Friday 19 June 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ကြည့်မိသောအခါ ၎

မှန်တာပေါ့ဗျာ ၊ မှန်တာပေါ့ ၊၊

ဘ၀ဆိုတာက ကြိုတင်ကြည့်မြင်ခွင့်မရတဲ့ ကစားပွဲတစ်ပါပဲ ၊၊ မနေခြည်မေးသလို ကြိုသိအောင် ဘယ်လို လုပ်ရ မလဲ ဆိုတဲ့ မေးခွန်းကို အရမ်းသဘောကျ ပါတယ်ဗျာ၊၊ ဟုတ်ကဲ့ အမှန်တော့ ကျွန်တော် ရှေ.ဆက် ရေးမယ့် အကြောင်း အရာကလည်း ဒီမေးခွန်းလေး နဲ. ဆက်နွယ်တဲ့ အပိုင်းလေးကို တင်ပြဖို. ပဲဆိုတော့ အဆင်ပြေသွား တာပေါ့ ဗျာ ၊၊ ကိုယ့်ရဲ့ လက်ထက်မှာမှ ရုတ်တရက်ပြောင်းလဲဖို. မဖြစ်နိုင်ပါဘူး ၊၊ အချိန်တစ်ခု လိုအပ်ပါတယ်၊၊
(မျိုးဆက်တစ်ခုဆီ တစ်ဆင့်ပြီးတစ်ဆင့် မြှင့်တင်သွားဖို. လိုအပ်ပါတယ် )

ကျွန်တော်တို. ဘယ်လိုမှ ကြိုမသိနိုင်တာ တော့ အမှန်ပါပဲ ၊၊ အလောင်းအစား ကစားပွဲတစ်ခုလို ရင်တခုန်ခုန်နဲ. စောင့် စားနေရတဲ့ မနက်ဖြန်တွေပါ ၊၊ ဒါပေမယ့် ကျွန်တော်ရှေ.ပိုစ့်မှာ ရေးခဲ့သလို ၀ှက်ဖဲ ဆိုတဲ့ စကားလုံးလေး ကို ပြန်ကောက်ချင်ပါတယ် ၊၊ လူတိုင်းမှာတော့ ၀ှက်ဖဲကိုယ်စီရှိကြမှာပေါ့ ၊၊ ဒါပေမယ့်အဲဒီ ၀ှက်ဖဲလေးက ကိုယ် ရှေ. ခရီး အတွက် အထောက်အပံ့ဖြစ်ဖို.တော့ လိုပါတယ် ၊၊ ဒါမှသာ အသုံးဝင်ပေမပေါ့ ၊၊

ခုနပြောသလို ကိုယ်ရဲ့ ဘ၀ခရီးကို ဘယ်လို ပုံဖေါ်ပြီး ဆက်သွားမလဲ ဆိုတဲ့ နေရာမှာ အရမ်းကို အရေးပါ ခဲ့ပြီဗျ၊၊ကိုယ်ရွေးချယ် ရမယ့် ဘ၀ခရီးကို ဘယ်လိုပုံစံနဲ. ဆက်သွားမယ် ဆိုတာ ငယ်ရွယ်နုနယ်လွန်းတဲ့ ခလေး တစ် ယောက် မသိမမြင်နိုင်တာ ၊ ကြိုမသိနိုင်တာ အပြစ် တစ်ခု မဟုတ်ပါဘူး ၊၊ ဖြစ်ရပ်တခုကို တွန်းအားပေးတဲ့ ပတ် ၀န်း ကျင် ဆိုတဲ့ အပိုင်း ကို ထည့်သွင်းစဉ်းစား ရပါတော့မယ် ၊၊

အတူစား ၊ အတူသွား ၊ အတူနေ ၊ အတူ ကစား ခဲ့ပေမယ့် ကျွန်တော်တို.ရဲ့ ပတ်ဝန်းကျင် ၊ ကျွန်တော်တို. ရှင်သန် ကြီးပြင်း တဲ့ အသိုင်းအ၀ိုင်းက ဘယ်လိုမှ မတူညီနိုင်ပါဘူး ၊၊ ကလေးအရွယ်မှာ သိသိသာသာ ကွဲပြား မှု မရှိသော်ငြား ကာလကြာမြင့်လာသည်နှင့်အမျှ ၊ ကြီးပြင်းလာသည်နှင့်အမျှ ပတ်ဝန်းကျင်ရဲ့ လွှမ်းမိုး ရိုက်ခတ်မှူက ပိုလို. သာ သက်ရောက်လာပါတော့တယ် ၊၊

ဒီအကြောင်းအရာလေးကို ကျွန်တော် ခံစားနေခဲ့ရတာကြာခဲ့ပါပြီ ၊၊ ဒါကြောင့်ရှေ.မှာ"အလုပ်သမားကြီးသား " ဆိုတဲ့ ပိုစ့်လေးကို ရေးခဲ့ဘူးပါတယ် ၊၊

ဆရာဝန်ကြီးရဲ့ သားက ဆရာဝန်လေး ဖြစ်ဖို. ရာခိုင်နှုန်း ပိုများသလို အလုပ်သမား ကြီးရဲ့သား အလုပ် သမား လေး ဖြစ်ဖို. လည်း အင်မတန် လွယ်ကူပါတယ်လေ ၊၊
.

6 comments:

မယ့်ကိုး said...

ဆောင်းပါးလေးက ပိုပိုပြီး စိတ်ဝင်စားဖို့  ကောင်းလာပါတယ်။
ကိုယ့်အတွေးအမြင်ကို ရဲရဲဝံ့ဝံ့တင်ပြတာ သဘောကျနှစ်ခြိုက်မိတယ်။

Yu Ya said...

“ တွန်းအားပေးတဲ့ ပတ်ဝန်းကျင်...”
ဒီစကားလုံးရဲ့ အသုံးအနှုန်း အရမ်းနဲ့ ကောင်းတယ်ဗျာ..

ဆက်ပြီးရေးပါအုံး... စောင့်ဖတ်နေပါတယ်။

Anonymous said...

စောင့်ဖတ်နေပါတယ်နော် ၊၊

minnay said...

စောင့်ဖတ်နေပါတယ်ခင်ဗျာ ....

ဝက်ဝံလေး said...

အင်းးးး ဖတ်သွားပါတယ်နော် သိလား ဟဲဟဲ ပြောရဦးမယ် ညီမက ဖဲမကစားတတ်ဘူး ရယ် ဝှက်ဖဲဘယ်လိုလုပ်ရှိမလဲ ဟဟဟ စတာနော် ဟိဟိ

ဘိုင် တာ့တာ

မင်းအိမ်ဖြူ Minn Eain Phyu said...

မယ်ကိုးရေ ရဲရဲဝံ့ဝံ့ တင်ပြတာတော့ မြှောက်မပေးနဲနော် နောက်ဆိုဘယ်သူမှ လာဖတ်မယ်မထင်ဘူး အဟ

ကျေးဇူးတင်ပါတယ် ကိုယုယရေ

ကိုမင်းနေ ကျေးဇူးတင်ပါတယ်နော်

ငှက်ကလေး စလုံးကိုလာခဲ့သင်ပေးမယ်..