Sunday 19 April 2009

Angle လွဲတဲ့မှန်


အသွား ရှိရင် အပြန်ရှိတယ်တဲ့
အပေးရှိရင် အယူရှိပြန်တယ်တဲ့
အလျော်ရှိရင် အစားရှိတယ်တဲ့
မှန်သားပဲ
ဒါကြောင်.လည်း နိယာမလို. ဆိုကြသကိုး .................
နွေပေါင်း သုံးဆယ်
မိုးပေါင်း သုံးဆယ်
ဆောင်းပေါင်း သုံးဆယ် ဒီနိယာမဆိုတာလေးကို ပဲ
လက်ကိုင်ထားခဲ့တယ် ...................
မမှားသော အမှန်တရားကို နိယာမဆိုတော့
ကိုယ်နားမလည်တဲ့ ဘာသာစကား
အငြင်းလည်းမပွား လိုပါဘူး ................
နွေတွေ၊ မိုးတွေ ၊ ဆောင်းတွေ
အလီလီ ပြောင်းလို. အမြင်တွေလည်း
အခါခါ ညောင်းခဲ့လေတော့
ပေးတိုင်းလည်း ပြန်မရတာ
သွားတိုင်းလည်းပြန်မလာတာ
လျော်တိုင်းလည်း မစားရတာ
အခါခါတွေ များ လာခဲ့လေတော.
နိယာမများ မှားလေသလားကွယ် ...................
သံသယတွေ အခါခါ ပွားလို. ထပ်ခါထပ်ခါ
စဉ်းစားကြည်.တော.
ပြန်တော. ရသား
လာတော.လာသား
ရတော. ရ သား
သို.ပေသည်.
ကိုယ် သွားတဲ့ ဆီက
ကိုယ် ပေးတဲ့ ဆီက
ကိုယ်လျော်တဲ့ ဆီက
မဟုတ်တာ အခါခါတွေ.ရပြန်တော. ...............

သြော်
ရေးတေးတေးလေးတွေးမိတာက
Angle လေးများ လွဲလေသလားရယ်လို. ၊၊

အင်း
Angle မလွဲသည်. တိုင် ပြန်စွမ်းအင်ပေး
ပြဒါးလေး မရှိရင်လည်း ပြန်မရနိုင်တာ
လက်တွေ. ဘ၀ရဲ့ သင်္ခန်းစာ ၊၊
အဲဒါ ဘ၀ကပေးတဲ့ သင်္ခန်းစာ ၊၊


( ပေးတိုင်းမရရ်ျ စိတ်တိုင်းမကျလေတိုင်း Angle လေများ လွဲလေသလားလို. စဉ်းစား ပြီး ဖြေသိမ်.ကြည်.ပါ လို. )

( ကိုယ်ပေးလိုက်တဲ့ မှန်လေးက ၊ နေရာလေးက ပြဒါးကွာနေရင်လည်း ကိုယ် ပေးတာ Angle မှန်ပေ သည်. တိုင် ကိုယ်ထံ ပြန်မလာ နိုင်တော.တာလည်း မမေ.စေချင်ပါ ၊၊ )

မင်းအိမ်
ခံစားရရ်ျရေးမိပါသည်၊၊

5 comments:

လင်းဒီပ said...

angle လွဲတယ်လို့ ပြောရင်ပြောနိုင်ပါတယ်..တချို့ကိစ္စတွေ..
ဒါပေမယ် တခါတလေကျတော့လည်း အချိန်အခါဆိုတာ ရှိပါသေးတယ်..ကိုယ်က ဒီအရာကို ဒီအချိန်မှာလိုချင်နေပေမယ့် ရမယ့်အချိန်(ကိုယ့်ဆီရောက်ရမယ့်အချိန်)
မဟုတ်သေးရင်တော့ ရောက်မလာပါဘူး။ဒါကို reflection မပြန်ဘူးလို့တော့ တွေးလို့မရသလို angle မမှန်ဘူးလို့လည်း ပြောမရပြန်ပါဘူး။ ဘဝမှာ ထည့်စဉ်းစားရတဲ့ factors တွေကလည်း အများသားပါပဲ..။
ခင်မင်စွာ
လင်းဒီပ

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူးတင်ပါတယ် ကိုဒီပရေ ................
အခုလို မမြင်လေးကို မျှဝေပေးတဲ့ အတွက် ...........
ကျွန်တော် လက်ခံပါတယ် ဗျာ ...............

အဲဒီအချိန်ကိုလည်း စောင်.နေဆဲပါ ...............

မှားတာတွေ များခဲ့လေတော. ဘာတွေးတွေး

အမှားဘက်က စတွေးဖို. အသားကျနေခဲ့ပြီ............

မယ့်ကိုး said...

“Angle မလွဲသည်. တိုင် ပြန်စွမ်းအင်ပေး
ပြဒါးလေး မရှိရင်လည်း ပြန်မရနိုင်တာ
လက်တွေ. ဘ၀ရဲ့ သင်္ခန်းစာ ၊၊”

အဖွဲ့ လေးကောင်းပါတယ်။
ဒါပေမယ့် ရှင်တော်ဘုရားတောင် အရှင်ဒေဝဒတ်ရဲ့  မေတ္တာရောင်ပြန်ကို ရဖို့  တစ်သက်တာလောက် ကြာခဲ့တာနော်။
ကဗျာဆရာရဲ့  angle လွဲတာလည်း ဖြစ်နိုင်သလို လာတော့လာမယ် ကြာတယ်ပေါ့။ :)

လေးစားစွာ
မယ်ကိုး

ဗီလိန် said...

Angle မလွဲပါဘူး။ မျက်စိစောင်းနေတာနေမှာပါ။ :)
စတာပါဗျာ။

Reflection လည်း နောက်မကျပါဘူး။ အစ်ကိုကလည်း လောနေတာမဟုတ်ပါဘူး။ ကော်နက်ရှင် မကောင်းလို့ Reply ကြာနေတာပါ။ :)

Yu Ya said...

ကိုမင်းအိမ်ဖြူရဲ့ Angle က မလွဲပါဘူး...
Normal Line နဲ့ တစ်ထပ်တည်း ပါပဲ...
ကိုမင်းအိမ်ဖြူရဲ့ Mirror ကလည်း အမျိုးအစား ကောင်းကောင်းထဲကပါပဲ...
ဒါပေမယ့် ကိုမင်းအိမ်ဖြူက Infinity မှာ ရပ်နေတော့ ကိုမင်းအိမ်ဖြူရဲ့ ပုံရိပ်လေးက ကိုမင်းအိမ်ဖြူ သတိမမူနိုင်တဲ့ နေရာလေးတစ်ခုမှာပဲ ဖြစ်တည်နေတာပါ။
ဒါကြောင့် ကိုမင်းအိမ်ဖြူ အနေနဲ့ သတ္တိရှိရှိ၊ ရဲရဲဝင့်ဝင့် ရှေ့ ကို နည်းနည်း တိုးပေးလိုက်မယ်ဆိုရင်ဖြင့် ကိုမင်းအိမ်ဖြူ မျှော်လင့်နေတောင့်တနေတဲ့ ပုံရိပ်ကလေးက ကိုမင်းအိမ်ဖြူနဲ့ ထပ်တူထပ်မျှ အစွမ်းကို ထင်ဟပ်နေမှာပါ။
အထူးသတိချပ်စေချင်တာကတော့... ပုံရိမ်စစ်တို့မည်သည် ဘယ်တော့မှ အတည့်မပေါ်ဘူးဆိုတာနဲ့ ပုံရိပ်စစ်လိုချင်ရင်တော့ မှန်ကန်တဲ့ “မှန်” ကို ရွေးချယ်တတ်ဖို့ လိုမယ်ဆိုတာကို နွားရှေ့ ထွန်ကျူး... အဲလေ..မှားလို့...မှားလို့...မိကျောင်းမင်း ရေခင်းပြသွားရပါတယ်။
ကျေးဇူးတင်စွာဖြင့်
yu ya