Wednesday 26 May 2010

ဘ၀လား လွမ်းတယ် မုန်းတယ်

ခံစားချက်မဲ့တဲ့မနက်ဖြန်တွေကို
ခံစားမူကင်းတဲ.အပြုံးတွေနဲ့
ကြိုဆိုရတာ ဘ၀လား...........


မျှော်လင့်ချက်မဲ့တဲ့နောင်နှစ်တွေကို
မျှော်လင့်ချက်ကင်းတဲ့အတွေးတွေနဲ့
ကြိုဆိုရတာ ဘ၀လား...........

တကယ်မဟုတ်တဲ့ လုပ်ဇာတ်တွေကို
အဟုတ်အဟတ်လို
ထောက်ခံနေရတာ ဘ၀လား ...........

အနှစ်မပါတဲ့ သတင်းတွေကို
စိတ်မပါတဲ့ ရုပ်တည်တွေနဲ့
နားထောင်နေရတာ ဘ၀လား ...............

မဟုတ်တာတွေ လုပ်နေတာကို
ဟန်ဆောင်ထားတဲ့ အပြုံးတုတွေနဲ့
ခေါင်းညိတ်နေရတာ ဘ၀လား .................

အလုပ်မရှိတဲ့ ဘ၀ ................

အရင်းမရှိတဲ့ဘ၀ .................

အမျိုးကြီးကြီးတွေ မရှိတဲ့ဘ၀ ……………

ဆယ်တန်းအောင် ဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

ကျောင်းကြီးပြီးဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

အလုပ် ရဖို. ကြိုးစားခဲ.ရတဲ. အချိန်တွေကိုလွမ်းတယ်...........

မျှော်လင်.ချက် မဲ. ကြိုးစားနေရတဲ. မနက် ဖြန်တွေကို မုန်းတယ်...........

အဟုတ်အဟတ်မဟုတ်တဲ့ လုပ်ဇာတ်ခင်းပြီး ဆက်သွားအုံးမယ့် Road Map ဆိုတာကြိးကို မုန်းတယ် ………….

ခေတ်မှီဖွံ့ဖြိုး တိုးတက်နေတယ်ဆိုတဲ့ သတင်းကို မီးပျက်လို့ မကြည့်လိုက်ရတဲ့ ညတွေကို မုန်းတယ် …………..

ခနာကိုယ်ကို ဈေးကောင်းရဖို့ ကိုယ့်ကိုကိုယ်ရောင်းစားနေရတဲ့ သူတွေကို မုန်းတယ် ……………

မနက်ဖြန်
မနက်ဖြန်
မနက်ဖြန်
ဘာမှန်းမသိတဲ့ မနက်ဖြန်
မရေရာတဲ့ မနက်ဖြန်တွေ ကိုလည်း မုန်းတယ် .............

မင်းအိမ်ဖြူ

ဝန်ခံချက် ၊၊ ၊၊ မကြာမီ ကျင်းပတော့မယ့် ခြိမ့်ခြိမ့်သဲ ပွဲတော် ကြီးအား ကြိုဆို ဂုဏ်ပြုပါ၏ ၊၊

3 comments:

သူကြီးမင်း (တုံးဖလား) said...

အေးဗျာ... မုန်းမယ်ဆိုလဲ မုန်းချင်စရာကြီးပါဘဲ။ ဒါပေမဲ့ ချစ်တတ်ရင်လဲ ကြံဖန်ချစ်လို့တော့ ရနိုင်ပါသေးတယ်။းဝ)

ကာရံဆူး said...

ဦးသူ စားစတမ်း ခေတ်ထဲမှာ... အမုန်းတရားက ပိုပို ကြီးထွားလာတတ်စမြဲပါ...မဟုတ်တာ အဟုတ်လုပ်နေတဲ့ သူတို့ တွေကို ဟန်ဆောင် ခေါင်းညိတ်နေရတဲ့ ပြည်သူတွေ အဖြစ်..မုန်းလွန်းလို့ ခေါင်းခါမိတဲ့သူတွေ ခုချိန် အမှောင်ထဲမှာ ကျန်းခံသာလို့ မာပါစ...

သိင်္ဂါကျော် said...

Avril ရဲ့ သီချင်းလေးပဲ ဆိုလိုက်တော့မယ်..

Tomorrow tomorrow
I don't know what to say,
Tomorrow tomorrow
Is a different day
.....

Tomorrow it may change,