Saturday 21 November 2009

အလုပ်နှင့် ကျွန်တော်

တကယ်ကို မအားမလပ်နဲ့ ဘလော့အိမ်လေးဖက် မ၀င်ဖြစ်အောင်ကို အလုပ်တွေ ရှုပ်နေတယ် ၊၊ ဘာတွေမှန်း ကို မသိတာ ၊၊ အားခဲထားတယ် အသစ်လည်း တင်ချင်တယ် ၊၊ သူငယ်ချင်းတွေ ဆီလည် လည်လည် သွားချင် တယ် ၊၊ မရောက်တာလည်း ကြာပြီ ၊၊ အလုပ်ကို တော်တော် ချစ်တဲ့ လုပ်ဖေါ်ကိုင်ဖက်တွေကို တော်တော် လေးစား နေမိတယ် ၊၊ အရင်တုန်းက တခါမှ အဲဒီလို မဖြစ်ဖူးဘူး ၊၊ ပြီးခဲ့တဲ့ အလုပ်မှာ အချိန်ဘယ်လို အသုံး ချရမယ် ဆိုတာ စလုံးတွေ သင်ပေးလိုက်တာ အခုစိတ်က လုပ်ချင်စိတ်ထက် ပြန်ချင်စိတ်က များနေပြီ ၊၊ မဖြစ်သေးဘူး ၊၊ ပြင်အုံးမှ ၊၊ တန်ဖိုးရှိတဲ့ ပိတ်ရက်လေးမှာ သူငယ်ချင်းတွေ ဆီ လည်လည် သွားပါအုံးမယ်ဗျာ ၊၊
မင်းအိမ်ဖြူ

7 comments:

Yu Ya said...

သူငယ်ချင်းရေ..
အလုပ်သည်သာ နံပါတ်(၁)
အလုပ်သည်သာ နံပါတ်(၂)
အလုပ်သည်သာ နံပါတ်(၃)

ကျန်တာတွေကို နောက်မှ တဖြည်းဖြည်းလုပ်ရင်လည်း ရပါတယ်ကွာ။

ရုံးပတ်ရက်တော့ အပီအပြင် လွှတ်ပစ်လိုက်...အဟီး။

yu ya

~ဏီလင်းညို~ said...

ကိုယ်ချင်းစာတယ်ဗျို့..ကိုမင်းအိမ်ဖြူရေ...
ကျွန်တော်လည်း...အဲ့ဒီအတိုင်းပါပဲခင်ဗျာ...။ ဟား..ဟား...

အေးဆေးပေါ့ဗျ....။

ခင်မင်တဲ့...

ဏီလင်းညို

လသာည said...

အလုပ်က လုပ်နေကျ မလုပ်ရရင် သိပ်နေမကောင်းဘူးရယ်.. ဟုတ်တယ်မို့လား.. :D

သူကြီးမင်း (တုံးဖလား) said...

ဒီလိုဘဲ လှုပ်လှုပ်ရှားရှားပေါ့ဗျာ။

mae said...

အလုပ်မှာ အချိန်တွေ ဘယ်လို အသုံးချရမယ်တဲ့လဲ

အဆင်ပြေပါစေ

Mogok Thar said...

ညီမင်းအိမ်ရ

အလုပ်ချိန်မှာလဲ ပျော်၇ွှင်ပါစေ။

အားလပ်ချိန်မှာလဲ ပြည့်ပြည့်၀၀ အနားယူနိုင်ပါစေဗျာ။

အစစအရာရာ အဆင်ပြေချောမွေ့ပါစေ။

မငုံ said...

ဒီလိုပါပဲ ကိုမင်းအိမ်ဖြူရ..အားတဲ့အချိန်လေး ပြေးလည်ရတာ။ အိမ္ဘက္လဲ လာလည္ဦး။ :)