Friday 18 September 2009

ရိုးရာ



အင်း ဟုတ်ပါ၇ဲ့ စာအသစ်မတင်ဖြစ်တာလည်းကြာပေါ့ ၊၊ ၀င်ဝင်ကြည့်ဖြစ်ပေမယ့် အသစ်မတင်ဖြစ်ဘူး ၊၊ မတင် ချင်တာ လည်းပါရဲ့ ၊၊ နောက်ဆုံးတင်ထားတဲ့ ရွှေတိဂုံစေတီတော် ပုံတော်လေးကို သာသာယာယာ ကြည်နူး နေမိတာ လည်း ဟုတ်ရဲ့ ၊၊ အမှန် တိုင်းပြောတာပါ ၊၊ သဒ္ဒါစိတ်ဝင်နေမိတာပါ ၊၊ အမှန်တော့ အသစ်လည်း တင်ချင် ပေမယ့် ၊ အဲဒီကြည်နူးနေ တဲ့ စိတ်လေးကို မဖျောက်နိုင်သေးဘူးဖြစ်နေတာ ၊၊ ဒါနဲ့ပဲ ဘေးက ဆိုက်ဘားလေး ပေါ်မှာ တင်ထားလိုက်မယ် လို့ ဆုံးဖြတ်ပြီး ဘေးကဆိုက်ဘားလေး မှာ တင်ထား ဖြစ်လိုက် ပါ တော့တယ် ဗျာ ၊၊ ကျွန်တော့်စာအများစုကလည်း ခပ်ရိုင်းရိုင်းခလေးတစ်ယောက် တိုင်စာရေးသလို စာဖတ်သူတွေကို မနူးညံ့စေ တော့လည်း ခပ်သားလား ၊၊ ကိုယ်တိုင်ကလည်း ပရိယာယ်ေ၀၀ှစ် လေးတွေနဲ့ အလှမဆင်တက်လေတော့လည်း လိုရင်တိုရှင်း ပြောချင်ရာကိုပြောနေမိတာကလား ၊၊ တက်နိုင်ဘူးရယ် ၊၊ အခုလည်း တင်မိပြန်ပါပြီပေါ့ ၊၊ အမှန်တော့ တင်ချင်နေပါတယ် ၊၊ ဘာလို့လည်းဆိုတော့ ကျွန်တော့်အတွက် အမှတ်တရ စက်တင်ဘာ အရေးအခင်းကြီးက မနေ့ကမှ ၂ ပတ် နှစ်ခါလည်တာ ၊၊ တင်ချင်ပါတယ် ၊၊ အဲဒီအကြောင်းတွေလည်း ၊၊ သို့သော် သို့သော် စိတ်မပျော်စရာတွေကို မမျှဝေချင်တော့ ၊၊ ကိုယ့်ကိုကိုယ်လည်း မကာကွယ်လိုတော့ ၊၊ ရှိစေတော့ ၊၊ ( ၁၅ ရက် စက်တင်ဘာ ၊ ၁၇ ရက် စက်တင်ဘာ ၂၀၀၇ ခုနှစ် )

4 comments:

Mogok Thar said...

ြိညီမင်းအိမ်ရေ
ကိုယ်တို့သွေးတွေက သမိုင်းတွေ မေ့မပြစ်တတ်ကြပါဘူး။

အစစအရာရာ အဆင်ပြေ ပျော်ရွှင်ပါစေဗျာ။

မျက်မှန်လေး said...

ဟာ...ကွန်မန့်တစ်ခုမန့်ခဲ့ပါသေးတယ်
ဘယ်ရောက်သွားပါလိမ့်
ပြန်ရှာပေး ပြန်ရှာပေး
မပေးရင်ငိုမှာ

မယ့်ကိုး said...

ပုံနဲ့စာနဲ့ မနည်းတွဲကြည့်လိုက်ရတယ် =)
စကားမစပ် အိမ်လေးက အရမ်းလှတယ်။

နေဒေးသစ် said...

စိတ်လန်းလန်းဆန်းဆန်းနဲ့ ပျော်ပျော်ရွှင်ရွှင်လေး ဖြစ်နေမှ စာရေးတာ ကောင်းတယ် ..
စာရေးတာပဲ သွယ်ဝိုက်ရေးတတ်ဖို့ မလိုပါဘူး ..
တွန်းတွန်းတိုက်တိုက်ရေးတတ်တော့ စူးစူးစိုက်စိုက် ရင်ကို ထိတာပေါ့ ..
အဲတာကိုပဲ စာဖတ်သူတွေ သဘောကျနေတာ နေမှာ ... :)

နေဒေးသစ်။