Tuesday, 16 March 2010

ခါတလေ ( ထိပ်ဆုံးသို့)


တစ်တောင်ပေါ် တစ်တောင်ဆင့်
တောင်အမြင့် ပတ်ခြံရံတစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့ ဖန်ဖန်လေ အားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန် ၊၊

ခါတလေ
တကယ်ပန်းတာကြောင့်တော်ပါပြီ
ဆက်မလှမ်းချင်ဘုရပ်တန်းက ရပ်မယ်ကြံ
အမှန်တော့ ဖြစ်နိုင်မလား
စခဲ့မိဟာပေါ့ တစ်နေ့မှာ ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာ ဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းအသာဖြေအုံး ၊၊

မာလာငွေ ကန်ရေအေးရယ်နှင့်
ငှက်တေးကို အာရုံဆင်လို့မူတစ်သွင်
အားအင်သစ်လိုက်ပါ့ချစ်ဖွယ့်လူသား။ ၊၊

မှတ်စုလေးထဲမှာ အမြဲရှိနေတဲ့ ကဗျာလေးပါ ၊၊ စာအုပ်တစ်ခုခုထဲက ကူးထားခဲ့ဖူးတာ ၊၊ ကျောင်းပြီးကာစ ကတည်းက အလုပ် အကိုင် အဆင်မပြေလေတိုင်း နောက် ခုချိန်ထိ စိတ်ညစ်စိတ်ပျက်နဲ့ အားလုံးကို ထားပြီး ထွက်ပြေးချင်စိတ်ပေါက်မိတိုင်း ပြန်ရွတ်မိတယ် ၊၊ နောက် တစ်ပုဒ်ကတော့ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာလေး ပါ ပဲ ၊၊ ကဗျာလေးကိုထက် သီချင်းလေးကို စိတ်ညစ်မိတိုင်း ရွတ်မိတယ် ၊၊ ညိုပြာပြာ ..... လတာပြင် ခြေရင်း လှိုင်းတက်ရာ ဗေဒါတက် လှိုင်းသက်ရာဆင်း ................ ဆို အစချီတဲ့ ဒီသီချင်းလေးက အင်မတန်မှ အသက်ပါလှပါတယ် .............
တခါတခါ ထွက်ပြေးချင်းစိတ်တွေ ပေါက်မိပေမယ့် ကိုယ် ရွေးခဲ့တဲ့ လမ်းပေမို့ ဆုံးအောင်တော့ ဆက်လျှောက်ရ ပေအုံးမပေါ့လေ ............
ပျော်ရွှင်ကြပါစေ
မင်းအိမ်ဖြူ
“ ဗေဒါလမ်း ”
ညိုပြာပြာ
လတာပြင်ခြေရင်း
လှိုင်းတက်ရာ ဗေဒါတက်၊
လှိုင်းသက်ရာဆင်း။
ဆင်းရလဲ မသက်သာ။
အုန်းလက်ကြွေရေပေါလော၊
မျောစုန်လို့လာ အဆင်းနဲ့အလာ၊
ဗေဒါမ အထွေး။အုန်းလက်ကြွေ သူ့နံဘေး၊
ဆောင့်ခဲ့ရသေး။
ဆောင့်ခဲ့လဲ မသက်သာ
နောက်တချီ ဒီတလုံးက၊
ဖုံးလိုက်ပြန်ပါမြုပ်လေပေါ့ ပေါ်မလာ၊
မဗေဒါအလှတစ်လံကွာ လှိုင်းအကြွ၊
ပေါ်လိုက်ပြန်ရ
ပေါ်ပြန်လဲ မသက်သာချောင်းအဆွယ်
မြောင်းငယ်ထဲက၊ ဘဲထွက်လို့လာ
ဘဲအုပ်မှာ တရာနှစ်ရာ၊
ဗေဒါက တပင်ထဲ
အယက်အကန်ခံလို့
ဗေဒါပျံအံကိုခဲ၊
ပန်းပန်လျက်ဘဲ။
ဆရာဇော်ဂျီ (၁၉၀၇ – ၁၉၉၀)

8 comments:

Mogok Thar said...

အဆင်ပြေပါစေ

kokomaung.uk said...

အားတင်းထား အားတင်းထား။

ဂီတဟာ အားမာန်ဖြစ်တယ်။
ကဗျာဟာ အားမာန်ဖြစ်တယ်။
သီချင်းဟာ အားမာန်ဖြစ်တယ်။
အားမာန်ဟာ အားမာန်ဖြစ်တယ်။

ကျနေတဲ့ စိတ်ဓါတ်တွေ ပြန်ကောက်လိုက်။
လွတ်နေတဲ့ စိတ်ရိုင်းတွေ ပြန်ထိန်းချုပ်လိုက်။
အားငယ်တဲ့ စိတ်တွေ ထုတ်ပစ်လိုက်။

ကိုဖြူကြီး ပြုံးဖြီးဖြီး ဖြစ်နိုင်ပါစေဗျာ။းဝ

ဝက်ဝံလေး said...

ငယ်ငယ်တုံးက ကျက်ခဲ့ရတဲ့ ကဗျာလေးပေါ့
အားဂျားးးး အာဂျားးးး ဖိုက်တင်းနော် ဟဲဟဲ

~ဏီလင်းညို~ said...

ကိုမင်းအိမ်.......
မလေးရှားက လူညည်းရင် ပိုဆိုးမယ်နဲ့တူတယ်နော်.......း))
အစစအဆင်ပြေပျော်ရွှင်ပါစေနော်ဗျ......။
ခင်မင်တဲ့
ဏီလင်းညို

mae said...

"တခါတခါ ထွက်ပြေးချင်းစိတ်တွေ ပေါက်မိပေမယ့် ကိုယ် ရွေးခဲ့တဲ့ လမ်းပေမို့ ဆုံးအောင်တော့ ဆက်လျှောက်ရ ပေအုံးမပေါ့လေ "

:)

ကျမလဲ ဒီလို ရွတ်နေကျ ကဗျာလေးတစ်ပုဒ်ရှိတယ်
http://www.thedontquitpoem.com/thePoem.htm

Zaw said...

ခင် ဗျား လုပ် နိုင် တယ် ဆို ဒါ ယုံ တယ် ဗျာ


ဘာ ဘဲ ဖြစ် ဖြစ် နံ ပတ် ဝမ်း ဖြစ် ပါ စေ ဗျာ ။

အား တင်း ထား လို ပြော စ ရာ့ မ လို ပါ ဘူး ဗျာ ။


ကိုမင်းအိမ်ဖြူ ခုလဲ ပန်းပန်လျက်ဘဲ ဟုတ်?

ကိုလူထွေး said...

ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ကဗျာကြောင့် လမ်းဖြောင့်ဖြောင့် ဆက်လျှောက်ဖို့ အားသစ်တွေ ရသွားသူတွေ မြန်မာပြည်မှာ အများကြီး...

ဘာပဲဖြစ်ဖြစ် တောင့်ထားဗျာ...

ယောက်ျားပဲ

မငုံ said...

စွမ်းအားပြည့် ကဗျာတွေ လာခံစားတယ်။ အဆင်ပြေပါစေနော့။