Thursday 6 August 2009

Got Feeling !


ကျွန်တော်ကိုယ်တိုင်က မကောင်းခဲ့ လို့ ဒီလို မျိုးတွေနဲ့ ဆုံရတယ်လို့ပဲ မှတ်ပါတယ် ၊၊ ဒါပေမယ့် သေချာတာကတော့ သိတက်တဲ့အချိန်က စလို့ မဆိုးမိအောင် ထိန်းသိမ်းနေမိပါတယ် ၊၊ မှားခဲ့ ဘူးတဲ့ အတိတ်ဆိုးက ဖျောက်ဖျက်လို့ မရတာ သိပေမယ့် ၊ တောင်းပန်ရုံနဲ့ မကျေနပ် နိုင်တာ သိပေမယ့် ၊ ဘယ်လိုမျိုး မှကျေနပ်နိုင်မှာလဲ ၊၊

လူတကာအပေါ်မှာ မကောင်းခဲ့ပေမယ့် တက်နိုင်သမျှ လူတိုင်းအပေါ်မှာ ကောင်းဖို့ ကြိုးစားခဲ့တာ ကိုတော့ အနီးကပ်သူငယ်ချင်းတွေ အသိဆုံးပါ ၊၊ လိုတရပြီး ပြည့်စုံကုံလုံတဲ့ အသိုင်းအ၀ိုင်းက ဆင်း သက်လာတာ မဟုတ်လို့ မပြည့်စုံခြင်းရဲ့ ခံစားချက်ကို နားလည်သမို့ တက်နိုင်သမျှ နဲ့ လူတကာကို နှုတ်၏စောင်မခြင်းနဲ့ ကြားပွဲစားလုပ်ပေးခဲ့တာလည်း အခါခါပါပဲ ၊၊

ကျေနပ်ပါလေ ၊၊ အစွဲအလန်းတွေ မေ့ဖျောက်ပေးပါ ၊၊ ကျေးဇူးပြုပြီး မေ့လျော့ပေးပါ ၊၊ မဖြစ်နိုင်တာ တောင်းဆိုမိမှန်းသိပေမယ် ၊ ခွင့်လွှတ်ပေးပါ ၊၊ ဒီကောင်မှာ အဲဒီလောက် အကြံမရှိသလို ၊ အဲဒီ လောက် ဥာဏ်မသိတာကြောင့် နောက်ကွယ်က ထပ်ထိုးမယ့် ဓါးတစ်ချက်ထက် ၊ ရှေ့ က ထိုးလာ မယ့် လှံဆယ်ချက်ကို ပြုံးပြုံးကြီးခံယူပါရစေ ၊ ဘယ်အချိန်မှာ ထပေါက်မယ် မသိတဲ့ အဏုမြူ ဗုံး တစ်လုံး ခါးပိုက်ကြားမှာ ပိုက်မထားပါရစေနဲ့ ၊၊ သည်းမခံနိုင်တဲ့အဆုံး အဝေးဆုံးကို ပြေးပုန်းရ ပါလိမ့်မယ် ၊၊ ထာဝရပေါ့ ၊၊

( အလှည့်ကျတော့ မနွှဲ့စတမ်း ဆိုတော့လည်း အင်း …… ကိုယ့်ထိုက်နဲ့ကိုယ့်ကံ ရှိပါစေလေ )

7 comments:

လသာည said...

ဟော.. ကိုမင်းအိမ်တစ်ယောက် ပေါက်ကွဲနေပါလား။ စိတ်လျှော့စိတ်လျှော..ဘ၀ဆိုတာ ဒီလိုပဲ။
ဧည့်သည်တော့ ကြောက်လို့ ပြန်ပြေးပြီဗျို့

Yu Ya said...

ကိုမင်းအိမ်ရေ... အဏုမြူဗုံးက ခါးပိုက်ထဲမှာ ပိုက်ထားလို့ရလားဟင်....တော်တော်လေးမယ်ထင်တယ်... အဟီး..!!!!

မယ့်ကိုး said...

တကယ်ခံစားရတဲ့အခါ စာနာတယ်ပြောရင်တောင် ခံရသူက နာကျင်မှုလျော့မသွားနိုင်တဲ့ အခြေအနေတွေ တစ်ခါတစ်လေရှိတတ်ပါလားလို့ ...
ပျော်ရွှင်ပါစေ...

မေဇင် said...

ဘာတွေ ခံစားနေရလဲ.... ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ ရှိပါစေလေ ဆိုတော့ သနားသွား သလို တောင် ဖြစ်မိသေး...

ပျော်ရွှင်ပါစေနော်...။

သီဟသစ် said...

ကိုမင်းအိမ်ရေ

ခံစားချက်အစစ်တွေထင်ပါ့ဗျာ
good luck


ခင်မင်စွာဖြင့်
သီဟသစ်

Mogok Thar said...

ပြေးပုန်းဖို့တော့ လုပ်ပါနဲ့ဗျ။
ပုန်းမယ်ဆိုရင်တော့ နေရာလေး ပြောပြခဲ့။

ဘုန်းကြီးကျောင်းလေး မျက်စိထဲ ပြေးမြင်လိုက်သလိုပဲ။

မှားခဲ့ ဘူးတဲ့ အတိတ်ဆိုးက တစ်ချို့ ပြန် ပြင်မရတာတွေ ၇ှိတတ်ပေမဲ့ ဒါယာ သင်ခန်းစာ တစ်ခုပဲလေ။

မမှားသောရှေ့နေ၊ မသေသောဆေးသမားးး... ဘယ်နား ရှာကြည့်မလဲ။

အမှားတွေကနေ သင်ယူရမှာ။ တစ်ချို့ကိစ္စတွေက မှားမှ အသိရတတ်တာမျိုး။

သူတပါး ခွင့်လွှတ်မှုကို လိုအပ်တာထက် ကိုယ့်ကိုယ်ကို ခွင့်လွှတ်တတ်ဖို့လဲ လိုအပ်သေးတယ် ထင်ရဲ့။
(ပြောတော့ ကိုယ့်ကိုယ်ကို အချစ်ဆုံး ဆို.. ဆို.. ဆို.......)

မေတ္တာဖြင့်

mae said...

ဖတ်ပြီး စိတ်မကောင်းပါဘူး၊

ဖြစ်တတ်ပါတယ်.. မမှားဖူးတဲ့လူတော့ ရှိမှာ မဟုတ်ဘူး ထင်ပါတယ်၊ အဆင်ပြေပါစေ