Saturday, 14 March 2009

မြန်မာပြည်ကို ချစ်ပါသည်

ကျွန်တော် လွန်ခဲ.တဲ. ၂ နှစ်လောက်တုန်းက ခံစားချက်လေးနဲ. ရေးဖွဲ.ထားတဲ. ဇာတ်လမ်းလေးပါ ပဲ၊၊ အဆုံးပိုင်းလေး ကိုနည်းနည်းလေး ထပ်ပြင်ထားတယ် ၊၊ ဒါပါပဲ ၊၊ ခံစားချက်တွေ မပြောင်းလဲသေးပါ၊၊ ခုချိန်ထိ ဒီအတိုင်းလေးပါ.........

မြန်မာပြည်ကို ချစ်ပါသည်


ကိုဖိုးချို ကြိး နိုင်ငံခြား သွားတော့မည် ဆိုတဲ့ စကားကို ကြားရတော့ အံ့သြမိတာ အမှန်ပါ။ ယုံလည်း မယုံပါ ။ ရန်ကုန်မြို.မှာ ၂၄-နာရီ မီးလာပြီ ဆိုတဲ့ စကားလို ဒီသတင်း ကျွန်တော်တို.ကြားမှာ ထူးခြားတာတော့ အမှန်ပါ။ ဘာဖြစ်လို. လည်းဆိုတော့ ကျွန်တော်တို.အသိုင်းအ၀ိုင်း တွင် ကိုဖိုးချို လောက်မြန်မာပြည် ချစ်တဲ့သူ မရှိပါဘူး။ ကျောင်းပြီးလို.အားလုံး နိုင်ငံခြားသွား ကြတော့လည်း တုတ်တုတ် မျှမလှုပ်တဲ့ ကိုဖိုးချိုပါ။ သွားတဲ့သူတွေ ကိုတောင် မသွားဖို.တရားပြ နားချခဲ့လို. ကွယ်ရာမှာ ကိုဖိုးချိုကို ကိုမြန်မာချစ် လို. နာမည်ပြောင်ခေါ်ခဲ့ ကြတာပါ။ ( ရည်းစားနဲ.တောင် ကွဲထဲ.အထိ ၊ just put , new edit)


ကျောင်းပြီး ကတည်းက ဆောက်လုပ်ရေ: ၀န်ကြီး ဌာနက တံတား စီမံကိန်း တစ်ခု ကိုနေ.စားဝန်ထမ်း အဖြစ်ဝင်သွားခဲ့တာပါ။ အဆင်ပြေတာ မပြေတာထက် အလုပ်လုပ် ရရင်ပျော် နေတက်တဲ့ ကိုဖိုးချို ပါ။ ပိုက်ဆံမရလို. လည်း တ၀မ်းတခါး မလိုပါဘူးကွာ ဆိုပြီး နေခဲ့တဲ့ ကိုဖိုးချို ပါ ။ တကယ်ကိုမြန်မာပြည် ကိုချစ်တဲ့သူ။ မြန်မာပြည်မှာ ပျော်တဲ.သူ ၊၊ မြန်မာအချင်းချင်း မြန်မာလိုပြောရတာ ဘယ်လောက်များ အားရ စရာကောင်းလဲ မြန်မာ လိုခိုင်းလို. ရတယ် မြန်မာလိုဆဲလို. ရတယ်ကွာ လို.အမြဲတမ်း သူ.ကိုသူ မြန်မာအင်ဂျင်နီယာ အဖြစ် ဂုဏ်ယူ တက်သူပါ။ သူကတော့ နေနိုင်တာပေါ့ မိဘကိုလည်း ပြန်ပေးစရာမလို သူ.အိမ်ကတောင် ထောက်ပံ့ နေသေးတာပဲ လို.ကွယ်ရာမှာ အတင်းဆိုလည်း သူကတော့ ပြုံးပြုံးလေး ပါပဲ။


မြန်မာပြည်မှာပဲ လုပ်ကြဖို.၊ မဖွံ.ဖြိုး မတိုးတက်သေး တဲ့နေရာတွေကို လုပ်ပေးဖို. အမြဲ မဲဆွယ်နေတက် သူပါ။ တကယ်ကို အလုပ် လျှောက်ကြတော့ ကျန်တဲ့သူတွေက နီ:စပ်ရာ နေရာ ပြန်တောင်း ကြပေမယ့် ကိုဖိုးချို ကတော့ ပထမ ဦးစားပေး ၊ ဒုတိယ ဦးစားပေး ၊ တတိယ ဦးစားပေး အားလုံး စေလိုရာစေ ဆိုတဲ.သူ၊၊ ဝေးစမ်းပါစေ မြန်မာပြည်ထဲမှာ ပါဆိုတဲ.သူ၊။ ပထမအလုပ်က ကလေးဝဆိုတဲ. စစ်ကိုင်းတိုင်း ဟိုးအဖျားနား ၊၊ နောက် မွန်ပြည်နယ်ထဲက စစ်တောင်းတံတား၊၊ နောက် ချင်းပြည်နယ် ဟိုးအစွန်က ဟုမ္မလင်း ၊ ခန္တီး ၊၊ ဟိုးဘက် က နန်.စလိန်ဆိုတဲ. နာဂတွေ ရဲ.ဒေသ တွေ၊၊ အခု နောက်ဆုံး မုံရွာ ဆိုတဲ.နေရာ က အိမ်နဲ. အနီးဆုံး ၊၊ ဒါတောင် သူအိမ်နဲ. မိုင် ၆၀၀ ကျော် ၊၊ ဒါပေသည်. အလုပ်လုပ်ရင်း ပျော်နေတဲ.သူ၊၊


ဒါပေမယ်. အခုနိုင်ငံခြား သွားတော.မယ်တဲ. ၊၊ ကောလဟာလ များလား၊၊ သေချာအောင် တွေ.ပြီး မေးချင်သည်၊၊ သူအိမ်ကို ဖုန်းဆက်တော. မုံရွာမှာတဲ. ၊၊ မုံရွာရုံးကို ဆက်တော. နေပြည်တော် ကို ACE နှင်. လေးလပတ် ပါသွားပါတယ်တဲ.၊၊ လူကြီးအချစ်တော် လက်စွဲ နိင်ငံခြား သွားမယ်ဆိုတာ မဖြစ်နိုင်ပါ လို. ဘာသာ တွေးမိသည်၊၊ ရန်ကုန် ၃၈ လမ်းက ကိုဖိုးချို ရဲ. အရင်းနှီးဆုံး သူငယ်ချင်းကို ဖုန်းဆက်တော. သူ ရန်ကုန် ဆင်းလာမည်တဲ. ၊၊ လာခဲ.ပါလား ဆုံရတာပေါ.တဲ. ၊၊ မေးကြည်.တော. ထိုသူငယ်ချင်းက ရယ်နေသည်၊၊ '' I dont want to say anything " တဲ. ၊၊ ဒါဆို............


နှင်းမြူတွေစဝေနေပြီ ဖြစ်တဲ. နိုဝင်ဘာလရဲ. ညတညမှာ မြန်မာပြည်မှာ ကျန်နေသေးတဲ. လက်ကျန် သူငယ်ချင်း လေး အနည်းစု ဆုံဖြစ်ကြသည်၊၊ ဘီယာလေးသောက် ရင်းရင်တွင်းခံစား ချက်လေးတွေ ဖလှယ်ရင်း ပေါ.၊၊ အဲသည်ညက ကျွန်တော်တို. နောက်ဆုံး ဆုံဖြစ်ခဲ. ကြတာပေါ.၊၊ အမြဲတမ်း တက်ကြွပြီး စကားတွေ ဖောင်နေတက်တဲ. ကျွန်တော်.သူငယ်ချင်း ၊၊ တိတ်ဆိတ်လို.၊၊ တခွန်းမေး မှတခွန်းဖြေသည်၊၊ ဘီယာသေက်ရင်း ဝေနေတဲ. မျက်ဝန်းတွေ ၊၊ ဘီယာကြောင်.လား၊၊ မီးရောင် ကြောင်.ဖျတ်ခနဲ လက်သွားတဲ. မျက်ဝန်းအစုံ က ဝေ.သီနေတာ ဘာတွေများဘာလိမ်. ၊၊ အရင်လို တက်ကြွနေတဲ. မျက်ဝန်းအစုံ မဟုတ်တာတော.သေချာသည်၊၊


လူစုခွဲပြီး အိမ်မြန်ကာနီးတော. ကျွန်တော် သိချင်နေတဲ. မေးခွန်းလေးကို ကိုဖိုးချိုကိုအားနာနာ နဲ.ပဲ မေးလိုက်မိသည် ၊၊ ကျွန်တော်. မျက်နှာကို ကြည်.ပြီး လက်ကလေးနှစ် ဖက်နောက်ပစ်လို. ပြောပြနေတဲ. ကိုဖိုးချို စကားတွေက...

"ဘ၀မှာ လူတိုင်းကတော. ကိုယ်ရဲ.ရည်မှန်းချက်တွေ ၊ မျှော်လင်.ချက်တွေ ၊ အိပ်မက်တွေကို ပုံဖေါ်ချင် ကြတာပေါ.ဗျာ ၊၊ အဲဒီထဲ မှာမှ ကံကောင်းတဲ.လူ အနည်းစုက သူတို.ရဲ. အိပ်မက်တွေကို ပုံဖေါ်ခွင်. ရကြတယ်၊၊ တချို.ကတော. အိပ်မက်တွေကို ဒီအတိုင်းပဲ မေ.ထားလိုက် ကြတယ်၊၊ လူတချို.က အိပ်မက်တွေ ကို ပုံဖေါ်ဖို. ကြိုးစားရင်း ရုန်းကန်နေဆဲပဲ ...............

တစ်နေ.တော. ကျွန်တော် အိပ်မက်တွေ ................

လို.ပြောရင်း ဆူးလေလမ်းမကြီး တစ်လျှောက် ခေါင်းငုံ.လမ်းလျှောက် ပြန်သွားတဲ.ကိုဖိုးချိုရဲ. ကျောကိုကြည်. ရင်း တောက်ပတဲ. မျှော်လင်.ချက်တွေနဲ. တက်ကြွခဲ.တဲ. လူငယ်တစ်ယောက် အိပ်မက်တွေကို အကောင်အထည် ဖေါ်နိုင်ပါစေလို. ဆုတောင်းပေးရင်း............................

မိုးဝေ(စက်မှုတက္ကသိုလ်)

4 comments:

Nay Linn said...

Nice post. I want to know what make him to change his mind...

မင်းအိမ်ဖြူ said...

ကျေးဇူးပါ ဗျာ ၊၊ စာလာဖတ်ရုံမက Comment လေးပါ ပေးသွားလို. ၊၊ ကိုဖိုးချိုသာ အသိဆုံး ဖြစ်မှာပါ ၊၊

နွေးနေခြည် said...

ပျော်ရာမှာမနေရ တော်ရာမှာနေရတဲ့ ဘ၀တွေကို တွေးမိတိုင်းဝမ်းနည်းမိတယ်။

နေဒေးသစ် said...

ကိုဖိုးချို ပြောသွားတဲ့ စကားလေး ကြားရတာ
စိတ်ထဲ တစ်မျိုးပဲ ...
တစ်ခုခု ...
အဲ့ တစ်ခုခုကို
မြင်ခဲ့ရသလိုပဲ ...
အတွေးများခဲ့လေပြီ ...
နေဒေးသစ်။