Friday, 6 November 2009

မြန်မာပြည်ကို ချစ်ပါသည်

ကိုဖိုးချို ကြိး နိုင်ငံခြား သွားတော့မည် ဆိုတဲ့ စကားကို ကြားရတော့ အံ့သြမိတာ အမှန်ပါ။ ယုံလည်း မယုံနိုင်ပါ ။ မြန်မာပြည် ရန်ကုန်မြို.မှာ ၂၄-နာရီ မီးလာပြီ ဆိုတဲ့ စကားလို ဒီသတင်း စကားက ကျွန်တော်တို.ကြားမှာ ထူးခြားနေတာတော့ အမှန်ပါ ။ ဘာဖြစ်လို့ လည်းဆိုတော့ ကျွန်တော်တို့ အသိုင်းအ၀ိုင်း မှာ ကိုဖိုးချို လောက်မြန်မာပြည် ကိုချစ်တဲ့သူ မရှိပါဘူး ။ ကျောင်းကြီးပြီးသွားလို့ အားလုံး နိုင်ငံခြားသွား ကြတော့လည်း တုတ်တုတ် မျှမလှုပ်တဲ့ ကိုဖိုးချိုပါ ။ ဘယ်သူတွေ ဘယ်နိုင်ငံ သွားဖို့ လုပ်လုပ် ၊ ဘယ်သူတွေ ကတော့ ဘယ်နိုင် ငံ သွားပါပြီ ပဲ ပြောပြော ၊ ဘယ်လောက်တွေ ရနေပါတယ် ဆိုဆို တုတ်တုတ်မျှ မလှုပ်တဲ့ ကိုဖိုးချို ရယ်ပါ ၊၊ သွားတဲ့သူတွေ ကိုတောင် မသွားဖို.တရားပြ နားချခဲ့လို. ကွယ်ရာမှာ ကိုဖိုးချိုကို ကိုမြန်မာချစ် ရယ် လို. နာမည် ပြောင်ခေါ်ခဲ့ ကြတာပါ ။ မြန်မာပြည်မှာ ငါ့တို့ လုပ်စရာတွေ အများကြီး ကွ ဆိုတဲ့ ကိုဖိုးချို ၊၊
ကျောင်းပြီး ကတည်းက ဆောက်လုပ်ရေး ၀န်ကြီး ဌာနက တံတား စီမံကိန်း တစ်ခု ကိုနေ.စားဝန်ထမ်း အဖြစ် ၀င် သွားခဲ့တာပါ။ အဆင်ပြေတာ မပြေတာထက် အလုပ်လုပ် နေရရင်ပျော် နေတက်တဲ့ ကိုဖိုးချို ပါ။ ပိုက်ဆံမရလို. လည်း တ၀မ်းတခါး မလိုပါဘူးကွာ ဆိုပြီး နေခဲ့တဲ့ ကိုဖိုးချို ပါ ။ တကယ်ကိုမြန်မာပြည် ကိုချစ်တဲ့သူ ။ မြန်မာပြည်မှာ ပျော်တဲ.သူ ၊၊ မြန်မာအချင်းချင်း မြန်မာလိုပြောရတာ ဘယ်လောက်များ အားရ စရာကောင်းလဲ မြန်မာ လိုခိုင်းလို. ရတယ် မြန်မာလိုဆဲလို. ရတယ်ကွာ ရယ်လို့ သူ.ကိုသူ မြန်မာအင်ဂျင်နီယာ အဖြစ် အမြဲတမ်း ဂုဏ်ယူ တက်သူပါ။ သူကတော့ နေနိုင်တာပေါ့ မိဘကိုလည်း ပြန်ပေးစရာမလို သူ.အိမ်ကတောင် ထောက်ပံ့ နေသေးတာပဲ လို.ကွယ်ရာမှာ အတင်းဆိုလည်း သူကတော့ ပြုံးပြုံးလေး ပါပဲ။
မြန်မာပြည်မှာပဲ ရရာ အလုပ်ကို လုပ်ကြဖို.၊ မဖွံ.ဖြိုး မတိုးတက်သေး တဲ့နေရာတွေကို သွားရောက်လုပ်ကိုင် ပေးဖို. အမြဲ မဲဆွယ်နေတက် သူပါ ။ ရန်ကုန်မှာ ကားကျပ်တယ် ကွာ လို့ ညည်းရင် မင်းတို့ကွာ စစ်ကိုင်းတိုင်း အနောက်မြောက်ပိုင်းက ကလေး အထက် ချင်းတွင်းဖက် မရောက်ဖူးဘူးနော် ငါပြောပြမယ် သူငယ်ချင်း ဆိုပြီး သကာလ သူမြင်တွေ့  ခဲ့ရတဲ့ ဒေသခံတွေ ရဲ့ သွားရေးလားရေး အကြောင်းတွေ ၊၊ မီးမလာဖူးကွာ အမြဲပျက်နေတာပဲ ဆိုတိုင်းလည်း မင်းတို့ကွာ ပဲခူးဟိုဖက် မုပလင်ဘက် ထွက် ကြည့်လိုက်စမ်းပါ ၊၊ လျှပ်စစ်ကြီုး ကြီးတွေ အောက် မှာ နေပြီး လျှပ်စစ်မီးဆိုတာ ဘာမှန်းမသိတာ ဆိုတာမျိုးက စတက်တဲ့သူ ၊၊ ရန်ကုန်မှာ ခြင်တွေ ပေါတယ်ကွာ ၊ အမှိုက် တွေ လည်း မသိမ်းကျဘူးဆိုတိုင်း သူရောက်ဖူး ၊ တွေဖူးခဲ့တဲ့ မြန်မာပြည် တနံတလျားက မြန်မာပြည်ဖွား ညီအစ်ကိုတော်များ ရဲ့ တွေ့ကြုံနေရတဲ့ သုခ ဒုက အဖုံဖုံကို သူ့သွေးသားရင်း တွေ လို ပြောပြနေတက်တဲ့သူ ၊၊
တကယ်ပါပဲ အလုပ် လျှောက်ကြတော့ လည်း ကျန်တဲ့သူတွေက နီးစပ်ရာ နေရာ ပြန်တောင်း ကြပေမယ့် ကိုဖိုးချို ကတော့ ပထမ ဦးစားပေး ၊ ဒုတိယ ဦးစားပေး ၊ တတိယ ဦးစားပေး အားလုံး စေလိုရာစေ ဆိုတဲ.သူ၊၊ ဝေးစမ်းပါစေကွာ မြန်မာပြည်ထဲမှာ ပါ ဆိုတဲ.သူ၊။ ပထမအလုပ်က ကလေးဝဆိုတဲ. စစ်ကိုင်းတိုင်း ဟိုးအဖျားနား ၊၊ နောက် မွန်ပြည်နယ်ထဲက တံတား တစ်စင်းမှာ ၊၊ နောက် ချင်းပြည်နယ် ဟိုးအစွန်က ဟုမ္မလင်း ၊ ခန္တီး ၊၊ ဟိုးဘက် က လူသူ အရောက်နည်းတဲ့ နန်.စလိန်ဆိုတဲ. နာဂတွေ ရဲ.ဒေသ တွေ ၊၊ ၀န်ထမ်းတွေ ပြောနေ ကြ ဖြစ်တဲ့ သွားရော့ လဟယ် ဆိုတဲ့ နာဂတွေ ရဲ့ အစွန်အဖျား ဒေသ အခု နောက်ဆုံး မုံရွာ ဆိုတဲ.နေရာ က အိမ်နဲ. အနီးဆုံး ၊၊ ဒါတောင် သူအိမ်နဲ. မိုင် ၆၀၀ ကျော် ၊၊ ဒါပေသည့် အလုပ်လုပ်ရင်း ပျော်နေတဲ.သူ ၊၊ တကိုယ်ရေ တကာယ သွားလာနေရတာကိုက သူ့အတွက် ဗဟုသုတတွေ ရသတဲ့လေ ၊၊ ကိုယ်နဲ့ တစ်နိုင်ငံတွင်း မှာ မွေးဖွားလာတဲ့ သူ ချင်း ၊ သူတို့တွေရဲ့ နေ့စဉ် ဘ၀တွေ ကို စိတ်ဝင်စားသတဲ့ ၊၊ သူတို့ ရုန်းကန် လှူပ်ရှား နေတာတွေ မြင်ရတဲ့ အခါ ကိုယ့်ဘ၀ကို ကျေနပ်မိပါသတဲ့ သူတို့ ဘ၀ တွေ ကို မြှင့်တင်ပေးလို ပါ သတဲ့လေ ၊၊
ဒါပေမယ့် အခုနိုင်ငံခြား သွားတော့ မယ်တဲ့ ၊၊ တကယ်များလား ၊၊ မဟုတ်ဘူးထင်ပါတယ်လေ ၊၊ သူလိုလူတစ်ယောက်က နိုင်ငံခြားသွားမယ် ဆိုတော့က ၊၊ ကောလဟာလ များလား၊၊ သေချာအောင် တွေ.ပြီး မေးချင် သည်၊၊ သူအိမ်ကို ဖုန်းဆက်တော. မုံရွာမှာတဲ. ၊၊ မုံရွာရုံးကို ဆက်တော. နေပြည်တော် ကို ACE နှင်. လေးလပတ် ပါသွားပါတယ်တဲ.၊၊ လူကြီးအချစ်တော် လက်စွဲ၊ လူကြီးသွားရာ ပါနေတဲ့သူ တစ်ယောက် နိင်ငံခြား သွားမယ်ဆိုတာ မဖြစ်နိုင်ပါ လို့ ဘာသာ တွေးမိသည်၊၊ ရန်ကုန် ၃၈ လမ်းက ကိုဖိုးချို ရဲ. အရင်းနှီးဆုံး သူငယ်ချင်းကို ဖုန်းဆက်တော့ ကိုဖိုးချို တစ်ယောက် မကြာခင် ရန်ကုန် ဆင်းလာမည်တဲ. ၊၊ လာခဲ.ပါလား ဆုံရတာပေါ.တဲ. ၊၊ မေးကြည့် တော့ ထိုသူငယ်ချင်းက ရယ်နေသည်၊၊ '' I dont want to say anything " တဲ. ၊၊ ဒါဆို............
နှင်းမြူတွေစဝေနေပြီ ဖြစ်တဲ. နိုဝင်ဘာလရဲ. ညတညမှာ မြန်မာပြည်မှာ ကျန်နေသေးတဲ. လက်ကျန် သူငယ်ချင်း လေး အနည်းစု ဆုံဖြစ်ကြသည်၊၊ ဘီယာလေးသောက် ရင်းရင်တွင်းခံစား ချက်လေးတွေ ဖလှယ်ရင်း ပေါ.၊၊ အဲသည်ည က ကျွန်တော်တို. နောက်ဆုံး ဆုံဖြစ်ခဲ. ကြတာပေါ.၊၊ အမြဲတမ်း တက်ကြွပြီး စကားတွေ ဖောင်နေတက်တဲ. ကျွန်တော်.သူငယ်ချင်း ၊၊ အသံတွေ ဆွံအ တိတ်ဆိတ်လို.၊၊ တခွန်းမေး မှတခွန်းဖြေသည်၊၊ ဘီယာသေက်ရင်း ဝေနေတဲ. မျက်ဝန်းတွေ ၊၊ ဘီယာကြောင်.လား၊၊ မီးရောင် ကြောင်.ဖျတ်ခနဲ လက်သွားတဲ. မျက်ဝန်းအစုံ က ဝေ.သီနေတာ ဘာတွေများဘာလိမ်. ၊၊ အရင်လို တက်ကြွနေတဲ. မျက်ဝန်းအစုံ မဟုတ်တာ တော့ သေချာသည် ။ နာကျင်နေတာလား ၊ ကြေကွဲနေတာလား ၊ နာသာခံခက် အနေရကျပ်နေတာများလား ကိုဖိုးချိုရယ် ၊၊
လူစုခွဲပြီး အိမ်ပြန်ကာ နီးတော. ကျွန်တော် သိချင်နေတဲ. မေးခွန်းလေးကို ကိုဖိုးချိုကိုအားနာနာ နဲ.ပဲ မေးလိုက်မိသည် ၊၊ ကျွန်တော်. မျက်နှာကို ကြည်.ပြီး လက်ကလေးနှစ် ဖက်နောက်ပစ်လို. ပြောပြနေတဲ. ကိုဖိုးချို စကားတွေက... "ဘ၀မှာ လူတိုင်းကတော. ကိုယ်ရဲ.ရည်မှန်းချက်တွေ ၊ မျှော်လင်.ချက်တွေ ၊ အိပ်မက်တွေကို ပုံဖေါ်ချင် ကြတာပေါ.ဗျာ ၊၊ အဲဒီထဲ မှာမှ ကံကောင်းတဲ.လူ အနည်းစုက သူတို.ရဲ. အိပ်မက်တွေကို ပုံဖေါ်ခွင်. ရကြတယ်၊၊ တချို.ကတော. အိပ်မက်တွေကို ဒီအတိုင်းပဲ မေ.ထားလိုက် ကြတယ်၊၊ လူတချို.က အိပ်မက်တွေ ကို ပုံဖေါ်ဖို. ကြိုးစားရင်း ရုန်းကန်နေဆဲပဲ ............... တစ်နေ.တော. ကျွန်တော် အိပ်မက်တွေ ................ " လို.ပြောရင်း ဆူးလေလမ်းမကြီး တစ်လျှောက် ခေါင်းငုံ.လမ်းလျှောက် ပြန်သွားတဲ.ကိုဖိုးချိုရဲ. ကျောကိုကြည်. ရင်း တောက်ပတဲ. မျှော်လင်.ချက်တွေနဲ. တက်ကြွခဲ.တဲ. လူငယ်တစ်ယောက် အိပ်မက်တွေကို အကောင်အထည် ဖေါ်နိုင်ပါစေလို.သာ ဆုတောင်း ပေးရင်း............................
မင်းအိမ်ဖြူ
ကိုဖိုးချိုတွေ မြန်မာပြည် မှာ ရှည်ရှည်ကြာကြာ ရပ်တည်နိုင်ပါစေ လို့သာ ဆုတောင်းမိပါတယ် ၊၊ နိုဝင်ဘာလရဲ့ အေးမြတဲ့ ဆောင်းတွင်းကာလေး တစ်ခုမှာ မြန်မာပြည်ကို လက်ပြထွက်ခွာလာတဲ့ ကိုဖိုးချိုတစ်ယောက် ရဲ့ အမှတ်တရ လေးအဖြစ် ပြန်လည် ဆန်းသစ်တင်ဆက်ပေးလိုက်ပါသည် ၊၊ ၁၁ ရက် ၁၁ လ ဆိုရင် ကိုဖိုးချို တစ်ယောက် မြန်မာ ပြည်နဲ့ ခွဲခွာခဲ့တာ နှစ်တစ်ပတ် လည်ပြန်ပြီပေါ့လေ ၊၊ ကိုဖိုးချို ဘာလို့ ထွက်လာခဲ့လည်း ဆိုတဲ့ အဖြေကိုတော့ ကာယကံရှင် ကိုဖိုးချိုသာလျှင် အသိဆုံးဖြစ်ပေလိမ့်မည် ၊၊ မညီမျှတဲ့ ပြိုင်ဆိုင်မှုတွေ များလာတဲ့အခါ ၊ ဘက်လိုက်တက်တဲ့ ဒိုင်လူကြီးနဲ့ လက်ဝှေ့ထိုးရတဲ့ ပွဲမျိုးမှာ ကိုယ်ဘ၀ပျက်မသွား ဖို့ အားကစား စိတ်ဓါတ် မရှိဘူးပဲ ဆိုဆို ခဏထွက်နေတာ အကောင်းဆုံးပါပဲ ၊၊ ကိုဖိုးချိုတွေကို မထောက်ခံပေမယ့် လုပ်သင့်တာ လုပ်တယ် လို့ ပဲ ဖြေတွေး ရပါတယ် ၊၊ ကိုယ့်လက်ရည် ကျမသွား ဖို့ကတော့ ပွဲစဉ်ကြီးတွေ မထိုးပေမယ့် လေ့ကျင့်ခန်းတော့ မပျက်စေနဲ့ပေါ့ ၊၊ တိုးတက်တဲ့ အမြင်နဲ့ ဗဟုသုတတွေကို ရှာဖွေပြီး ရနိုင်သလောက် စုဆောင်းရမှာကတော့ ကိုဖိုးချိုတွေ ရဲ့ တာဝန်ပါ ၊၊ ခုလောလောဆယ် အစွန့်ပစ်ခံနေရပေမယ့် တချိန်ကျတဲ့ အခါ ကိုဖိုးချို တွေ ကအသုံးကျလာမှာပါ ၊၊ ကျွန်တော်တို့ ချစ်တဲ့ အမိမြန်မာပြည် အတွက် ကိုဖိုးချိုတွေ အများကြီး လိုအပ်ပါတယ် ၊၊ အဲဒီလို ကိုဖိုးချိုတွေ မြန်မာပြည်မှာ အများကြီး ရှင်သန်နိုင်ပါစေ ၊၊ အခုမဟုတ်ရင်တောင် နောင်တစ်ချိန်ချိန်မှာ ပေါ့

10 comments:

~ဏီလင်းညို~ said...

ဖတ်ပြီး သက်ပြင်းတောင်မှချမိတယ်ဗျာ...။
(စာရေးအား..သိပ်ကောင်း၏....။)

Yu Ya said...

မြန်မာပြည်ကို ချစ်ပါတယ်.. ဒါပေမယ့် မြန်မာပြည်က ကိုယ့်ကိုမချစ်လို့ ခက်နေတာ..အဟီး။

yu ya

mae said...

သက်ပြင်းချသွားတယ်၊ ကိုယ်တွေလဲ ဝေးနေတာ ကြာပေမယ့် မြန်မာပြည်ကို ချစ်နေဆဲပါပဲ

ကိုလူထွေး said...

ဖိုးချိုလည်း အသက်လေးရလာပြီကိုးဗျာ.....
ကျနော်ဆိုလိုချင်တာက................



စဉ်းစားချင်ချိန်နိုင်နေပြီလို့ ပြောတာပါ...

းဝ)

Lucifer said...

တူတူဘဲ
မတတ်သာလို့သာ မပြန်ဘဲးနေနေ့ရတယ်

ဝက်ဝံလေး said...

သူ့အကြောင်းနဲ့ သူရှိမှာပါ ကိုမင်းအိမ်ရယ်
အခု မနက်မိုးလင်းလင်းချင်း ပြေးလာတယ်နော် သိလား
တာ့တာ စာကျက်တော့မယ် ဘိုင်းးးး

naylin said...

ဘာမှမလုပ်ချင်လောက်အောင် စိတ်လေတဲ့ အလုပ်တွေနဲ့ ရှုပ်နေလို့ ဘလောက်ကင်း လည်းမလုပ်နိုင်ကြောင်းပါ ခင်ဗျာ

နွေးနေခြည် said...

မြန်မာပြည်ကို ချစ်ပါသည်

လသာည said...

မြန်မာပြည်ကိုချစ်တယ်..နေရာကိုမရွေးပါဘူး။ ဒါပေမဲ့ ပျော်ရာမှာမနေ တော်ရာမှာနေရမယ်လေ..

kokomaung.uk said...

ကျနော်လဲ မြန်မာပြည်ကို ချစ်ပါသည်။ မြန်မာလူမျိုးကို ချစ်ပါသည်။ အကယ်၍ အိမ်ထောင်ကျခဲ့လျင်လည်း မြန်မာမိန်းခလေးကိုဘဲ ချစ်ပါသည်။

အရေးအသားကောင်းလွန်းတော့ ဘယ်လို ကွန်မင့်ပေးရမှန်းတောင် မသိတောပါဘူး။
ကိုဖိုးချိုတွေ ပြန်လည်ထွန်းတောက်နိုင်ပါစေဗျာ။ ။