Friday 29 May 2009

ဖြစ်တည်လာသော

သညာလေးတွေရဲ့နောက်ကွယ် မှာ ဇာတ်လမ်းလေးတွေ ရှိတယ်တဲ့ ၊၊ ဟုတ်ပါတယ် ၊၊ အချို.သုတွေက အမည်သညာ ကိုလွယ်လွယ် မှည့်ခေါ်တက်ကြပေမယ့် အချို.ချို.တွေကတော့ အဲဒီသညာလေးတွေ အတွက် အဓိပါယ် ရှိရှိ ခံစားချက် အပြည့်နဲ့ပေါ့ ၊၊ ကျွန်တော်မင်းအိမ်ဖြူရယ်လို. ဖြစ်တည်လာပုံလေးကတော့ အင်မတန်မှ ရိုးစင်းခဲ့ပါတယ် ၊၊ ဟိုးဘလော့ စတင်ချိန်မှာ ကတည်းက ကျွန်တော်ဆိုခဲ့ဘူးသလို ကျွန်တော့်ရဲ့ ရင်ထဲမှာ ထိထိရှရှခံစား ရသမျှ ထည့်သွင်း သိမ်းစည်းထားမယ့် ကျွန်တော့်ရဲ့ ကိုယ်ပိုင် အိမ်လေး တစ်လုံးအဖြစ် စတင် စိတ်ကူး တည်ဆောက် ခဲ့ခြင်းသက်သက်ရယ်ပါ ၊၊
ဒီအိမ်လေးတည်ဆောက်မယ်ရယ်လို. စဉ်းစားမိတော့ ပထမဆုံး တွေးမိတာက အိမ်လေးရဲ့ နာမည်ရယ် ၊ Posted လုပ်မယ့် စာရေးသူ နာမည်ရယ်ပေါ့ ၊၊ အိမ်လေးရဲ့ နာမည်ကိုတော့ ရိုးရိုးစင်းစင်း အဖြူရောင်အိမ်လေးတစ်လုံး ရယ် လို.ပဲ ပေးဖြစ်ခဲ့ပါတယ် ၊၊ အကြောင်းကတော့ ကျွန်တော်ဟာ အိမ်ခင်တက်သူမို. ၊ အိမ်လွမ်းသူမို. ၊ သာယာချမ်းမြေ့တဲ့ အိမ်လေးတစ်လုံးပိုင်ဆိုင် လိုသူရယ်မို. ဘလော့ နာမည်လေးကိုတော့ အဖြူရောင်အိမ်လေးတစ်လုံး လို.ပဲ ရိုးရိုးစင်းစင်း ပေးဖြစ်ခဲ့လေတယ် ၊၊ ကျွန်တော့် ရဲ့ အိမ်လေးနဲ့ ပတ်သပ်လို. ခံစားချက်ရယ်ကတော့ ကျွန်တော့ Blog ရဲ့ SideBar မှာ ရေးထားခဲ့သလို

အိမ်ဖြူကလေးရဲ. စိတ်ကူး
ငယ်ငယ်ကလေးဘ၀ကတည်းက စိတ်ကူးထဲမှာ အိမ်လေးတစ်လုံးဆောက်ခဲ.ဘူးပါ တယ်.................
အရွယ်လေးရလာတဲ.အခါ အမှန်တကယ်လည်းတည်ဆောက်ခွင်.လည်း ရခဲ.ပါတယ်………………
ဒါပေမယ်. မမြင် ရတဲ.ကံကြမာဆိုးရယ်……………..
ခဏတာ သာယာမူကိုရှေးတန်းတင် မိတဲ.ညဉ်ဆိုးရယ်…………….
မထိန်းသိမ်းနိုင်ခဲ.တဲ. အတ္တတွေ မာနတွေရယ်………………….
မလိုအပ်တဲ. ယှဉ်ပြိုင်အနိုင် ယူလိုမှုတွေရယ် ကြောင်.……………..
စိတ်ကူးထဲက အိမ်ဖြူလေး ဟာ တကယ်ဖြစ်မလာဘဲတစစီ ပျောက်ဆုံးခဲ. ရ တယ်…………...

ဒါကြောင့် အပြင်မှာတကယ် မဖြစ်လာနိုင်တော့တဲ့ အိမ်လေးတစ်လုံးကို ကျွန်တော် စိတ်ကူးလေးနဲ့ တည်ဆောက်ဖြစ်ခဲ့တာပါ ၊၊ နောက်တစ်ခုအနေနဲ. ကတော့ အိမ်ဖြူလေးကို တည်ဆောက်ထားဖြစ်တဲ့ ရည် ရွယ်ချက်ကတော့
ကျွန်တော့် ရဲ့ ရင်ထဲက ခံစားချက်လေးတွေကို သိမ်းဆည်းထားချင်တဲ့ ရင်ဘက်ထဲမှာ စူးစူးရှရှ ခံစားရသမျှ မှတ်တမ်းတင်ထားရှိမည်.ကိုယ်ပိုင်အိမ်ဖြူလေးတစ်လုံးသာ ဖြစ်ပါကြောင်း…………….

ဆိုတဲ့ရည်ရွယ်ချက်လေးသပ်သပ် ရယ်ပဲ ရှိခဲ့တာပါ ဆိုတာလေးလည်း ကျွန်တော့်ရဲ့ Side Bar မှာ ရေးထား ခဲ့ဖူးပါတယ် ၊၊

ကျွန်တော့်ရဲ့ ကလောင်နာမည် ဖြစ်တဲ့ မင်းအိမ်ဖြူ ဆိုတာ ဖြစ်တည်လာပုံလေးကတော့ ………….

မင်း

ကျွန်တော်ဟာ မြေပြန်.ဒေသလို.ပြောလို.ရတဲ့ မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ရှင်သန်ကြီးပြင်းခဲ့လေတော့ ကျွန်တော်ရဲ့ ပတ်ဝန်းကျင်ဟာ ဗမာစစ်စစ် ဗမာသံတွေနဲ့သာ ယဉ်ပါးခဲ့ရပါတယ် ၊၊ အခြားလူမျိုးခြားဆိုလို. တရုတ်၊ကုလား နဲ. အနည်းအကျဉ်းသော မြန်မာ လူမျိုး (ကရင် ၊ ရှမ်း ၊ ရခိုင် စသည် ) များသာ တွေ.ခွင့် ရခဲ့ပါတယ် ၊၊ ဒီလိုနဲ. မထင်မှတ်ပါပဲ တကသိုလ် ကျောင်းတက်ရတဲ့ အချိန်မှာ အခြားပြည်နယ် များမှ သူငယ်ချင်းများ နဲ့ တွေ.ဆုံပေါင်းသင်းခွင့် ရခဲ့ပါတယ် ၊၊ အဲဒီထဲကမှ ထူးထူးခြားခြား စကားသံ ၀ဲဝဲလေးနဲ. မွန်သံလေးကို သဘောကျသွားရာက စလို. မွန်နံမည်လေးတွေကိုလည်း သဘောကျသွားမိပါတယ် ၊၊ ဒါကြောင့်နောက်ထပ် နာမည်ပေးရင် ဒီလိုနာမည်လေးပေးမယ်လို. အဲဒီကတည်းက အတွေးရခဲ့ပါတယ် ၊၊ မင်းကံစည် ၊ မင်းဗညားထော ၊ မင်းကောင်းပုံ အစရှိတဲ့ မင်းနဲ.စတဲ့ နာမည်လေးတွေ ကို သဘောကျခဲ့ မိဘူးပါရဲ့ ၊၊ နောက်မှတ်မှတ်ယယ လေးက ချိုပြုံးရဲ့ သီချင်းတစ်ပုဒ်ထဲက သက်လုံးပုံ ဆိုတဲ့ သီချင်းစာသားလေးကိုလည်း သဘောကျ နှစ်သက်ခဲ့ဘူးလို. တကယ်လို.များ သမီးလေးမွေးခွင့်ရခဲ့ရင် မယ့်သက်လုံးပုံ လို.ပေးမယ်လို. စိတ်ကူးယဉ်ခဲ့ဘူးပါတယ် ၊၊ သားလေးမွေးရင်တော့ မင်းသက်လုံးပုံ ပေါ့ဗျာ ၊၊ ဒါတွေဟာ အတိတ်မှာ ကျန်နေရစ်ခဲ့ပါပြီ ၊၊ ( အတိတ်ကို ပြန်ဆွလေသလား မမယ်ကိုးရယ် )

အိမ်

မိစုံဖစုံ ၊ ပြည့်စုံပါလျက် နဲ. မိသားစုနဲ. အတူနေခွင့်မရတဲ့ ဘ၀ကို ငယ်ငယ်ကတည်းက စိတ်နာမိပါတယ် ၊၊ ကိုယ့်လောဘတွေ ၊ အတ္တတွေ ၊ ရမက်တွေ ၊ မာနတွေ ကြောင့် ကိုယ်ပေးဆပ်ရတဲ့ နာကျင်မှူတွေ အတွက် ကိုယ်သာ အကျေ ကွဲရဆုံးပါ ၊၊ ဟိုးငယ်ငယ် မိသားစု ဘ၀ကို သိတက်ခါစအချိန်မှာပဲ မိသားစုနဲ့ ဝေးရာကို တစ်ယောက်တည်း ထွက်လာခဲ့ရပါတယ် ၊၊ ထူးအိမ်သင် ရဲ့ အမေ့အိမ် နဲ. ဟေမာနေ၀င်းရဲ့ အမေ့အိမ်ကို တလှည့်စီ ဖွင့်ရင်း ခံစားရတဲ့ လွမ်းဆွတ်မှူဟာ ခုချိန်ထိပြန်တွေးတိုင်း နာကျင်နေရဆဲ ၊၊ အရွယ်မတိုင် ခင် အလိုဆန္ဒတစ်ခု ကို ရဖို.ပေးဆပ်ခဲ့ရတဲ့ ဒီခံစားမှူမျိုးကို ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ မခံစားစေချင် တော့ ၊၊ အမေလည်းနာကျင်စွာ ခံစားခဲ့ရတယ်ဆို တာ နောက်ကျမှ သိခွင့်ရခဲ့တယ် ၊၊ ခွင့်လွှတ်ပါ အမေ ၊၊ ဒါဟာ အမေတို. အတွက်ပါလို. အမေနားလည်မှာပါ နော် ၊၊ ညစဉ် ၁၀ နာရီ ခွဲ လို. အမြန်ရထားကြီး ၀င်လာတိုင်း ဖိနပ်သံ တရှပ်ရှပ်နဲ. သားထွေးပြန်လာမလားလို. ထွက်ထွက်မျှော်တက်တဲ့ အမေ့အကြောင်း ပြန်ကြား ရတော့ မျက်ရည်မကျပဲ ရှိုက်ငိုနေခဲ့မိတယ် ၊၊ ကျွန်တော့်ဘ၀မှာ လိုချင်တာဆို ဘယ်အရာမှ မရတက်တာ ခုချိန်ထိ ၊၊ ကျွန်တော့်လောက် မိသားစုဘ၀ကို ခုံမင်တာ မရှိခဲ့ ၊၊ ဟိုးကတည်းက မိသားစုမစုံရင် ထမင်းမစားဘဲ စောင့်နေတက်တဲ့ ကျွန်တော် မိသားစုနဲ. အတူ ထမင်းစားခွင့် ရခဲ့တာ အသက် အလွန်ဆုံးရှိလှ ၉ နှစ် ၁၀ နှစ် ပေါ့ ၊၊ အခုတော့ ဘ၀လည်း ထက်ပိုင်းကျိုးပါပြီ ၊၊ အစ်ကို အစ်မတွေ အားလုံး လည်း အိမ်ထောင် တွေ ကျလို. ကျွန်တော် မျှော်မှန်းခဲ့ဘူးတဲ့ ထမင်းဝိုင်းမျိုး ဘယ်တော့မှ ပြန်မရနိုင်တော့ ၊၊ အဖေနဲ. အမေ ရဲ့ ရွှေရတု နှစ်ပတ်လည် မင်္ဂလာပွဲမှာတော့ မောင်နှမတွေ ပြန်လည် ဆုံ တွေ. ကြပါစို.လို. ဟိုတစ်လောက အားလုံးကို အကြောင်းကြားထားလေရဲ့ ၊၊ ကံတရားက ကျွန်တော့်ကို မျက်နှာသာ ပေးပါစေလို. ဆုတောင်းမိရဲ့ ၊၊ ဒီလိုနဲ့ ကျွန်တော်ဟာ အိမ်နဲ.ဝေးခဲ့သူမို. အိမ်ကို ခင်တွယ် မိပါတယ် ၊၊ ဟိုးကတည်းက သာယာတဲ့ အိမ်ထောင်လေး တစ်ခုကို မက်မောခဲ့ပေမယ့် ခုလို ဘ၀ ထက်ပိုင်း ကျိုးတဲ့ထိ ဘ၀ကို တစ်ယောက်တည်း လျှောက်လှမ်းနေဆဲ ၊၊ ကိုယ်ပိုင်အိမ်ဆိုပေမယ့် မိသားစုမရှိတဲ့ အိမ်တစ်လုံးဟာ ဇရပ်တစ်လုံးနဲ.အတူတူပါပဲ ၊၊ ကိုယ့်အိမ်ကိုယ် သော့ဖွင့်ဝင် ရတဲ့ ခံစားချက်ဟာ ခုအခါမှာ အသားကျ ကျင့်သားရ နေပေမယ့် အရင်အချိန်တွေ တုန်းကတော့ အရမ်းကို ထိတ်လန်.ခံစားခဲ့ဘူးပါတယ် ၊၊ ဒါကြောင့် ကိုယ့်အိမ်ကို တံခါးပိတ်ပြီး မိသားစု ရှိတဲ့ သူငယ်ချင်းတွေ အိမ်မှာ ခိုကပ်နေခဲ့ဘူးရဲ့ ၊၊ အိမ်ဆိုတဲ့ အဓိပါယ်ဟာ မိသားစု စုံစုံလင်လင် ရှိပါမှ ပြည့်စုံတာကလား ၊၊ ဒါကြောင့် ဒါကြောင့် …………. ဒီစကားလုံးလေးကို မြတ်မြတ်နိုးနိုးလေး အသုံးပြုမိပါတယ် ၊၊ အိမ် ရယ် လို.

ဖြူ

ဖြူစင်လွန်းတဲ့ အင်္ကျီလေး ၀တ်ဖို.ကြောက်တက်လာတဲ့ ကျွန်တော်က အခုချိန်ထိ ဖြူစင်မှူကို မြတ်နိုး နေဆဲပါဆိုရင် သူတစ်ထူးတွေ ရီကြမယ်လားမသိ ၊၊ တကယ်ပါ ၊၊ ဟိုးငယ်စဉ်ကတည်းက အဖြူရောင်ကို မြတ်နိုးခဲ့ပါတယ် ၊၊ ဖြူစင်မှူတွေကို တန်ဖိုးထားခဲ့ပါတယ်၊၊ ဒါပေမယ့် ကိုယ်ကိုတိုင်တော့ ဖြူစင်မှူဆိုတာကို ထိန်းသိမ်းမထားခဲ့နိုင်ဘူးလို. ရင်မှာ ခံစားမိတယ် ၊၊ ဖြူစင်ခြင်း ဟာ ကိုယ်နဲ. မထိုက်တန်လေဘူးရယ်လို. ဘာသာ အားငယ် မိတယ် ၊၊ ၂၀၀၅ အကုန်ပိုင်းတွေ နဲ့ ၂၀၀၆ ခုနှစ်တွေ မှာ ကျွန်တော့် ရဲ့ ဖြူစင်မှူတွေကို ရိုက်ချိုး ခံခဲ့ရပါတယ် ၊၊ အကျပ်ကိုင်ခံရတယ် ဆိုတဲ့ စကားကို ကြားဖူးပေမယ့် ကိုယ်တိုင် မလူးသာ မလွန်.သာ ခံစား ရမှ ထိထိရှရှ နားလည်းသဘောပေါက်ခဲ့ရတယ် ၊၊ ကိုယ် စိုက်ခဲ့တဲ့ အပင်က အချဉ်သီး သီးပြီမို. ကိုယ်သာ ကြိတ်မှိတ်ခံစား ကိုယ်ပြုသည့်ကံ ကိုယ်ထံလာတယ်လို.ပဲ တရားမရပေမယ့် တရားနဲ.ပဲ ဖြေတွေးခဲ့ပါတယ် ၊၊ ဒီလိုနဲ. အဲဒီဖြူစင်မှူဆိုတာလေးကို တိတ်တခိုးမြတ်နိုး ရသူ အဖြစ် ဒီစကားလုံးလေးကို ကျွန်တော် သုံးမိပါတယ် ၊၊ တခါတခါ ကိုယ့် အတွက် အရမ်းခံစားရတဲ့အခါ ၊ မတန်ဘူးလို. အားနာမိတဲ့အခါ ဒီစကား လုံးလေးကို ၀ှကှ်ထားတက်ပါတယ် ၊၊ ဒီလိုအဓိပါယ်လေးတွေ ပေါင်းစုလို. မင်းအိမ်ဖြူ ဆိုတဲ့ ကလောင်နာမည်လေးတစ်ခု ဖြစ်တည် လာခဲ့ပါတယ်
(နာကျင်မှူတွေကို ပြန်လည်ခံစားစေတဲ့ ညီမမယ်ကိုးရေ ကျေနပ်မယ်လို. ထင်ပါတယ်နော် ၊ ဆက်ပြီး မခံစားပါရစေနဲ့တော့ လို. )
ကျွန်တော်ကို အတိတ်ဇာတ်ကြောင်းကို ပြန်ပြောင်းသတိယဖို. အခွင့်ပေးတဲ့ ညီမငယ် မယ်ကိုး ကို ကျေးဇူး တင်ပါတယ် ၊၊

နောက်ထပ် ကျွန်တော်ကလည်း အခွင့်ရှိတုန်းလေးမှာ ဆက်ပြီး ရင်ဖွင့်စေချင်တာကတော့ ကျွန်တော့် ပြတင်းပေါက်လေး ဆိုတဲ့ ဘလော့ ပိုင်ရှင် ကိုလင်းဒီပ ဖြစ်တည်လာပုံနဲ. တကယ်လို.များ အချိန်ရရင် သဲကိုးဖြာလေးဆိုတဲ့ အသုံးလေးကို ခေါ်တွင်ဖြစ်ခဲ့ပုံလေးပါ သိပါရစေလို.

ရှားရှားပါးပါးကျွန်တော်သိတဲ့ ဘလော့ဂါ က ဒါလေးပဲ ရှိတာမို. နောက် တစ်ယောက်ကတော့ စိမ်းလန်းသောမြေ က ကိုရွှေအောင်လံ ကို ဖိတ်ပါတယ် ၊၊ နာမည်လေးကို အနက်ဖွင့်ပေးဖို. ..

ကျွန်တော်နဲ. သိတဲ့ ဘလောဂါ အနေနဲ. ကိုဗီလိန်လေး တစ်ယောက် ရှိသေးပေမယ့် သူ.မှာက ပရိတ်သတ် သူငယ်ချင်း များသူရယ်မို. ဒီတစ်ခေါက်တော့ ဒုက္ခမပေးလိုတော့ (မုန့်ကျွေးရမယ် ဟာဟ ၊ နောက်တစ်ခေါက်မှ လိန်လိန်အလှည့်….. )

နောက်ဆုံးတစ်ယောက်ကတော့ ကျွန်တော် အပြင်မှာ မသိပေမယ့် မထင်မှတ်ပဲ ကျွန်တော့် ရဲ့ ပထမ ဘလော့ လိပ်စာလေးဖြစ်တဲ့ http://www.minneainphyu.blogspot.com/ မှာ နေရာယူပြီး ၀င်ရေးနေတဲ့ မသူလေး ဆို တဲ့ Home Sick ရဲ့ ပိုင်ရှင် ဘလော့ဂါ ညီမလေးပဲ ဖြစ်ပါတယ် ၊၊ Home Sick ဆိုတဲ့ Blog လေးဖြစ်တည်လာပုံပေါ့လေ…..

နောက်ထပ် တစ်ယောက်ကတော့ ထူထူးခြားခြား အတွေးစာလေးတွေနဲ. ဆရာတာရဲ့ ဖြန်.ထွက်တွေးခြင်းတို. လှည်းတစ်ဘီး တို.ကို ပြန်လည်သတိယစေတဲ့ ၀ိုင်ချိုချို လေး ရဲ့ ပိုင်ရှင် ကုမ်ရာသီသူ ကို ပြောပြစေချင်ပေမယ့် သူကိုယ်တိုင် သူများတွေ မတောင်းဆိုခင် ကတည်းက ရှင်းပြပြီး သားရယ်မို. နောက်တစ်ကြိမ်များမှ ပဲ တောင်းဆိုမယ်လို. တေးမှတ်ထားလေရဲ့ ………

စာရေးသူ များ အနေနဲ. တကယ်လို. ဒီလိုပညတ်လေး အတွက် နာကျင်စွာခံစားရမယ့် အတိတ် ဇာတ်ကြောင်း လေးတွေ ရှိမယ် ဆိုရင်တော့ ကြိုပြီးတောင်းပန်ပါတယ် ၊၊ ကျွန်တော့်ရဲ့တောင်းဆိုချက် (Tag ) ကလေးကိုလည်း လက်ခံပြီး ပြန်လည်းဆင့်ပွား ရေးသားပေးပါလိမ့်မယ်လို.ယုံကြည်စွာ ခံစားရင်းဖြင့် ………………..

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

ဝမ်းမြောက်ပါတယ် စင်ကာပူ

ကျွန်တော့်တို.နိုင်ငံမှာ အရှူပ်အထွေးတွေနဲ. ပူဆွေးနေတဲ့ အချိန်မှာ စင်ကာပူကတော့ သူတို.ရဲ့ Circle MRT လိုင်းသစ်ကို ဒီနေ့မှာပဲ အောင်မြင်စွာ စတင် ဖွင့်လှစ်ပြေးဆွဲပါတယ် ၊၊
တို.နိုင်ငံနဲ. သိပ်မဝေးပဲ ဘာတွေများ ကွာခြားနေ ပါသလဲ ကွယ် .............တကယ်ကို ခံစားရပါတယ်

ရထားစီးရင်း ခံစားခဲ့ရတယ် ၊ မှတ်မှတ်ယယ ဒီနေ့မှ အလုပ်ထဲက Singaporean တစ်ယောက်က နေ.လည် Coffee သောက်ရင်း ပြောဖြစ်ကြတယ် ၊၊ မင်းတို.မြန်မာတွေ သိပ် Smart ဖြစ်တယ် ဒါပေမယ့် ဘာ့ကြောင့် မင်းတို. နိုင်ငံက အဆင်မပြေတာလဲတဲ့ ၊၊ ဘာပြန်ပြောရမလဲ ၊၊ သူတို.နဲ. ယှဉ်ပြီးစကားတွေ ပြောဖြစ်ခဲ့တယ် ၊၊ မြန်မာပြည်ကိုပိုလွမ်းတယ်........................

အမှတ်တယ Bishan Interchange ပထမဆုံးနေ.

Sunday 24 May 2009

အိပ်မက်လေလား

YGN ဆိုတဲ့ အင်တာနက်ကောင်းကင်မှာ အမှတ်မထင် ဆုံ တွေ.ခွင့်ရခဲ့တဲ့ Moon ဆိုတဲ့ ကောင်လေးရယ် ၊ Star ဆိုတဲ့ ကောင်မလေးရယ် ၊၊


**************************************


တိတ်ဆိတ်နေတဲ့ ညလေးတစ်ခုမှ အနက်ရောင် မော်နီတာပေါ် မှာမထင်မှတ်ပဲ တွေလို. သူငယ်ချင်းတွေ ဖြစ်ခဲ့ရတယ် ၊၊ ကောင်လေး ရဲ့ နာမည် ၀ှက်က Moon လို.ခေါ်ပြီး ကောင်မလေးရဲ့ နာမည်ဝှက်ကတော့ Star တဲ့ ၊၊ တွေ.ဆုံခဲ့တာက မဟူရာညရဲ့ YGN အင်တာနက် ကောင်းကင်မှာပေါ့ ၊၊ တိမ်တိုက်တွေလွင့်မျော နေတဲ့ ကောင်းကင် ပြင်ထဲမှာ သီးခြားလွင့်မျောနေတဲ့ အစိတ်အပိုင်းလေးတွေ အဖြစ် တွေ.ဆုံခွင့်ရတဲ့ ကြယ် နဲ့ လ ဆိုတာ အလင်းနှစ်သန်းပေါင်း များစွာ ဝေးကွာတယ် ဆိုတာ မသိခဲ့လေသလား ၊၊ ဘယ်တော့ မှ မဆုံတွေ နိုင်တဲ့ ကြယ် နဲ့ လ ဟာ အမြင်မှာ နီးပေမယ့် တကယ် လက်တွေ. ဘ၀မှာ တော့ မရေမတွက်နိုင်သော အလင်းနှစ်သန်းပေါင်းများစွာ ဝေကွားရင်းပေါ့ ၊၊


**************************************


Star : ဟလို ၊ နေကောင်းလား ?

Moon : ကောင်းပါတယ် ဗျာ ၊၊ ခင်ဗျားလေးရော နေကောင်းပါသလားခင်ဗျာ ?

အဲဒီလိုတွေ ဆုံမှု နဲ့ ညပေါင်းများစွာ ကြာတဲ့ အခါ မတွေရရင် မနေနိုင်တဲ့ အထိ ခင်မင်ခြင်း သံယောဇဉ် တွေ တိုးလာခဲ့ရင်းပေါ့ ၊၊ ညစဉ် ထမင်းစားပြီးတိုင်း YGN မ၀င် ရရင် မနေနိုင်တဲ့ အကျင့်တစ်ခု စွဲလို. ၊၊ ဒီလိုနဲ. Online မတက်ရရင် မနေနိုင်တဲ့ ၊ အိပ်လို.မပျော်တဲ့ ညတွေ များစွာကို အထီးကျန်စွာ ကျော်ဖြတ်ရင်း ၊၊ မဆုံဖြစ်တဲ့ ညတွေမှာ ဆို ရင်မှာ ဟာတာတာနဲ့ တစ်ခုခု လိုအပ်နေခဲ့မိပေါ့၊၊ အဲဒီလို အချိန်မှာများ သူရဲ့ Nick လေး က အစိမ်းရောင်ပြောင်းလို. Online လေးများပေါ်ခဲ့ရင် အငမ်းမရ နှူတ်ဆက်မိခဲ့တာ ၊၊

Moon : ဟေး နေကောင်းလား ၊၊ ဘယ်ရောက်နေတာလဲ ၊၊ ကြာလိုက်တာနော် ၊၊

Star : ဘယ်သွားသွားပေါ့ ၊၊ ကြာတော့ ဘာဖြစ်လဲ ၊၊

အဲဒီလိုများ ဖြေခဲ့ရင် ကိုယ် အရမ်းကို ခံစားရတယ်လေ ၊၊ သိသိကြီးနဲ့ နှိပ်စက် နေတာ များလား ရယ် လို. မထင်ရက်ခဲ့ ၊၊ ဒါပေမယ့် သူရဲ့ နောက်ဆက်တွဲ စကားလေးကြောင့် ပဲ ကိုယ့် မှာ ကျေနပ်ရပြန်ရော ၊၊ ကြည်နှူးရပြန်ရော ၊၊ ကျွန်တော့်ရဲ့ အဖြစ်က သူနဲ့ တွေ. ဆုံ ရတဲ့ အခါ တိုင်း ရေပူရေနွေး နဲ. Shower အောက်မှာ ရေချိုးနေရသလို ပဲ ၊၊ တခါတခါ နွေးခနဲ ခံစားရပြီး ၊ တခါတခါတော့ အေးကနဲ စိမ့်ကနဲ ပေါ့ ၊၊ တခါတလေတော့ လည်း နှစ်ခုပေါင်းလို. နွေးနွေးကြီးလေ ၊၊ ဒါဟာအချစ်တဲ့လားကွာ ၊၊

Star : စိတ်မဆိုးနဲ.နော် ၊၊ စတာ သိလား ၊၊ ရေချိုးပြီး ခေါင်းလျှော်နေလို. ကြာသွားတာ၊၊ နောက်ဆို နောက်မကျစေရဘူး သိလား ၊၊

အဲဒီလိုလေးများ ကြားရရင်ဖြင့် စောင့်နေရသမျှတွေ က ပိန်းကြာဖက်ပေါ် ရေမတင်သလိုပ၊၊

Moon : ကိုယ်တို. အပြင်မှာ တွေ . ရအောင်လေကွာ ၊၊

Star : အခုလည်းညတိုင်း တွေ နေရတာပဲ ၊၊ နောက်မှ တွေ ကြတာပေါ့နော် ၊၊

Moon : ကိုယ်တို.ခင်တာ ကြာပြီပဲ ၊၊ သူငယ်ချင်းတွေ အဖြစ် အပြင်မှာ တွေ. ရအောင်လေ ၊၊ ကော်ဖီအတူတူ သောက်ကြမယ်လေ ၊၊

Star : တကယ်လို. အပြင်မှာ အသားမည်းမည်း ၊ အရပ်ပုပု ၊ အရုပ်ဆိုးဆိုးကြီးဆိုရင် ဘယ်လိုလုပ် မလဲ ၊၊

Moon : ဒါတွေ မလိုပါဘူးကွာ ၊၊ ကိုယ်တို.နှစ်ယောက်ကခင်နေပြီပဲ ၊၊ ကိုယ်သူငယ်ချင်းကို အပြင်မှာတွေ. ချင်တာပါပဲ ၊၊ လို. ကိုယ်ကချွဲရင် …

Star : နောက်ဆိုတွေမယ်လေကွာ နော် ၊၊ အခုတော့ ဒီတိုင်းပြောကြတာပေါ့ ၊၊ ဒါနဲ့ သူ.ကို ပြောပြရအုံးမယ်သိလား ၊၊ ဒီနေ.တို.မြို.ထဲမှာ ကော်ဖီသွားသောက်တာ အရှက်ကွဲရသေး တယ်သိလား ၊၊ ……………… ၊၊ …………….၊၊ ………………

ဒီလိုနဲ. သူရဲ့ စကားတွေ အောက်မှာ ကျွန်တော့်ရဲ့ အပြင်မှာ တွေ ရအောင်ဆိုတဲ့ ဦးတည်ချက်လေးပျောက်ပြီး စီးမျောသွားရပြန်တာပါပဲလေ ၊၊



**************************************


ဒီလိုနဲ့ မထင်မှတ်ပါပဲ နဲ. ကံတရားရဲ့ မျက်နှာသာပေးမှုကြောင့် ကျွန်တော် အရမ်းတွေ.ချင်နေတဲ့ Star ဆိုတဲ့ ကောင်မလေးကို အပြင်မှာတွေ. ခွင့်ရခဲ့ပါတယ် ၊၊ အဲဒီအချိန်ကတည်းက YGN ဆိုတဲ့ မဟူရာကောင်းကင်ကနေ ပြေးထွက်လာခဲ့တာ ဒီနေ. ထိပေါ့ ၊၊ သူနဲ.အတူရှိခဲ့ဖူးတဲ့ အမိမြေကနေ ထွက်ခွာလာခဲ့တာ ကြာလှပေါ့လေ ၊၊ Online ပေါ်ကို နောက်ထပ်မရောက်ခဲ့တော့ သလို တွေဆုံနေကြ ညပိုင်းတွေ မှာ ပူလောင်ပြင်းပျတဲ့ သဲကန္တာရကို ဖြတ်ကျော်လှမ်းလျှောက် ရသလို ပါ ၊၊ မထင်မှတ်တဲ့ တွေ.ဆုံမှူလေးက ………….

“ဟာ ကိုကို တစ်ယောက်တည်းလား ၊ ဒါမှမဟုတ် တစ်ယောက် ယောက် ကိုစောင့် နေတာလား ” လို.မေးလာတဲ့ ညီညီ က ကျွန်တော် ထိုင်နေတဲ့ စားပွဲမှာ လာထိုင်ရင်း သူနဲ. အတူပါလာတဲ့ ချစ်စရာကောင်မလေးကိုလည်း ထိုင်ခိုင်းရင်းပေါ့ ၊၊ ဆူးလေဘုရားလမ်းက Cyber Café တစ်ခုရဲ့ ဘေးက Aroma မှာ တစ်ယောက်တည်း ကော်ဖီသောက်နေတဲ့ ကျွန်တော့် ရဲ့ အတွေးတွေကို ဖြတ်တောက်ရင်းလေ ၊၊ Star ဆိုတဲ့ကောင်မလေးရဲ့ အကြောင်းကို အေးစိမ့်စိမ့် ကော်ဖီဆိုင်လေးထဲမှာ ထိုင်ပြီးတွေးနေဆဲ မှာ ပေါ့ ၊၊

“ တစ်ယောက်တည်းညီညီ ဒီမှာထိုင်လေ ကိုကို ကော်ဖီ တိုက်မယ် ” လို.ညီ့ ကို ပြန်ပြောတော့
“ အတော်ပဲ ကိုကို ၊ ဒီကောင်မလေးက အင်တာနက်သုံးမလို.တဲ့ ၊ အခုတော့ အဖေါ်ရပြီ ၊ မဟုတ်ရင် တစ်ယောက်တည်းပျင်းနေမှာ ”

မျက်နှာလေးချိုပြီး ၊ အ၇မ်းလည်းချစ်စရာကောင်းတဲ့ ကောင်မလေးကတော့ Americano ကော်ဖီတစ်ခွက်ကို သောက်ရင်း နာရီ တကြည့်ြ့ကည့်နဲ့ပေါ့ ၊၊

“ ကိုကို လည်း အင်တာနက်သွားသုံး မလို.ကွ သူငယ်ချင်းတစ်ယောက်နဲ့ ချိန်းထားလို. ၊ ညီညီ ခဏစောင့်ပြီး သီချင်းနားထောင်ပေါ့ကွာ ” ဆိုတော့

အရမ်းကို စိတ်ပျက်သွားတဲ့ အမူအရာနဲ့ ညီညီက

“ ကိုကိုကလည်း အင်တာနက်သုံးမှာ ဒါဆို ညီတစ်ယောက်တည်း ပျင်းနေတော့မှာ ” ဆိုပြီး ကလေးတစ်ယောက်လို စိတ်ပျက်လက်ပျက် ငြီးနေတဲ့ ညီညီကို ချော့ထားပြီ ထွက်လာခဲ့တယ် ၊၊ ညီညီဆိုတာက အနားမှာ အဖေါ်တစ်ယောက်မရှိရင် မနေတက်တဲ့သူ ၊၊ ညီညီ ရဲ့ ကောင်မလေးကလည်းကျွန်တော်နဲ့ အတူ ပါလာခဲ့ပါတယ် ၊၊ ကျွန်တော်က ညီမက ဘာသုံးမှာလည်း လို.မေးကြည့်တော့ “ ဟဲဟဲ ချက်တင်း ၀င်မလို. အစ်ကို ” တဲ့ ဆိုတော့ သြော် အစ်ကိုလည်း ချက်တင်း ၀င်လေ့ရှိတယ် ညီမရဲ့ လို. ဆိုရင်း ညီမနဲ.များ YGN မှာ တွေ. နေမလားပဲ မသိဘူးနော်ဆိုတော့
“ခု ညီမ ၀င်မယ့် Nick က Star တဲ့ အစ်ကို ” လို.ဆိုရင်း လွတ်နေတဲ့ ခုံတစ်လုံးမှာ နေရာယူရင်း အလုပ်တွေ ရှူပ်နေတော့ တဲ့ ကောင်မလေးကို အံ့အောစွာ ငေးမောရင်း ကျောခိုင်းလို. စင်္ကြ၀ဌာ ကြီးထဲကပါ ပြေးထွက်သွားချင်တော့တာပါပဲ ၊၊ ညီညီ့ကိုတောင် နှူတ်မဆက်နိုင်တော့ ပဲ ပြန်ခဲ့ပါတယ် ၊၊ ဖေါ်မပြနိုင်တော့တဲ့ ခံစားချက်တွေနဲ. ရက်စက်တဲ့ ကံတရားရဲ့ တိုက်ဆိုင်စွာ လှည့်စားမှုကို တိတ်တိတ်လေး ကျိန်ဆဲရင်း အပြစ်တင်မိပါတယ် ၊၊

**************************************


“မောင် ကိုကို ပြန်သွားပြီ လား” လို.ကော်ဖီဆိုင်ထဲကို ၀င်လာတဲ့ ကောင်မလေး ကမေးတော့
“ပြန်သွားတာတောင် ကိုယ်ကိုနှူတ်ဆက် မသွားဘူး ” လို.ကောင်လေးကဖြေရင်း ဆက်လို.
“မင်းအစ်မ ကိစရော အဆင်ပြေလား ” ဆိုတော့ ကောင်မလေးက
“မမပေးတဲ့ Nick နဲ့ဝင်တာပဲ မောင်ရယ် ၊ စပယ်လည်း သိပ်မှ မသုံးတက်တာ ၊ စောင့်တော့ နေတာပဲ ၊ မမပြောတဲ့ Star ဆိုတဲ့ သူလည်းမလာဘူး ၊ ဒီလိုမှန်းသိ မောင့် အစ်ကို ကို အကူအညီတောင်းလိုက်ပါတယ်နော် ၊ သူကပိုကျွမ်းမှာ ၊ အိမ်မှာ ပြန်ပြောပြရင် မမက ငိုအုံးမှာ ၊ မမ သနားပါတယ် မောင်ရယ် ” ဆိုပြီး ကောင်မလေးက ဆွေးဆွေးမြည့်မြည့် ဆိုရင်း ကောင်လေးကလည်း စိတ်ဝင်စားစွာနားထောင်ရင်းပေါ့ ………


**************************************


အဲဒီ နေ.ကတည်းက YGN ဆိုတဲ့ ကောင်း ကင်ကြီးထဲ ကနေ Moon ဆိုတဲ့ User လေးတစ်ယောက် ရယ် Star ဆိုတဲ့ နာမည်ပြောင်လေးတစ်ခုရယ် ပျောက်သွားခဲ့တာ ဒီနေ. ထိပေါ့ ၊၊ Star ဆိုတဲ့ ကောင်မလေး များ တွေ.ခဲ့ရင် Moon ဆိုတဲ့ ကောင်လေး Singapore ရဲ့ ကောင်းကင် ကြီးထဲမှာ ဆုံဖို. စောင့်နေဆဲ ပါဆိုတဲ့ အကြောင်းလေး သတင်းလေးပါးပေးပါ ဗျာ …………

Thursday 21 May 2009

ဘယ်သူ. မှာတာဝန်ရှိပါသလဲ

ရန်ကုန်မြို့တွင်းခြောက်မြို့နယ်၏ နောက်ဖေးလမ်းကြားအမှိုက်များကို အထူးစီမံချက်ဖြင့် ရှင်းလင်းလျက်ရှိ


မြို့တော်စည်ပင်မှ အထူးစီမံ ချက်အနေဖြင့် လမ်းမတော်၊ လသာ၊ ကမာ ရွတ်မြို့နယ် များ၏ နောက်ဖေးလမ်းကြားရှိ အမှိုက်များကို ဖေဖော်ဝါရီ ပထမအပတ်မှ စတင်ရှင်းလင်း လျက်ရှိပြီး ဆက်လက်၍ မြို့တွင်း ၆ မြို့နယ် ကိုလည်း ဆက်လက်ပြုလုပ်သွားမည်ဟု သိရသည်။ ''အခုလောလောဆယ် လမ်းမတော် (၁) လမ်းက နောက်ဖေး လမ်း ကြားကိုရှင်းတော့ ကားအခေါက်ရေ ၁ ခေါက်၊ လသာ ၁၇ လမ်းနဲ့ ၁၈ လမ်းကြားမှာ ကားအခေါက်ရေ ၇ ခေါက်၊ ကမာရွတ် ၅ ရပ်ကွက်၊ ဟံသာ ဝတီရိပ်မွန်အိမ်ရာကိုရှင်းတာ အခေါက် ၃ဝ ရှိပြီး နောက်ဖေးလမ်းကြားကို အမှိုက်မပစ်ရဘူးဆိုပြီး ဥပဒေထုတ်ထားလည်း ပစ်ကြတာပဲ။ အဲဒီလိုတွေ ပစ်တော့ အမှိုက်တွေပုံနေတာပေါ့။ အဲဒါကြောင့် လိုက်ရှင်းနေရတာ။ ၂၅ ရက်နေ့ကျရင် သာယာကုန်းရပ်ကွက်က အောင်သပြေလမ်းနဲ့ ပိတောက် လမ်းကိုရှင်းမယ်။ မင်္ဂလာတောင်ညွန့်ကို နောက်အပတ်စလုပ်မယ်'' ဟု မြို့တော်စည်ပင် ပတ်ဝန်းကျင်သန့်ရှင်းရေးဌာနမှ တာဝန်ရှိ သူ တစ်ဦးက ပြော သည်။
ဟိုတစ်နေ.က ပေါ်ပြူလာဂျာနယ် လေးဖတ်မိတော့ အထက်ပါသတင်းလေး ကို ဖတ်လိုက်မိရာက ဒီပို.စ်လေးကို ရေးဖို.စိတ်ပေါ်လာ တာပါ ၊၊ သူရဲ့သတင်းဆောင်းပါးထဲမှာ ဓါတ်ပုံလေးပါ ထည့်ထားပါတယ် ၊၊ ဒီအမှိုက်တွေကို မြို.တော်စည်ပင်သာယာက တာဝန်ယူ ရှင်းလင်း ရမယ်ဆိုတာတော့ ဘယ်သူမှမငြင်းနိုင်ပါဘူး ၊၊ ဒါဟာသူတို.တာဝန်ပါ ၊၊ နိုင်ငံတော်က ပေးထားတဲ့ လစာ ကိုယူထားတဲ့အတွက် နိုင်ငံတော်အတွက် ပြန်လည် ပေးဆပ်ရမှာပါ ၊၊ မြို.တော်စည်ပင် ၀န်ထမ်းတွေ တစ်နေကုန် သန်.ရှင်းရေးလုပ်နေတာကိုတော့ ကျွန်တော်တို.ဟိုမှာ အမြဲပဲတွေရပါတယ် ၊၊ တံမြက်စည်းလှည်းနေတဲ့သူတွေ ၊ ပန်းပင်စိုက်နေတဲ့သူတွေ ၊ သစ်ပင် ရေလောင်းနေတဲ့သူတွေ ၊ တစ်နေကုန် အလုပ်လုပ်နေကြတာ ကိုတွေခဲ့ ၊ မြင်ခဲ့ သတိထားခဲ့ဖူးပါတယ် ၊၊ အားလုံးလည်း သတိထားမိမယ် လို.ထင်ပါတယ် ၊၊ ကျွန်တော် ပြောနေတာ အောက်ခြေက အမှန်တကယ် အလုပ်လုပ်နေတဲ့ အ၀ါရောင်ဝတ်စုံတွေနဲ. သန်.ရှင်းရေးဝန်ထမ်း တွေ အကြောင်းပါ နော် ၊၊

တခါတလေ စဉ်းစားမိပါတယ်၊၊ သူတို.ကို ဘယ်သူတွေကများ ကြီးကြပ်ပေးနေလဲ ပေါ့ ၊၊ လခရော ဘယ်လောက်ရကြလည်းဆိုပြီး စဉ်းစားမိပေမယ့် ရှေ.ဆက်တက်မလာခဲ့ပါဘူး ၊၊ ရွှေပြည်သားများရဲ့ ထုံးစံ ကိုယ်ကျိုးဆန္ဒ၊ ကိုယ့်ကိစတွေ များပြားလှတာကြောင့် သူလည်း သူ.အလုပ်သူလုပ် ၊ ကိုယ်လည်းကိုယ့် လဖက်ရည်ကိုယ်သောက် နဲ. ပြီးဆုံးခဲ့ပါတယ် ၊၊ အမှန်ပါ ၊၊ ဒါပေမယ့် အမြဲတော့ သတိထား ကြည့်နေခဲ့ပါတယ် ၊၊ တခါတလေ ထိုင်များနေမလား ၊၊ ပျင်းပျင်းနဲ.အိပ်များနေမလားပေါ့ ၊၊ ကျွန်တော် တွေ.ရသလောက်တော့ သူတို.အလုပ်ကို သူတို.ပုံမှန် လေးနဲ.လုပ်နေကြတာပါပဲ ၊၊ ခိုးလားဝှက်လား ဆိုတော့ လည်း ကျွန်တော် သိသလောက်တော့ မကြားမိပါဘူး ၊၊ အမှန်ကို သူတို.ဟာ နေ.စားဝန်ထမ်းတွေလား ၊ လခစားဝန်ထမ်းတွေလားဆိုတာတောင် ကျွန်တော် မမေးခဲ့မိပါဘူး ၊၊ မြို.တော်စည်ပင်မှာ သူငယ်ချင်းအချို. အလုပ်လုပ်နေပေမယ့် တွေတဲ့အခါ ထောင်တန်တဲ့ စကား အကြီး အကျယ် တွေ သာပြော ဖြစ်ခဲ့ပြီး ၊ သူတို.အကြောင်းကို မေးမယ် မေးမယ်နဲ. မမေးဖြစ်ခဲ့တာ ဘာသာမကျေမနပ်လေး တော့ ဖြစ်မိပါတယ်၊၊

ဒီဆောင်းပါးလေးကို တွေတော့ ရေးချင်စိတ် ၊ မေးချင်စိတ်လေးပေါ်လာတာနဲ. ၊၊ ဘယ်သူ.လှမ်းမေးရမှန်းလည်း မသိတာနဲ. ၊၊ အဲဒီနောက်ဖေး လမ်းကြားသန်.ရှင်းရေးလုပ်နေတာ တော်တော်ကြာပြီဗျ ၊၊ ကျွန်တော် သတိထားမိသလောက် တော်တော်ကြာပြီ ၊၊ မြန်မာ့ရုပ်မြင်သံကြား ကနေတောင် အစီအစဉ်တစ်ခု အနေနဲ. လွှင့်ပေးတယ်ဗျာ ၊၊ နောက်ဖေးလမ်းကြားမှာ သတင်းစာဖတ်နေတဲ့ အန်တီ ကြီးတွေ ပုံတွေ ပါတွေနဲ. ၊၊ မှတ်မိကြတယ်ဟုတ် ၊၊ ကလေးတွေ ဘောလုံးကစားနေတဲ့ ပုံတွေလည်းပါတယ်လေ ၊၊ အ၀တ်လှန်းနေတာလေး တွေရော ၊၊ အဲဒီတော့ သူတို.သန်.ရှင်းရေး မလုပ်ဘူးလို. ကျွန်တော်တို. Buly လုပ်လို.မရတော့ဘူးဗျ ၊၊ လုပ်တယ် ၊၊ ဒါဆို ဒီအမှိုက်တွေက ဘယ်ကရောက်လာတာလဲ ၊၊ ဒါလည်း သူတို.အသုံးမကျလို.ဆိုပြီး ထပ်ပြီးမစွပ်စွဲသင့်ဘူးလို.ထင်ပါတယ် ၊၊

ရန်ကုန်မြို.လယ်ခေါ်င်မှာနေသူတွေက သူတို.ကိုယ်သူတို. မြို.ကြီးသားဆိုပြီး သိပ်ဂုဏ်ယူပါတယ် ၊၊ ဒီကစင်ကာပူသားတွေလိုပါပဲ ၊၊ ဟုတ်တယ်မဟုတ်လားဗျာ ၊၊ ရန်ကုန်တမြို.တည်းတောင်မှ မြို.လယ်ခေါ်င်သား ဆိုပြီး စိတ်ကြီးဝင်နေသူတွေ က ဘာလို.များ ဒီလို အဆင့်အတန်းမရှိတဲ့ အလုပ်ကို အရှက်မဲ့စွာ လုပ်ကြရတာတုန်း ၊၊ ငါမလုပ်ဘူး လို.ငြ်းရင် ရပါတယ် ၊၊ ငါ့တိုက်တွဲက မလုပ်ဘူးလို. ငြင်း လို.မရပါဘူး ၊၊ အမှန်တကယ်လည်းလုပ်နေကြ ဆဲပါ ၊၊ အမှိုက်ကားမလာလို.လား ၊၊ ကိုယ့်ကိစမဟုတ်ပါဘူး အိမ်ရှေ.ထွက်ပုံထားလိုက် ၊၊ သူတို.တာဝန် သူတို. သိမ်းလိမ့်မယ် ၊၊ ပလတ်စတစ်အိတ်နဲ. လုံအောင်ထုပ် ပြီးရင်စုရပ်မှာ ပို.ထားလိုက် ၊၊ လာမသိမ်းလို. နောက်ပိုင်းကိစ သူတို.တာဝန် ၊၊ နောက်ဖေးလမ်းကြားမှာ ပစ်တယ်ဆိုတာကတော့ အလွယ်လိုက်ရာ ကြပါတယ် ၊၊

နဂိုကမှ စုတ်နေတဲ့ ကျွန်တော်တို.အိမ်လေး ၊ ထူးပါဘူးကွာဆိုပြီး မထိန်းသိမ်းကြရင် ဘာဖြစ်သွားမလဲ၊၊
မင်းမကောင်းလို.ငါမကောင်းတာ ၊ ငါ့မှာအပြစ်မရှိဘူးကွာ ဆိုပြီး အပြိုင်အဆိုင် လုပ်ကြကြေးဆိုရင် ဘာဖြစ်သွားမလဲ ၊၊

ဒီလိုကိစလေးတွေကတော့ ကျွန်တော်တို့ အားလုံးရဲ့ ပင်ကိုယ်သိနဲ့ ပူးပေါင်းပါဝင်မှုက အရေးကြီးတယ်လို. ထင်ပါတယ် ၊၊

မြို.ထဲမှာ နေတဲ့ လက်ရှိ မြို.လည်ခေါင်သားများကလည်း မေ့လျော.နေတဲ့ ကိုယ့်ရဲ့မိသားစုဝင် တွေကို လှမ်းပြီးသတိပေးလို.ကိုယ့်အိမ်လေးကို ကိုယ်တွေပါ ၀ိုင်းဝန်းထိန်းသိမ်းစို.လားဗျာ ၊၊ စင်ကာပူမှာ အမှိုက်ပစ်ရဲကြရဲ့လား ၊၊ ပြောပြပေးပါ၊၊

ဒါမှသာကျွန်တော်တို.လွှမ်းနေတဲ့ဟိုးတချိန်ကအာရှမှာအလှဆုံးပါဆိုတဲ့မဟာရန်ကုန်ပြန်မြင်ရမှာပေါ့ ၊၊

( မည့်သည့် ရည်ရွယ်ချက်မျှမပါပါ ၊ သန်.ရှင်းစေချင်တာလေးတစ်ခုရယ်ပါ ၊ စကားလုံးအမှားပါရင် ခွင့်လွှတ်ဖတ်ရှုပေးပါလို. )

Saturday 16 May 2009

အမေအိုတစ်ယောက် ခွင့်လွှတ်မှာပါ

အချိန် ၁၉၇၀ ၀န်းကျင်ခန်.
လူသားတွေရဲ့ အသက်ကို ကယ်တင်ဖို. မွေးဖွားလာခဲ့တဲ့ ဆရာဝန်ကြီး တစ်ယောက် ရဲ့ မာတာ မိခင် ကျေးဇူးရှင် ကြီး၏ နောက်ဆုံးအချိန် ၊၊ သစ်ပေါဝါးပေါ နဲ. ဆောက်ထားတဲ့ နှစ်ဆောင် ပြိုင် အိမ်ကြီးရဲ့ အိမ်ရှေ. ဧည်.ခန်း ဆီက ကျွန်းကုတင်ကြီးပေါ်မှာ လဲလျောင်း ရင်း သားမောင် ဆရာဝန် အလာကို စောင့် စားနေတဲ့ အမေအို တစ်ယောက်ရဲ့ နေ၀င်ချိန် ၊၊ အမေအို အသက်ရှု ရပ်သွားမယ့် အချိန်ကို ၀ိုင်းဝန်း စောင့်စားနေကြတဲ့ တူတွေ တူမတွေ ၊၊ မသိမသာ နဲ. ပစည်းတွေ ရှင်းလင်းဖို့. ပြင် ဆင်နေကြတဲ့ တူသားလုပ်သူတွေ ရဲ့ တိတ်တိတ် ဆိတ်ဆိတ် ရွေ.လျား စီမံနေပုံ တွေ ၊၊

အမေအိုတစ်ယောက် ရဲ့ နောက်ဆုံးအချိန်အတွက် ၊ ပြုပြုခဲ့သမျှသော ဒါနသီလတွေ အတွက် ပြန်လည် အောက်မေ့ နှလုံးသွင်းနိုင်ဖို. ၊ နောက်ဆုံးထွက်သက်မှာ ဘ၀ကူး ကောင်းစေဖို. ဖွင့်ပြနေတဲ့ တရားသံတွေ ၊၊ တခါတခါ “အိ” ကနဲ ရှိုက်လိုက်တဲ့ တူမတွေ ရဲ့ ကြေကွဲသံ တိုးတိုး ၊၊ ဟိုးအဝေးဆီက ဥသြသံ ပေးပြီး ၀င် လာမယ့် လော်ကယ် ရထားတစ်စင်းရဲ့ ဆွဲဆွဲ မြေ့မြေ့ တွန်လာမယ့် အသံ ရှည် ကြီးကို ရင် တမောမော မျှော်လင့် နေကြတဲ့ အမေအို အနီးက ဆွေမျိုးတွေ ၊၊ အဲဒီရထားသံ ကိုပဲ စောင့် စားနေတဲ့ အမေအို ရဲ့ ခပ်မျှင်းမျှင်း အသက် ဆက်နေသံ ညှင်းညှင်းသွဲ.သွဲ. ၊၊ သားမောင်တစ်ယောက် ဒီလော်ကယ် ရထားကြီးနဲ. များပါလာမလား ၊၊ဒါတွေ အားလုံးဟာ သားမောင် ဆရာဝန်ကြီး အတွက် အမေအို ရဲ့ နောက်ဆုံး မျှော်လင့် ချက်လား ၊၊

တစ်ချက်တစ်ချက် လွင့်ပျံလာတဲ့ ဘကြီးမောင်ရဲ့ ကြေးစည်သံ လွင်လွင်လေးက လေဝှေ. မှာ အမေအိုဆီ ကို လာလာဦးခိုက်လို. ၊၊ မကြားတစ်ချက် ကြားတစ်ချက် ပရိတ်သံလေးကို အမေအို နားစွင့်နေပါသလား ၊၊ ဘုရား ဘုရား လို.မတပဲ သား သား လို. တရင်း လော်ကယ်သံကို နားစွင့်နေပါသလား ၊၊ ဘာမှမပြော နိုင်တော့တဲ့ အမေအိုသာ သိပေ လိမ့်မည် ၊၊ ကြာနီကန်ဆရာတော် ဘုရားကြီးရဲ့ တရားသံက မာဆတ်ဆတ်က တလွင့်လွင့် တသာသာ သံဝေဂနဲ. တရားရစရာ ၊၊ အမေအိုအတွက်များ ဒီတရားကို ဟောခဲ့လေသလား ၊၊
“ …….အရုပ်ကလေးတော့ လုပ်ပြီးပြီ ၊ ဆေးချယ်လို. ….ကဟယ် ဂဟယ် နဲ. ပညာ တွေ သင်လို. …. ဒီလိုနဲ. BA တွေ BSC တွေ BED တွေ ရပြီး သကာ လ ၊ ကိုယ် မြတ်နိုးရလိမ့်မယ် လို. မထင် …. ”(ဆရာတော်ရဲ့မူရင်းတရားစာလေးထည့်ချင်ပေသည့် မစောင့်နိုင်တော့လို.တင်လိုက်ရပါသည်)

ရင်ကမွေးတဲ့ သားကို ကကြီး၊ ခခွေး မှသည် ဆရာဝန်ကြီးဖြစ်လာ သည် ထိ ရုန်းကန် ထိန်း ကျောင်း ပြုစု လာခဲ့ ရသည့် မုဆိုးမ အမေအို အတွက် မောသမျှ ပန်းသမျှ ၊ သားမောင် အပြုံး တစ်ချက်နဲ. ပိန်းကြာဖက်ပေါ် ရေမတင်သလို အားလုံးကင်းစင်ပျောက် လွင့်ခဲ့ ရသည် ၊၊ ဖတဆိုး သားပေသည့် လိုအပ်ချက်တွေ မရှိစေရ ၊၊ ကိုယ်တိုင်ကလည်း စီးပွားရေး တောင့်တင်းခဲ့ လေတော့ ၊ သာလှလူလေး မေ့ရွှေသွေးကို ချွေးတစ်ချက်ပင် မစို.စေ ချင်ခဲ့ ၊၊ သာလူလှ လည်းတော်ပါပေသည် ၊၊ တောမက မြို.မကျမှာ လူဖြစ်ရပေသည့် ဆိုရှယ်လစ် ခေတ်မှာပင် ဆရာဝန်ကြီးတစ်ယောက် ဖြစ်အောင် အမေ့ အလို ကျ ကြိုးစားပြခဲ့သည် ၊၊

တစ်ရွာလုံးမှာ တစ်ယောက် ၊ တစ်နယ်လုံးမှာတစ်ယောက် ၊ တစ်ခရိုင် လုံးမှာမှ တစ်ယောက် ငါ့သားလူလှ ဒီနယ် တခွင်မှာ ယှဉ်နိုင်သူ ရှိကောင်းလားအေ့ ၊၊ လူတိုင်းမဖြစ်နိုင်တဲ့ ငါဟဲ့ ဆရာဝန် အမေ ၊၊ ယှဉ်စမ်း ၊၊ မယ်ထွေးတို. ၊ လှအေးတို. ၊ မြစိန် တို့ ညည်းတို.ကျန်တာ ပြိုင်လို.ရမယ် ၊ ငါလို ဆရာဝန် အမေဘ၀ ညည်းတို. အိပ်မက်တောင် မက်နိုင်ရဲ့လား အေ့ လို. ၊ မာနတွေ တထူတူ နဲ. သားလူလှ ဆရာဝန်ကြီး ရဲ့ မိခင် ၊၊ နှစ်ရှည် တက်လိုက်ရတဲ့ ကျောင်းအတွက် ကုန်လိုက်ရတာ ရှိသမျှလေး လည်း ပြောင်လို. ၊၊ လူမသိသူမသိ သားမောင် မသိအောင် လက်သိပ်ထိုး ရောင်းရပေါင်ရတာ တောင် မှ မုဆိုးမ အမေအို အပြုံးတစ်ချက် မပျက်ခဲ့ ၊၊ သားမောင်အတွက်ဆို လျှင် စကားအရာနဲ. အနိုင်ယူ ခဲ့ဖူးတဲ့ လှအေးတို. မြစိန်တို. ဆီ အောက်ကျခံ ရဖို.လည်း အမေအို ၀င်မလေး ၊၊ ကျုပ်သား ဆရာဝန်ကြီး ဖြစ်တဲ့အခါ ကျုပ် မှာ ဘာမှ မကျန်အုံး ကျုပ်ကျေနပ် ပါတယ်အေ ၊၊ ညည်းတို.များတက် နိုင်လို. ညည်း သား ထွေးမောင် တို. အေးသာ တို. ဆေးလိုင်း လိုက်နိုင်လို.လား အေ ရဲ့ ၊ နွားကျောင်း ကျွဲကျောင်း နဲ. ဖြစ်လှ စပါးပွဲစား ပေါ့အေ လို. တောင် ပုတ်ပုတ် ခတ်ခတ် အထက်စီးက စကားနာ ထိုးခဲ့သေးရဲ့ ၊၊

ဒီလိုနဲ. သားမောင်လည်း ဘွဲ.ရ ၊ အမေအိုလည်း ဖြူကာဖြာကာ ကျရလေတော့သည် ၊၊ သို.ပေသည့် အမေအို မာန်မလျှော့ ၊ ဇွဲခတ်လို. လှော်နေဆဲ ၊၊ သားမောင် ပြန်အလာ ဖွယ်ဖွယ် ရာရာ တွေ နဲ. ဧည့်ခံ နေမြဲ ၊၊ နားကပ်ကလေးမေးတော့ အမေနားတွေ နာလို. သား ရယ် ၊ အသက်တွေ ကြီးတော့ စိန်တွေ ရွှေတွေ လည်း အမေ မ၀တ် ချင်ပါဘူး သားရယ်လို. သားမောင်ကို စိတ်မဆင်းရဲ ဖို. ညာနေဆဲ ၊ လိမ်နေဆဲ ၊၊ သားလုပ်သူက ခပ်ပြုံးပြုံးနဲ. အမေ မ၀တ်ချင်တော့ ၊ အမေ့ချွေးမကို ပေးဝတ်လိုက်ပေါ့ အမေရယ် ဆိုတော့ အမေအို ဘယ်လိုများ နေရှာမတုန်း ……………..

နင့်ကနဲ ၊ နင့်ကနဲ …….

သစ်ပင်ထက်ကကျသူကို ရိုက်နှက်ဘိသကဲ့သို. ဆိုတာထက် အမေအို ရင်တွေ တဆက်ဆက် နာရပြီကော ၊၊ တလိမ့်လိမ့်ဆင်းလာတဲ့ အသုံးမကျတဲ့ မျက်ရည် ပူတွေ ကို လက်ဖမိုးနဲ. ခပ်ကြမ်းကြမ်းလေးသုတ်လို. ငါ့သားလေးတောင် အရွယ် ရောက်မှ ပဲလို. ခပ်မာ မာ တွေးပြီး ခေါင်းကို တစ်ချက်ခါ လိုက်တဲ့ အမေ့အို. မျက်ဝန်းက လွင့်သွားတဲ့ မျက် ရည် တစ်စက်က သားမောင် လူလှ ကို တင့်တောင် တင့်တယ် အိမ်ထောင် ချပေးဖို. ဆိုတဲ့ စိတ်ကူးအတွက် အားတစ်ချက်ပေလား ၊၊ အမေအိုမမောနိုင်သေးပါ ၊၊ သားမောင်ကို လည်း တရားဝင် မမေးဝံ့သေးပါ ၊၊ သဘာဝကို အမေအို ရှောင်မဖယ်ချင်ပေမယ့် သားမောင် နှူတ်ကထွက်လာမယ့် ဟုတ်ပါတယ် ဆိုတဲ့ စကားတခွန်းကို အမေအို ရင်မဆိုင် လိုသေး ၊၊ အားတွေ မွေးဖို. လိုပါအုံးမည် ၊၊ အားတွေ မွေးဖို. လိုပါပေအုံးမည် ၊၊

ရက်ပိုင်းလောက်သာ အလည်ပြန်လာတဲ့ သားမောင်ရဲ့ အိမ်ပြန်ခရီးကို ပြင်ဆင်နေဆဲ ကာလ မှာ ပဲ မိဘတို.၀တ္တရား ရှိသည့် အတိုင်းဆိုတဲ့ စကားကို အစပျိုးလို. စာမတက်တဲ့ အမေအို ၊ မောင်ဖွားတွေကို အကူအညီတောင်းလို. သားမောင်ဘာတွေ များလုပ်ချင်သတုံး ရယ် လို. မေးရပြီ ၊၊ မမေးရက်ရက် ပေမယ့် ၊ အမေးခက်ပေမယ့် ၊ မေးသင့်သည် မို. မကြားဝံ့သည့် စကား နှုတ်ထွက် လာမှာသိပေသည့် မေးရလေပြီ ၊၊ အမေ တာဝန် ကျေပါရစေမယ် ၊ သားမျက်နှာမငယ်စေရပါ ဘူး ဆိုတဲ့စကားကို အများရှေ.မှာ နှုတ်ထွက် ရဲပေမယ့် အမေအိုမှာ ကျန်နေတာက သွားလေသူ အိမ်ထောင်ဦးဘ၀က ဆင်ပေးခဲ့တဲ့ ချယ်နားကပ် လေး တစ်ရံ နဲ. တောပိုင်းမှာ ရှိနေတဲ့ ယာ အနည်းငယ်သာ ၊၊ ခပ်ပြုံးပြုံးနဲ. အများရှေ. မှာ ဂုဏ်တွေ တက်နေတဲ့ အမေအို ရင် ထဲ ဘယ်လိုများ ရှိနေမလဲ………….

ဘွဲနှင်းသဘင် ဆိုတာကြီးကို စိတ်ကူးနဲ. ရူးလို. ရွာမှာ ကြွားခဲ့ ဘူးတဲ့ အမေအို သားလုပ်သူရဲ့ ပင်ပန်းပါတယ် အမေရယ် ဆိုတဲ့ စကား လေးနဲ.ပဲ တိတ်တိတ်လေး ခံစား ကြေကွဲနေ လေမလား ၊၊ သြော် ကြေကွဲချိန် ရပါဘူးလေ ၊၊ တောပိုင်းမှာ ရှိတဲ့ ယာလေးတွေ ဈေးကောင်း ရဖို. ငယ်နိုင် အမျိုးတွေ ကို ဟိုအော် ဒီအော် နဲ. ရသမျှလေး စု လို. ထုပ်ထား သားမောင် နောက်တစ်ခေါက်ပြန်လာ မယ့် အရေး စောင့်ရင်းတွေးလို. ၊၊ ရင်းနှီးသူ ငယ်ပေါင်း သူငယ်ချင်းမတွေက ဟဲ့ ဆရာဝန် အမေမကြီး နေပူကြီးထဲ လောဘတွေ တက်မနေနဲ. သားက ဆရာဝန်ဖြစ်နေပြီဆို လိုက်မသွားဘူးလား ဆိုပြီး လယ်ကန်သင်း ခြေကန်ရင်း အော်တော့ ၊ အမေအိုတို.ကလည်း အားကျရယ်မခံ ၊ အမလေးအေ ခေါ်ပါ့ ကျုပ်က မြိုတော့ ပျော်ဘူးအေ့ တော ပျော်တာ ရယ်လို. သားမောင် သိကာတော့ အကျမခံ ၊ ပြန်အော်ခဲ့သေးတာကလား ၊၊ အာဂအမေအို ၊၊

အမေရယ်ခရီးကလည်းဝေးတယ်၊အမေရထားစီးရမှာလည်းပင်ပန်းပါတယ်၊၊ မင်္ဂလာဆောင် ပြီးလို. အေးအေးဆေးဆေး နောက်မှ ပဲ သားတို.လာ ခဲ့ပါမယ် ၊၊ မမ ကလည်း ခရီးဝေး မသွားချင်သေးဘူး ဆိုလို. မခေါ်လာခဲ့ ဘူး အမေဆိုတော့ လည်း အမေအို က ပြုံးပြုံးလေးနဲ. ခေါင်းလေးညိမ့်လို. ပီဘိ ကျေနပ် နေသည့် အလား ၊၊ ရင်ထဲကခံစားချက်သားမောင် တစ်ချက်မသိစေရ ၊၊ အင်း အမှန်လည်း ကျေနပ်မှာပါလေ ၊၊ စုဆောင်းထားတာလေးတွေ ပေးလို. သမီးချွေးမ ကို အမေ့ မင်္ဂလာဦး နားကပ်လေး လက်ဖွဲ.လိုက်ပါ သားရယ် ဆိုပြီး မမြင်ဖူးတဲ့ ချွေးမကို စိတ်ကူးနဲ. လှမ်းချစ်လို. ၊၊ နောက်တစ်နေ. ဈေးသွားတဲ့ အခါ သားမောင် လူလှ အိမ်ထောင်ကျပါပြီ ဆိုတဲ့ အကြာင်း ကြေငြာမောင်းခတ်လို. ကြွားးပေအုံးလိမ့်မည် ၊၊

သြော်ဒီလိုနဲ. အမေအိုဘ၀ နောက်ဆုံးအချိန် ထိသားမောင် ကို မျှော်ရင်း ဘ၀မကူး နိုင်သေးပဲ အသက်ကို မျှင်မျှင်း ရှုရင်းစောင့်လို. ၊၊ဆရာဝန် တစ်ယောက်မွေးထုတ်ခဲ့တဲ့ အမေ ၊ ဆေးတစ်ပေါက် အပ်ရာ မကျန်ဘူးခဲ့ ၊ ဆေးတစ်လုံးသားမောင်တိုက်တာ မမြိုဘူးခဲ့ ဘူး ၊၊ သားမောင်ကမ်းပေးတဲ့ ရေတစ်ခွက် တောင် ဆေးအမှတ်နဲ. မသောက်ခဲ့ဘူးတဲ့ အမေအို ၊၊ အသက်ကိုမျှင်မျှင်းရှု ရင်း ၊ ဘုရားကို မတ ၊ သား ကို တနေရှာသူ ၊၊ သားတစ်ယောက်အတွက် ပေးဆပ်ခဲ့ခြင်းများစွာ အတွက် သားမောင် ဆီကဘာကိုမှ ပြန်လည် မတောာင့်တခဲ့သူ ၊၊ ပေးဆပ်ခြင်းများစွာနဲ. ရင်းနှီးမှူပေါင်း များစွာကို ရက်ရက်ရောရော ဖြည့်စွမ်းပေးခဲ့သူ ၊၊ ဘာကိုမှ ပြန်ယူမသွားခဲ့တဲ့ ထာဝရ မေတ္တာရှင် ၊၊

နောက်ဆုံး အချိန်လေးမှာတော့ သားမောင်ဆရာဝန်ကြီးကို တွေ ချင်ရှာပေလိမ့်မည် ၊၊ သားတိုက်တဲ့ ဆေးတစ်ခွက်ထက် သားပေးလာမယ့် အကြင်နာလေးတစ်ချက် တော့ မျှော်လင့် ရှာပေလိမ်မည် ၊၊

ပုံမှန်ဝင်နေကျ လော်ကယ်ရထားကြီး က ဥသြသံ လေးသဲ့သဲ့ ကြားရချိန်မှာတော့ အမေအိုလည်း အသက်ကလေးမျှင်းမျှင်း ရှုရင်း ဖြေးဖြေးချင်း ရပ်ခဲ့လေ ပြီ ၊၊

(၀ထ္ထုလည်းမဟုတ် ၊ ဇာတ်လမ်းလည်းမဟုတ် ၊ ခံစားချက် ရုပ်ရှင်လည်း မဟုတ်ပေသည့် တကယ့် ဖြစ်ရပ် မှတ်တမ်းတွေက ပိုရ်ျ ဇာတ်လမ်းဆန်ပါသည် ၊၊ )

လေးစားစွာဖြင့်
မင်းအိမ်

Sunday 10 May 2009

ပန်းပျိုးသောလက် မြတ်စေချင်သည်


ကျွန်တော့်တွင် ဧကများစွာ ကျယ်ဝန်းရ်ျ် လိုအပ်သလို ၊ ချဲ.ထွင်ခုတ်ထွင် ရှင်းလင်း အသုံးပြု နိုင်သော ဥယျာဉ် ကြီးတစ်ခုရှိပါသည် ၊၊ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ ကတည်းက ပိုင်ဆိုင်ခဲ့သော ၊ မွေးလာကတည်းက မိမိနှင့်အတူ ပါလာသော မိဘနှစ်ပါး ၏ အမွေအနှစ် ဖြစ်ပါသည် ၊၊ နှစ်ပေါင်းများစွာ တည်ရှိခဲ့သော ထိုဥယျာဉ်ကြီး ထဲတွင် ကျွန်တော် ပြုစု ယုယ ပျိုးထောင်ခဲ့သော ပန်းမန်သစ်ပင် ပေါင်းများစွာ ဝေေ၀ဆာဆာ ပွင့်ဖူးသာယာ လျက်ရှိပါသည် ၊၊

အချို.လည်း သေရ်ျ အချို.လည်းဝေနေဆဲ ၊၊ အချို.လည်း မြိုင်မြိုင်ဆိုင်ဆိုင် နှင့် အချို.လည်း ညှိုးညိုးငယ်ငယ် ၊၊ အချို.လည်း အခက်အလက်တွေ ဝေဖြာလို. အချို.လည်း အားအင်တွေ ကုန်ခန်းလို. ၊၊ အချို.လည်း ပွင့်ဆဲ မွှေးဆဲ ၊ အချို.လည်း နွမ်းလို. ကြွေမြဲ ၊၊ မတူညီတဲ့ သဘာဝတရားရဲ့ ဖောက်ပြန်ပြောင်းလဲ မှူတွေ အောက်မှာ မတူညီတဲ့ ရလာဒ်ပေါင်း များစွာနှင့် ၊၊ ရယူခြင်းများစွာနှင့် ခရီးနှင်ရင်း ၊ ပေးဆပ်ခြင်းများစွာ နှင့် ခရီးဆန်ရင်းပေါ့ ၊၊

ကျွန်တော်ကိုယ်တိုင် သစ်ပင်စိုက်တာကို ၀ါသနာပါပေသည့် ၊ ထိုသစ်ပင်လေးများ၏ သဘာဝ နှင့် လိုအပ်ချက်ကို လေ့လာသင်ယူ ဖို. မေ့လျော့နေဆဲ ၊၊ ဝေဆာနေတဲ့ ပန်းပင်လေးတွေ ရဲ့ မွှေးရနံ. တွေ ကို ရှုရိုက်ရင်း နွမ်းလျနေတဲ့ ပန်းပင်လေးတွေကို မေ့လျော့နေခဲ့မိသူ ၊၊ မြေဆီကျွေးရ်ျ ၊ ရေလောင်း ပေါင်းသင် လို. ပြန်လည် ပြုပြင်လို. မရတော့တဲ့ အချိန်မှ နောင်တတွေ နှင့် ကြွေလွင့်သွား ခဲ့တဲ့ ပန်းပင်လေးတွေ ကျွန်တော့် ပန်းဥယျာဉ်လေး ထဲမှာ များလှပြီ ၊၊ တိတ် တိတ်လေး ကြိတ်ရှိုက်လို. ငိုကျွေးခဲ့ရတဲ့ ညတွေ ၊ ပန်းပင်လေး တွေ လွင့်သွားတဲ့ အခါတိုင်း တဆက်ဆက်နာ ကျင်ခဲ့ရတဲ့ နှလုံးနာ ကို ကိုယ်သာလျှင် အသိဆုံး ၊၊ ဘယ်သူ တစ်ဦး တစ်ယောက် မှ အစားထိုး လာရောက် ခံစား မပေးနိုင်တဲ့ နာကျင်တဲ့ ခံစားမှူ ၊၊ ကိုယ်ရဲ့ မေ့လျော့ စွာ လျစ်လျူ ရှူ ခဲ့မှူရဲ့ ရလာဒ် အဖြစ် ကိုယ်သာ လျှင် နာကျင်စွာဖြင့် ခံယူသင့် သည် မဟုတ်ပေလား ၊၊

အေးမြတဲ့ ဒေသက ပန်းပင်လေးကို အေးမြမှူတွေ နဲ. ပြုစုမှသာ တာရှည် ခံပေလိမ့်မည် ၊၊ အပူပိုင်း ဒေသက ပေါက်ပင်တွေ ကို အပူဓါတ်တွေ ပေးမှ ရှင်သန်နိုင်လိမ့်မည် ၊၊ အချို. အပင် က ရာသီဥတု ဒဏ်ခံနိုင်ပေသည့် ၊ အချို.အပင်က တော်ရုံနှင့် နွမ်းချင်ပြီ ၊၊ အချို.အပင် က ရှင်သန်ဖို. ကြိုးစား ရ်ျ အချို.အပင်က အချိန်တိုတွင်း နွမ်းလျချင်လိမ့်မည် ၊၊ မတူညီတဲ့ ပန်းခြံကြီး အတွင်းက မြောက်မြားလှစွာသော ပန်မန်များ အတွက် အချိန်ပေး ရမည် ၊၊ ပြုစု ယုယ ရမည် ၊၊ သိုမှသာ တာရှည် ခံလိမ့်မည် ၊၊ မိမိကိုယ်ကို ဂရုတစိုက် ရှိသကဲ့ သို . ကိုယ်ကိုတိုင် စိုက်ပျိုး ပြုစုထားသော သစ်ပင်ပန်းမန်များကို မြတ်နိုး စွာ အလေး ထား ဂရုစိုက် ရမည် ၊၊

မိမိခြံတွင် စိုက်ပျိုးထားသော သစ်ပင်ပန်မန်လေး များ၏ စိမ်းလန်းစွာ ပွင့်ဖူးဝေဆာနိုင် စွမ်းက ကျွန်တော်တို. ၏တာဝန် ပင် ၊၊ ကျွန်တော်တို. ၏ အစွမ်းပင် ၊၊ ခါတရံ စိမ်းလန်း စွာ ပွင့်ဖူးနေသော ပန်းဥယျာဉ်ကြီး များကို တွေ. ရသည့် အခါ တွင် အားကျမိသည် ၊၊ ထိုဥယျာဉ် ပိုင်ရှင်၏ အစွမ်း အစကို အထင်တကြီး လေးစားမိသည် ၊၊ အားကျမိသည် ၊၊ အတု ယူ ချင်သည် ၊၊ ကိုယ်ပတ်ဝန်းကျင်ကို ပြန်လှည့် ကြည့်မိတော့ ၊ ကိုယ့်ရဲ့ ခြံအတွင်းမှာက နထ္ထိ ၊၊ ဒါဟာလည်း ကိုယ့် ရဲ့ ပြုစုပျိုးထောင် ၊ ယုယနိုင်မှူ လစ်ဟင်းခဲ့ မှူပင် ၊၊ အချိန်သင့် ရေလောင်း ပေါင်းသင် ၊ ဆေးလောင်း ၊ ပြုပြင် မှူ မပြုခဲ့ မှူပင် မဟုတ်ပေလား ၊၊ လူသားတိုင်းအတွက် တူညီသော စိုက်ပျိုးခွင့် ၊ အခွင့်အရေး ရကြပါသည် ၊၊ သို.သော် .. တူညီစွာသော ကြီးမားခံ့ထည်သော ပန်းဥယျာဉ်ကြီး များ လူတိုင်း ပိုင်ဆိုင်ခွင့် မရကြပါ ၊၊ မိမိ၏ ကြိုးစားအားထုတ်မူ အရသာ သင့်တင့်သော ဥယျာဉ်ငယ် များကို သာ ပိုင်ဆိုင်ခွင့် ရကြပါသည် ၊၊

မည်သို.ဆိုစေ တပိုင်တနိုင်ပန်းဥယျာဉ်လေး များဖြင့် မိမိပတ်ဝန်း ကျင် တွင် လှပတင့်တယ် ဝေဆာ နိုင်ပါစေ ၊၊ ပန်းတိုင်း ပွင့်ရ်ျ ပွင့်သော ပန်းတိုင်း တင့်လန်းစွာ ပွင့်လန်း နိုင်ပါစေ ၊၊ အချိန်ကုန်ခံ ၊ အလုပ် ပျက်ခံရ်ျ စိုက်ပျိုးထား သော ပန်းပင်လေးများ အား ဥယျာဉ် အတွင်းတွင် အမြဲ ထာဝစဉ် လှပနေစေ ချင်သည်မှာ ပန်းပျိုးသော လက် ပိုင်ရှင်တိုင်း၏ လိုအင်ပါ ၊၊ ထို.အတူ မိမိ ဥယျာဉ် တွင်းမှ ပန်းကလေးများ ထာဝရ ရှင်သန် ပွင့်လန်းဖို. ရာလည်း ပန်းပျိုးလက် ပိုင်ရှင်တိုင်း၏ တာဝန်ပါ ၊၊ ထို.ကြောင့် ဥယျာဉ်တွင်းမှာ ရှိနှင့်ပြီးသော ပန်းကလေးများလည်း မွှေး ပါစေ ၊ နောက်ထပ် နောက်ထပ်သော ပန်းကလေးများလည်း ဝေပါစေ လို.သာ ဆုတောင်း ပေး ရင်း

လောကတွင် ပန်းပင်လေးများ နှင့်တူသော မိတ်ဆွေ အပေါင်းအသင်းများအား ဂရုထား စောင့် ရှောက်နိုင်ကြပါစေ ၊၊ မကြွေမလွင့် မနွမ်းခင်မှာ ရေလောင်းပါ ၊ ပေါင်းသင်ပါ ၊ လိုအပ် လျှင် ဆေးလောင်းပါ ၊၊ အမြစ်ပုပ်မှ နောင်တရလို. လည်း ထိုသစ်ပင်လေး ပြန်မရှင် နိုင်တော့ ပါ ၊၊ အခြား အမျိုးတူ အပင် တမျိုး စိုက်နိုင်ကောင်းပါ ရဲ့
သို့သော် …............

ထို.ကြောင့် ပန်းပျိုးသော လက်အပေါင်း အတွက် ……..
အပေါင်းအသင်းများဟောင်းများ ၊ အပေါင်းအသင်းသစ်များ နှင့် ပျော်ရွှင်ဖွယ်ရာ သာယာ သော တင်တယ့် လှပေသော ပန်းဥယျာဉ် ကြီး တစ်ခုကဲ့သို. ဝေဆာပွင့်လန်း မွှေးကြိုင်ခြင်း များစွာ နှင့် ကောင်းမြတ်သော ဘ၀ တစ်ခု ကို အပေးအယူ မျှတစွာ ဖြင့် တည်ဆောက်နိုင် ကြပါစေ လို. ………..

Sunday 3 May 2009

စာလေးတစ်အုပ် ညွှန်းပါရစေ

ဒီစာအုပ်လေးကို ကျွန်တော် ဖတ်ခဲ့ဖူးတာ ၂၀၀၆ ခုနှစ် လောက်ကလို.ထင်ပါတယ် ၊၊ တော်တော်ကို နောက်ကျနေပါပြီ ၊၊ ဘာ့ကြောင့်လည်းဆိုတော့ ဒီစာအုပ်လေးကို ထုတ်ဝေ ခဲ့တာ လည်း တော်တော်ကြာခဲ့ပါပြီ ၊၊ ပထမအကြိမ် ဘယ်တုန်းကထုတ်ခဲ့တယ် ဆိုတာတောင် ကျွန်တော်မသိပါ ၊၊ ကျွန်တော်ဖတ်ခွင့် ရတဲ့ အချိန်မှာ ဒုတိယမိထုတ်ထား တဲ့ စာအုပ်လေးပါ ၊၊ ဖတ်ခွင့်ရခဲ့တဲ့ အချိန်တည်းက တော်တော်ကို သဘော ကျခဲ့ပါတယ် ၊၊ စာရေးသူက ဘာကို ပေးချင်တယ်ဆိုတာ ကျွန်တော် မသိရပေမယ့် ကျွန်တော် တော့ ဆင်ခြင်စရာ ၊ အတွေး တွေ တပုံတခေါင်းရခဲ့ပါတယ် ၊၊

တကယ်ပါ ၊၊ အခုပြန်ဖတ် အခု ခံစားနေရဆဲ ၊၊ ဘ၀တွေကို ထင်ထင်ရှားရှား မြင်နေရဆဲ၊၊ ဒါ့ကြောင့် အားလုံးကို ဖတ်စေချင်ပါသည် ၊၊ အတော်များများလည်း ဖတ်ဖူးပြီးသားဖြစ်မှာပါ ၊၊ တခါတခါ ဘ၀မှာ ကိုယ်တွေ. ခံစားပြီးမှ သိတဲ့ အသိရှိသလို ၊ တခါတလေ စာအုပ်တွေက ပေးတဲ့ အသိတွေကလည်း ပိုလို.တောင် မှ အံဝင်ဂွင်ကျ ဖြစ်စေပါတယ် ၊၊ တချို. အသိတွေ ကို ကျွန်တော်တို. ပြင်ပမှာ မရှာဖွေနိုင်တာ အများကြီးပါ ၊၊ ဒါကြောင့် စာအုပ်တွေ ထဲက ရှာ ရပါတယ် ၊၊ ဖြစ်ရပ်တူ ဇာတ်လမ်းလေးတွေကို အတုယူ နမူနာပြုလို. ကိုယ် ကိုကိုယ် သတိ ပေး ပြုပြင် ကြရပါမယ် ၊၊
ဘာ့ကြောင့် ဒီစာအုပ်လေးကို ညွှန်းရပါသလဲ ၊၊ ယခုလက်ရှိ ပြင်ပနိုင်ငံတွေမှာ ပင်ပင် ပန်းပန်း လာရောက်လုပ်ကိုင် နေတဲ့ မိတ်ဆွေ သူငယ်ချင်း အပေါင်းအသင်းများ ကိုယ့် ဘ၀ ကို ပြန်မြင်စေဖို. ၊ နောက် သတိမလွတ်စေဖို. ၊ ဖြစ်တက်တာလေးတွေကို ဆင်ခြင် နိုင်စေဖို. ဆိုတဲ့ ဒီစာအုပ်လေး မျှဝေဖြစ်သွားတဲ့ စေတနာသပ်သပ် ရယ်ပါ ၊၊ ဘယ်အရာ ကိုမှ မရည်ရွယ်ပါ ၊၊ ကျွန်တော်တင်ပြခဲ့တဲ့ စေတနာလေး သပ်သပ် ရယ် ၊၊ အခြား အဓိပါယ် သပ်ရောက်စေမယ့် အတွေးမျိုး လုံးလုံးမရှိပါ ၊၊ ညွှန်းချင်နေတာ ကြာခဲ့ပါပြီ ၊၊ အခုမှပဲ တင်ဖြစ်ပါတယ် ၊၊ မူရင်းစာအုပ်လေးကို တစ်ခေါက်ထပ်ဖတ်ချင်တာနဲ. ရက်ရွှေ.သွားရတာပါ ၊၊ စာအုပ်ပြန်ရှာပေးတဲ့ သူငယ်ချင်းကိုလည်း ကျေးဇူးတင်ပါတယ် ၊၊

ပြင်ပနိုင်ငံတွေမှာ လာရောက်လုပ်ကိုင် နေသူတွေမှာ ဦးတည်ချက် အမျိုးမျိုး ၊ ရှိကြပါတယ် ၊၊ တချို.က ပညာတွေ ထပ်သင်ချင်လို. ၊၊ အချို.က သင်ထားတဲ့ ပညာကို လက်တွေ့  အသုံး ချခွင့်ရချင်လို. ၊၊ နောက်ထပ် ဘွဲ.တွေ ထပ်လိုချင်လို. ၊၊ ပြည်ပ အလုပ်အကိုင် အတွေ.အကြုံ လိုချင်လို. ၊၊ နောင်တချိန်မှာ ပြည်တွင်းမှာ ပြန်အသုံးချဖို. ၊၊ နောင်ရေးအတွက် ပိုမို ခိုင်မာတဲ့ နိုင်ငံတစ်ခုမှာ အခြေချဖို. ၊၊ နောက်ဆုံး ငွေရှာဖို. ၊၊ စတဲ့စတဲ့ ဦးတည်ချက်တွေ နဲ.ပါ ၊၊ တစ်ဦး နဲ. တစ်ဦးတော့ မတူကြပေဘူးပေါ့ ၊၊


နောက်တစ်ခုက မြန်မာပြည်မှာ နေရစ်ခဲ့သူတွေ မှာလည်း ဦးတည်ချက်အမျိုးမျိုးနဲ.ပါ ၊၊ ပြင်ပ ကို ထွက်ပြီး အလုပ်မလုပ်လိုလို. ၊၊ မြန်မာပြည်မှာ စီးပွားရေး လုပ်ငန်းတွေ ရှိလို. ၊၊ အစိုးရ၀န်ထမ်းဘ၀ကို ခုံမင်လို. ၊၊ ဘာပဲဖြစ်နေနေ ကိုယ်တိုင်းပြည်မှာ ပဲ လုပ်ချင်လို. ၊၊ ပြည် ပကို ထွက်ခွာဖို. အခြေအနေမပေးလို. (ပညာရေး ၊ စီးပွားရေး ၊ လူမူရေး ) စတဲ့ စတဲ့ အကြောင်းများစွာ ၊ ရည်ရွယ်ချက်များစွာနဲ.ပါ ၊၊
ပြည်ပမှာလာလုပ်လို.လည်း ထူးပြီးသာလှပြီလို.တော့ မမှတ်စေလိုပါ ၊၊ ပြည်တွင်းမှာ အဆင်ပြေလို. အခြေကျနေသူတွေလည်း အများကြီးပါ ၊၊ မှန်ပါတယ် ၊၊ စားစရာ မရှိတဲ့ သူ တွေ များသလို ၊ ထားစရာ (ငွေ ) မရှိတဲ့သူတွေ တပုံတခေါင်းပါ ၊၊ ဒီလိုဆိုလို. အားလုံး မဟုတ်တာလုပ်နေတဲ့ သူတွေလို. တော့ မမှတ်စေလိုပါ ၊၊ ကောင်းရောင်းကောင်းဝယ် နဲ. အဆင်ပြေနေတဲ့ သူငယ်ချင်းတွေ လည်း အများကြီးတွေ.ခဲ့ ရပါတယ် ၊၊ အစိုးရ၀န်ထမ်း သူငယ်ချင်းများလည်း တွေခဲ့ရပါတယ် ၊၊ ကျွန်တော်ဆိုလိုချင်တာကတော့ ဘာကြောင့်ပဲ ဖြစ် ဖြစ်ပြည်တွင်း နဲ. လည်း အဆက်အသွယ်မပြတ်ပဲ ၊ ကိုယ် ရောက်နေတဲ့ အခြေအနေလေး ကို ပြန်လည် သုံးသပ်စေလိုရုံပါ ၊၊
အကျည်းတန်သူက မှန်မကြာခဏ ကြည့်ပါတယ် ၊၊ သတိလွတ်သူက သတိပေး တယ်လို. ပဲ မှတ်ယူပေးပါ ၊၊ ကိုယ်မကောင်းပေ သည့် အများကို ကောင်းစေချင်တာတော့ ကျွန်တော့် ရင် ဘတ်ထဲက စေတနာပါ ၊၊ အချိန်အားလေးများ ရမယ်ဆိုရင် ဖတ်ပြီးသူများ သော်မှ နောက်ထပ် တစ်ခေါက် ဖတ်ဖြစ်အောင် ဖတ်ပေးပါလို. မေတ္တာရပ်ပါရစေ .....

စာရေးသူ နုနုရည်အင်းဝ
သောက်တော့ ဒူးယား နေတော့ ချုံကြား ၀တ်တော့ မလေးရှား

ဒုတိယအကြိမ်အဖြစ် Artistic Eyes Media မှ ၂၀၀၀ ခုနှစ် ဇန်န၀ါရီလတွင် ဖြန်.ချိခဲ့ပါသည် ၊၊
တိုက်ရိုက်ဖတ်နိုင်သော စာအုပ်များ ဆိုတဲ့ လင့်လေးမှာ ရှာပေမယ့် Soft Copy မရှိတာ ကြောင့် မမျှပေးနိုင်တော့တာ စိတ်မကောင်းပါ ၊၊ အကယ်ရ်ျသိသူများ ရှိပါကလည်း ဆက်လက်ဝေမျှပေးကြပါလို.........

အိပ်မက်ပဲနော် ... အဓိပတိလမ်းကခြေရာများ .....


အိပ်မက်ပဲနော် ............
မေ့ခဲ့သော်မှ အိပ်ပျော်ခဏ
ဆုံခွင့်ရဖူး သူ.ကျေးဇူးကြောင့်
ရူးမူးနှောင်ရစ်
ချစ်ဖူးတာပဲ ဖြေသိမ့်ရဲသည် ၊၊

လိုက်ခဲ့မခေါ် ...........
ထားရစ်သော်မှ အပျော်ချစ်ဖူး
သူ.ကျေးဇူးကြောင့် ရူးနစ်စွဲလန်း
လွမ်းဖူးတာပဲ ကျေနပ်ရဲသည်၊၊

သည်လိုနဲ.သာ .............
ဝေးကြကြာလျှင်
မနာဝန်.၀န်.မစွန်.ရက်ရက်
အစွန်.ခက်စေ ကြေကွဲနေဖူး
သူ.ကျေးဇူးဟု
အထူးအောက်မေ့ တမ်းတသည်၊၊
ဆရာမောင်စိန်ဝင်း၏ ကဗျာလေးအားဝေမျှခံစားပါသည် ၊၊



(ရုံးအားတဲ့ ) အမှတ်တယ တနင်္ဂနွေ နေ.လေး မှာ ဆရာ မောင်စိန်ဝင်း (ပုတီးကုန်း) ရဲ့ ကဗျာလေးကို ၊ ကိုထူးအိမ်သင် ရဲ့ သီချင်းလေး နဲ. အတူ မျှဝေခံစား ပါတယ် ၊၊
ဒီနေ.ကျောင်းတုန်းက သူငယ်ချင်းတွေကို မှတ်မှတ်ယယ သတိတွေယမိလို. ......

Saturday 2 May 2009

အလုပ်သမားကြီးသား......

အချိန် ၁၉၈၇ ခုနှစ်
ကိုလှစိုး ဆိုတဲ့ လူတစ်ယောက်ကို စပြီးသိခဲ့တာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ၀န်းကျင် ကပါ ၊၊ အသားမည်းမည်း အရပ်မြင့်မြင့် ခပ်ပိန်ပိန် လူတစ်ယောက် ၊၊ အိမ်ကိုစပြီးရောက်လာတုန်းက ခပ်ကုပ်ကုပ် ရယ်ပါ ၊၊ ထမင်းချိုင့်လေး ဆွဲလို.၊၊ အိမ်မှာ အလုပ်လုပ်ရအောင် ဆိုပြီး ရောက်လာ ခဲ့တာပါ ၊၊ ရောက်လာတုန်းက ခပ်ရိုးရိုး ခပ်ကုပ်ကုပ် တောသား လူတစ်ယောက် ရယ်မို. အမှတ်တယ ရှိနေခဲ့ပါတယ် ၊၊ နောက်တစ်ခု ကကျွန်တော်ရဲ့ အလွန်ဂျီကြ ၊ အနိုင် ကျင်. ၊ ဆိုးသမျှကို ဒိုင်ခံ လုပ်ပေးနေသူ တစ်ယောက်မို. လည်းပို လို. အမှတ်တယ ဖြစ်နေ ခဲ့ပါတယ် ၊၊


မှတ်မိပါသေးတယ် ၊၊ သီတင်းကျွတ်ရင် ကျွန်တော့်အတွက် "ဆုံ " လိုခေါ်တဲ့ ယမ်း ထဲ့ ပြီး ဖောက်လို. ရတဲ့ ဆော့စရာတွေ ကို ဒိုင်ခံဆောင် ရွက် ပေးနေကျပါ ၊၊ ဒီဆုံက တော်တော် လက်ဝင်ပါတယ် ၊၊ စက်ဘီး စမုတ်တံ လေးကို ကွေးပြီး လုပ်လိုလည်းရပါတယ် ၊၊ သိပ်မကောင်းပါ ၊၊ ကျွန်တော်က တော့ သစ်သား ကို သေချာထွင်းပြီး ဖောက်ထည့်ထားတဲ့ ဆုံမျိုးမှ ကိုင်ပါတယ် ၊၊ အင်မတန်မ ကောင်းပြီး အင်မတန်မှ အသံမြည်ပါတယ် ၊၊ ဒါမျိုးလေးတွေ ၊၊ နောက် လောက်လေးခွလို. ခေါ်တဲ့ လေးခွ ဆိုရင်လည်း ကိုလှစိုးက ရွာတွေကိုသွား လို. မကျည်းသား အစစ်ကို ရှာပြီး ထွင်းပေးရပါတယ် ၊၊ မရရင် ပြန်မလာ ခဲ့နဲ. ဆိုပြီး အနိုင်ကျင့်နေကြပါ ၊၊ ကျွန်တော့် အဖေက သူ.အလုပ်ရှင်ကိုး ၊၊ လုပ်ပေးရတာပေါ့ ၊၊ ကျွန်တော် အဲဒီအချိန်တွေတုန်းက လိုချင်တာသာသိခဲ့သူပါ ၊၊


နောက် ဆောင်းဦးပေါက်ရင် ကြက်တူရွေးပေါက်တွေကို မွေးတာ ကျွန်တော်ရဲ့ ၀ါသနာပါ ၊၊ ဒီကြက်တူရွေးပေါက်တွေကို မရမက ရှာပေးရတာလည်း ကိုလှစိုးပါပဲ ၊၊ ၀ယ်လို. ရတဲ့ ပစည်း မျိုးမဟုတ်ပါ ၊၊ ရွာသူရွာသားချင်း လိုက်တောင်းရတာမျိုး ၊၊ တောထဲသွားတဲ့ သူတွေသာ ရတာမျိုးပါ ၊၊ တကယ်ကို ငှက်မပါရင် အလုပ်လာမဆင်း နဲ.လို. အတင်း အကျပ် ဆိုး ခဲ့တာပါ ၊၊ ကျွန်တော်ကိုလည်း တော်တော်ကို အလိုလိုက်ပါ တယ် ၊၊ ဒါကြောင့်လည်း အလုပ်သမား တွေ အများကြီးထဲမှာမှ ကိုလှစိုးကို သတိတယ ရှိနေပါတယ် ၊၊


ဒီလို နဲ. ကိုလှစိုး ဆိုတဲ့ အလုပ်သမားတစ်ယောက်ဟာ ကျွန်တော့် အဖေရဲ့ အလုပ်မှာ တော်တော်မြဲ ခဲ့ပါတယ် ၊၊ ကြာလှပေါ့ ၊၊ ဒီလိုနဲ. ကျွန်တော်လည်း အရွယ် တွေရလို. ကျောင်းတွေပြောင်း တက် ၊၊ တစ်ကျောင်းပြီးတစ်ကျောင်း ၊၊ အိမ်ကို ပြန်တဲ့ အခါလည်းရှိ မပြန်ဖြစ်ခဲ့တဲ့ အခါတွေလည်း ရှိရဲ့ ၊၊ ပြန်တိုင်းလည်း ကိုလှစိုးကို တော့ အလုပ်မြဲနေဆဲ ဆိုတာ တွေရပါတယ် ၊၊ တွေတဲ့ အခါလည်း ဒီပုံအတိုင်း ၊၊ ဘာမှထူးလို. ပြောင်းလဲမသွား ၊၊ အသက်ကြီးလို. ပိုအိုလာတာက လွဲလို. ၊ ဒီပုံ့အတိုင်းပါ ၊၊ ကျွန်တော်လည်း သွားလိုက် လာလိုက် အိမ်ပြန်လိုက်ပေါ့ ၊၊


အချိန် ၂၀၀၀ ခုနှစ်
ဒီတစ်ခေါက် အိမ်ပြန်တော့ လူပိုတစ်ယောက်ကို မှတ်မှတ်ယယ တွေရပြန်ပါတယ် ၊၊ ထူးထူး ခြားခြား ဂျပန် နာမည်နဲ့ ကောင်လေးတစ်ယောက် ၊၊ အစ်ပေ့ကြီးတဲ့ ၊၊ ကိုလှစိုးရဲ့သား ၊၊ အလုပ်သမား သစ်တစ်ယောက် အဖြစ်ပေါ့၊၊ အဖေ ရဲ့ နောက်ထပ် အသစ် လုပ်လိုက်တဲ့ လုပ်ငန်းမှာ ၊၊ အလုပ်ရှင်ကလည်း အသစ် ၊၊ ကျွန်တော့် အဖေ မဟုတ်တော့ ၊၊ ကျွန်တော့် အကို ဖြစ်နေပြီ ၊၊ ကိုလှစိုး ရဲ့ အလုပ်ရှင်က ကျွန်တော့် အဖေ ၊၊ အစ်ပေ.ကြီးရဲ့ အလုပ်ရှင်က ကျွန်တော့် အကို ၊၊ ဒီနှစ်ယောက် လုံးကတော့ ကျွန်တော့် ရဲ့ ဒိုင်ခံဆောင် ရွက် ပေးနေဆဲပါပဲ ၊၊ ပြန်ရင် လာကြိုတယ် ၊၊ လိုက်ပို.တယ် ၊၊ အိမ်မှာ ရှိနေဆဲ မှာ ကျွှန်တော့် အတွက် လိုအပ်တာတွေ ဆောင် ရွက်ပေးနေဆဲ ၊၊


ဘာမှထူးထူးခြားခြား ပြောင်းလဲမသွားတဲ့ အခြေအနေ ၊၊ ကျွန်တော့်အဖေ ကတော့ နောက်ထပ် လုပ်ငန်းသစ်တစ်ခု တိုးချဲ.လို. ကျွန်တော့် အကို လုပ်သူကို လွဲပေးထားရဲ့ ၊၊ နောက်ထပ် အလုပ်ရှင်သစ် တစ်ယောက်အဖြစ် လှုပ်ရှားနေတဲ့ ကျွန်တော့် အကို ၊၊ ဒါက အလုပ် ရှင် ကျွန်တော့် အဖေမိသားစု ၊၊
ကိုလှစိုးလည်း သူသားကို ဒိလိုပဲ ဆောင်ရွက်ပေးလေရဲ့ ၊၊ အခုအခါ သူ.သားလည်း အလုပ် သမားလေးပေါ့ ၊၊ ဒါတောင် အမှန်တော့ သူ.ရဲ့ ရိုးသား ၊ ကြိုးစား စွာ နှစ်ရှည် လုပ်ကိုင် ခဲ့ လို့ အစ်ပေ့ ဆိုတဲ့ တောသားလေး မြိုက စက်ရုံမှာ အလုပ်လုပ်ခွင့် လွယ်လွယ်ရခဲ့တာ ၊၊ ကောင်းလေစွ ၊၊ သူနဲ့ ရွယ်တူလေးတွေ ဆို အဆက်အသွယ်မရှိလို. လုပ်ချင်တာတောင် လုပ်ခွင့်မရ ၊၊ နွားကျောင်း ကျွဲကျောင်း လောက်နဲသာ ကျေနပ်ကြရတာ ၊၊ အစ်ပေ့ ရွာပြန်ရင် တော့ မျက်နှာပွင့် ရဲ့ ၊၊ မြိုက စက်ရုံမှာ အလုပ်လုပ်နေသော အလုပ်သမားလေးပေါ့ ၊၊၀ိုင်းဝိုင်း ကို လည် လို. ပေါ့ ၊၊


အချိန် ၂၀၀၈ ခုနှစ်
ဒီတစ်ခေါက် အိမ်ပြန်တော့ အိမ်မှာ လူပိုတိုးနေခဲ့ပြီ ၊၊ ကျွန်တော့် အကိုက သားလေးတစ်ယောက် မွေးလို. ၊၊ ကျွန်တော့်မှာ တူလေးတစ်ယောက် ထပ်ရခဲ့ပြန်ပြီ ၊၊ အိမ်မှာလည်း အလုပ်တွေတိုးလို. ၊၊ အလုပ်သမားတွေလည်း တိုးလို. ၊၊ ၀မ်းနည်းစရာ ၊၊ ကိုလှစိုး ဆိုတဲ့ ကျွန်တော့် အနွံအတာ ခံခဲ့သော အလုပ်သမားတစ်ယောက်ကတော့ စောစီး စွာ အိပ်စက်သွားခဲ့ပြီ ၊၊ ဘ၀အမောတွေ ရဲ့ အေးငြိမ်းရာ အ၇ပ်မှာ ၊၊ သူ.သား အခြေကျပြီ ထင်လို.များ စိတ်ချသွားလေသလား ၊၊ အစ်ပေ့တစ်ယောက် လည်း အိမ်ထောင် ရက်သားပင် ကျလို. ၊၊ ဘ၀တူ အလုပ်သမားကောင်မလေး ၊၊ စက်မှာ လုပ်နေတဲ့ ခလေးမလေး ၊၊ အမေက တော့ သင့်တော်ပါတယ် သားရယ်တဲ့ ၊၊ အမေတို.ပဲ အကုန်လုံး လုပ်ပေးလိုက် တယ်လေတဲ့ ၊၊ အသိအမှတ်ပြု မင်္ဂလာပွဲလေးပေါ့ ၊၊


အချိန် ----- ခုနှစ်
ဒီတစ်ခါ အိမ်ပြန်ရင် ၊၊ ကျွန်တော် ဘယ်လိုတွေ ၊ ဘာတွေ ၊ ကိုများ တွေ.ရမလဲ ၊၊ ကျွန်တော့် တူလေးက သူ.အဖေ ကျွန်တော့် အကိုဆီက အလုပ်တွေကို လက်လွဲလို. အလုပ်ရှင် သူဌေး လေး များလား ၊၊ ဒါဆိုအစ်ပေ့ ဆိုတဲ့ အလုပ်သမားတစ်ယောက်က မွေးလာတဲ့ ကလေးလေး ကရော သူ.အဖေဆီက လက်လွဲလို. အလုပ်သမားလေး များလား ?
ဆရာဝန်ကြီးသား ဆရာဝန်လေး ဖြစ်လာတာ မဆန်း ဘူး တဲ့
အင်ဂျင်နီယာကြီးသား အင်ဂျင်နီယာလေး ဖြစ်လာတာ မဆန်းဘူးတဲ့
အလုပ်ရှင်ကြီးသား အလုပ်ရှင်လေး ဖြစ်လာတာ မဆန်းဘူးတဲ့
ဒါဆို
အလုပ်သမားကြီးသား အလုပ်သမားလေးဖြစ်လာတာ ဆန်းပါဘူးနော် .............
ကိုလှစိုး နှင်. ကျွန်တော့် အိမ်မှ အလုပ်သမားများအား သတိတယ တွေးဖြစ်ခဲ့သည် ၊၊
လေးစားစွာဖြင့်
မင်းအိမ်