ပန်းတွေ မစုံပေမယ့် 
သပြေညိုတွေ ထွေးတယ် ။ 
နွမ်းတယ် ထင်ရပေမယ့် 
ရနံ့က တကယ်မွေးတယ် ။ 
မကြာမီ သဲပုံပွဲမယ် 
မတ်လ ၄ ရက် ၂၀၂၁ ။ 
မိန်ရာသီ လတပေါင်းမို့ 
ပန်းပေါင်းတော့ မစုံပြီ ။ 
နွေရာသီ ခါအပြောင်းချိန်မို့ 
နွမ်းလျတော့ ကြာရှည်မခံပြီ ။ 
ပန်းတွေ မစုံပေမယ့် 
သပြေညိုတွေ ထွေးတယ် ။ 
နွမ်းတယ် ထင်ရပေမယ့် 
ရနံ့က တကယ်မွေးတယ် ။ 
မကြာမီ သဲပုံပွဲမယ် 
အောင်ပွဲသံ ညံညံစည် ဖို့ 
ပန်းခူးသူကခူး ပန်းကောက်သူကကောက် ပန်းသီသူကသီ 
တူညာညီ တပြည်လုံး ရုန်းနေသမို့ 
မိစ္ဆာတွေ ပြုတ်ပြုတ်ပြုန်းစေဖို့ 
တို့ အား ထည့် လို့ သာ ရုန်း ။ 
မြန်မာပြည် နွေဦး အောင်ပွဲ 
မတ်လ ၄ ရက် ၂၀၂၁ ။