Wednesday 24 June 2009

လှေခါးဖြစ်ခွင့်


ဒီနေ့ဒီရက်မှာ
မင်းလက်ကိုတွဲပြီး ပွဲမထွက်ရပေမယ့်
မင်းနင်းလို့တက်သွားမယ့် လှေခါးဖြစ်ခွင့် ရတာကိုပဲ ကျေနပ်မိတယ် မောင့်ချစ်သူ ၊၊

ဘိသိတ်သဘင်ဆင်ယင် ခါနီး
ဖ၀ါးနုနု လေးတွေ ဘေးမသီရန်မခဖို့
အပြုံးတုမဟုတ်တဲ့ ပီတိပြုံးတစ်ခုနဲ့ လက်ဖွဲ့ လိုက် ပါ့မယ်
မောင့်ချစ်သူ ၊၊

မင်းပြုံးရင် မောင်ပျော်သမို့
မင်းဖ၀ါးနုနု သွေးခြေတော် မအုဘူးဆိုရင် ဖြင့်
နင်းစမ်းပါ ခပ်ပြင်းပြင်းသာ နင်းလိုက်စမ်းပါ မောင့်ချစ်သူ ၊၊

အတက်မှာ ခပ်မော်မော် နင်းသလို
အဆင်း ဆိုရင် လည်း တစ်ချက်ချင်း နင်း လို့
လိုရာ ခရီးကို အရောက်မှီ လှမ်းရအောင်
ပို့ဆောင်ဖို့ စောင့်စားနေဆဲပါ မောင့်ချစ်သူ ၊၊

မင်းအိမ်ဖြူ

(ဘာမှန်းမသိတဲ့ စာချိုးလေးပါ ၊ လှေခါးလေးဖြစ်ခွင့်၇တာ ၊ တံတားလေးဖြစ်ခွင့်ရတာဟာ မေတ္တာသာ တကယ် ပါမယ်ဆိုရင် တွေးတွေးပြီး ဂုဏ်ယူစရာပေါ့)

15 comments:

Anonymous said...

မေတ္တာဆိုတာရောင်ပြန်ပာက်တာပဲ။
ကိုက လှေကားဖြစ်အနင်းခံနေပေမယ့်လည်း
နင်းတဲ့သူက မနင်းရက်ပဲ.....

ခင်တဲ့
ကိုကြီး

Anonymous said...

လှေကား တစ်စင်းထက် ကျွန်တော်တော့ လှေကားခြေရင်းက ခြေသုတ်ခုံလေး ဖြစ်ခွင့်ရရင်ကို ကျေနပ်နေတဲ့ သူပါဗျာ .. အဟဲဟဲ ..:D
အရေးအသားကတော့ မြင်သူတိုင်းကြွေ
ဖတ်သူတိုင်းဆွေးစေမယ့် စာချိုးပဲဗျာ ..
ကောင်းမှကောင်းးးးးး
:D

တစ်လာဦးတာ တစ်လည်း မရဘူး
ဟွန်းးးး
:D
နေဒေးသစ်။

မယ့်ကိုး said...

ဒီအတွေးလေးလည်း ကောင်းပါတယ်။

ကဗျာလေးက နုလှတော့ သက်ဆိုင်သူတွေတော့ ကြွေသွားမှာ... :D

သီဟသစ် said...

ကိုမင်းအိမ်တို့တော့
ကြွေဆင်တွေ လုပ်နေပြီ ထင်တယ်နော်
:)

စတာပါ ဖတ်ရတာ ခံစားရတယ်

ခင်မင်စွာဖြင့်
သီဟသစ်

လင်းဒီပ said...

မောင့်လှေကားကို လက်ဖွဲ့လိုက်ပါတယ် အချစ်ရယ်..မင်းတို့ အုန်းသီးတက်ခူးဖို့..:P

ဗီလိန် said...

ဒီမှာလည်း အနင်းခံမယ့် တစ်ယောက်ပါလား။ ခဏစောင့်ဦး ဘောကန်ဖိနပ်ဖြစ်ဖြစ် တောင်တက်ဖိနပ်ဖြစ်ဖြစ် ဝယ်လိုက်ဦးမယ်။ ပြီးမှ နင်းမယ်။ ဖြစ်တယ်မလား

ဗီလိန် said...

ကျနော့လက်ရာလေး ရေညှိတွေနဲ့ လှေကားထစ် ကို လာဖတ်ကြည့်ပါလားဗျ။

ဇော် said...

အိမ်ဖြူရာ ..
ဘာမှန်းမသိတဲ့ စာချိုးဆိုပေမယ့် အရေးအသားတွေက ကောင်းလွန်းတယ်။
မောင့်ချစ်သူလို့ ခေါ်တာလေးကို ကျနော်တော့ ရေလည်ခိုက်သွားတယ်။ အဟဲ။

Nay Lin said...

စိုးလွင်လွင် သီချင်းတွေတောင် သတိရမိသေး ဗျာ

မင်းအိမ်ဖြူ said...

ဒီပုံလေးက စောင်းတန်းက ပုံလေးဟုတ်ဘူးနော်
သုဝဏတံတား ကမာကြည် ဖွင့်ပွဲတုန်းက အမှတ်တယ ပန်းကနုတ်လေးတွေ နောက် တကြိမ် သုံးဖို့ မှတ်တမ်း ရိုက်ထားတာ ၊၊ ပြန်ရှာပြီးတင်လိုက်တာ ၊၊ ပွဲတက်တဲ့ လှေခါးလေ ဟီဟိ နှယ်နှယ်ရရ ဟုတ်ဘူးနော်
ရွှေဘောင်လေးတောင်ကွပ်ထားရဲ့

ကျွန်တော်ကတော့ မေတ္တာလှေခါးမှာ ၊ စေတနာ ဘောင်လေးကွပ်ထားပြီး ၊ အကြင်နာ လွှာပါးပါးလေး နဲ့ ထုံမွှမ်းထားတဲ့ ပန်းလှေခါးလို့ တင်စားမယ်နော်

မကျေနပ်ရင် အော်နော် အဟ ....

Yu Ya said...

ဟော်ဗျာ.. လှေခါးလာနင်းတဲ့သူတွေ အများကြီးပါလား. ပျက်ရင် ပြင်ဖို့ လုပ်ထားအုံး...ကိုမင်းအိမ်ဖြူရေ... လာနင်းတဲ့သူတွေကိုလည်း ပြင်ခိုင်း... ကျွန်တော်မပါဘူး...:P

ဝက်ဝံလေး said...

ခြေဖဝါးတော် နုနု သွေးချေ ဥ မှာစိုးလို့ပါ၇ှင့် အဟီးးး ဒါဆိုလဲ ဟိုနန္ဒာလှိုင်နဲ့ လွင်မိုးကြော်ငြာတဲ့ ဟိုဖိနပ်စီးခိုင်းပါလား ငင် ဘာတဲ့ အော်သိပီ တိုးနယား ဖိနပ်တဲ့ဟဟ ကိုမင်းအိမ်ဖြူ စ တာနော် စိတ်ချိုးနဲ့နော် ဘိုင် လာဖတ်သွားတယ် သိလား တာ့တာ

Dream said...

ဝါးးးမိုက်တယ်...လှေကား
အခုဒီမှာက လှေကားနဲ့ဆိုတတ်ရတာ မောတယ်..
စက်လှေကား ဒါမှမဟုတ် ဓာတ်လှေကားပဲ စီးတော့မယ်...
ဟိဟိ..

:P

minnay said...

တော်တော် အသုံးကျတဲ့လှေကားပဲနော် ... :P
ကျွန်တော်တောင် တစ်စင်းလောက်ဝယ်ရင် ကောင်းမလားပဲ ... :D

မငုံ said...

သိပ်ကောင်းတယ်။ အဓိပ္ပာယ်လေး ကြိုက်တယ်ဗျ။