Wednesday 5 August 2009

ခုတလော ... များ

ခုတလောမှာ အမှန်တိုင်းပြောရရင် ဘာမှကို မလုပ်ချင်တာ ၊၊ P::

ခုတလော

တွေးနေမိတာက


အလုပ်တွေ အကြောင်း ၊ ပြောင်းရင်ကောင်းမလား မပြောင်းရင်ကောင်းမလား ၊၊

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက

ပိန်နေတယ် ၊၊ ဘယ်လောက်စားစား မ၀ဘူး ၊၊ Oramin G လည်း မကယ်နိင်ဘူး ၊၊ စားသမျှ ဘယ်ရောက် သွားမှန်း မသိဘူး ၊၊ ပိန်မြဲ ၊၊

ကျန်းမာရေး

ကျန်းမာအောင် နေ နေပါတယ်။ ပြေးတယ် ၊ ရေသွားဆော့တယ် ၊၊ MC ဆိုပြီး ပျင်းလို့အိပ်ချင်တာ တစ်ခုပဲ ၊၊

ဖတ်ဖြစ်တဲ့စာအုပ်တွေက

ဂျူး
ငါ မင်းကို ဘယ်တော့မှ ( အခုပဲ ဖတ်နေတာ )

ရောက်နေဖြစ်တာက

Topayoh က မြန်မာဘုန်းကြီးကျောင်း ၊ ဘာလို့ ရောက်နေမှန်းမသိဘူး အခုဆို အပတ်တိုင်းလိုပဲ


ရေးဖြစ်နေတာက

လုံချင်း ကမ်းလှမ်းထားတာလေးတွေ ဖြတ်နေတယ် ၊၊ ဟီဟိ
မဟုတ်ပါဘူး ငွေရေးကြေးရေးကြောင့် ဒီမှာ ပိုလီ မထားချင်လို့ မြန်မာပြည်မှာ ဆေးကျောင်းတက်ဖို့ ညီလုပ်သူ ကို တရားချတဲ့စာေ၇းနေပါတယ် ၊၊ ဟိုတစ်ပတ်က ၁၀ တန်းကောင်ကို လျှောက်လွာ ၇ မျက်နှာ ဆုံးမစာ အရှည်ကြီး ပို့ပြီးပြီ ၊၊ ဖတ်မဖတ်တော့မသိ ၊၊ အခုက နောက်တစ်ကောင် အတွက်


နားထောင်ဖြစ်နေတာက

အောင်ပါစေ ၊၊

ရွတ်နေမိတဲ့ကဗျာက

ဘယ်သူသေသေ ငတေ မာရင် ပြီးတာပဲ P:
အော်နောက်တစ်ခုကတော့
ဟန်ဆောင်မျက်နှာဖုံးနဲ့ ကိုမောင်လုံး ဟီဟိ

ဖြစ်ချင်နေတာက

ဘာမှမှ မရှိတာ မဖြစ်ချင်ပါဘူး ၊၊ အင် ဟုတ်သေးပါဘူး အေးချမ်းချင်ပါတယ်

စားဖြစ်နေတတ်တာက

ဒီနေ့ နန်းကြီသုတ်စားတယ် ၊၊ မနေ့ညကတော့ ဘာမှန်မသိတဲ့ တရုတ်မုန့်ဟင်းခါး သွားစားတယ် Bugis မှာ ကောင်းတယ် ဗျ ၊၊ ဈေးလည်းကြီးတယ် P:


သနားနေမိတာက

မျက်နှာဖုံးတွေ ပြောင်းပြောင်းပီး စွပ်နေရတဲ့ မျက်နှာတွေ ပြီးတော့ ဟန်ဆောင်ပြုံးတက်တဲ့လူတွေ


လွမ်းနေမိတာက

အင် အင်း ဘယ်သူ့ကိုလွမ်းရပါ့ ၊၊ ရွာဘုန်းကြီးပျံ ကိုလွမ်းတယ် ၊ ကောင်ညင်းကျည်တောက်စားချင်လို့

မေ့လျော့ပစ်နေမိတာက

အကြွေးများ ( ကိုယ်ပေးရန် )


ခါးသက်နေမိတာက

အခုပဲသောက်လိုက်တဲ့ ကြက်ဟင်းခါးသီးဖျော်ရည် ( ၀တယ် ဆိုလို့ တစ်နေ့ ၂ ခွက်သောက်တယ် )

တမ်းတနေမိတာက

မူကြိုတုန်းက ဆရာမလေး ၊ သူက သားထမင်းဘူးထဲက ထမင်းတွေ ဟင်းတွေကို အမြဲ တစ်ဝက်ယူထားလို့

ကြိတ်ပြီးချီးကျူးနေမိတာက

ကိုယ့်ဘာသာကိုယ်

ကြိတ်ပြီးအထင်သေးနေမိတာက

လူတကာကို ( ဟီဟိကောင်းရော )

ဆန္ဒမရှိတဲ့နေရာ

ဆန္ဒမရှိပေမယ့် ကိုသီလ ရှိရင်လည်း စကားပြောဖေါ်ရပါတယ်

ဆန္ဒရှိနေတဲ့ကိစ္စ

ပြောပြဘူး ၊၊ လူတွေ သိကုန်မှာပေါ့ဗျ ၊၊ သိချင်ဖုန်းဆက်လိုက် ၊၊


မုန်းတီးနေမိတာက

မုန့်ဝယ်မကျွေးတဲ့သူတွေ

ချစ်နေတာက

ဟီဟိ ဒါလည်း ပြောသေးဘူး ၊၊ တော်ကြာ ရန်တွေ ထဖြစ်ကုန်မှာပေါ့


စိတ်ပျက်နေမိတာက

ဘေးနားက သူငယ်ချင်းတွေ ကို ( သူတို့ မဖတ်ပါဘူး ဒါတွေကို ရေးလို့ရတယ် )


စွဲလန်းနေမိတာက

သူကလေးပေါ့ ဟီဟိ ( ဟိုလူလိုလို ဒီလူလိုလို ပြီးတော့ ဘယ်သူမှ မဟုတ်ပါဘူး )

သဘောကျနေမိတာက

သူများတွေ ရတဲ့ လခ


လိုအပ်နေတာက

ုပိုက်ပိုက်ဗျိုးးးး


တောင်းနေမိတဲ့ဆု

ပေးကောင်းကောင်းနဲ့ အလုပ်ကောင်းကောင်း ရပါစေ


ထပ်ပြန်တလဲလဲအော်ဟစ်နေမိတာက

ဗိုက်ဆာတယ် ၊၊


ဝန်ခံချင်တာက

ကိုကြီး စနေသား ရဲ့ Tag Post ကို ပေါ့ပေါ့ပါးပါး၊ အပြေးအလွှား တင်လိုက်ကြောင်းပါ ခင်ဗျား။

ကိုကြီးစနေခေါ် ကိုမိုးကုတ် ကျေနပ်နိုင်မယ် မျှော်လင့်ပါတယ်။ ကိုကြီးရေ ပျင်းလို့ ဟာသလုပ်သွားပါတယ်

ဆောရီး နော အခုလည်း ရေထချိုးရမှာ ပျင်းနေတယ် ၊၊ ပြီးရင် မန်မန်က ၀ါးရအုံးမယ် ၊၊

ဘိုင်

10 comments:

နွေးနေခြည် said...

အကို့ရဲ့ ပေါ့ပေါ့ပါးပါးလေးတွေ ဖတ်ရခဲတယ်။ ဟိ ပြုံးသွားတယ်း)

ပိန်တာက ငယ်ငယ်က မူကြိုဆရာမက တ၀က်ယူစားလို့ဖြစ်မယ်

မေဇင် said...

တော်လိုက်တဲ့ အစ်ကိုပါလားနော်...ဒီလိုမျိုး အစ်ကိုတော်ချင်တယ်... စာမျက်နှာ ၇ ရွက်ထိ စာရေး ဆုံးမတယ်ဆိုတော့...တော်တော် စိတ်ရှည် ချစ်ခင်တာပဲ...ချီးကျုးပါတယ်နော်....။ ဗိုက်ဆာရင် သွားစားလေ....း)

လသာည said...

သြော် ရွာဘုန်းကြီးပျံ မှာ ကောင်ညင်း ကျည်တောက် ကျွေးတာလားဟင်

မင်းနေ said...

ကို မင်းအိမ် .. ဒီတစ်ခါတော့ ပေါ့ပေါ့ပါးပါး ပါလား ...
အရင်တုန်းကတော့ မပေါ့မပါးကြီးနဲ့ အဲ .. ဘယ်ရောက်သွားပါလိမ့် :P

ကိုလူထွေး said...

ကိုယ်ပေးရမယ့် အကြွေးတွေ မေ့နေတာတော့ အမေ့ကောင်းပဲလို့ ပြောချင်တယ်...

းဝ)

Lucifer said...

ဟူးးးး.. မုန်းတီးနေတာက မုန့်ဝယ်မကြွေးတဲ့သူတွေတဲ့..
ဟင့်

မယ့်ကိုး said...

ရန်ဖြစ်မယ့်သူတွေ များအောင် အချစ်များသူရဲ့  စာကို ပြုံးပြုံးရွှင်ရွှင်ဖတ်သွားပါကြောင်း :)

နဒီမိုးညို said...

ဒီလိုပေါ့ပေါ့..ပါးပါးလေး..ရေးထားတာ..ဖတ်ရတော့..
ကိုယ်တောင်ပျော်လာတယ်...ဟီးးးး
များများရေးနော်

လင်းဒီပ said...

ဘုန်းကြီးကျောင်း ဘုန်းကြီးကျောင်းနဲ့နော်..ဟွန်း..ဗျူဟာအသစ်နဲ့ အကြင်နာအချစ် ရှာနေတာလား မသိဘူး..လူကြီး..:P

Mogok Thar said...

ညီမင်းအိမ်ရေ...

ပြေးလာတော့ အပေါ်မျှွှာစ်ပုစ်တောင် တက်နေပါရောလားးးဗျာ။

၁။ သေချင်တဲ့ကျား တောပြောင်း။
တရွာမပြောင်း သူကောင်းမဖြစ်။

၂။ ပိန်အောင်နေနည်းလေး သိပါရစေ။

၃။ ကြင်နာစွာ အိပ်ဆေးလေးများပေးပါ။

၎။ဆရာမ ဂျူး စာအုပ်တွေရှိ၇င် ငှားးးး။ ကိုယ့်ရှိသမျှစာအုပ် အိမ်ပြန် မမယ်ဆို နာဂစ်ထဲ ပါတွားဘီတဲ့..။ (၀ါးးး ၀ါးးး ၀ါးးးးးး)

၅။ ဘုန်းကြီးကျောင်းသွား တရားထိုင်တာပါဗျာဏော။ နာ့ ညိလေး လိမ္မာပါတယ်။

၆။ အကိုကြီး ပီသပါပေ၏။ ငါ့ ညီ.. ငါ့လိုပဲတော်တယ်။ (ဟိ)

၇။ အောင်ပါစေတော့ မသိ

၈။ ကိုမောင်လုံး ကဗျာ မကြားဖူးလို့ပါ။ ရွတ်ပြ။

၉။ အေးချမ်းစရာက စိတ်မှာပဲ ရှိပါတယ်။

၁၀။ နာ့လိုပဲ ကြွားတတ်သေးတယ်။ တရုတ်မုန့်ဟင်းခါး လိုက်ကျွေးပါ။ ဈေးကြီးတာ ကောင်းတာ မယုံသေးဘူး။ လက်တွေ့ လိုက်ကျွေး။

၁၁။ ဟန်ဆောင်ပြုံးတတ်တဲ့သူတွေတဲ့။ အင်း ကိာယ်က အားတိုင်း ဘာဖြစ်ဖြစ် ပြုံးနေတတ်တော့ ဆင်ခြင်မှ။ တော်ကြာ အသနားခံထိနေမယ်။

၁၂။ သူ ကောင်ညင်းကျည်တောက်စားချင်တာနဲ့ ဘုန်းကြီးကို နိမ္မာန် အရောက်ပို့နေတယ်။ ရွာကို လာခဲ့။ အ၀ ကျွေးမယ်။

၁၃။ ကြက်ဟင်းခါးသီး ဖော်ရည် မသောက်ပဲ ၀တဲ့နည်းပေးမယ်။ လျှို့ဝှက်စွာ ဆက်သွယ်ပါ။

၁၄။ သားက သွားပြီး ကျွေးတာနေမှာပါကွယ်။ မူကြိုဆရာမ လှလှ ချောချောလေးကိုလေ။

၁၅။ေ၆။ လူညာလေး

၁၇။ ကိုသီလက နှုတ်လုံတယ်တဲ့

၁၈။ သိချင်ဖုန်းဆက်လိုက်ဆိုပီး ဖုန်းနံပါတ်က ဘယ်မှာတုန်း။

၁၉။ ၀ယ်မကျွေးဘူး။ မုန်းချင်မုန်းဗျာ။

၂၀။ ချစ်နေတာက သိနေတယ်ဏော...

၂၁။ သူကလေးက အသက်ရှိဟန် မတူဘူးးးးး (မှတ်ကရောကွာ)

၂၂။ လျှောက် ပြောနေတယ်

၂၃။ အဲတာတော့ အကိုလဲ လိုတယ်ဗျိုးးးး

၂၄။ အဲဒီဆုတော့ လူတိုင်း တောင်းကြမယ်ထင်ပါ့။ ဆုမတောင်းတတ်ဘူးဆိုတဲ့ ကိုယ်တောင် လိုချင်ချင်.. ဟေဟေ့။

၂၅။ စားမှာပဲ၊ စားမှာပဲ.. (ပိန်တဲ့သူတွေက ပို စားနိုင်တာ ယုံသွားဘီ။ လက်တွေ့၊ လက်တွေ့)

၂၆။ ငပျင်းးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
.......................

ငပျင်းလေးရေ... ဆောရီးနော.....(နောက်ကျမှ ရောက်လာရလို့)

ကိုယ်သိချင်တာလေးတွေ ခုလို ပြောပြပေးတာ ကျေးးးဇူးးးး ကမ္ဘာ........

အေးချမ်းပါစေ။ ။

မေတ္တာဖြင့်