Tuesday 22 December 2009

သပြေညို

သပြေညို

သူ့ ခေါင်းမှာတဲ့ သပြေညို
ငါ့ ခေါင်းမှာတဲ့ သပြေညို။

တို့ပြေမှာ တို့မေ ကမ်းပါတဲ့
သပြေညို ရွှေဘိုပန်းဟာက
လန်းလျက်ပါကို။

ဘာမလျှော့လေနဲ့
လာတော့မကွဲ့ ရွှေပဟိုရ်
လေချိုက အသွေး။

လင်းကြက်အဆော်
ကွင်းထက်မှာ တူပျော်ပျော်နဲ့
စည်တော်ကို ရည်မျှော်မှန်းကာပ
ရောင်နီမှာ အောင်စည်ရွမ်းရအောင်
သပြေညို ရွှေဘိုပန်းရယ်နဲ့
လှမ်းကြစို့လေး။
မင်းသုဝဏ်
အင်္ဂလန် (၁၉၃၈) ဇန်န၀ါရီလ ၄ ရက်

ဆရာမင်းသုဝဏ် ရေးသားခဲ့သော ကဗျာလေးတစ်ပုဒ်ပါ ၊၊ လွတ်လပ်ရေးမရခင် ၁၀ နှစ်တိတိ ၁၉၃၈ ခုနှစ် ဇန်န၀ါရီလ ၄ ရက်နေ့မှာ ရေးသားစပ်ကုံးခဲ့တဲ့ ကဗျာလေးတစ်ပုဒ်ရယ်လို့ ဆရာ ချစ်ဦးညို ပြောလို့ သိခဲ့ရပါတယ် ၊၊ ဆရာက ဌာန်ကရိုဏ်းကျကျ ရွတ်ပြတဲ့အခါ မျက်ရည်လည်း ၀ဲခဲ့မိပါတယ် ၊၊ မြန်မာပြည်ဖွားတွေဟာ ဘယ်နေရာ ဘယ်ဌာနမှာပဲ ရောက်နေပေမယ့် အမိမြန်မာ ပြည်ကို လွမ်းဆွတ်နေကြဆဲပါ ၊၊ တမ်းတနေကြဆဲပါ ၊၊ အခါမသင့်လို့ အခွင့်ရယ် မသာသေးချိန်မို့ တိုင်းတစ်မြေခြားမှာ လုပ်ကိုင်စားနေရပေမယ့် သပြေညို တွေဝေနေတဲ့ ပြည်မြန်မာကို အောင်စည်ရွမ်း ဖို့ ကမ်းလင့်မျှော်နေကြဆဲပါ ၊၊





ဓါတ်ပုံ ၊၊ ၊၊ စာပေဟောပြောပွဲ အမှတ်တယ ( ၂၀ ရက် ဒီဇင်ဘာလ ၂၀၀၉ ခုနှစ် တနင်္ဂနွေနေ့ နေ့လည် )

7 comments:

ကြည်ဖြူပိုင် said...

အကြောင်းကိစ္စတစ်ခုပေါ်လာလို့
မသွားဖြစ်ခဲ့ပေမယ့်
အရမ်းကြိုက်တဲ့စာရေးဆရာတွေပါ.
ခုလိုဓာတ်ပုံလေးတွေဝေမျှပေးတာကျေးဇူး

မြစ်ကျိုးအင်း said...

သူတို့ဟောတာတွေ နားမထောင်ဖူးဘူး
စာရေးဆရာ ၃ ယောက်လုံးက ဖေးဘရိတ်တွေ ပဲဗျ။ သူငယ်ချင်းတယောက် အသံဖိုင်ပို့ပေးလို့ မရောက်ဖြစ်ပေမယ့် နားထောင်လိုက်ရပါတယ်။

မယ့်ကိုး said...

တွေ့တောင် မတွေ့ဖြစ်ဘူးနော်။
ဒါမှ မဟုတ် မြင်ရဲ့သားနဲ့ လာမနှုတ်ဆက်တာလား :D

~ဏီလင်းညို~ said...

ကိုမင်းအိမ်ရေ...
နာလိုဘူးဗျာ...။ ပြောတာအတည်ဗျ...။
ကျွန်တော်လေ...သူတို့ဟောတာကို သိပ်နားထောင်ချင်ခဲ့တာဗျာ...။ တစ်ကယ်ပါ...။ အရမ်းနှစ်သက်ခဲ့၊ လေးစားခဲ့ရတဲ့စာရေး.ဆရာတွေပါဗျာ...။ ဒီမှာလည်း၂၇ရက်နေ့လားမသိဘူးရှိတယ်ပြောတယ်ဗျာ...။ အဲ့ဒါလည်းမသွားနိုင်ဘူးဗျာ...။ အရမ်းစိတ်မကောင်းဘူး..တစ်ကယ်ဗျ...။
(အားကျတယ်...တစ်ကယ်....)
ခင်မင်တဲ့
ဏီလင်းညို

ကိုလူထွေး said...

ပြည်သူဘက်ကရပ်တဲ့ ပြည်သူ့စာရေးစရာတွေမို့ လူရွေးမှန်တယ် ပြောရမှာပေါ့...

အဖိုးတန်တဲ့ အချိန်တခုအဖြစ် တကယ်ကို အမှတ်တရ ရှိနေသင့်ပါတယ်။

သူကြီးမင်း (တုံးဖလား) said...

သပြေညို သပြေညို..
ဘယ်တော့များမှ ရွှေဗဟိုရ်သံကြားရမှာပါလိမ့်။

ZT (TGO) said...

http://www.irrawaddy.org/bur/index.php/articles/2-articles/2319-2009-12-21-12-34-32