Wednesday, 4 November 2009

ငပိပေါင်မုန့်

“ ကိုဖေခင် ရှင်ဒီအတိုင်းနေတော့မှာလား ” ဆိုတဲ့ မခင်လေးရဲ့ ငြူစူသံကို ကြားလိုက်ရတယ် ဆိုရင်ပဲ …
“ဘာဖြစ် ပြန်ပြီလဲ ခင်လေးရယ် ၊ ကိုယ်ကဒီအတိုင်းမနေလို့ ဘယ်လို နေရမှာလဲ မင်းပဲ သဘောကျတယ် ဆိုလို့ ဒီတိုင်းပဲ နေလာကြတာလေကွာ ”

ကျွန်တော်သိပါတယ် ၊၊ ခင်လေးဘာတွေ ဖြစ်နေတယ်ဆိုတာ ၊၊ ခင်လေးတစ်ယောက် ခုလို စိတ်ညစ် နေရတာ မျိုး ကိုလည်း ကျွန်တော် မလိုလားတာ တော့ အမှန်ပါ ၊၊ ကျွန်တော်တို့ လင်ကိုမယား နှစ်ယောက် တည်း တုန်း ကတော့ ဘာအပူအပင်မှ မရှိသလို အင်မတန်မှ ပျော်ရွှင်စရာကောင်း ခဲ့ပါတယ် ၊၊ လောဘ နည်းတဲ့ ကျွန်တော်နဲ့ ကြောင့်ကြကင်းတဲ့ ခင်လေး တို့အတွက် ပြည့်စုံခဲ့ပါတယ် ၊၊ စက်ရုံမှာ နေစရာ အရာရှိအိမ် ဆိုပြီး တန်းလျား လေးရှိတယ် ၊၊ တခါတလေ ဟိုသွားဒီလာ မာဇဒါဂျစ်လေး တစ်စီးရှိတယ် ၊၊ ပုံမှန် လခလေးနဲ့ ငွေမပိုမလျှံပေမယ့် လင်ကို မယား နှစ်ယောက်အတွက်တော့ လုံလောက်ခဲ့ပါတယ် ၊၊ အသစ်အဆန်း ပေါ်သမျှ ခါးပေါ်တင်ရမှ ကျေနပ် တဲ့ မိန်းမထဲမှာ ခင်လေး မပါသလို ၊ ငွေရှာ ကောင်းတဲ့ ခွင်ဖန်ကောင်းတဲ့ ယောင်္ကျားထဲမှာလဲ ကျွန် တော် မပါခဲ့ပါဘူး ၊၊

စက်မှု အင်ဂျင်နီယာ ဘွဲ့ရပြီး ကတည်းက ဟောဒီက ကျော်စွာ ဓါတ်မြေသြဇာ စက်ရုံမှာ တာဝန် ထမ်းဆောင်ခဲ့တာ ခုဆိုရင် သမီးလေး တစ်သက်တောင် ရှိပြီပဲ ၊၊ အခြားကလေးတွေ တန်းတူ သုံးချင် ရှာ ပေမယ့် ဘာကိုမှ မပူဆာတက်တဲ့ သမီးလေး ကလည်း ကျွန်တော်တို့ လိုပါပဲ ၊၊ ဘာကိုမှ ထူးထူးထွေထွေ မတက်မက်ရှာပါဘူး ၊၊ ဖြစ်လာတဲ့ ပြသနာက သမီးလေးကျောင်းကစတယ်ပဲ ဆိုရမှာပေါ့ ၊၊ ကလေးတို့ သဘာဝ ပြောကြဆိုကြရင်းက မိဘတွေ ပါဆိုသလို ပေါ့ ၊၊ အခုတလော ကျုပ်တို့ မြန်မာပြည်မှာက နိုင်ငံခြား ပြန်တွေ ခေတ်စားလာတဲ့ အခါ နိုင်ငံခြားသွားတဲ့ သူတွေ လက်မထောင်လာကြတာကလား ၊၊ ပြသနာက အဲဒီမှာ စတော့တာပါပဲ ၊၊

လူတွေကလည် ခက်သားလားနော် ၊၊ နိုင်ငံခြားမှာ လုပ်စားမှပဲ ငရဲကင်းသတဲ့လေ ၊၊ မြန်မာတစ်ပြည်လုံး က တော့ သူခိုးတွေ ချည်းပဲပေါ့ ၊၊ အင်း သူတို့ ဆိုသလိုတော့လည်း ဟုတ်နေတော့ မငြင်း လိုပါဘူး ၊၊ ဒါပေမယ့် ဒါဟာ လည်း ရလေလိုလေ အိုတစေတွေ ရယ်ပါ ၊၊ လူတိုင်းရယ်တော့ ဟုတ်ပါဘူးဗျာ ၊၊ လူတိုင်းတော့လည်း ၀န် ထမ်း တိုင်းလည်း ခိုးနေတာတော့ မဟုတ်ပါဘူး ၊၊ ကျုပ်တို့လို ဓါတ်မြေသြဇာ စက်ရုံက ၀န်ထမ်းတွေက ဘာတွေ သွားခိုးရမလဲဗျာ ၊၊ ကျုပ်ဘ၀တော့ တခါမှလည်း မစဉ်းစားဘူးသလို တကယ်လည်း မခိုးစားဘူးပါဘူး ၊၊ လောက်ငှ တာ မလောက်ငှတာထက် ရတာလေး ချွေတာပြီး လင်မယား နှစ်ယောက် သုံးကြတာပါပဲ ၊၊ သူဌေးတော့ မဖြစ်ဘူး ပေါ့လေ ၊၊

ဖြစ်ချင်တော့ သမီးတို့ အတန်းတူ ကောင်မလေး အဖေက နိုင်ငံခြားမှာဆိုလား ၊၊ လုပ်ရတာကတော့ ဘာလဲ တော့ မသိပါဘူးဗျာ ၊၊ အဲဒီလူကို ကျွန်တော်ကောင်းကောင်း သိပါတယ် ၊၊ ပိုက်ဆံလေး သိန်းဂဏန်းလေး ပြန် ပို့နိုင်တော့ ထုံးစံအတိုင်း လက်မထောင်တာပေါ့လေ ၊၊ မြန်မာပြည်မှာ သုံးစားမရလို့ နိုင်ငံခြားထွက်သွား တယ်လို့ လည်း အရမ်းကာရော မဆိုချင်ပါဘူး ၊၊ တကယ်ကို အဆင်မပြေတဲ့ အဆုံး ကံစွတ်ပြီး ရှိတာလေး ရောင်းချ ပေါင်နှံ ထွက်သွားတာပါ ၊၊ ဘာဘွဲ့ကောင်းကောင်းမှလည်း တက်မသွားပါဘူးဗျာ ၊၊ သူအကြောင်း သူ့မိန်းမ မသိပေမယ့် သူ့ကိုယ်သူ အသိဆုံးပါ ၊၊ ထားပါလေ ၊၊ ဒါတွေက ၊၊

အဲဒီမှာ သူ့မိန်းမက ငွေလေးရွှင်လာတဲ့ အခါ အသံလေးထွက်လာတော့တာပေါ့ဗျာ ၊၊ မြန်မာပြည်မှာ ၀န် ထမ်းတွေ က သူခိုးတွေ ချည်းပါပဲ ဆိုတာမျိုး ၊၊ သူယောင်္ကျားလို နိုင်ငံခြားမှာ လုပ်တဲ့ သူတွေ သာ လျှင် အကုသိုလ် ကင်းတယ် ဆိုတာမျိုးတွေပေါ့ ၊၊ ခက်သားလား နော် ၊၊ အဲဒီအသံကို အမြဲကြားနေတဲ့ သမိးလုပ်တဲ့ သူကလည်း ကျောင်းမှာ ပြောပါလိမ့်မယ့် ၊၊ အဲဒိတော့ ၀န်ထမ်းသမီးဖြစ်တဲ့ ကျုပ်သမီး က ရှက်ရှာမှာပေါ့ ၊၊ အဲဒီကစတာပါပဲ ၊၊

တကယ့်တော့ဗျာ ၊၊ ဘယ်မှာပဲနေနေ ၊ ဘာတွေပဲ လုပ်လုပ်ပါ ၊၊ ကိုယ့်စိတ်ထဲမှာကောင်းနေဖို့ အဓိကပါဗျာ၊၊ နောက်တစ်ခုက ၀န်ထမ်းတိုင်း မခိုးဘူးလို့ မဆိုလိုပါဘူး ၊၊ ဒါပေမယ့် အမှန်တကယ် မခိုးတဲ့ ၀န်ထမ်းတွေ လည်း ရှိပါသေးတယ် ၊၊ နောက်တစ်ခုက ငွေရလိုမှုတစ်ခုထက် အမှန်တကယ် ကိုယ့် ပညာကို မြတ်နိုးလို့ ၊ တန်ဖိုးထား လို့ ငါ့ဒေသလေး ငါ့တိုင်းပြည်လေးအတွက် ငါလုပ်ပေးမှ ဖြစ်မှာပါလားဆိုတဲ့ အတွေး လေးတွေ နဲ့ အလုပ်လုပ် ပေး နေတဲ့ တကယ့် ပြည်သူ့ ၀န်ထမ်းတွေ ရှိပါသေးတယ်ဗျာ ၊၊ ထမင်းရေ ပူလျှာလွဲ ငါအတွက် ငါ့မိသားစု အတွက် ဆိုတဲ့ အဓိဌာန် ချက်နဲ့ ပြည်ပထွက်သွားတဲ့ သူနဲ့ စာရင် ကိုယ့်တိုင်းပြည် အတွက် တစ်နေရာစာလေး ပြည့်ဝဖို့ ကိုယ့်ကျိုးစွန့်ပေးနေတဲ့ လက်တစ်ဆုပ်စာ လေးက ပိုလေး ပါတယ်ဗျာ ၊၊ ပိုတန်ဖိုးရှိပါတယ်ဗျာ ၊၊ ဒီအကြောင်းတွေကိုလည်း ဒိန်ခဲစားပြီး ပေါင်မုန့်ကို ငပိနဲ့ တို့စားရင်းက မင်းတို့ အလကား ခိုးနေတာပါကွာ ဆိုတော့ ကျုပ် ရင်မောင် ရင်နာတယ်ဗျာ ၊၊ ကျုပ်သင်ခဲ့တဲ့ ပညာတွေ ၊ ကျုပ်တက်ခဲ့တဲ့ နိုင်ငံတကာ အစည်း အဝေးတွေ ကျုပ်ပေးဆပ်ခဲ့ရတဲ့ တိုင်းပြည်အတွက် အချိန်တွေ ၊၊ မနေ့ကမှ ခါတော်မှီ နိုင်ငံခြားပြန်က ဒီအသံထွက် လာတော့ ကျုပ် မောင်ရင်မောင် တကယ်ရင်နာတယ် ၊၊

ဝန်ခံချက် ၊၊ ၊၊ တကယ့် ၀န်ထမ်းကောင်းများအတွက် ရည်မှန်းရေးဖွဲ့ပါသည် ၊၊ လေးစားသမှုဖြင့်
မောင်မင်းအိမ်

7 comments:

ကိုလူထွေး said...

ဟုတ်တယ်.. ကိုမင်းအိမ်ဖြူပြောတာ ထောက်ခံတယ်...

အမှန်တကယ် လေးစားထိုက်သူတွေကိုတော့ တကယ် လေးစားရမှာပဲလေ...

တချို့ကျပြန်တော့ လူလေးစားခံရလောက်တဲ့ နေရာကို ရောက်နေကြပြီး နည်းနည်းလေးမှ လေးစားဖို့ မကောင်းကြဘူးဗျ...

းဝ)

Yu Ya said...

အင်း...ရှိတော့ရှိမယ် .. ရှားမယ်..သူငယ်ချင်းရေ..

yu ya

kokomaung.uk said...

ဒါက ဒီလိုတော့ရှိတယ်ခင်ဗျ။
လွယ်ရင် သူကြွယ်တောင် ဘာဆိုလဲ။

ဒါပေမဲ့လဲ.. မြန်မာနိုင်ငံမှာ ၀န်ထမ်းတွေက အများသားကလား။ များစွာသောဝန်းထမ်းတွေထဲမှာ ကိုမင်းအိမ်ရဲ့ ဇာတ်လိုက်တစ်ယောက်လို ရိုးရိုးကျင့်မြင့်မြင့်ကြံတွေလဲ အများကြီးရှိမယ်ဆိုတာ ထောက်ခံပါတယ်။ သို့သော်လဲ.. သို့သော်လဲ.. တွေ့နေမြင်နေရတာတွေကတော့ သိပ်ပြီး အားရစရာမကောင်းဘူးဗျ။။

ဒါကလဲ အခြေအနေအရကြောင့်ပါဘဲလေ။
နားလည်ပေးလိုက်ကြပါ။ အဆင်ပြေနေရင် မကောင်းမှုကြီးကို ဘယ်သူက ကျူးလွန်ချင်ပါ့မလဲ။

ပျော်ရွှင်ပါစေ။ ။

~ဏီလင်းညို~ said...

“တကယ့်တော့ဗျာ ၊၊ ဘယ်မှာပဲနေနေ ၊ ဘာတွေပဲ လုပ်လုပ်ပါ ၊၊ ကိုယ့်စိတ်ထဲမှာကောင်းနေဖို့ အဓိကပါဗျာ၊၊”
အဲ့ဒီစကားလေးအတွက် ကျေးဇူးတင်ပါတယ်...ကိုမင်းအိမ်ဖြူ...

ဂျူနို said...

မအယ် အဖေလည်း ကျောင်းဆရာ ၃၅ နှစ် လုပ်ခဲ့တယ်။ ဒီလို စကား ခဏခဏ ကြားရပါတယ်။ ကြားရတိုင်း ၀မ်းနည်းတာပါပဲ။ ခေတ်ကလည်း ပြောစရာခေတ် ဖြစ်နေတာကိုး။

တကယ်တော့ ဘယ်မှာပဲ လုပ်လုပ် ကိုယ့်လုပ်တာ အကုသိုလ်ကင်းလား မကင်းလားဆိုတာ ကိုယ်တိုင် ကောင်းကောင်း သိပါတယ်။ဝန်ထမ်းပဲ ဖြစ်ဖြစ် ကိုယ်ပိုင်စီးပွားရေးပဲလုပ်လုပ် နိုင်ငံခြားမှာပဲ လုပ်လုပ် ယုတ်စွ အဆုံး ပညာတော်သင်ဆုပဲ ယူယူ ပါ။

အဖေ အလုပ်စ၀င်တော့ ၃၂၀ ရတယ်တဲ့။ အဲ့အချိန်မှာ ရွှေ တကျပ်သား ၂၀၀ မို့ လစဉ် ရွှေ တကျပ်သား ၀ယ်စုနိုင်တယ် ဆိုပါတယ်။ ကြက်သား ၃.၅၀၊ ပုဇွန်ထုတ် ၄ ကျပ်ပါတဲ့လေ။ အဲ့ခေတ်က ကျောင်းဆရာမို့ ဘယ်သူမှ အထင်မသေးကြသလို ကျောင်းဆရာတွေလည်း မဆင်းရဲကြပါဘူးတဲ့။


ခုခေတ်တော့ ၀န်တမ်း လစာနဲ့လောက်ငတယ်ဆိုတာ မဖြစ်နိုင်ပါဘူး။ မလောက်ငတိုင်း ၀န်ထမ်းမှန်ရင် သူခိုးပဲလို့ပြောမရပါဘူး။ မိသားစုက တဖက်က စီပွားရေး လုပ်တယ်ဆိုရင် ခိုးမှ စားရတာ မဟုတ်ပါဘူး။

အရင်ကတော့ အလုပ်ဆိုရင် အစိုးရ ၀န်ထမ်းပဲရှိတာလေ။ ကိုယ်ပိုင် လုပ်ငန်းတွေတို့ နိုင်ငံခြားမှာ လုပ်တာတို့က ဟိုတုန်းက မရှိသလောက်ပဲ။ ခုလည်း လူနည်းစု က နိုင်ငံခြားထွက် အလုပ်လုပ်တာပါ။

မအယ်

Shweaung said...

အင်း...အဲ...ဒါကတော့ဒီလိုရှိတယ်.. ဘယ်လိုပြောရမလဲပေါ့နော်.. ဟဲဟဲ.. မပြောတတ်တော့ပါဘူး...

လသာည said...

ပေါင်မုန့်ကို ငပိနဲ့ တို့စားရင်းက မင်းတို့ အလကား ခိုးနေတာပါကွာ ဆိုတဲ့စကားလေးက တော်တော်ထိတယ်။
မြန်မာပြည်မှာ ကိုရင်မောင်လိုလူမျိုးတွေ အများကြီးရှိပါတယ်။ ကျန်တဲ့ဌာနတွေကို မသိပေမဲ့ တို့သိတဲ့ ပညာရေးက၀န်ထမ်းတချို့ (ကျေးလက်က ဆရာတွေဆရာမတွေလေ) လောဘနည်းပြီး ရှိတာနဲ့ ရောင့်ရဲနေကြတာများတယ်။ အခုလို ကိုယ်စားခံစားတင်ပြပေးတာ ကျေးဇူးတင်မိတယ်။ ကိုမင်းအိမ်ရေ.. ကျေးဇူးးးး