Saturday 29 May 2010

အမေကို ပြောချင်တဲ့အကြောင်း

တကယ်ပါအမေ ...... သားလေ အမေ့ကို တွေ့ချင်တယ် ..... စကားတွေလည်းပြောချင်တယ် ....

ရောက်တက်ရာရာ တွေ ပြောရင်းနဲ့ ဟိုတစ်နေ့ က ည အလုပ်က အပြန် တက်စီပေါ်မှာ အမေ့အကြောင်းလည်း ပါတာပေါ့အမေရယ် ..........

မဟတမ ဂနီ ခေတ် မဟုတ်တော့တာတော့ သေချာတယ် အမေ...............

သားလည်း အမေ့လောက်တော့ နားမလည်ပါဘူး .............

သို့သော် .......... စားပင်တွေ ကြီးစေချင်ရင် ပေါင်းပင်တွေကိုတော့ ရှင်းရမှာပဲ အမေ ..............

တခါတလေလည်း ပိုးကောင်တွေကို ဒီတိုင်းမောင်းလို့ မရတော့ရင် တော့ အင်း ပိုးသတ်ဆေးတော့  သုံးရတာပဲ မဟုတ်လား ...........

သားက ဥာဏ်နည်းပါတယ်လေ ........

အမေ ကိုတော့ ပြောပြချင်တယ် ........... အကြောင်းတွေ

မင်းအိမ်ဖြူ

3 comments:

မေဇင် said...

ဟုတ်တယ်...တခါတလေ အမေ့ ကို ပြောချင်တဲ့ အကြောင်းတွေ သိပ်များနေတယ်။ ဖုန်းဆက်ရင်းနဲ့ ပြောမကုန်နိုင်တဲ့ အကြောင်းတွေ ဒီလိုပဲ တိတ်တိတ်လေး တမ်းတ ပြောရင်း အမေ ကြားပြီး မေတ္တာတွေ ပို့ပေးနေမှာပါ။

~ဏီလင်းညို~ said...

ကိုမင်းအိမ်ရေ.......

အတူတူပဲ.......
ကျွန်တော်လည်း.......မေမေကိုပြောချင်တယ်......။
ဒါပေမယ့် တစ်ခါတစ်လေ ဝေးနေရတာကို.... စိတ်ပျက်ဖို့သတိမရနိုင်လောက်အောင် အလုပ်တွေများများနေတတ်တယ်ဗျာ......နော့်......။
(အိမ်တောင်ပုံပြောင်းသွားတာမသိလိုက်ဘူးဗျာ......။ ငမိုက်သားကျွန်တော်လေ..........း))

ခင်မင်တဲ့
ဏီလင်းညို

သူကြီးမင်း (တုံးဖလား) said...

စားပင်တွေ ကြီးစေချင်ရင် ပေါင်းပင်တွေကိုတော့ ရှင်းရမှာပဲ

ဟဲ ဟဲ ဒီစကားလေးက အတော်လှသဗျ။