Sunday, 27 December 2009

မြန်မာပြည်မှာ နေစေချင်ပါသည်

ညီမလေးနှင်းမာ တစ်ယောက် ဒီတစ်ခေါက်အိမ်ပြန် လာတာ မျက်နှာ သိပ်မကောင်းပါ ။ အဖေတို့အမေတို့ကို ကန်တော့ ရင်းလာနှုတ်ဆက် တာလို့ပြောပါသည်။ ညီမလေး ဘယ်ကို များခရီး ဆန့် အုန်းမလို့ပါလိမ့် ။ ဒီလို ကန်တော့ရင်း နှုတ်ဆက်တာ ဒီတစ်ခါ တတိယ အကြိမ် ဖြစ်သလို နောက်ဆုံး အကြိမ်လည်း ဖြစ်နိုင်ပါသည်။
မှတ်မိပါသေးသည်။ လွန်ခဲ.သော (၁၀)နှစ်ကျော်ကာလ ညီမလေး အသက် (၁၅) နှစ်ပြည့် ပြီးသည့် အချိန်မှာ ဖြစ်ပါသည်။ ကျွန်တော်တို့ ရွာတွင် အထက်တန်း ကျောင်းရှိပေမယ့် ပြိးပြည်စုံသော သင်ကြားမှု မဖြစ်နိုင်ဟု ညီမလေးက ယူဆခဲ့ပါသည်။ ထို့ကြောင့် အထက်တန်း ပညာကိုမြို့ကျောင်းသို. သွားရောက်သင်ကြားချင်သည် ဟုဆိုတော့သည်။ မိန်းခလေးက ဖြစ်ပြန်၊ မြို.မှာလည်း အဆက်အခံ ကလည်း မရှိပြန်တော့ စိတ်မချလို့ တားမြစ် ကြသည် ။ တကယ် ဘ၀ကို တိုးတက်ချင်ပါသည်ဆိုသည့်မိန်းခလေး ။ တားမရသည့်အဆုံးခွင့် ပြုခဲ့ ရပါသည်။
ကျွန်တော်ကတော့ (၉) တန်းအောင်ပြီးသည် နှင့် မိဘအလုပ် ၀င်၍ စီးပွားရေးဘက် ကူးခဲ့ရ၍ ပညာရေး မှာဝေး ခဲ့ရသည်။ ထို.ကြောင့် ညီမလေး ကိုတော့ မြင့်မြင့်မားမား ပညာတက်မကြီး ဖြစ်စေချင်ခဲ့သည်။ ညီမလေးတော် ပါသည်။ တက္ကသိုလ်ဝင်တန်း ကိုဂုဏ်ထူး တွေဖြင့် အောင်မြင်ခဲ့သည်။ ရွာကျောင်းမှာ နေခဲ့သော ညီမလေးရဲ့ သူငယ်ချင်းတွေ ကတော့ အောင်ရုံတော့အောင် ကြပါသည်။ ထို.ကြောင့် ညီမလေး အယူအဆ မမှားပါဟု ထောက်ခံမိပေမယ့် ထုတ်တော့ မပြောမိပါ။ တကယ်လို.ညီမလေး မြို့ကျောင်း သွားမတက် ရင်ရော ထူးချွှန်စွာ အောင်ပါ့ မလားဟု ကိုယ့်ဘာသာ ကိုယ်တော့ စဉ်းစားမိခဲ့ပါသည်။
ဒီလိုနဲ့ ညီမလေး ရွာကိုမပြန် ဖြစ်ခဲ့တော့ပါ။ ပြန်ရင်လည်း အလည်အပတ် လောက်သာ လာတက် ပါ တော့ သည်။ ဘ၀တိုးတက်ဖို. ကျွန်တော့် ရင်ခွင်ထဲက ထွက်ခွာ သွားတဲ့ ညီမလေးကို လွမ်းမိပါသည်။ ညီမလေး လိမ်မာ ပါသည် ။ တက္ကသိုလ်ဝင်တန်း ခလေးတွေ ကို (Guide ) ဟုခေါ်သော စာပြဆရာမလေး လုပ်ရင်း သင်တန်းတွေ တစ်ခုပြီး တစ်ခု တက်သည်။ စက်မှုတက္ကသိုလ် တက်၍ အင်ဂျင်နီယာမကြီး လုပ်မည် ဟု ပြော ပါသည်။ ကျွန်တော် နားမလည်သော ဘာသာ စကား တွေပြောတက်တဲ့ ညီမလေးကို လေးလေးစားစား ချီးကျုး မိပါသည် ။
ညီမလေးကံဆိုးပါသည်။ ခေတ်ကာလအခြေအနေအရ ကျောင်းပိတ်ကာလ နှင့်ကြုံတော့ တက္ကသိုလ် မတက်ခင် (၄)နှစ်လောက် နားနေ ရပါသည် ။ ဒါပေမယ့် ညီမလေး အလကား မနေခဲ့ပါ။တဖက်က စာသင်ရင်း သင်တန်း တွေ တက်၍ တက်လမ်းရှာဖွေခဲ့ပါသည်။ ကျွန်တော်တို့ ဒေသမြို့ ကလေးမှ ရန်ကုန်မြို့ ကြီးသို့ ပြောင်းရွှေ.အခြေချပါသည်။ ဤအကြိမ်သည် ဒုတိယ အကြိမ်မြောက် နှုတ်ဆက်ခြင်း ဖြစ်ပါသည်။
ရွာမှာ ပြန်နေပါလား ညီမလေးရယ် လို့ ဘာရယ် မဟုတ်ပြောမိတော့ ညီမလေးက ရယ်ပါသည်။ ဟုတ်တာ ပဲလေ သူလုပ်နေတဲ့ အလုပ်တွေ တို့ရွာမှာမှ လုပ်လို့ မရတာပဲလို့ ဖြေရင်း လွမ်းရပါသည်။ ဒီလိုနဲ. တက္ကသိုလ် ပြီးလို့ ဘွဲ.ရပြိး အင်ဂျင်နီယာမကြီး အဖြစ်အလုပ်ရပါသည် ။ ဒီအလုပ်လေးရဖို့ ပေးဆပ်လိုက်ရတဲ့ အရင်းအနှီး အတွက်တော့ ညီမလေးက ညိုးငယ်စွာ တောင်းပန်ပါသည် ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော် ကျေနပ်ပါသည် ၊၊ ကျွန်တော့် ညီမလေး ဘ၀အခြေကျပြီ လို့ ၀မ်းမြောက် ၀မ်းသာ ပီတိဖြစ်ရပါသည်။ ညီမလေးရဲ့ ခံစားချက်တွေ ကို ရင်ဖွင့်ပြောပြ ပေမယ့် အသိဥာဏ် နည်းတဲ့ ဗဟုသုတ မရှိတဲ့ ကျွန်တော် နားမလည်ပါ ။ သူရတဲ့လခနဲ. မလောက်ငှ တဲ့အကြောင်း ပြောရင် ကျွန်တော်က မပူပါနဲ. ညီမလေးရယ် အစ်ကိုပို့ မှာပေါ့ လို့ ပြောတော့ ငိုရှာပါတယ် ။ ကျွန်တော့် ညီမလေး သည်းသည်း ထန်ထန် ကို ငိုပါတယ် ၊၊ ဘာကိုမကျေ နပ် လို့ ငိုမှန်း မသိပေမယ့် ညီမလေးကို ဖျောင်းဖျနား ချရပါတယ်။ ရောင့်ရဲပါလို.လည်း တရားချမိ ပါတယ်။ အခုလို ဌာန ကြီးတစ်ခုမှာ ၊ စီမံကိန်းကြီး တစ်ခုမှာ တရားဝင်အလုပ် ရနေတာပဲ အစ်ကိုတို.က ဂုဏ်ယူ ၀မ်း မြောက် ပါပြီ၊ ဘာမှမလိုပါဘူး ၊ အမေတို.ဆိုရင် သူတို.သမီး ပညာတက်မကြီး အတွက် ကြွားရတာ အမောပဲ လို.ဆိုတော့ ညီမလေး ထပ်ငိုပါသည်။ ရှိုက်ကြီးတငင် ၀မ်း နည်းစွာ ငိုပါသည် ၊၊ ကျွန်တော် စိတ်မကောင်းပါ ။ ကျွန်တော့် ညီမလေးကို မငိုစေချင်ပါ ၊၊
ညီမလေးပြောတဲ့ အသုံးအနှုန်းတွေ ဘာသာ စကားတွေ ပိုပြီးမြင့် လာတာ သိပေမယ့် ကျွန်တော် နားမလည်ပါ။ ညီမလေးလိုလည်း မစဉ်းစား တက်ပါ။ ပ္မစည်းတစ်ခု ကို ၁၀၀ ၀ယ်ပြီး ၁၁၀ ရောင်းရင် ၁၀ မြတ်တာတော့ သိပါသည်။ ဒါပေမယ့် ညီမလေး ပြောတဲ့ အခွင့်အရေးတွေ ၊ ရပိုင်ခွင့်တွေ ၊ လိုအပ်ချက်တွေ ဆိုတာတော့ နားမလည်ပါ ။ ညီမျှမှုတွေ မညီမျှမှုတွေ ၊ မတရားမှုတွေ တရားမှုတွေ ဆိုတာတွေလည်း ညီမလေးပြောပြ ပေမယ့် အသိဥာဏ်နည်းတဲ့ ကျွန်တော် နားမလည်ခဲ့ရိုး အမှန်ပါ ၊၊
ဒီလိုနဲ. ညီမလေး ယခု တတိယအကြိမ် နှုတ်ဆက်ပြန်ပါသည်။ ပထမအ ကြိမ် နှုတ်ဆက် စဉ်က မိုင် ၂၀ ကျော် ဝေးတဲ့ ကျွန်တော်တို.နားက မြို့ကလေး။ ဒုတိယ အကြိမ် နှုတ်ဆက်တော့ မိုင် ၂၀၀ ကျော် ဝေးတဲ့ ရန်ကုန်မြို.။ ညီမလေး ဒီတစ်ခါ နှုတ်ဆက်တာ တတိယအ ကြိမ်ပါ။ မိုင် ၂၀၀၀ နီးပါး ဝေးမယ်. နေရာတစ်ခု ဆီသို. ၊၊ ၁၅ နှစ် ၁၆ နှစ် အရွယ် မဟုတ်တဲ့ ၂၇-၂၈ အရွယ် ပညာတွေ အတွေ.အကြုံတွေ ပြည်.၀ နေတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီမို့ အထူးတော့ စိတ်မပူ မိတော့ပါ။ လူဆိုတာ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ.နေထိုင်ရတာ ပါပဲလေလို. ဖြေတွေး ရပါတယ်။ သမီးကို စိတ်မချတဲ့ အဖေ နဲ.အမေ ကို တရားနဲ. ဖြေဖို့ပဲ နှစ်သိမ့်ရပါတယ်။ ဘာကို စိတ်တို မှန်းမသိဘဲ တောက် ခေါက်ပြီး အံကြိတ်နေတဲ့ အဖေ့ကို လည်း ဖျောင်းဖျ ရပါတယ် ။ အဖေ့ ကိုလည်း အံကြိတ် တက်ခေါက် စိတ်သောက မစေချင်ပါ ၊၊ တစ်မြေတစ်ပါးဆီ သွားတော့မယ့် သမီးအတွက် ငိုကြွေးနေတဲ့ အမေ့ကို လည်း သနားမိပါသည် ၊၊
ကျွန်တော်ကတော. နွားခြေရာ ခွက်ထဲက ဖားသူငယ်လို.ပဲ ပြော ပြော ဘာမှမသိ တဲ့မတွက် ဘာမှ မခံစား ရတာ အမှန်ပါ။ ညီမလေးလို ပညာတွေ တက်ခဲ့ရင် ညီမလေး လို စိတ်ဒုက္ခတွေ ခံစားနေရ အုန်းမှာ အမှန်ပါ။ ကျွန်တော့် ညီမလေးကို ဒီထက်ပိုပြီး မသိစေချင် မတက်စေချင် တော့ပါ။ ပိုသိ ပိုတက်ရင် ကျွန်တော်တို့ နဲ့ပိုဝေး သွားတော့ မှာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ညီမလေးကို မြန်မာပြည်မှာ ပဲ နေစေချင်ပါသည် ။ ။
မင်းအိမ်ဖြူ
ရေကြည်ရာ မြက်နုရာ ဆိုတဲ့ စကားလေး ကို သုံးမိပေမယ့် တခါတခါ ရေကြည် တစ်ပေါက် သောက်ဖို့ ခက်နေတဲ့ အခါ မြက်နုတွေ ပေါက်နေရာပေမယ့် ကိုယ်တိုင် စားသုံးဖို့ ခက်ခဲ့တဲ့အခါလည်း အခြေသင့်ရာ လွင့် ကြရတာပါပဲလေ ၊၊ ပညာတွေ တက်ပြီး မိဝေးဖဝေး သွားရောက် လုပ်ကိုင်နေရရှာတဲ့ ညီမလေးတွေ ၊ သိသိကြီး နဲ့ အံကြိတ်တက်ခေါက် မျက်ရည်တွေ ပိုးပိုးပေါက်ပေါက် ကျနေရတဲ့ အဖေတွေ ၊ အလွမ်းတွေ နဲ့ အတူ ပန်းရေ ချမ်းဆီမီးတွေ ဘုရားမှာ လှူရင် သားသမီးတွေ ဘေးဘယာကင်းဖို့ ဆုတောင်းနေရတဲ့ အမေတွေ ဒီသောက တွေ ဒီ သောကတွေ အမြန်ဆုံး ပယ်ပျောက်ပါစေ ၊၊
ဝန်ခံချက် ၊၊ ၊၊ ပိုစ့်အဟောင်းလေးပါ ၊၊ ရင်ထဲမှာ နင့်နင့်နဲနဲ ခံစားရသဖြင့် ပြန်လည် တင်ပြပါသည် ၊၊ ဘ၀တွေ ထာဝရ လှပပါစေ ၊၊ သူငယ်ချင်း တွေရဲ့ ဂျီတော့ ကာစတန် မက်ဆေ့မှာ အိမ်ကို လွမ်းလိုက်တာ လို့ ရေးထားတာ မြင်မိလေတိုင်း စိတ်ထဲမှာ နင့်နင့်သည်းသည်း ကို ခံစားရပါသည် ၊၊ ဝေချင်သလောက် ဝေးပါစေ ဆိုတဲ့ အမြင့်ပျံ လိုသူတွေအတွက် မထောင်းတာလှပေမယ့် အဝေးမပျံလို သူတွေ အတွက် တော့ မိဘနဲ့ ဝေးတဲ့ ဒေသဟာ ဘယ်လောက်ပဲ အစာ ရေစာ တွေ ပေါများနေပါစေ ကန္တာရပါပဲ ဗျာ ၊၊

18 comments:

~ဏီလင်းညို~ said...

ကိုမင်းအိမ်ရေ...
မဖတ်ဖူးသေးတဲ့ အဟောင်းလေးမို့ တစ်ကယ်ခံစားရပါတယ်ဗျာ...။ များများသိလေ..၊ များများလိုချင်လေ..၊ များများမျှော်လင့်တတ်လာကြတယ်ထင်ပါရဲ့ဗျာ...။ ဒါပေမယ့်လည်း ကိုယ့်နေရာလေးက ဖွင့်လျှက်နဲ့ ပိတ်ထားတဲ့တံခါးလေးတစ်ချပ်လိုဖြစ်နေခဲ့...။ အဲ့ဒီလိုနဲ့ပဲ... ရေကြည်ရာ မြက်နုရာနေရာတွေမှာ ကျွန်တော်တို့လိုမျိုးအိမ်လွမ်းသူတွေ တစ်နေ့တစ်ခြားများများလာကြတာထင်ပါရဲ့နော်ဗျာ...။
(အောက်ဆုံးစာကြောင်းလေးက ထပ်တူပဲဗျာ..။ ကျွန်တော့်အတွေးနဲ့လေ...)
ခင်မင်တဲ့
ဏီလင်းညို

ကိုဇော် said...

အရမ်းကောင်းတဲ့ ရသ စာလေးပဲဗျာ.။
ခံစားပြီး ဖတ်သွားပါတယ်.။

Zaw said...

ကိုမင်းအိမ်ဖြူရေ
သူငယ်ချင်းတွေ အိမ်ပြန်တဲအချိန်
ကျွန်တော်လဲအိမ်ပြန်ချင်နေတာရယ်
မေမေကိုလွမ်းဒါရယ်
ပေါင်းပြီ ဖားသူငယ် ပြန်ဖြစ်ချင်တယ်ဗျာ
ကိုဒေါသ နဲကိုပါပဲဗျာ

သုဒြေ္န said...

ေ၇ကြည်ရာမြတ်နုရာ၇ှာရင်း ပြန်မရနိုင်တဲ့ အချိန်တွေများစွာ စတေးရင်း ဘ၀တက်လမ်းတွေရှာဖွေ ခြင်းဆိုတာထက် ဘ၀ကိုအစဉ်ပြေရုံလေးလောက် တည်ညိမ် အောင်မနည်းရုန်းကန်လှုပ်ရှာရင်း မိဘနဲ့ ဝေး မိသားစုနဲ့ ဝေး ဗမာပြည်နဲ့ ဝေးချင်တိုင်းဝေး နေရတဲ့ ဘ၀တွေများစွာ၇ှိနေသးတယ်ဗျာ ဟုတ်တယ် ကိုမင်းအိမ်ဖြူ ပြောသလို မြန်မာပြည်မှာဘဲ နေချင်ပါတော့ တယ် ခင်တဲ့ သုဒြေ္န

မယ်ကိုး said...

စာသစ်မရေးပဲ ဆားပဲ ထိုင်ချက်နေတယ်ပေါ့။ ကျွန်မလည်း လုံးဝ မအားဘူး။ ဆားချည်း ချက်နေရရင် ကောင်းမှာပဲ :)

kokomaung.uk said...

ကိုမင်းအိမ်ဖြူရေ..
ဖတ်ရတာ လွမ်းမောဖွယ်ရာဖြစ်မိပါတယ်။
တကယ်ကိုလဲ ခံစားနားလည်မိပါတယ်။
ဒီလိုဘဲပေါ့ဗျာ။ အခြေအနေတွေက ဒီလိုလုပ်မှ ဖြစ်မဲ့အခြေအနေကိုး။

ပျော်ရွှင်ကြည်နူးမှုရရှိနိုင်ပါစေ။

ကြည်ဖြူပိုင် said...

သိပ်ကောင်းတဲ့ပို့စ်လေးပါပဲ
မဖတ်ဖူးလို့ အသစ်ဖြစ်နေတယ်

မငုံ said...

အချိန်တန်ရင် အိမ်ပြန်ကြရအောင် ။ မိဘအိမ် ၊ ကိုယ့်တိုင်းပြည်ပဲ အကောင်းဆုံပါး။

ကြည်ဖြူပိုင် said...

ကျွေးဖြစ်ရင်ခေါ်မယ်လေ ကိုမင်းအိမ်ကို :D
အနော့်သူငယ်ချင်းမယ်ကိုးက ကျွေးခါနီးမှ
အားတော့ဘူးကွယ်လို့ပြောပြီးမလာတော့ရင် ဘယ်လိုလုပ်မလဲ :)

နွေးနေခြည် said...

တကယ့်ဘ၀တွေနဲ့ နီးစပ်တဲ့ ပိုစ့်ကောင်းလေးပါပဲ အကို

ရီမိုးပြည့်  said...

ညီမလည်း အိမ်ကိုလွမ်းနေရတာပါပဲ...

မေဇင် said...

ဖတ်ပီးသား....ဒါပေမယ့်... ပြန်ဖတ်တော့ ပြန်မျက်ရည်ဝဲ တယ်...။ အိမ်ကို လွမ်းတယ်..။

ကိုလူထွေး said...

နင့်နင့်နဲနဲ ခံစားရပါတယ် ကိုမင်းအိမ်ဖြူရေ...
တကယ်တော့ ဒီစနစ်ရဲ့အောက်မှာ အားလုံးဟာ တုံးအောက်ပိတဲ့ ဖားတွေ ဖြစ်နေရတာပါပဲဗျာ...

မင်းအိမ်ဖြူ said...

ရန်ကုန်နည်းပညာတက္ကသိုလ်သူ to me
show details 11:13 PM (10 hours ago)


ရန်ကုန်နည်းပညာတက္ကသိုလ်သူ has left a new comment on your post "မြန်မာပြည်မှာနေစေချင်ပါသည်":

ဒီပို့စ်ကလေးကိုဖတ်မိတာတော့ကြာပါပြီ။ သူငယ်ချင်းတယောက်ရဲ့forward mailကနေပါ။
ကျွန်မကတော့ဒီပို့စ်လေးထဲကညီမလေးတွေထဲက ညီမလေးတယောက်ပါ။ တိတိကျကျပြောရရင်တော့ အိမ်ကိုတိတ်တိတ်လေးလွမ်းနေတဲ့ အိမ်လွမ်းနေတဲ့ ညီမလေးတယောက်ပါ။ ညီမလေး တနေ့နေ့တော့
မြန်မာပြည်မှာ နေမှာပါ။

မင်းအိမ်ဖြူ said...

28 Dec 09, 13:16
နန်းညီ: လေးစားအားပေးနေပါတယ် ကိုမင်းအိမ်ဖြူရေ
28 Dec 09, 13:15
နန်းညီ: ဂျူးရဲ့ စိမ်းလဲ့ညိုကို သွား သတိရမိတယ်
28 Dec 09, 13:15
နန်းညီ: မြန်မာပြည်မှာ နေစေချင်ပါသည်ကို ဖတ်တယ် ကြိုက်တယ်

မင်းအိမ်ဖြူ said...

ဒီပိုစ့်လေးအတွက် ပြောသွားသူတွေရဲ့ ခံစားချက်လေး တွေကို လေးလေးစားစား မှတ်တမ်းတင်ပါတယ် ၊၊ ကျေးဇူးလည်း အထူးတင်ရှိပါတယ် ၊၊

ပျော်ရွှင်သော နေ့သစ်တွေကို နှစ်သစ်မှာ ရရှိခံစားနိုင်ပါစေ ၊၊

လေးစားခြင်းများစွာဖြင့်

မင်းအိမ်ဖြူ

ကြယ်ပြာ said...

ပထမဆုံးရောက်ဖူးခြင်းပါ ... ဒီပို့စ်လေးဖတ်ရင်း စိတ်မကောင်းဖြစ်ပြီး မျက်ရည်ဝဲမိတယ် .. တကယ်တော့ ကိုယ့်နိုင်ငံမှာကိုယ်နေပြီး အလုပ်လုပ်ချင်ပါတယ် ... ၀န်ထမ်းအဖေကြီး ပင်စင်ယူသွားတော့ ကိုယ့်ဆီမှာကိုယ်ဆိုရင် စားမလောက်ဘူးလေ ... ဒီတော့ ရေကြည်ရာ မြက်နုရာဆိုတဲ့ စကားလေးခံပြီး မပျော်ရာဘ၀မှာတော်သလိုကြည့်နေရတာပါပဲ ... ခဏခဏတွေးကြည့်မိတယ် ... အဖေအမေနေထိုင်မကောင်းရင်တောင် ငါ အနီးကပ်ပြုစုနိုင်ပါ့မလားဆိုတာကိုပေါ့ ... အိမ်ကိုပိုလွမ်းသွားမိတယ် ....း(

ဧပရယ်လ်ပူး@ပူးတေ said...

အစ်ကိုရေ ဒီပို့စ်လေးဖတ်ပြီး တကယ်ပဲ အိမ်က အဖေ၊ အမေ၊ အဖွား၊ ညီအစ်ကို မောင်နှမတွေနဲ့ အဒေါ်တွေကို လွမ်းသွားတယ်... ဒီနေ့ညီမလေးကို ပိုလွမ်းနေမိတယ်...
သူကတော့ မိဘတွေ ညီအစ်ကိုမောင်နှမတွေနဲ့ အတူတူနေရတာပါ.. ကိုယ်အချစ်ဆုံးမို့ပါ..