Friday 5 March 2021

နွေဦးမှာ ပန်းခူးထွက်ကြတယ်

မိန်ရာသီ လတပေါင်းမို့

ပန်းပေါင်းတော့ မစုံပြီ ။ 


နွေရာသီ ခါအပြောင်းချိန်မို့ 

နွမ်းလျတော့ ကြာရှည်မခံပြီ ။ 


ပန်းတွေ မစုံပေမယ့် 

သပြေညိုတွေ ထွေးတယ် ။ 


နွမ်းတယ် ထင်ရပေမယ့် 

ရနံ့က တကယ်မွေးတယ် ။ 


မကြာမီ သဲပုံပွဲမယ် 

အောင်ပွဲသံ ညံညံစည်လိမ့်မယ် ။ 


ပန်းခူးသူကခူး ပန်းကောက်သူကကောက် ပန်းသီသူကသီ 

တူညာညီ တပြည်လုံး ရုန်းသမို့ 

မိစ္ဆာတွေ ပြုတ်ပြုတ်ပြုန်းစေဖို့ 

အား ထည့် လို့ သာ ရုန်း ။ 


မြန်မာပြည် နွေဦး အောင်ပွဲ 

မတ်လ ၄ ရက် ၂၀၂၁ ။

No comments: