Sunday 20 September 2009

မှတ်တမ်းလေး

ဖေဖေါ်ဝါရီလ ၅ ရက် ( ကြာသာပတေးနေ့ )

မှတ်မှတ်ယယဒီနေ့က တပို့တွဲလပြည့်နေ့ ဖြစ်နေတယ် ၊၊ တိုက်တိုက်ဆိုင်ဆိုင် ပြက္ခဒိန်ကြည့်လိုက်တော့ ရက်ရာဇာတဲ့လေ ၊၊

မနက် ၃:၀၀ နာရီ အိပ်ရာကထတယ် ၊၊
၎:၁၅ နာရီ လေဆိပ်ကို ထွက်လာခဲ့တယ် ၊၊
၆:၁၅ နာရီ လေယာဉ်ပေါ်ကိုတက်ရတယ် ၊၊
၇:၂၀ နာရီ ဟဲဟိုး ကွင်းကိုရောက်တယ် ၊၊ အမြင့်ပေ ၁၃၀၀၀ တဲ့ ၊၊ အဟ အိမ်သာဝင်ပြီး အပေါ့အပါးသွါး ၁၀ မိနစ် အနား ရတယ် ၊၊ ခရီးသည် အချို့အ၀က် ကျန်နေခဲ့တော့တယ် ၊၊
၈:၀၀ နာရီ မန္တလေးကွင်းကို ရောက်တယ် ၊၊ အမြင့်ပေ ၁၀၀၀၀ လို့ ပြောတယ်လေ ၊၊ ခရီးသည်အချို့ ဆင်းသွား သလို ခရီးသည် အချို့ တက်လာတယ် ၊၊
၈:၄၀ နာရီ မုံရွာကိုရောက်တယ် ၊၊ အမြင့်ပေဘယ်လောက်ပါလိမ့် ၊၊

အားလုံးအဆင်ပြေပါတယ် ၊၊ လေဆိပ်မှာ ရဲကင်းမှူး ကိုညိုသက်ဝင်းနဲ့ တွေ့တယ် ၊၊ အကူအညီပေးပါတယ် ၊၊ အလယ်ရဲကင်းမှာ တည်းဖို့ စီစဉ်ပေးပါတယ် ၊၊ နောက်တော့ ချင်းတွင်းမြစ်နဘေးက ဆိပ်ကမ်းသာ မှာပဲ တည်း ဖြစ်တယ် ၊၊ နောက်တစ်ရက် ခရီးဆက်ဖို့ ရွှေနဒီလက်မှတ်ဖြတ်တယ် ၊၊ တခါမှ မစီးဘူးတဲ့ ရေပေါ်လျှပ်ပြေး လျှော်တယ် တဲ့ ၊၊ ဘယ်လို ယာဉ်မျိုးဖြစ်မလဲနော် ၊၊

အမေရေ လေယာဉ်တခါမှ မစီးဖူးဘူး ၊၊ ပထမဆုံးအကြိမ်ပဲ ၊၊ UV 771 တဲ့ ၊၊ လေယာဉ် ဆီ လမ်းလျှောက်သွားရ တာ လွမ်းစရာတော့ ကောင်းသား ၊၊ မနက်ခင်းဝေလီဝေလင်းမှာလေ ၊၊ မိသားစုကို သတိရတယ် ၊၊ အားလုံး အဆင်ပြေပါတယ် အမေရယ် ၊၊

ညဖက် မုံရွာ မှာရှိတဲ့ ဘုရားတွေ လည်း ဖူးဖြစ်ခဲ့တယ် အမေ ၊၊ အညာမြို့လေးက ချစ်စရာတော့ ကောင်းတယ် ၊၊ မနက် အစောကြီးထရမှာမို့ အိပ်တော့မယ် အမေ ၊၊

( ကျောင်းပြီးတော့ ပထမဆုံး အလုပ်ဝင်ရတဲ့ ကလေးဝ အသွား နေ့စဉ်မှတ်တမ်းလေး ပြန်တွေ့လို့ လွမ်းလွမ်းနဲ့ တင်လိုက် ပါတယ် ၊ အဲဒိတုန်းက ကျောင်းပြီးကာစပေါ့ ၊ အများတကာတွေ နိုင်ငံခြားသွားဖို့ ကြိုးစားနေတဲ့ အချိန်မှာ ကျွန်တော်က ဟိုး စစ်ကိုင်းတိုင်း အစွန်အဖျားကို ခရီးနှင်နေတဲ့ အချိန်ပေါ့ ၊ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့ ယုံကြည်ချက်တွေ ရင်မှာပိုက်ပြီး ဘ၀ခရီး စတင်ကာစကာလလေး တစ်ခုပါ ) တကယ်ကို အဲဒီ ကလလေးက လွမ်းစရာလည်းကောင်းသလို အားတွေ အပြည့်နဲ့ လွင့်တက်တော့မယ့် မီးပုံးပျံကြီး တစ်ခုလိုပဲ တလွင့်လွင့်နဲ့ပေါ့ဗျာ ၊၊

8 comments:

နေဒေးသစ် said...

ကျွန်တော်လည်း အဲလို မှတ်တမ်းလေး ရေးထားခဲ့သင့်တယ် ...
ငယ်ဘဝက ပထမဆုံး လုပ်ငန်းခွင် အတွေ့အကြုံဆိုတာ ပြန်စဉ်းစားရင် ခပ်ရေးရေး ပေါ်လာပေမယ့် မှတ်တမ်းနဲ့ ရေးထားသလိုမျိုး သေသေချာချာတော့ စနစ်တကျ မမှတ်မိတော့ဘူးပေါ့ ..
ပြောမယ့်သာပြောတာ သူများ မှတ်တမ်းရေးတာ တွေ့ရင် သဘောကျမိပေမယ့် ကိုယ်ကိုယ်တိုင် ရေးဖို့ ကျတော့ အတော်လေး ပျင်းနေမိသေးတယ် ..
ကြိုးစားရဦးမယ် .

နေဒေးသစ်။

Yu Ya said...

ချောင်းသာသွားမယ်ဆိုပြီး ပင့်ခဲ့တဲ့သူ... ဘယ်ပြေးမလဲ..

သူပဲ ချောင်းသာသွားမယ်ဆိုပြီး..နာ့ကို အတင်းခေါ်... ပြီးတော့ သူက အလုပ်အတွက် ခရီးထွက်သွားတယ်..ကောင်းလား..? ၄ ယောက်ထဲပဲ သွားခဲ့ရတယ်..။

အခုတွေးရင်..အခု စိတ်ဆိုးတယ်...နောက်မှ တွေးရင် နောက်မှ စိတ်ဆိုးမယ်... တော်ပြီ မတွေးတော့ဘူး...

အခုလောလောဆယ် East Coast သွားလိုက်အုံးမယ်..

Bye!!!

yu ya

မေဇင် said...

နောင့် လဲ အဲ့လို မှတ်တမ်းလေး တွေ ရေးထားခဲ့ဖူးတယ်...။း)) ဒါပေမယ့်...ခု အဲ့ဒီ မှတ်တမ်းစာအုပ်လေးတွေ မပါလာခဲ့ဘူး...။ ကိုမင်းအိမ်ဖြူ ရေးထားတာတွေ့တော့... လွမ်းသွားတယ်။

ဝက်ဝံလေး said...

နေ့စဉ်မှတ်တမ်း ရေးတာလေး ကောင်းပါတယ် ကိုမင်းအိမ်ဖြူရေ

ဘိုင် တာ့တာ ပြန်တော့မယ် ဟိဟိ

မင်းနေဝေး said...

မှတ်တမ်းလာဖတ်သွားတယ်ဗျ

mae said...

မနက်သုံးနာရီတဲ့... O_o

ကျမ ဆိုရင်တော့ ညတောင် အိပ်တော့မှာ မဟုတ်ပါဘူး၊

နိုင်ငံခြားတိုင်းပြည်တွေ ရောက်ဖူးပေမယ့် စစ်ကိုင်းတိုင်း အစွန်အဖျားက မြို့လေးလဲ ရောက်ဖူးချင်ပါတယ်

Mogok Thar said...

မှတ်တမ်းလေး လာဖတ်တယ် ညီမင်းအိမ်ရေ။
ဟိုတနေ့ကတော့ ဖတ်ထားပီးဘီ။ ခု ပြန်လာဖတ်တာ။
မီးပုံးပျံကြီး ဘယ်လို ခရီးနှင်ခဲ့လဲ ဆက်လက် ရှုစားချင်သေးတယ်ဗျို့။

ခင်မင်လေးစားစွာဖြင့်

သူကြီးမင်း (တုံးဖလား) said...

မှတ်တမ်းရေးတတ်တဲ့အကျင့်က တကယ်ကောင်းပါတယ်။
ဘုရားမှာ တစ်ခုခုလှူပြီးရခဲ့တဲ့ အလှူခံဖြတ်ပိုင်းလေးကို ပြန်ပြန်ကြည့်ရင် ၀မ်းသာကြည်နူးရသလို ကိုယ်ရေးခဲ့တဲ့ မှတ်တမ်းလေးတွေကို ကြည့်ကြည့်ပြီးလဲ ကျေနပ်ရွှင်လန်းစရာကောင်းပါတယ်။ ငယ်ဘ၀ကိုလဲ ပြန်သတိရစေပါတယ်။