ဒီရက်ပိုင်းအတွင်း ဘာလုပ်လုပ် အဆင်မပြေပါဘူးဗျာ၊၊ ချစ်သူကမုန်းဖဲကရှုံး ဆိုတဲ.ကိန်းဆိုက်နေတယ်၊၊ တကယ်ကို ချစ်သူက မဖြစ်နိုင်တော.လို.မေ.လိုက်ပါတဲ. ၊၊ လစာလေးကလည်းတိုးဘူးဗျ ၊၊ အလုပ်ကလည်း ပြောင်းထားတာ မကြာသေးတော.အသားကျဖို.ကြိုးစားနေတုန်း၊၊ Reject Letter လေးကလည်း လောလောလတ်လတ် အသစ်စက်စက် ၊၊ ရုံးသွားရတော.လည်း ဝေးလိုက်တာ စင်ကာပူ အရှေ.နဲ.အနောက်၊၊
မနက်လည်းအစောကြီးထလို.၊၊ အိမ်ပြန်ရောက်တော. မိုးကြီးကို စုးံစုံးချုပ်လို.၊၊ ညစာထမင်းတောင် ကိုလင်းဒီပ ကျေးဇူးနဲ.အဆင်သင်.လေးစားနေရတာ ၊၊(ကျေးဇူးပါ လူပျိုကြီး ရယ် ၊ ချက်ကျွေး ရမယ်.မိန်းမနဲ ညားပါစေ၊၊ ဟီဟိ..နောက်တာနော် ...)
ဘာများအဆင်ပြေတာ များရှိလဲဗျာ၊၊ ကံများညံ.ချက် တော. "" စကားပြောတော. ဆဲတယ်ထင် ၊ ပစည်းငှားတော.ခိုးတယ် ထင်"" ဆိုတဲ.ကိန်းမျိုးဆိုက်နေတာဗျ၊၊ သူငယ်ချင်းရေ နေကောင်းလား လို.နှုတ်ဆတ်တော. မရွဲ.နဲ. ၊ နင်.အပူလားတဲ. ၊ ဖြစ်ပုံပြောပါတယ်၊၊ တံခါးဖွင်.လိုက်တာ တစ်နှစ်လုံးသုံးလာတဲ. တံခါးလက်ကိုင် ကပြုတ်ကျတယ်၊၊ ရေချိုးမယ်လုပ်တော. Water Heater ကဘာဖြစ်မှန်းမသိဘူး၊ Power on လို.မရဘူး၊၊ လူထပ်ရှာလို.ရပါဘူးဆိုမှ အခန်းဖေါ် နှစ်ယောက်က ပြောင်းတော.မယ် Deposit ပြန်ပေးအခုတဲ.၊၊
အိမ်ပိုင်ရှင်ကလည်းနောင်နှစ်ချုပ်ဖို. Confirm လုပ်ပါတဲ. ၊၊ ပထမ ကုပ္မဏီက အခွန်သွင်းပြီးမှ လခထုတ်ပေးမယ်တဲ.၊၊ မလေးရှားကညီလုပ်သူကလည်း အဆင်မပြေဘူးတဲ.၊၊ ထွက်တုန်းက ချေးငှားထားတာလေးတွေကလည်း ပြန်ပေးတော.တဲ.တောင်းကြပြီ၊၊ ကံဇာတာ ဂြိုလ်စီးနေပုံများပြောပါတယ်၊၊
အဲဒီတော.ဘယ်မှလည်းသွားချင်ပါဘူးဗျာ၊၊ ဒါပေမယ်. ခလုတ်ထိမှ အမိတ ဆိုသလိုပဲ ၊ အဆင်မပြေတာတွေ များမှပဲ ဘုရားတရားကိုသတိယတယ်ဗျာ၊၊ဒါနဲ.ဒီတစ်ပတ်တော. ဘယ်မှမသွားတော.ဘဲ ၊ ဘုရားတွေပဲ သွားဖြစ်ခဲ.တယ်၊၊ဘုရားရိပ် တရားရိပ်က စိတ်ကိုအေး ချမ်းစေတာတော. အမှန်။ (လျှောက်လည်စရာ ချစ်သူမရှိတာလည်း ပါပါသည်..kwikwi ,ကြော်ငြာဝင်ပါသည်)

( ချစ်သူရှိသူများ ကရုံးပိတ်ရက်တွင် ချစ်သူနှင်.လျှောက်လည်ရ်ျ ချစ်သူမရှိသူများက ဘုရားသွားသည် ၊ Blog ရေးသည် ၊ တဲ. ဟီဟီ .....)
Bugis က Kwan Im Thong Hood Cho Temple

Photo : http://wikitravel.org/en/Singapore/Bugis
အတူတူ သွားတဲ. သူငယ်ချင်း က ဓါတ်ပုံ မရိုက်ကောင်းဘူးဆိုတာ နဲ. မရိုက်ဖြစ်ခဲ.ဘူး၊၊ ဒါကြောင်. Internet ကရှာပြီး ထည်.ထားတာပါ၊၊
ကံများဘယ်လောက်ဆိုးလဲဗျာ...
Kwan Im ကျောင်းရောက်တော. ပန်းလေးပူဇော် ပြီး သူများတကာလို ဆုတောင်းဆုယူပြီး စာချတာပေါ.ဗျာ၊၊
အတူတူသွားတဲ.သူငယ်ချင်းက စာချတာ (Good ) တဲ. ဗျာ၊၊ ကျွန်တော် စာချတော.တစ်ခုက ( Medium ) တဲ. မဆိုးဘူးပေါ . ၊၊ ပျော် မလို ရှိသေး နောက် တစ် ခုမေးတော . ( Bad ) တဲ.ဗျာ၊၊ ဆက်ပြီးမမေးရဲတော.ဘူးဗျ ၊၊ လောလောလတ်လတ်လေး Reject Letter လေးရထားတာဆိုတော. ပိုဆိုးတာတွေ ကြားနေ သိနေရမှာ ဆိုးလို.၊၊
အခုတလော အသည်းကလည်း ငယ်နေတယ် ဗျာ၊၊ ဘာလေးဖြစ်ဖြစ် ရင်ဘက်ကြီး နဲ. ခံစားချက် အပြည်.နဲ ခံစားနေတယ်၊၊ ဒါကြောင်. မကောင်းတာဆို ဘာမှမကြားချင် ပါဘူးဗျာ၊၊ ခံစားပြီး ပူပင်သောက တွေဖြစ်နေရလို.၊၊
ဒါနဲ.ပဲဝတ်ပြု ဆုတောင်း ကန်တော. ပြီးမြန်မြန် ပြန်ထွက်လာခဲ.ရတယ်၊၊ မထွက်ခင်လေးမှာ ခုနက ရထားတဲ. ဟောစာတမ်း စာရွက် လေးတွေကို မီးရှို.ပြီး မကောင်းတာတွေ အားလုံးစာရွက် နဲ.အတူ ထားခဲ.ပြီး ပြန်လာခဲ.ပါတယ်၊၊
အဲဒီကနေဆက်ပြီး Toa Payoh ကိုဆက် သွားဖြစ်ခဲ.တယ်ဗျာ ၊၊ စိတ်ထဲမှာ ကြည်ကြည်လင်လင်မရှိတဲ.အခါ ဘုရားရိပ်တရားရိပ် ခိုချင်တာတော. အမှန်ပဲဗျာ၊၊ တကယ်ကို စိတ်ကို အေးချမ်းငြီမ်သက်စေတယ်၊၊
ဘာပဲဖြစ်ဖြစ် ရွာကိုပြန်ရောက်သွားသလိုလဲ ခံစားရတယ်ဗျာ၊၊ ခဏလေးဖြစ်ဖြစ်ပေါ.ဗျာ၊၊

မြန်မာဘုန်းတော်ကြီးကျောင်း မုဂ်ဦးအ၀င်

ကျောင်းအ၀င်မှာ ၀င်.၀င်.ထည်ထည် ကျက်သရေထည်ဝါစွာ

ကျောင်းအ၀င်မှ ၀င်.၀င်.ကြွားကြွား ခြင်္သေံ ကြီးများ

ကျောင်းအ၀င်မှ ၀င်.၀င်.ကြွားကြွား ခြင်္သေံ ကြီးများ

မြန်မာတို.ရဲ. အထိမ်းအမှတ် သူငယ်တော် နှင်. ကုသိုလ်တော်ခေါင်းလောင်း

ကျေင်းတော် တတိယထပ် မှ ရပ်တော်မူ ဗုဒ္ဒမြတ်စွာ

ကျောင်းတော် အပေါ်ဆုံးထပ် မှ ကြည်ညိုဖွယ် ရာ စေတီတော်

ကျောင်းတော် အပေါ်ဆုံးထပ် မှ ကြည်ညိုဖွယ် ရာ စေတီတော်

ကျောင်းအ၀င် လက်ဝဲဘက်ခြမ်း မှ ကျောင်းဆောင်ငယ်

အထွတ်အမြတ် ဗောဓိပင် နှင်. ဗုဒ္ဒမြတ်စွာ သပ္မါယ်စွာ
တကယ်ကိုအေးချမ်းတဲ နေရာလေးပါ ၊၊ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို.အတွက်တော. ရွာလေးပေါ. ၊၊ ရွာကလူတွေကိုတွေ.ရမယ်၊၊ ကံကောင်းရင် အမျိုးတွေနဲ.ပါတွေ.အုံးမှာ၊၊ အမျိုးသစ်တွေပါ တွေနိုင်ရနိုင်သေးတယ်ဗျ၊၊ ကံကောင်းရင်ပေါ.လေ(စကားချပ်) ၊၊ လွတ်လွတ်လပ်လပ် ပြောချင်ရာကို ရွာသားတို. ဘာသာဘာဝပြောလို.ရတယ်ဗျာ၊၊ ဘယ်လောက်ကောငိးလဲ၊၊
ကျွန်တော်တော. ပရိတ်လေးရွတ်လို. ဘုရားကိုပူဇော် ၊ ပုတီးလေးစိပ် ပြီး ညနေစောင်းမှာ ပြန်လာခဲ.တယ်၊၊
စိတ်ထဲမှာတော. တခဏလေးဖြစ်ဖြစ် ရှင်းသွားတယ်ဗျာ၊၊ ပေါ.ပါးသွားတယ်၊၊
တကယ်လို. အချိန်လေးများရ မယ်ဆိုရင် ဘုရားတော.သွားဖြစ်အောင် သွားပါဗျာ ၊၊ နိဗာန်ဆော် တာပါ ၊၊
1 comment:
ကံပိုကောင်းလာအောင် ကန်တော်ကြီးကို ပတ်ပြေးပါ။
Post a Comment