Friday 5 March 2021

တပေါင်းအောင်ပွဲ

 လေရူးတွေ ပွေတဲ့ 

နွေဦးလေ အဝှေ့မှာ 

တို့တတွေ အာဏာရှင်ကို 

တော်လှန်ကြတယ် ။။


ပြည့်စုံသူလည်းပါတယ် 

မပြည့်စုံသူလည်းပါတယ် 

ပညာတတ်ကြီးလည်းပါတယ် 

အခြေခံလူတန်းစားလည်းပါတယ် 


သံပုန်းတီးသူလည်းပါတယ် 

လမ်းပေါ်ထွက်သူလည်း ပါတယ် 

ရှေ့တန်းက ဖီဆန်သူလည်းပါတယ်

နောက်တန်းက တောင့်ခံပေးသူလည်းပါတယ် 


လာရာမတူ အခြေခံတွေမတူပေမယ့် 

အားလုံးမှာ တူညီတာက 

“လူပီသတဲ့စိတ်”

အာဏာရှင်ကို အမြစ်ဖြုတ်မယ့်စိတ်


တပေါင်းလေနဲ့အတူ 

အဟောင်းတွေကြွေလို့ အသစ်တွေ ဝေလာပါလိမ့်မယ် ။။ 


အားလုံးရဲ့  အောင်ပွဲကို 

တပေါင်းပွဲနဲ့ တူတူ နွဲကြမယ် ။။ 


မတ်လ ၂၀၂၁

No comments: