Wednesday 12 May 2010

မငယ်တော့တဲ့ အသက်တွေ

တကယ်ပါ ၊၊ ကိုယ့်ကိုကိုယ်တော့ ဘယ်တော့မှာ ကြီးလှပြီလို့ မထင်မိဘူး ၊၊ အခုချိန်ထိ လှုပ်ရှားတုန်း ရုန်းကန် တုန်း ပြေးလွားနေတုန်း ၊၊ သူငယ်ချင်းတွေ နဲ့ ဆုံဖြစ်တဲ့ အခါမှ ပြောဖြစ်ကြတာက ကိုယ်တွေ မေ့နေတဲ့ ကိုယ်တွေ ရဲ့ လက်ရှိအသက်တွေ ၊၊ တကယ်မငယ်တော့ပြီ ၊၊ ၄၀ ကျော် ၅ နှစ်တွင်း မဟုတ်သေးပေမယ့် ကိုယ်တွေ ငယ်ငယ်တုန်းက ကြီးလှပြိလို ထင်ခဲ့တဲ့ အဲဒီလူကြီးတွေရဲ့ အသက်တွေ ကိုယ်စီကိုယ်စီ ၊၊ အိမ်ထောင် တာဝန်တွေ မရှိကြသေးတော့ လည်း အသက်တွေကို ပိုမေ့နေကြပြီ ထင်သည် ၊၊ အင်း ကိုယ်တွေ အောက်ကို ပြန်ကြည့်လိုက်တော့မှ ကိုယ့် တူတွေ တူမတွေကို အထက်တန်းပြီးလို့ ကောလိပ်တွေ တကသိုလ်တွေ ရောက်နေ ကြပြိ၊၊ သူတို့တောင်မှ မကြာခင် ကြင်ယာစုံတော့မည် ၊၊ အော် အင်း တကယ် မငယ်တော့ပါလား ၊၊ တခါတခါ အခြားသူတွေ မေးတဲ့အခါ ကိုယ့်ရဲ့ အမှန်တကယ်အသက်ကို မေ့လျော့လို့တောင် နေမိသည် ၊၊ မလိမ်ညာ ချင်ပါဘူး ဒါပေမယ့် တကယ် ကိုတခါတလေ မေ့လျော့လို့ ၂၀ ကျော် သာသာ ထင်မှတ်နေသေးတာ ၊၊ အခုတလော အသက်တွေ အကြောင်း တိုက်ဆိုင်နေမိသည် ၊၊ အဲဒီသူငယ်ချင်းတွေနဲ့ တစ်ညစုံဖြစ်သည် ၊၊ ပြောဖြစ်ကြတာက မငယ်တော့တဲ့ အသက်တွေ အကြောင်းပေါ့ ...............
မင်းအိမ်ဖြူ

1 comment:

လသာည said...

အခုလည်း ၂၀ကျော်ပဲ မဟုတ်ဖူးလား.. :D

ပိုစ်တွေ မတင်တာတောင် ကြာပြီ..။ အလုပ်တွေ တော်တော်များနေတယ် ထင်တယ်..
အဆင်ပြေပျော်ရွှင်ပါစေ နော်