Thursday 23 July 2009

နားလည်ပါ

ဟင့်အင်း တခါမှ မငြင်းခဲ့ဘူးနော ..........
နိုးနိုးနိုး တခါဘူးမှလည်း မုန်းတယ်လို့ပြောခဲ့ပါဘူး ......... ဒါပေမယ့် မဆုံနိုင်တဲ့ ဘ၀တွေကိုသိသိကြီးနဲ့ ဘာလို့ များ နီးစပ်ချင်ရတာလဲ ၊၊

ဆုံခွင့်ရတဲ့ အချိန်က လမ်းခွဲလို့ ၀မ်းနည်းရမယ့် အချိန်နဲ့ စာရင်
မကြေကွဲတာမကောင်းဘူးလား
ဖြောင့်ဖြူးတဲ့ လမ်းခရီးမှာ ဆူးညှောင့်ခလုတ်ဖြစ်မှာထက်
ခပ်ဝေးဝေးက သစ်ပင်အိုလေးက အေးရိပ်ကိုပေးတယ်လို့များ မဖြေသိမ့်နိုင်ဘူးလား ၊၊

ဘာလုပ်မှာလဲ
တစ်ညတာ လက်တွဲပြီး တစ်ဘ၀တာခွဲနေရမယ့်အရေး
ခပ်ဝေးဝေးက လွမ်းရတာခံသာပါအုံးမယ် ၊၊

မကြိုးစားချင်ဘူး ကိုယ်မကြိုးစားချင်ဘူး
သိသိကြီးနဲ့ ရုန်းဖယ်ခဲ့တာ မချစ်လို့ မဟုတ်ဘူး မုန်းလို့ မဟုတ်ဘူး
မချစ်သင့်လို့ ၊ မလွမ်းသင့်လို့ ၊ သိကာရှိရှိ လမ်းခွဲချင်လို့ရယ်ပါ ၊၊

တခါတလေ နာကျင်နေမလား
တခါတလေ ကြေကွဲနေမလား
တွေးဖူးပါတယ် တွေးဖူးပါတယ်
နောင် အခါခါ နာကျင်မှာထက်
ဒီတခါနာကျင်တာက သက်သာမှာပါလေရယ်လို့
ဖြေသိမ့်တွေးရင်း မကြင်နာခက်ခက်ရယ်နဲ့ ရင်နာလျက်နဲ့ လမ်းခွဲခဲ့တယ်
တကယ်တွေးခဲ့တာ မင်းအတွက်ရယ်ပဲ ၊၊

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ
ဒါကိုသာ မြင်တက်ရင် ၊ အခါခါသာ ကျေးဇူးတင်နေရမှာပါ ၊၊

ဒီဘ၀ဆုံခွင့်မရလည်း နောင်ဘ၀တွေသာ ရှိခဲ့မယ်ဆိုရင် မင်းအတွက် ကမ်းလင့်ကြိုဆဲ ၊၊



ဓါတ်ပုံလေးတွေကို ဒီနေရာလေးကယူထားပါတယ်

12 comments:

နွေးနေခြည် said...

ခံစားရတယ် အကိုရေ...
ဖတ်ပြီးရင်ထဲမှာ ဟာ သွားတယ်။

လူရိုင်းလေး said...

ဘာလော့ခ်လေးက ခံစားချက်တွေကို ဖော်ပြရာနေရာလေးပါပဲဗျာ

Yu Ya said...

ကိုမင်းအိမ်ရေ...
“တခါတလေ ကျေကွဲနေမလား...” မှာ ကြေကွဲ..
“မကျင်နာခက်ခက်ရယ်နဲ့...” မှာ မကြင်နာ..
လို့ ထင်ပါတယ်။
ကဗျာလေးဖတ်ရင်း ဟိုသွား သတိရတယ်ဗျာ။..အဟီး.။

ကျေးဇူးတင်စွာဖြင့်
yu ya

ခရောင်း said...

နားလည်ပေးနိုင်ပါစေလို့ ဆုတောင်းပေးမယ်နော်

မင်းအိမ်ဖြူ Minn Eain Phyu said...

ကျေးဇူးပါ ကိုယုယရေ ပြင်လိုက်ပါပြီ

မေဇင် said...

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ
ဒါကိုသာ မြင်တက်ရင် ၊ အခါခါသာ ကျေးဇူးတင်နေရမှာပါ

အဲ့လိုတွေ ပြောတာ လူညံ့တွေ ဟုတ်ဘူးလား...မမြတ်ဘူးထင်ရင် မြတ်အောင် ကြိုးစားပေါ့ ....

ကြိုက်... ။း)

မယ့်ကိုး said...

ရွှေလက်တွဲပြီး နွှဲခွင့်မရဘူး၇ယ်လို့ မကျေကွဲပါနဲ့လေ
ကိုယ်တွဲဖို့ လက် မင်းအတွက် မမြတ်ဘူးထင်လို့
ရင်နာလျက်က ကမ်းလက်မဆင့်ခဲ့တာပါ

ကဗျာလေး အရမ်းကောင်းတယ်။

kyalkalay said...

လက်ရှိခံ စားချက် နဲ့ ထပ်တူဖြစ်နေလို့
ရင်ဘတ်နဲ့ဖတ်သွားတယ် ဗျာ

မငုံ said...

ကဗျာလေး ကောင်းတယ်။ တိုက်ဆိုင်နေလို့ ပိုခံစားပြီး ဖတ်သွားပါတယ်။

Lucifer said...

ပေးဆပ်နိုင်တယ်ပေါ့..

ဝက်ဝံလေး said...

ဟဟဟ ကိုယုယက ညီမ မပြင်ခင် သူပြင်ပေးသွားတယ် ခိခိ
ကြယ်ကြယ် အေး နင်က ရင်ဘတ်နဲ့ ဖတ် နာကမျက်စိ ၄ လုံးနဲ့ ဖတ်သွားတယ်နာ့မှာ မျက်မှန်ရှိတယ်လေ ငှဲငှဲ
များဂါတွေ လျှောက်ပြောနေတာနဲ့တင် ကိုမင်းအိမ်ဖြူရေးထားတာလေးကို မန့်ဖို့ မေ့နေတယ် ဟီးးးး အကိုရေ ကောင်းတယ် ဗျိုးးးး ဝမ်းစမိုးးးးးးးးး ဘိုင်

မင်းအိမ်ဖြူ Minn Eain Phyu said...

မေဇင်ပြောတာမှန်ပါတယ် ကြိုးစားရမှာပေါ့ မှန်ပါတယ်

ဒီလိုပဲ ခံစားရတာလေးရေးလိုက်တာပါ

တခါတခါ ဘ၀ရဲ့ မမြင်ရတဲ့ အချိုးအကွေ့တွေက အင်မတန်မှ ကြမ်းတမ်းပါတယ်လို့ ဆိုပါရစေ