Sunday 31 January 2010

လတ်တလောလေးများ

အင်း အမှန်တော့ ကိုယ့်အိမ်ကို မရောက်တာ ကြာပေါ့ ၊၊ ဘယ်လို ၀င်ရပါ့လို့ သော့လေးတောင် မေ့တော့မလို့ P(: အလုပ်တွေ ရှုပ်နေလို့ပါ လို့တော့ မညည်းချင်တာအမှန် ၊၊ လူတိုင်းမှာက ကိုယ့်အရေးတွေနဲ့ ကို ၊၊ လူတိုင်း က အလုပ်ရှုပ်နေကြတာ ဆိုတော့ ကိုယ်ကလည်း သိပ်ညည်းလို့ မကောင်း တာတော့ ဘာသာနားလည်ပါတယ် ၊၊ အမှန်တိုင်းပြောရရင် စာတွေလည်း လိုက်ဖက်ချင်သလို စာအသစ်တွေလည်း ရေးတင်ချင်ပါတယ် ၊၊ သူငယ်ချင်းတွေ နဲ့ အဆက်ပြတ်နေပါတယ် ၊၊ သူတို့အိမ်တွေလည်း မရောက်တာ ကြာပေါ့ ၊၊ ကိုယ့်ကို မေ့သွားမှာ လည်း စိုးပါတယ် P(:
အခုလတ်တလော သတင်းကောင်းလေး ကြားရတာကတော့ သူငယ်ချင်းရဲ့ အမျိုးသမီး PR ရသွားတယ် ဆိုတဲ့ သတင်းလေး ၊၊ သူ့အတွက် ၀မ်းသာရသလို အခြား စောင့်နေဆဲ သူငယ်ချင်းတွေ အတွက်လည်း ၀မ်း သာ ရပါတယ် ၊၊ အခုချိန်ထိ PR တွေ ပေးနေသေးတယ် ဆိုတာလေး သိရတာပေါ့ ၊၊ အင်း နောက်တစ်ခုကတော့ သတင်းမကောင်းလေး ၊၊ အလုပ်လာရှာတဲ့ ကျောင်းတုန်းက သူငယ်ချင်း အလုပ်တော့ ရပါရဲ့ တင်လိုက်တဲ့ Spass က ရီဂျက်တက်တဲ့ ၊၊ အရည်အချင်းလား အင်း သူ့ဘွဲ့ က မြန်မာပြည်မှာတော့ အမြင့်ဆုံး ပါပဲ ၊၊ လုပ်သက်လား ကျောင်းပြီးတာ ကြာပေါ့လေ ၊၊ အချို့သူ့ အတန်းဖေါ်တွေဆို ဒေါက်တို ကြီးတွေ တောင် ဖြစ်နေပေါ့ ၊၊
စိတ်ချမ်းသာစရာလေးကတော့ ကျွန်တော့် ဖြေရှင်းနေတဲ့ Lee Project လေး ( လူမှု ဆက်ဆံရေး ဘာသာရပ် တစ်ခုပါ အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက် Mr Lee လေ P: ) က ရလဒ်ကောင်းလေးတွေ မြင်နေရလေရဲ့ ၊၊ ရှေ့လျှောက် ကောင်းဖို့သာမို့ ကိုယ့်ဖက်က ကျိုးစားဖို့ပဲ ၊၊ စိတ်ညစ်စရာလေးကတော့ အချိန် မလောက်ငှတာပဲ ၊၊ တကယ်ပါ ၊၊ုအဟုတ်မလောက်တာ ၊၊ ဘယ်လို ကုန်နေမှန်းကို မသိတာ ၊၊ ဒီလဆို လစာ ဘယ်လို ၀င် လာမှန်းကို မသိတာ ၊၊ အရင်ကဆို မျှော်နေကြ ၊၊ ဒီလဘယ်လို ကုန်မှန်းကို မသိ လိုက်တာ ၊၊
စိတ်မကောင်းတာလေးက အိမ်ကို ပေးဖို့ ၀ယ်ထားတဲ့ ပစည်းတွေ ပေးဖို့ အဆင်မပြေတာ ၊၊ တော်ရုံဆို လူကြုံ မပေးတဲ့ ကျွန်တော် အားကြိုးမာန်တက် လူကြုံကောင်းလို့ ၀ယ်မိကာမှ အဆင်မပြေဖြစ်ရတယ် ၊၊ အိမ်ကိုလည်း ဖုန်းက ဆက်ပြီးပြီမို့ မျှော်နေမယ့် အမေ့အတွက်ပဲ စိတ်မကောင်း ၊၊ အင်း သူကမှာတာ မဟုတ်တော့ တော်သေး ရဲ့ ၊၊ ကိုယ်ဘာသာ လူကြုံ ကောင်းလို့ ၀ယ်ပေးလိုက်တယ် လို့ ပြောထားတာ ဆိုတော့ အင်း ဆိုပြီးပဲ .... ကျေနပ် လိုက်ရပါတယ် ၊၊ တက်နိုင်ဘူး ရယ် ကိုယ်တိုင်ပြန်ဖြစ်ရင် ပြန်ဖြစ် မဟုတ်တော့လည်း ဒေါ်သန်းနုပေါ့လေ ၊၊ တော်ပါပြီ နောက်များတော့ လူကြုံရယ်လို့ မျှော်ကိုးပြီး မ၀ယ်လိုတော့ပြီ ၊၊ မှတ်မှတ်ရရ နှစ်ခါလား ပို့ဖူးတယ် ၊၊ အိမ်ကလူတွေ အလုပ်ရှုပ်လို့ တော်ရုံတော့လည်း မပို့ပါဘူး ၊၊ သူတို့ ဖုန်းဆက်လို့ ဘာပေးလိုက်မလဲ မေးတဲ့ အခါ မျိုးသာ သေချာမေးပြီး ပေးတက်တာ ၊၊ ကိုယ်လည်း ကိုယ်ချင်းစာပါတယ် ၊၊ ပြန်တဲ့အခါ ပေးချင်သူ မှာချင်သူက များသားလား ၊၊ ကိုယ်တိုင်ကလည်း နည်းနည်းလေးမှ သူများအငြို အငြင် မခံချင်သမို့ ခက်တော့လည်း ခက်သား ကိုယ့်စိတ်ကိုယ့်စိတ် ၊၊
စိတ်ချမ်းသာစရာလေးတစ်ခုက အခုတလော အသစ်ရတဲ့ သူငယ်ချင်းတွေ ပေါင်းရတာ အဆင်ပြေတယ် ၊၊ ကိုယ့်အပေါ်လည်း ကောင်းကြတယ် ၊၊ စကားလုံးတွေကို ခံစားတက်တဲ့ အသံတွေကို ဖတ်တက်တဲ့ ကိုယ့် အကြောင်းနဲ့ ကိုယ်မို့ပါ ၊၊ အလုပ်ထဲက လုပ်ဖေါ်ကိုင်ဖက်တွေနဲ့ အဆင်ပြေ နေတာလေး တစ်ခုနဲ့တင် နည်းနည်း တော့ သက်သာတာပေါ့ ၊၊ ကိုယ့်ပြသနာက အလုပ်ထဲမှာ မဟုတ် ၊၊ တော်သေးသည် မှတ်ရမည် ၊၊
ငါ့မှာ အချိန်မလောက်ဘူး လို့ ညည်းတော့ အလုပ်ထဲက မလေးရှား သူငယ်ချင်းက Who ask you to go and do ? who ask you ??? who ask you ??? တဲ့ ၊၊ အင်းကိုယ့် ဒေါသနဲ့ ကိုယ်ဆိုတော့လည်း ငြိမ်နေပေါ့ ၊၊ မင်းကလည်းကွာ နည်းနည်းလောက်တော့ အားပေးပါလား ဆိုတော့ မင်းသူငယ်ချင်းတွေ အားလုံးက အဲဒီလို အားပေးနေရင် မင်း ပျင်းသွားမှာပေါ့တဲ့ ၊၊ မင်းအချိန်ပိုတွေ လိုချင်ရင် မင်းရနေပြီပဲ နောက်တစ်ခုကို မင်းလိုချင်တာမဟုတ် လား မင်း ကျိုးစားပါ တဲ့ ၊၊ အင်း ဟုတ်ပ
စိတ်မကောင်ထပ်ဖြစ်မိတာက အွန်လိုင်းပေါ်က စကားအခြေအတင် ပြောပွဲလေး ၊၊ ရသမျိုးစုံ ခံစားနေရရဲ့ ၊၊
စိတ်တိုင်းမကျတာကတော့ အခုချိန်ထိ သေးသေးလေး တင်ရင်တောင် သည်းညည်း မခံတက်သေးတဲ့ မရင်ကျက် သေးတဲ့ စိတ်တစ်ခုပဲ ၊၊ ဒါပေမယ့်လေ ဟိုးအရင် နှစ်တွေနဲ့ စာရင်တော့ တော်တော်ကို ရင့်ကျက် တည် ငြိမ်နေပြီပြောရမယ် ...........
လေးစားခြင်းဖြင့်
မောင်မင်းအိမ်

8 comments:

ဝက်ဝံလေး said...

ဟိဟိ လတ်တလောလေးတွေ လာဖတ်သွားတယ်
အားလုံး အဆင်ပြေနေရင် လောကကြီးက ဘယ် ကောင်းတော့မလဲ ဒီတော့ အကောင်းနဲ့ အဆိုး အမြဲ ဒွန်တွဲနေတာပေါ့ဗျာာာာာာာာ (အလဲ့ လူကြီးလေသံနဲ့ ဟားဟားးးးးးး)

ပျော်အောင်နေပါ

သူကြီးမင်း (တုံးဖလား) said...

စိတ်ကောင်းစရာ
စိတ်မကောင်းစရာ
ရသနှစ်မျိုးလုံး ယူသွားပါတယ်။

ပျော်ရွှင်ပါစေဗျာ။

~ဏီလင်းညို~ said...

ကိုမင်းအိမ်ရေ...
စာအသစ်လေးဖတ်သွားတယ်...။
ကျွန်တော် သိပ်ကြိုက်တဲ့
လက်သုတ်စုံလေးတစ်ပွဲလိုပဲ....။ ရသစုံပါတယ်....။ မဖတ်ရတာကြာလို့လားမသိ....း)
(ခဏခဏ စိတ်မကောက်တော့ဘူးဆိုတဲ့ သဘောပေါ့...။ နည်းနည်း ရင့်ရက်နေပြီဆိုတော့လေ....း))
ခင်မင်တဲ့
ဏီလင်းညို

khin oo may said...

kom: စာလာဖတ်တယ်။ အလုပ်များအချိန်နည်း အဆင်ပြေသတင်းကောင်း ဝမ်းသာပါတယ် လူကြုံလဲ့ရပါစေ.အဆင်ပြေရင်လည်းအလ

နွေးနေခြည် said...

အဆင်ပြေပါစေ ကိုမင်းအိမ်
နေခြည်လည်း ဘာတွေမှန်းကိုမသိဘူး ရှုပ်နေတာပဲ (လူရော၊ စိတ်ရော)း)

Anonymous said...

read pi pi

mae said...

ကိုမင်းအိမ်.. ဒေါ်သန်းနုရယ် မလေးရှားက သူငယ်ချင်းပြောတဲ့ စကားရယ်က စက်ာပူကို သတိရသွားစေတယ်

အားလုံးအဆင်ပြေပါစေ

မငုံ said...

အတူတူပဲ ကိုမင်းအိမ်ရေ..စာတွေလဲအသစ်တင်ချင် ၊ အိမ်တကာလည်ပြီးလဲ စာဖတ်အားပေးချင် ၊ အလုပ်မှာကလဲ မအားနဲ့ ၊ ဒီကြားထဲ ဟိုကိစ္စ ၊ ဒီကိစ္စတွေ ရှုပ်ယှတ်ခတ်နေလိုက်တာ ..မောသွားတာပဲ :))

အဆင်ပြေပါစေနော့။