Saturday, 14 March 2009

မြန်မာပြည်မှာနေစေချင်ပါသည်

ကျွန်တော် လွန်ခဲ.တဲ. ၂ နှစ်လောက်တုန်းက ခံစားချက်လေးနဲ. ရေးဖွဲ.ထားတဲ. ဇာတ်လမ်းလေးပါ ၊၊ ဒီအတိုင်းလေးပဲ တင်လိုက်ပါတယ်၊၊ Win Innwa ကနေ Zawgyi ပြောင်းပြီး တင်လိုက်ရုံပါပဲ၊၊ ဘာမှပြင် စရာ မလို ဘဲလည်း ခံစားချက်လေးက ဒီအတိုင်း ရှိနေဆဲပါပဲ၊၊


မြန်မာပြည်မှာနေစေချင်ပါသည်


ညီမလေးနှင်းမာ တစ်ယောက်ဒီတစ်ခေါက်အိမ်ပြန် လာတာ မျက်နှာ သိပ်မ ကောင်းပါ။ အဖေတို.အမေတို.ကို ကန်တော့  ရင်း လာနှုတ်ဆက် တာလို. ပြောပါသည်။ ညီမလေး ဘယ်ကို များခရီး ဆန်.အုန်းမလို. ပါလိမ်.။ ဒီလို ကန်တော့ရင်း နှုတ်ဆက်တာ ဒီတစ်ခါ တတိယ အကြိမ် ဖြစ်သလို နောက်ဆုံး အကြိမ်လည်း ဖြစ်နိုင်ပါသည်။ မှတ်မိပါသေးသည်။ လွန်ခဲ.သော (၁၀)နှစ်ကျော် ကာလ ညီမလေး အသက် (၁၅) နှစ်ပြည်.ပြီးသည်. အချိန်မှာ ဖြစ်ပါသည်။ ကျွန်တော်တို. ရွာတွင် အထက်တန်း ကျောင်းရှိပေမယ်. ပြိးပြည်စုံသော သင်ကြားမှု မဖြစ်နိုင်ဟု ညီမလေးက ယူဆခဲ့ပါသည်။ ထို.ကြောင်.အထက်တန်း ပညာ ကိုမြို.ကျောင်းသို. သွားသင်ချင်သည် ဟုဆိုတော့သည်။ မိန်းခလေးက ဖြစ်ပြန်၊ မြို.မှာလည်း အဆက်အခံ ကလည်း မရှိပြန်တော့ စိတ်မချလို. တားမြစ်ကြသည်။ တကယ် ဘ၀ကို တိုးတက်ချင်ပါသည်ဆိုသည်.မိန်းခလေး။ တားမရသည်.အဆုံးခွင်. ပြုခဲ.ရပါသည်။


ကျွန်တော်ကတော. (၉) တန်းအောင်ပြီးသည် နှင်. မိဘအလုပ် ၀င်၍ စီးပွားရေးဘက် ကူးခဲ့ရ၍ ပညာရေး မှာ ဝေးခဲ့ရသည်။ ထို.ကြောင့် ညီမလေး ကိုတော့ မြင့်မြင့်မားမား ပညာတက်မကြီး ဖြစ်စေချင်ခဲ့သည်။ ညီမလေးတော် ပါသည်။ တက္ကသိုလ်ဝင်တန်း ကိုဂုဏ်ထူး တွေဖြင့် အောင်မြင်ခဲ့သည်။ ရွာကျောင်းမှာ နေခဲ့သော ညီမလေးရဲ့ သူငယ်ချင်းတွေ ကတော့ အောင်ရုံတော့အောင် ကြပါသည်။ ထို.ကြောင့် ညီမလေး အယူအဆ မမှားပါဟု ထောက်ခံမိပေမယ်. ထုတ်တော့ မပြောမိပါ။ တကယ်လို.ညီမလေး မြို.ကျောင်း သွားမတက် ရင်ရော ထူးချွှန်စွာ အောင်ပါ.မလားဟု ကိုယ့်ဘာသာ ကိုယ်တော့ စဉ်းစားမိခဲ့ပါသည်။ ဒီလိုနဲ.ညီမလေး ရွာကိုမပြန်ဖြစ်ခဲ့တော့ပါ။ ပြန်ရင်လည်း အလည်အပတ် လောက်သာ လာတက် ပါတော့သည်။ ဘ၀တိုးတက်ဖို. ကျွန်တော်. ရင်ခွင်ထဲက ထွက်ခွာသွားတဲ့ ညီမလေးကို လွမ်းမိပါသည်။


ညီမလေး လိမ်မာပါသည်။ တက္ကသိုလ်ဝင်တန်း ခလေးတွေ ကို (Guide ) ဟုခေါ်သော စာပြဆရာမလေး လုပ်ရင်းသင်တန်းတွေ တစ်ခုပြီး တစ်ခု တက်သည်။ စက်မှုတက္ကသိုလ် တက်၍ အင်ဂျင်နီယာမကြီး လုပ်မည် ဟုပြောပါသည်။ ကျွန်တော်နားမလည်သော ဘာသာ စကား တွေပြောတက်တဲ့ ညီမလေးကို လေးလေးစားစား ချီးကျုးမိပါသည်။ ညီမလေးကံဆိုးပါသည်။ ခေတ်ကာလအခြေအနေအရ ကျောင်းပိတ်ကာလ နှင့်ကြုံတော့ တက္ကသိုလ် မတက်ခင် (၄)နှစ်လောက် နားနေ ရပါသည်။ ဒါပေမယ့် ညီမလေး အလကား မနေခဲ့ပါ။တဖက်က စာသင်ရင်းသင် တန်းတွေ တက်၍ တက်လမ်းရှာဖွေခဲ့ပါသည်။


ကျွန်တော်တို. ဒေသမြို.ကလေးမှရန်ကုန်မြို.ကြီးသို. ပြောင်းရွှေ.အခြေချပါသည်။ ဤအကြိမ်သည်ဒုတိယ အကြိမ်မြောက် နှုတ်ဆက်ခြင်း ဖြစ်ပါသည်။ ရွာမှာပြန်နေပါလား ညီမလေးရယ် လို.ဘာရယ် မဟုတ်ပြောမိတော့ ညီမလေးက ရယ်ပါသည်။ ဟုတ်တာပဲလေ သူလုပ်နေတဲ့ အလုပ်တွေ တို.ရွာမှာမှ လုပ်လို.မရတာပဲလို. ဖြေရင်း လွမ်းရပါသည်။ ဒီလိုနဲ. တက္ကသိုလ်ပြီးလို. ဘွဲ.ရပြိး အင်ဂျင်နီယာမကြီး အဖြစ်အလုပ်ရပါသည်။ ကျွန်တော့် ညီမလေး ဘ၀အခြေကျပြီ လို့ဝမ်းမြောက် ၀မ်းသာ ပီတိဖြစ်ရပါသည်။


ညီမလေးရဲ့ ခံစားချက်တွေကို ရင်ဖွင့်ပြောပြ ပေမယ့် အသိဥာဏ် နည်းတဲ့ ဗဟုသုတ မရှိတဲ့ ကျွန်တော် နားမလည်ပါ။ သူရတဲ့လခနဲ. မလောက်ငှ တဲ့အကြောင်း ပြောရင် ကျွန်တော်က မပူပါနဲ. ညီမလေးရယ် အစ်ကိုပို.မှာပေါ. လို.ပြောတော့ ငိုရှာပါတယ်။ ဘာကိုမကျေ နပ်မှန်း မသိပေမယ့် ညီမလေးကို ဖျောင်းဖျနား ချရပါတယ်။ ရောင့်ရဲပါလို.လည်း တရားချမိ ပါတယ်။ အခုလိုဌာနကြီးတစ်ခုမှာ ၊ စီမံကိန်းကြီး တစ်ခုမှာ တရားဝင်အလုပ် ရနေတာပဲ အစ်ကိုတို.က ဂုဏ်ယူ ၀မ်းမြောက် ပါပြီ၊ ဘာမှမလိုပါဘူး ၊ အမေတို.ဆိုရင် သူတို.သမီး ပညာတက်မကြီး အတွက် ကြွားရတာ အမောပဲ လို.ဆိုတော့ ညီမလေး ထပ်ငိုပါသည်။ ရှိုက်ကြီးတငင် ၀မ်း နည်းစွာ ငိုပါသည်၊၊ ကျွန်တော် စိတ်မကောင်းပါ ။ ညီမလေးပြောတဲ့ အသုံးအနှုန်းတွေ ဘာသာ စကားတွေ ပိုပြီးမြင့် လာတာ သိပေမယ့် ကျွန်တော် နားမလည်ပါ။ ညီမလေးလိုလည်း မစဉ်းစား တက်ပါ။ ပ္မစည်းတစ်ခု ကို ၁၀၀ ၀ယ်ပြီး ၁၁၀ ရောင်းရင် ၁၀ မြတ်တာတော့ သိပါသည်။ ဒါပေမယ့် ညီမလေး ပြောတဲ့ အခွင့်အရေးတွေ ၊ ရပိုင်ခွင်.တွေ ၊ လိုအပ်ချက်တွေ ဆိုတာတော့ နားမလည်ပါ။


ဒီလိုနဲ. ညီမလေး ယခု တတိယအကြိမ် နှုတ်ဆက်ပြန်ပါသည်။ ပထမအ ကြိမ် နှုတ်ဆက် စဉ်က မိုင် ၂၀ ကျော် ဝေးတဲ့ ကျွန်တော်တို.နားက မြိုကလေး။ ဒုတိယ အကြိမ် နှုတ်ဆက်တော့ မိုင် ၂၀၀ ကျော် ဝေးတဲ့ ရန်ကုန်မြို.။ ညီမလေး ဒီတစ်ခါ နှုတ်ဆက်တာ တတိယအ ကြိမ်ပါ။ မိုင် ၂၀၀၀ နီးပါး ဝေးမယ်. နေရာတစ်ခု ဆီသို. ၊၊ ၁၅ နှစ် ၁၆ နှစ် အရွယ် မဟုတ်တဲ့ ၂၇-၂၈ အရွယ် ပညာတွေ အတွေ.အကြုံတွေ ပြည်.၀ နေတဲ့ မိန်းမတစ်ယောက် ဖြစ်နေပြီမို. အထူးတော့ စိတ်မပူ မိတော့ပါ။ လူဆိုတာ ရေကြည်ရာ မြက်နုရာ ပြောင်းရွှေ.နေထိုင်ရတာ ပါပဲလေလို. ဖြေတွေး ရပါတယ်။ သမီးကို စိတ်မချတဲ့ အဖေ နဲ.အမေ ကို တရားနဲ. ဖြေဖို.ပဲ နှစ်သိမ့်ရပါတယ်။ ဘာကို စိတ်တို မှန်းမသိဘဲ တောက် ခေါက်ပြီး အံကြိတ်နေတဲ့ အဖေ့ကို လည်း ဖျောင်းဖျ ရပါတယ်။


ကျွန်တော်ကတော. နွားခြေရာ ခွက်ထဲက ဖားသူငယ်လို.ပဲ ပြော ပြော ဘာမှမသိ တဲ့မတွက် ဘာမှ မခံစား ရတာ အမှန်ပါ။ ညီမလေးလို ပညာတွေ တက်ခဲ့ရင် ညီမလေး လိုစိတ်ဒုက္ခတွေ ခံစားနေရ အုန်းမှာ အမှန်ပါ။ ကျွန်တော့် ညီမလေးကို ဒီထက်ပိုပြီး မသိစေချင် မတက်စေချင် တော့ပါ။ ပိုသိ ပိုတက်ရင် ကျွန်တော်တို.နဲ. ပိုဝေး သွားတော.မှာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ညီမလေးကို မြန်မာပြည်မှာ ပဲ နေစေချင်ပါသည်။ ။


မိုးဝေ(စက်မှုတက္ကသိုလ်)

3 comments:

ဗီလိန် said...

...... အိပ်မက်တွေ တစ်ခုပြီးတစ်ခု လူကို အဝေးက မျှားလို့ရယ်...... ရုပ်ဝတ္ထုတို့ဆီ လိုက်ရင်းပြေးရင်း ဖိနပ်လည်း ပါးတော့မယ်.......

အငဲသီချင်းဆိုသွားပါ၏။

လင်းဒီပ said...

ပိုသိ ပိုတက်ရင် ကျွန်တော်တို.နဲ. ပိုဝေး သွားတော.မှာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ညီမလေးကို မြန်မာပြည်မှာ ပဲ နေစေချင်ပါသည်။ ။

ဆိုတာလေးကို ဆက်တွေးမိတယ်..ပိုသိပိုတတ်တဲ့အခါ တကယ်ပဲ ကျွန်တော်တို့တွေ ပိုပိုဝေးတဲ့နေရာရောက်သွားကြတယ်..

သိပ်နှမျောဖို့ကောင်းတယ်..ဦးနှောက်တွေ ယိုစီးကုန်တာ..

ရန်ကုန်နည်းပညာတက္ကသိုလ်သူ said...

ဒီပို့စ်ကလေးကိုဖတ်မိတာတော့ကြာပါပြီ။ သူငယ်ချင်းတယောက်ရဲ့forward mailကနေပါ။
ကျွန်မကတော့ဒီပို့စ်လေးထဲကညီမလေးတွေထဲက ညီမလေးတယောက်ပါ။ တိတိကျကျပြောရရင်တော့ အိမ်ကိုတိတ်တိတ်လေးလွမ်းနေတဲ့ အိမ်လွမ်းနေတဲ့ ညီမလေးတယောက်ပါ။ ညီမလေး တနေ့နေ့တော့
မြန်မာပြည်မှာ နေမှာပါ။