလား။ ရယ်မောစရာတွေနဲ့ စိတ်ဖိစီးမှုတွေလည်း လျော့သွားတာပေါ့။

ကာရံဆူး said...

သူငယ်ချင်းကောင်းများနဲ့ ထာဝရ ပျော်ရွှင် ရယ်မောနိုင်ပါစေ... ကျောင်းသားဘ၀ဆိုတာ တကယ့်ကို အမှတ်ရစရာပါပဲ...

လသာည said...

ငယ်သူငယ်ချင်းတွေနဲ့ တွေရရလို့ ၀မ်းသာပျော်ရွှင်ခဲ့တယ်မို့လား မသိန်းကြည် အဲ မင်းအိမ်ဖြူ။ :P။
ကျောင်းတုန်းက သူငယ်ချင်းဘယ်နှစ်ယောက်တော့ စွံသွားပြီ ကျွန်တော်ပဲ ကျန်တော့တယ် ဘာညာတော့ မ၀န်ခံသွားပါလားနော်။ ကဲ မထူးပါဘူး ဒီနှစ်သီတင်းကျွတ် စွံအောင် ကြိုးစားတော့။

သူကြီးမင်း (တုံးဖလား) said...

ငယ်ပေါင်း ရောင်းရင်းတွေကို အဝေးတစ်နေရာမှာ စုစုစည်းစည်း ပြန်ဆုံတွေ့ခွင့်ရတာဟာ ကြည်နူးဝမ်းသာ ပီတိ ဖြစ်စရာကောင်းပါတယ်။

ကြီမ်ဖန်များစွာ လွတ်လွတ်လပ်လပ်တွေ့ဆုံနိုင်ကြပြီး
ငယ်ဘ၀လေးကို အမှတ်ရ ပျော်ရွှင်နိုင်ကြပါစေ။

ဝက်ဝံလေး said...

ဘာပဲဖြစ်ဖြစ်ပါ သူငယ်ချင်းတွေနဲ့ တွေ့ရတာပျော်ဖို့မကောင်းဘူးလားလို့