Monday 22 June 2009

တို့ဆွေမျိုး

......


ပင်လယ်ကမ်းစပ်တစ်နေရာ ၊ အပန်းဖြေမလား ၊ လွမ်းနေမလား ကွယ်



.................

ရုံးသွားကြရအောင် ၊ ကျောင်းသွားကြရအောင် ၊ ဘုရားသွားကြရအောင်

ရောင့်ရဲတက်တဲ့ တို့ဆွေမျိုး
ကြောင့်ကြနည်းတဲ့ တို့ဆွေမျိုး
တင်းတိမ်တက်တဲ့ တို့ဆွေမျိုး
လောဘနည်းတဲ့ တို့ဆွေမျိုး
နွံအနစ်မှာ ကျွန်မဖြစ်ပေမယ့်
လူဖြစ်ရှုံးတဲ့ တို.ဆွေမျိုးတွေ ဘဝ
ပြန်ကာလှန် ဟိုအတိတ်ဟောင်းကိုပ
ပြန်တွေးရင် ရင်တွေ အခါခါ နာသမို့
ပြန်မေးနဲ့ကွယ် ၊၊

၂၀ ကျော် ၂၀ကျော်
၂ ခါပိုင်း ပြီမို့
၂ခါနာ ၂ခါနာ
ခါခါများ ပြီမို့
တော်ပါပြီ ဆက်မတွေးချင်ဘူး
တန်ပါပြီ ဆက်မလွမ်းချင်ဘူး
လာမေးနဲ့ကွယ်
ပြန်မပြောချင်ဘူး ၊၊


(ဇာတ်လမ်းလေးတစ်ပုဒ်ရေးဖို.အတွက် စဉ်းစားရင်း ထွက်လာတဲ့ ဇာတ်လမ်းထဲက စာချိုးလေးပါ ၊၊ အဲဒီ ဇာတ်လမ်းလေးကို ၀မ်းသာစရာလေးနဲ့ ဇာတ်သိမ်းချင်တယ် ၊ ဒါပေမယ့် ခုချိန်ထိတော့ သေချာဘူးလေ ၊၊ ဒါကြောင့် သိမ်းထားဖြစ်ဆဲ ၊၊ တ၀က်တပျက် ရေးထားဆဲပေါ့၊၊အဲဒီထဲက ဒီစာချိုးလေးကိုတော့ အမှတ်တယအဖြစ် တင်ဖြစ်ပါတယ် ၊၊ ကောင်းမွန်သာယာ သော ဇာတ်သိမ်းလေး ဖြစ်ဖို. ကျိတ်ပြီးဆုတောင်း နေမိပါတယ် )
(ဗိုက်ပူကားလေးက မမေ ဘလော့မှ ယူထားပါသည် ၊၊ )

11 comments:

Anonymous said...

ကိုမင်းအိမ်ရေ ... ကဗျာလေး ဖတ်ပြီး ရင်နာမိသလိုလို .. နောင်တရမိသလိုလို ... တစ်ခုခု လစ်ဟာသွားသလိုလိုပါပဲ ... ခေါင်းစဉ်ရယ် စာသားရယ် ဓာတ်ပုံရယ် .. တကယ်ကို ထင်ဟပ်လွန်းပါတယ်ဗျာ ..
နေဒေးသစ်။

ဝက်ဝံလေး said...

ကိုမင်းအိမ်ဖြူရေ ဘယ်လိုကြီးလဲ မသိဘူး ရင်ထဲ တမျိုးကြီးပဲ ဟင်းးးးးးးးးးး လို့ပဲသက်ပြင်းရှည်ကြီးချရင်းးးးးးးးးးးး


ဘိုင် လို့ပဲ နှုတ်ဆက်ပါရစေ နော် တာ့တာ

မယ့်ကိုး said...

ကဗျာလေး တကယ်ကောင်းတာ ပြောရင်လည်း ဘာရေးရေးပြောနေကျဆိုပြီး မထင်လိုက်ပါနဲ့ ။
တကယ်ကြိုက်တာပါ။
ရွတ်လို့ လည်း ကောင်းတယ်။
ကျွန်မတော့ မှတ်မိနေတော့မှာ။

mae said...

ကဗျာလေးအရမ်းကောင်းတယ်၊ တိုတိုလေးပေမယ့် ထိမိပါတယ်၊

ဓာတ်ပုံအသုံးဝင်တာ ဝမ်းသာပါတယ်၊း)

နွေးနေခြည် said...

စိတ်မကောင်းဖြစ်မိတယ်။ ရင်ထဲမှာဟာတာတာနဲ့ ဆို့နင့်သွားတယ်။
ကဗျာလေးတကယ်ကောင်းတယ်။

နွေးနေခြည် said...
This comment has been removed by the author.
ကိုရင်နော်ခင်လေးငယ် said...

တစ်ခုခုတော့ ခံစားလိုက်ရတာ သေချာတယ်..
ကဗျာလေးက ကောင်းလိုက်တာ..

တ၀က်တပျက် ရေးထားတဲ့ ဇာတ်လမ်းလေးကိုတော့ အဆုံးသတ်လှပတဲ့ ဇာတ်သိမ်းလေး ဖြစ်စေချင်တယ်..

အမြဲလာဖတ်ဖြစ်တော့မှာပါ.. လင့်လိုက်မယ်..

မသက်ဇင် said...

ပုံလေးတွေယှဉ်ပြထားတာရယ်
စာချိုးလေးကကောင်းလွန်းတာရယ်
ရေးတတ်လွန်းပါတယ်
ခံစားသွားရတယ်
ဇာတိမြေအတွက်
ခင်မင်လျက်

Mogok Thar said...

ပြန်မပြောချင်ဘူး ဆိုပေမဲ့
အလွမ်းငှက်တွေ အိပ်တန်းပြန်ချိန်ကျ
ခိုနားရမဲ့ ရိပ်မြုံလေးတွေ
ငြိမ်းချမ်းသာယာရှိစေ။

ရေးလက်စလေး “ကောင်းမွန်သာယာ သော ဇာတ်သိမ်းလေး ဖြစ်ဖို.” ဆုတောင်းပေးပါတယ် ညီမင်းအိမ်...

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူးတင်ပါတယ် ကိုနေဒေးသစ်ရေ

ငှက်ကလေးဒီတခါပဲ စိတ်ညစ်သွားတယ်ထင်ပ အဟ..

မယ်ကိုးရေ တကယ်ကောင်းတယ်ပြောတော့လည်း မဟုတ်မှန်သိပေမယ့် ၀မ်းတော့အသာသား D:(

မမေ ပုံလေးပေးသုံးတာကျေးဇူးတင်ပါတယ်နော်

နေခြည်ရေ ကိုယ်တို.ဘ၀တွေက ခပ်ဝေးဝေးကပဲ လွမ်း နေရတာကလား ..

ကိုရင်နော်ခင်လေးငယ်ကလေးလေး ရေ ကျေးဇူးတင်ပါ တယ်ဗျာ

အစ်မမသက်ဇင် စာလေးဖတ်ရုံမက ကော့မန်.လေးပါ ပေးသွားတာ ကျေးဇူး အများကြီးတင်ပါတယ်

ကိုကြီးမိုးကုတ်ရေ ကျွန်တော်လည်း ပေးတဲ့ဆုနဲ့ ပြည့်စေ ချင်လှပါပြီဗျာ ..

စာလာဖတ်သူများအားလုံး နှင့် ထင်မြင်ချက်လေးတွေ ပေသွားသူအားလုံး အဆင်ပြေကြပါစေဗျာ ( မဖတ်တဲ့ သူလည်းပါတယ်နော် အဟ..) အားလုံးပါ

လေးစားစွာဖြင့်
မင်းအိမ်ဖြူ

မင်းနေဝေး said...

မောတယ် ..... :)