Tuesday 21 July 2009

နှစ်သိမ့်ဆုပဲ ထိုက်တန်သူ


သနားသဖြင့်တွေးပြီး

အပြုံးလေးတစ်ပွင့်မပေးလိုက်ပါနဲ့တော့ မခံယူလိုပါပြီ ၊၊

နှစ်သိမ့်ဆုဆိုတာကို ဘ၀မှာ အမုန်းဆုံး

ဘယ်ပွဲပဲ ပြိုင်ပြိုင် နော်မနေးရှင်းတော့ ၀င်ရဲ့

တစ်ကြိုပေးပြီး လွဲခံထိတာလည်းကိုယ်ပါပဲ ၊၊

မကျည်းတန် သူက ပြောတယ်

နှစ်သိမ့်ဆုဟာ နှစ်သိမ့်ဆုပါပဲတဲ့ ၊၊

ဟင့်အင်း ဒီနေရာမှာတင် လဲသေပါရစေ

နှစ်သိမ့်ဆုတော့မပေးလိုက်ပါနဲ့ ၊၊

တော်ပါပြီဗျာ

ဒီဆုတွေ ကျွန်တော့်ဘ၀မှာများလှပြီ ၊၊

သနားသဖြင့်ပေးလာတဲ့ ဆုလဒ်

ဒီတစ်သက်တော့ လက်မခံပါရစေနဲ့တော့ဗျာ ၊၊

ထပ်ပြီးလက်မခံပါရစေနဲ့တော့ ၊၊

နှစ်သိမ့်ဆုတွေ ၊ နှစ်သိမ့်အပြုံးတွေကို မုန်းတီးလှပါပြီ ၊၊



ကဗျာလိုလိုစာလေးတစ်ပုဒ်ပါ ၊ ဘယ်တော့ဖြစ်ဖြစ် ပန်းဝင်ဖို့ တစ်ပေးခံရပါလျက် ဒီနေ့ထိဘယ်ပွဲမှာမှ မနိုင်ခဲ့ ဘူးတဲ့ ကိုယ့်ဘ၀လေးကို သနားသလိုခံစားမိလို့ပါ ၊၊ မသေခင် ဖြစ်နိုင်ရင် တခါလောက်တော့ နိုင်ဖူးချင်မိရဲ့

12 comments:

ဝက်ဝံလေး said...

အေး ဂလိုဆိုရင် နှစ်သိမ့်ဆုမပေးတော့ဘူး ဗျာ ဇွဲဆု ပေးမယ် ဘယ်လိုလဲ ဟဟဟဟ

စ တာဘိုင်

kyalkalay said...

လာဖတ်တယ် အကို

လင်းဒီပ said...

ခက်တာပဲ
ရာထူးမတိုးဘူး လစာတိုးပေးမယ် ဆိုတာမျိုးပေါ့...။

မယ့်ကိုး said...

နှစ်သိမ့်ဆုနဲ့  မဖြေသိမ့်နိုင်သူအတွက် ပထမဆုရယူနိုင်ဖို့  ဆန္ဒပြုလိုက်ပါတယ်။

Mogok Thar said...

အနိုင်မယူ၊ အရှုံး မပေး
ကိုယ့်တက်လေးနဲ့ ကိုယ်လှော်ခတ်
ကမ်းဘယ်ဆီ ကပ်မလဲ။

(ဘာရယ်ဟုတ်ပါဘူး။ ညီမင်းအိမ် စာကဗျာလေး ဖတ်ပြီး ကိုယ့် စိတ်ရှီရာ ချရေးလိုက်ပါတယ်)

mae said...

မနှစ်သိမ့်တော့ဘူးနော် ;)

ရွှင်လန်းချမ်းမြေ့ပါစေ

နဒီမိုးညို said...

ပထမ..ရပါစေလို့ ..ဆုတောင်းပေးပါတယ်..ရှင်
အားမငယ်ပါနဲ့ ..တစ်နေ့ .လက်ဝယ်ရရှိလာပါလိမ့်မယ်

လူရိုင်းလေး said...

ခံစားချက်တွေကို မြင်နေရသလိုပါပဲ။

Lucifer said...

မမီးလည်း နှစ်သိမ့်ဆု ဆိုတာမျိုးကို မလိုချင်ဘူး.. မရ ရင် အရှင်း.. ရရင်လည်း.. ပထမ.. ဒုတိယ လည်း လက်ခံမယ်.... ဟီး...

မေဇင် said...

လိုချင်တာတွေ ရနိုင်ပါစေ...။

မင်းနေ said...

အဲ့ဒီ တစ်ဆိုတာကြီးလည်း ကောင်းမယ်ထင်လား :)

မငုံ said...

လိုချင်တဲ့ နံပါတ်တစ် ရရှိပါစေလို့ ဆုတောင်းပေးပါတယ်။