Monday 27 July 2009

အတိတ်ခရီးသို. ပြန်စောင်းငဲ့ ခြင်းဇာတ်သိမ်း

တကယ်တော့ ၁၅ နှစ်အရွယ် လူငယ်တစ်ယောက်ရဲ့ အသိဟာ ပြည့်စုံလုံလောက် တဲ့ အတွေးအခေါ် တစ်ခု တော့ ဘယ်လိုမှမဖြစ်နိုင်ပါဘူး ၊၊ ဒါပေမယ့် အဲဒီလူငယ်လေးတစ်ယောက် အတွက် အားပေးထောက်ပံ့ကူညီပေး တဲ့ ၀န်းကျင် အသိုင်းအ၀ိုင်းကောင်းတစ်ခု သာ ရှိခဲ့မယ်ဆိုရင်တော့ ၊ အချိန်သင့် ရေလောင်းပေါင်းသင် ပြီး ဆေးကျွေးထားတဲ့ ဗူးပင်တစ်ပင်နဲ့ အလေ့ကျပေါက်တဲ့ ဖရုံပင် တစ်ပင်လို တူသယောင်ယောင်နဲ့ အသီးထွက် ကွာပါလိမ့်မယ် ၊၊ ဒါဟာလည်း အနီးစပ်ဆုံး ဥပမာတစ်ရပ် အဖြစ်တင်ပြခြင်းရယ်ပါ ၊၊ ဒါကြောင့် ကျွန်တော့် အမြင်တော့ တကယ်လို့ တူညီတဲ့ အရည်အချင်း ၊ အစွမ်းအစ ၊ ပင်ကိုယ် အရည်အသွေးသာ ရှိခဲ့မယ် ဆိုရင် နည်းစနစ်တကျ ပြုပြင် ထိန်းသိမ်း စောင့်ရှောက်ခြင်းခံရတဲ့ ကလေးတစ်ယောက် ရဲ့ ဘ၀ က အစစအရာ သာလွန် ပြည့်စုံကောင်းမွန်သော ဘ၀ပန်းတိုင်အတွက် ပိုပြီး နီးစပ်ပါလိမ့်မယ် လို့ တင်ပြလိုပါတယ် ၊၊ မှန်တယ် မဟုတ်ပေလားဗျာ ၊၊ လက်ခံနိုင်ပါတယ်နော် ၊၊

ဘာဖြစ်လို့ ကျွန်တော် ဒီအကြောင်းအရာကို အပ်ကြောင်းထပ်မျှ ဥပမာ ဥပမေးယျ စုံလင်စွာ တင်ပြနေရပါသလဲ ဆိုရင်ဖြင့် ကျွန်တော်မှာ အကြောင်းပြချက်ကောင်းကောင်း ရှိပါတယ် ၊၊ တချို့တချို့သော တခါတလေမှာ ကိုယ်ဖြတ်သန်းလာရတဲ့ ဘ၀ခရီးကို ကိုယ်အမြင့်တစ်နေရာ မှာ အခြေကျတဲ့ အခါ မေ့သွားတက်ကြသမို့ သတိပေးလိုရင်းသပ်သပ်ရယ်ပါ ၊၊ ကျွန်တော်တင်ပြချင်တာကတော့ လူတွေမှာ ကိုယ်ပိုင်အရည်အချင်း ရှိတာမှန်ပါတယ် ၊၊ ကျိုးစားအားထုတ်မှု ရှိတာလက်ခံပါတယ် ၊၊ သို့သော် တခါတလေမှာတော ပတ်ဝန်းကျင်ဆိုတဲ့ ကျွန်တော်တို့ ခပ်လွယ်လွယ်သုံနှုန်းတဲ့ အထောက် အပံ့က အင်မတန်မှ အရေးကြီးတယ်လို့ ထောက်ပြလိုတာပါ ၊၊

တကယ်လို့ မိမိကိုယ်ပိုင်အရည်အချင်းရှိလို့ ၊ တော်လို့ပါဆိုတဲ့သူတွေကို သိစေချင်တာရယ် ၊ နောက်ထပ် ဖြစ်တည် လာမယ့် ကျွန်တော်တို့ရဲ့ နောက်ထပ် မျိုးဆက်တွေကို ကျွန်တော်တို့လို မဖြစ်ရအောင် ၊ မိမိဖြတ်သန်း လာခဲ့တဲ့ ခရီးမှာ တွေ့ခဲ့ရတဲ့ လိုအပ်ချက်တွေ ၊ လစ်ဟာချက်တွေကို ထောက်ပြ လမ်းညွှန် ပေးစေချင် တာရယ် ပါ ၊၊ အဲ လူငယ်တွေအတွက် ဆိုပေမယ့် လူငယ်တွေ ဖတ်ဖို့ထက် ၊ အဲဒီလူငယ်လေးတွေ ရဲ့ ဘ၀တက်လမ်း ခရီး မှာ လိုအပ်တာမှန်သမျှ ဦးဆောင် ဖြည့်ဆည်းပေးနိုင်သော ၊ ကျွန်တော်တို့ အရွယ် သက်လတ်ပိုင်းတွေကို သတိရ သတိပြုမိစေချင် တာအဓိကပါ ၊၊

လူအမျိုးမျိုး စိတ်အထွေထွေ၇ယ်ပါ ၊၊ အချို့ လူကြီးတွေ က ဘယ်လိုသဘောထားမျိုး ရှိသလဲ ဆိုတော့ ငါလည်း ဒီလမ်း မှာလဲခဲ့ဖူးတာပဲ ၊၊ မင်းလည်း လဲကြည့်မှ သိလိမ့်မယ် နေပါစေတဲ့ ၊၊ အဲ အဲဒါမျိုး ၊ အဲဒီလို လူမျိုး ကို ကိုယ်တိုင်တွေ့ ခဲ့ ဖူးတာ ပါ ကြုံခဲ့ဖူးတာပါ ၊၊ ဒါ့ကြောင့်မို့ ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော့်သဘောကတော့ Lapping ထပ်ချင်ပါတယ် ၊၊ ငါ့တုန်းကဒီနေရာမှာ လဲခဲ့ဘူးတယ် ၊၊ မင်းစမ်း ချင်လား ၊၊ ဒါမှမဟုတ် နောက်တစ်မျိုး စမ်းကြည့်ချင်လား ၊၊ ဆိုတာမျိုးပဲဖြစ်စေချင်ပါတယ် ၊၊ အဲဒီမှာ ကာယကံရှင် က လဲပါစေ ဒီလမ်းကိုပဲ ဆက်လျှောက် ချင်ပါတယ်ဆိုတော့လည်း လိုအပ်မယ့် ပစည်းလေးတွေ ထည့်ပေးလိုက် တာပေါ့ ၊၊ အဲဒီလိုမှ မဟုတ်တော့လည်း နောက်တစ်လမ်းကို ညွှန်ပြကြတာပေါ့ ၊၊ ဒီနည်းလမ်းလေးက ပိုမ ကောင်း ဘူး လားဗျာ ၊၊ ကျွန်တော်ကတော့ လူငယ်တွေကို ပိုပြီးတိုးတက်စေချင်ပါတယ် ၊၊ ကျွန်တော်တို့မှာ ကုန်လွန်ခဲ့တဲ့ အချိန်တွေကို ကျွန်တော်တို့ မသိသေးတဲ့ နောက်ထပ် အသစ်တွေ အတွက် အကျိုးရှိရှိ အချိန်ကို အသုံး ပြုစေလို ပါတယ် ၊၊ ဒီလို ခရီးရောက် ဖို့ ဆိုတာလည် ရောက်နှင့်ပြီးသူတွေက ကူညီဖို့လိုမယ်လို့ ထင်ပါတယ် ၊၊ သဘော ကွဲလွဲ လိုကြပါလားဗျာ ၊၊ နောက်လာမယ့် လူငယ်တွေ အတွက် ရောက်နှင့်ပြီးဖြစ်တဲ့ ရှေ့လူတွေက လိုအပ်တာကို လမ်းညွှန်ပေးဖို့ လိုမယ်လို့ထင်ပါတယ် ၊၊

နည်းပညာ အသစ်အဆန်းတစ်ခုကို ကိုယ်တိုင်လေ့လာရင် ပိုသိပါတယ် ၊၊ ပိုနားလည်ပါတယ် ၊၊ သို့သော် ကိုယ်သည် ဒီနည်းပညာကို အသုံးချရုံသပ်သပ် ဆိုလျှင် ပါရဂူမြောက် ကျွမ်းကျင်တက်မြောက်ဖို့ မလိုဘူး ဆိုရင် ငြင်းကြမလား ၊၊ အဲ အဲဒီလိုဆိုရင် ကိုယ်တိုင် အစအဆုံး လေ့လာနေတာထက် ၊ သိပြီးသားသူ တစ်ယောက်ကို တစ်ယောက် လက်ဆင့်ကမ်းလိုက်ရင် ပိုပြီး အချိန်ကုန်သက်သာ မသွားပေဘူးလားဗျာ ၊၊ အဲဒီလိုပဲ စာတစ်ပုဒ်ကို ကိုယ်တိုင် ခဲရာ ခဲဆစ် ကျက်မှတ်နေခြင်းထက် ၊ တကယ်နားလည် တက်သိပြီးသူက အချက်ကိုပြောပြလိုက် ခြင်းက ပိုပြီး အချိန်ကုန်လည်း သက်သာသလို ၊ အကျိုးလည်း မရှိပေဘူးလားဗျာ ၊၊ အာ ငါ့တုန်းကလည်း ဒီလိုပဲ လုပ်ခဲ့ရတာ မင်းလည်းလုပ်ပေါ့ကွာ ဆိုရင်တော့ ကျွန်တော် မောင်မင်း ပြောစရာ အရှင်းမရှိပြီ ၊၊ ကျွန်တော်တို့ ရဲ့ နောက်မျိုးဆက် ကျွန်တော်တို့ရဲ့ နောက်လူငယ်တွေကို ကူညီလမ်းပြပေးဖို့ ဆော်သြလိုရင်းပါပဲ ဗျာ ၊၊ ဒါမှ သာ နောက်ထပ် ကျွန်တော်တို့မျိုးဆက်တွေက လကမ္ဘာမှာ အိမ်သွားဆောက်တဲ့အခါ အနည်းဆုံး လကမ္ဘာက ရေလေး တစ်ခွက်လောက်တော့ မျက်စဉ်းခပ်ဖို့ မှာ ကြရတာပေါ့ဗျာ ၊၊ မဟုတ်ပေဘူးလား ၊၊

ဒီနေရာမှာပဲ ကျွန်တော့်ရဲ့ မူလတန်း ၊ အလယ်တန်းဘ၀ကသူငယ်ချင်းများနဲ့ ပမာပေးတင်ပြသွားခဲ့တဲ့ အတိတ်ခရီးလေးကို တစ်ပိုင်းရပ်နားလိုက်ရပါတော့တယ်ခင်ဗျာ ၊၊ အလျင်းသင့်လို့ တင်ပြခွင့်ရှိခဲ့အုံးမယ် ဆိုရင်ဖြင့် ၊ ခွဲခွာခဲ့ကြရတဲ့ အထက်တန်းလွန်ကာလ သူငယ်ချင်းများနဲ့ တစ်ပိုင်း ၊ တကသိုလ်ဆိုတဲ့ မြကျွန်းညို
မှာ ဆုံခဲ့ဖူးတဲ့ သူငယ်ချင်းများနဲ့ တဖုံ တင်ပြပါအုံး မယ် ၊၊ အခွင့်ရှိခဲ့မယ်ဆိုရင်ပေါ့ ၊၊ ဘာပဲ ဖြစ်ဖြစ် စိတ်မပျက်လက်မပျက် အဆုံးထိ ဖတ်ပေးတဲ့ သူငယ်ချင်းရေ ကျေးဇူးတင်ခြင်းများစွာနဲ့ သူငယ်ချင်းတွေ အတွက် သူချင်းလေးတစ်ပုဒ် လက်ဆောင်ပေးလိုက်ပါတယ်ဗျာ ၊၊

ရွှင်လန်းချမ်းမြေကြပါစေ
မေတ္တာရင်းဖြင့်
မင်းအိမ်ဖြူ

သူငယ်ချင်းများစွာ



8 comments:

Lucifer said...

ကိုမင်းအိမ်..စာတော့မဖတ်ရသေးဘူး.. comment အရင်ပေးတာ.. ဟီး..........

mae said...

အလေးအနက်ဖတ်လာတာ..

“ဒါမှ သာ နောက်ထပ် ကျွန်တော်တို့မျိုးဆက်တွေက လကမ္ဘာမှာ အိမ်သွားဆောက်တဲ့အခါ အနည်းဆုံး လကမ္ဘာက ရေလေး တစ်ခွက်လောက်တော့ မျက်စဉ်းခပ်ဖို့ မှာ ကြရတာပေါ့ဗျာ“

ကို ရောက်တော့ ပြံးမိသွားတယ်၊ တင်စားတတ်တယ်၊ မျက်နှာသစ်ဖို့ မှာရင် များနေမှာမို့လား?

စဉ်းစားမိတာတွေတော့ တူတူပါပဲ၊ ကျမကတော့ ကံကောင်းခဲ့တယ်ထင်ပါတယ်၊ တခြားလူတွေလဲ ဒီလိုပဲ ကံကောင်းပါစေ..

ကိုလူထွေး said...

မင်းအိမ်ပြောတာ လက်ခံတယ်

ကိုယ့်အရင် ဒီလမ်းကို လျှောက်သွားတဲ့သူတွေက ဘယ်နေရာမှာ ငုပ်ရှိတယ် ဘယ်မှာတော့ဖြင့် ချိုင့်ရှိတယ် ပြောပြနိုင်ခဲ့ရင် နောက်ကလိုက်လျှောက်ရတဲ့သူမှာ အခက်အခဲနည်းပြီး အောင်မြင်မှုကို မြန်မြန်ရနိုင်တယ် ဆိုတာ မှန်တယ်...

ကိုယ့်အတွေ့အကြုံအရ ပြောရရင်တော့ ရှေ့က လျှောက်သွားတဲ့ လူတချို့မှာ အဲဒီ စိတ်ဓာတ်လေး လိုနေသေးတယ်...

နောက်လူကို တွဲခေါ်ဖို့ထက် တက်လာတဲ့သူက ငါ့ကို လာယှဉ်မလားဆိုတဲ့ စိုးရိမ်စိတ်က ပိုကြီးစိုးနေမယ် ထင်တယ်...

လူ့အတ္တပဲပေါ့...

မယ့်ကိုး said...

အတိတ်ခရီးကို ပြန်စောင်းငဲ့ကြည့်တာတွေ ဇာတ်သိမ်းသွားပြီဆိုပေမယ့် အတွေးနက်နက်လေးလေးတွေ မပြီးသေးဘဲ ကျန်ခဲ့ပါတယ်။

Htoo Aung Lwin said...

ကျေးဇူးတင်ပါတယ်အကို
အားလုံးထဲက မှတ်သားစရာတွေကို ကျွန်တော့် ရင်နှင့်အမျှမှတ်သားထားပါ့မယ်။

မင်းနေ said...

ပြီးဆုံးအောင် ဖတ်သွားပါကြောင်း ... :P
မှတ်သားစရာတွေလည်း မှတ်သားသွားပါကြောင်း ... :D နောက်ထပ်ပိုစ့်လည်း များများရေးနိုင်ပါစေကြောင်း ...

ခင်မင်စွာဖြင့်

Yu Ya said...

ကိုမင်းအိမ်ရေ... ကျွန်တော် MD က ကျွန်တော်ကို ဗဟုသုတလေးတစ်ခု မျှဝေပေးခဲ့ဘူးပါတယ်။ တစ်ခြားတော့မဟုတ်ပါဘူး..။
အလွယ်ကူဆုံးပြောရရင် လမ်းညွှန်တာနဲ့ ယှဉ်ပြောကြရအောင်ဗျာ။ ခလုတ်ကသင်းများတဲ့ ခရီးတစ်ခုသွားမယ်ဆိုပါတော့ဗျာ...

Option 1
ဘယ်သူ့လမ်းညွန်ချက်၊ သတိပေးချက်တွေကိုမှ မယူဘဲ၊ ကိုယ်ဖာသာကိုယ် ရှာဖွေပြီးသွားမယ်ဆိုရင် အချိန်ပိုကုန်မယ်၊ အန္တရာယ်တွေ့ကြုံရမှု များမယ်။

Option 2
သိတဲ့ တစ်ယောက်ယောက်ကို ဘယ်လိုသွားရမယ်၊ ဘယ်နားမှာ အန္တရာယ်ရှိလဲ အစရှိသည်ဖြင့် မေးမြန်းပြီး သွားရင် အချိန်ကုန်သက်သာမယ်၊ အန္တရာယ်ဖြစ်မှုရာခိုင်နှုန်းက Option 1 ထက်နည်းမယ်။

Option 3
ဒါထက်ပိုကောင်းတာက သိတဲ့သူက ဘယ်လမ်းကနေပြီးသွားပါ၊ ဘယ်နေရာရောက်ရင်တော့ ဘယ်လို အန္တရာယ်ရှိပါလိမ့်မယ် ဆိုပြီး မြေပုံဆွဲပေးလိုက်မယ်ဆိုရင်တော့ Option2 ထက် ပိုပြီး အချိန်ကုန်သက်သာသွားမယ်၊ ပိုပြီး အန္တရာယ်ကင်းသွားမယ်။ (ကိုမင်းအိမ်ရောက်နေတဲ့ Option ပါ)

Last (or) Best Option
တကယ်လို့များ သွားခဲ့ပြီးတဲ့သူတွေ၊ သွားလာနေကြသူတွေ၊ သက်ဆိုင်ရာသူတွေကများ လမ်းညွန်ဆိုင်းဘုတ်တွေ၊ အန္တရာယ်ဖြစ်နိုင်မဲ့နေရာတွေမှာ အချက်ပေးဆိုင်းဘုတ်တွေများ စိုက်ထူထားခဲ့မယ်ဆိုရင် တော့ တစ်ခြား Option တွေထက် အကောင်းဆုံးရွေးချယ်မှုပဲဆိုတာကို ကျွန်တော် MD က Leadership အကြောင်း သင်ပြရင်းနဲ့ ကျွန်တော်တို့ ၀န်ထမ်းတွေကို လွန်ခဲ့တဲ့ ၃ နှစ်လောက်က သွန်သင်ဆုံးမခဲ့ဖူးတယ်ဗျာ။

ဒါကြောင့် ကိုလူထွေးပြောသလို ဘယ်နေရာမှာ ငုတ်ရှိတယ်၊ ဘယ်နေရာမှာ ချိုင့်ရှိတယ်လို့ ပြောမယ့် Option 2၊ ကိုမင်းကို ရောက်နေတဲ့ Option 3 တို့ထက် လူငယ်မျိုးဆက်သစ်တွေကို Best Option လိုမျိုးလေး ကျွန်တော်တို့ ရှာဖွေပေးနိုင်ရင် မကောင်းပေဘူးလားဗျာ။

ကျေးဇူးတင်စွာဖြင့်
yu ya

Yu Ya said...

ဒါနဲ့ စကားမစပ်ကိုမင်းအိမ်ရေ... သူချင်းဆိုတာ သီချင်းကို ပြောတာလို့ပဲ စကာပြေပြန်သွားပါတယ်ဗျာ။

yu ya