အရင်တုန်းက တင်ခဲ့တဲ့ ပိုစ့်လေးကို ပြန်တင်တာပါဗျာ ၊၊ ပြန်တင်ဖြစ်တဲ့ အကြောင်းရင်းများစွာ ရှိပါတယ် ၊၊ မသိသေးတဲ့ သူတွေကို သိစေချင်တယ် ၊၊ သိပြီးသားသူတွေ သွားဖို့မေ့နေရင် ပြန်သတိရအောင် လမ်းညွှန်တာ ပါ ၊၊ အဲဒီလိုက်ပို့တဲ့ ဦးလေးကြီးကိုယ်တိုင်လည်း ကိုယ်တွေ့ပါ ၊၊ တခါတခါ စိတ်ဆိုတာ ဆန်းကျယ်ပါတယ် ၊၊ သက်သေ ပြစရာ အခိုင်အမာမရှိပေမယ့် ၊ ဗုဒ္ဒဘာသာဝင် မြန်မာလူမျိုးတွေ မို့ ဆုတောင်းဆုယူ အဓိဌာန် ကို ယုံကြည်သက်ဝင်သူတွေ မို့ ခံစားချက် ယုံကြည်ချက်တူသူချင်းမို့ မျှဝေပေးလိုက်ပါသည် ၊၊ ကာယကံရှင်တွေ ဘယ်လိုခံစားရတယ် မသိပေမယ့် ကိုယ်လိုက်ပို့လမ်းညွှန်ပေးလိုက်သူတွေ တော့ အဆင်ပြေသွားကြတာ တွေ့ရ ပါတယ် ၊၊ တကယ်ပါ ၊၊ ကျွန်တော်တော့ အားလပ်လို့ အချိန်ရတဲ့ အခါတိုင်း သွားရောက် ဒါနပြု ပူဇော်ပါတယ် ၊၊ ကိုယ့် ဘုန်းကြီးကျောင်းနဲ့လည်း နီး လမ်းလည်းသင့်တာမို့ တခါတစ်ခေါက်ဖြစ်ဖြစ် သွားဖြစ်အောင် သွားလိုက် စေချင်ပါတယ်ဗျာ ၊၊ ယုံယုံကြည်ကြည်လေး လှူဒါန်းပူဇော်ပါ ၊၊
ဒီနေ.သွားဖြစ်ခဲ.တဲ.နေရာလေးတစ်ခုကို ခေါ်သွားချင်လို.ပါ၊၊ ကျွန်တော် သွားချင်ခဲ.တာ စင်္ကာပူကို စရောက်တည်းကပဲ၊၊ ဒါပေမယ်.မသွားဖြစ်ခဲ.ဘူး၊၊ နောက်တော.မေ.သွားတာရယ် ၊ မကြုံဖြစ်တာရယ်နဲ. မရောက်ဖြစ်ခဲ.တာ၊၊တချို.လည်း သိလိမ်.မယ်ထင်ပါတယ်၊၊ စင်ကာပူ ကျွန်းစောင်.နတ်မင်းကြီး နတ်နန်း နဲ. နှစ်ပေါင်းသက်တမ်းကြာပြီဖြစ်တဲ. ညောင်မုတ်ဆိတ် ပင်ကြီးပါ၊၊
ဒီထက်ပိုပြီး Information ပေးချင်ပါတယ် ၊၊ ဒါပေမယ်. အဲဒီမှာ ရှိနေတဲ.ဦးလေးကြီး ပြောတဲ.ဘာသာစကားက ကျွန်တော်နားမလည်ဘူးဗျာ ၊၊ နောက်ထပ်ကြိုးစားပြီး စုံစမ်းပြီး ထပ်တင်ပေးပါအုံးမယ်၊၊ Edit နဲ.ပဲ Photo လည်း ထပ်တင်ပါအုံးမယ်၊၊ဘာပဲဖြစ်ဖြစ် တပေါင်းလပြည်.နေ. ကျွန်တော်.လက်ဆောင်လေး အဖြစ် ပေါ.ဗျာ၊၊
ဆုတောင်းပြည်.တယ်တဲ.၊၊ ဘာပဲဖြစ်ဖြစ် သွားချင်သူတွေ အတွက် နတ်လမ်းညွှန်ပါ ဗျာ၊၊
Toa Payoh Mrt မှာဆင်း နောက် Exit C ကနေထွက် လိုက် ၊ နည်းနည်းလေး ဆက်လျှောက် ရင် ရောက် ရောဗျာ၊၊

Toa Payoh Mall ဘက်မမြင်ရသော ညောင်ပင်ကြီး

ညောင်မုတ်ဆိတ် ပင်ကြီး နှင်.နတ်နန်း

ညောင်မုတ်ဆိတ် ပင်ကြီး

ညောင်မုတ်ဆိတ် ပင်ကြီး နှင်.နတ်နန်း

ံ့မြတ်စွာဘုရားရုပ်ထုနှင်. ကွမ်ရင်မယ်တော် ရုပ်ထု

ံ့မြတ်စွာဘုရားရုပ်ထုနှင်. ကွမ်ရင်မယ်တော် ရုပ်ထု

ကျွန်းစောင်.ဘိုးဘိုးနတ်မင်းကြီး ရုပ်ထု

လေးမျက်နှာ ဘုရား (Four Faces Pagoda )

ဆရာတော်၏ရုပ်ပုံတော်
ဒီနေ.တပေါင်း လပြည်.နေလေ ၊၊ မြန်မာပြည်မှာ ဆိုရင်တော. ရွှေတိဂုံဘုရား မှာ တပေါင်းပွဲတော်ကြီး စည်နေရော.ပေါ.၊၊ ဒီကနေပဲ မှန်းပြီး ဘုရားဝတ်ပြုလိုက် ကြတာ ပေါ.ဗျာ၊၊
7 comments:
ဟင်..တပေါင်းလပြည့်ရောက်သေးပါဘူး။ အခုမှ..၁၃ရက်ပဲ ရှိသေးလားလို့..
အင်းကြိုပြီး ဘုရားဖူးရတာပေါ့လေ.. စင်္ကာပူက ဘုရားတွေကို ဖူးခွင့်ရသွားပြီ။ ကျေးဇူးးး
အော်.. :D မှားလို့ အဟောင်းပြန်တင်တာလို့ ပြောထားသားနဲ့..ဆောရီး။
ပြီးတော့ ၁၃ရက်ပဲ ရှိသေးတယ်လို့တောင် ပြောနေသေးတယ်။ အခုပြက္ခဒိန်ပြန်ကြည့်တော့ တန်ဆောင်မုန်းလပြည့်ကျော် ၁၂ ရက်တဲ့ :P
ဦးနှောက်ထဲက စက်တချို့ ချို့ယွင်းနေပြီ။ ပြင်ဆိုင်ပို့မှဖြစ်တော့မယ်။
ယုံကြည်မှုရှိရင် အောင်မြင်တာများပါတယ်။
မမီးတို့လည်း မှန်းပြီး ဖူးရတာပါပဲ
ဘဝကအဲ့လို ဆိုးနေရှာတာကိုး
နောက်နေ့အားမှာ Toa Payoh မှာ နတ်နန်းတွေ နတ်ရုပ်တွေ သွားကြည့်ရမယ်....
မြန်မာမှာတော့ အတွင်း ၃၇ မင်း အပြင် ၃၇ မင်းရှိတယ်
သူတို့ရောဘယ်နှစ်မျိုးရှိလဲးမသိဘူး
နောက်မှ interview သွားလိုက်အုံးမယ်... ပြီးရင် ဆုတောင်းခဲ့မယ်
ဟဲး ဆုတောင်းပြည့်တယ်ဆိုတော့ တစ်ခုတော့တောင်းမှာပေါ့....
အဲ.. သွားမယ်ဆိုပြီး မရောက်ခဲ့ဘူး
အင်း...
တစ်ခါမှ အဲဒါရှိတယ်လို့ မကြားဖူးဘူး...
ဒီစနေ သွားဦးမှဘဲ
ကျေးဇူးနော်
ကျွန်တော်ကတော့ မရောက်ဖူးပေမယ့်၊ မလွယ်ပေမယ့်..
ဓာတ်ပုံလေးတွေကြည့်ရင်း ရောက်သွားပါတယ်ဗျာ...။
ဓာတ်ပုံလေးတွေအတွက် ကျေးဇူးဗျ...။
ခင်မင်တဲ့...
ဏီလင်းညို
Post a Comment